Monday, September 28, 2009

***ချစ်ဇနီးလေးပြင်ဆင်ပေးသောခင်ပွန်း၏မွေးနေ့ပွဲလေး ***



ချစ်တဲ့သူငယ်ချင်းများရှင်...ယခုပြသထားတဲ့အရာတွေအားလုံးဟာ..ပြီးခဲတဲ့..စနေ၊တနင်္ဂနွေနေ့မှာ.. ကျင်းပပြုလုပ်ခဲ့တဲ့..ဂျာမုန်းချစ်ချစ်ကြီးရဲ့...မွေးနေ့ပွဲလေးပဲဖြစ်ပါတယ်ရှင်။ခင်ပွန်းကို..ချစ်ချစ်ကြီးလို့ တင်စားခေါ်ဝေါ်ခြင်းဟာ...အကြောင်းရှိလို့ပါ။...ဂျာမုန်းမှာချစ်ချစ်လေးဆိုတဲ့..အသက်မကချစ်ရတဲ့ သားလေးလည်းရှိနေလို့ပါရှင်။....ချစ်ချစ်ကြီးနဲ့ချစ်ချစ်လေးဟာမတူဘူးလေ။.....ချစ်ချစ်လေးမှာ.. အသက်မကချစ်ရမဲ့သားလေး...ဆိုပြီးနောက်ဆက်တွဲစာသားပါလာသော်ညားလည်း....ချစ်ချစ်ကြီးကို ချစ်တဲ့.. ချစ်ခြင်းမေတ္တာ..ကလည်း...တိုးတထက်တိုးလာပါပေတယ်။

ဒါကြောင့်...ဂျာမုန်းမမောနိုင်တော့ပါ....အချစ်သည်အရာရာကိုဖုံးလွမ်းနိုင်သလို....အမောကိုလည်း.. ပြေစေပေးနိုင်တဲ့စွမ်းအားရှင်ကြီး..တစ်ခုပါရှင်။..အိမ်ထောင်ရှင်မတစ်ယောက်ရဲ့..တာဝန်ဝတ္တရားတွေ ကို..ထမ်းဆောင်ပြုလုပ်ရခြင်းမှာလည်း...အင်မတန်ကြည်နုးစရာကောင်းတဲ့...အရာတစ်ခုလို့ဂျာမုန်း ထင်မိပါတယ်။.....
ဘ၀မှာ..အရာရာအားလုံးကို..အကောင်းမြင်ဝါဒနဲ့ကြည့်နိုင်သလို.....သာမှန်အရာကိုလည်း... ထူးခြားအောင်မြင်တတ်ဖို့လိုအပ်ပါတယ်။.ဒါကြောင့်..ဂျာမုန်းချစ်တဲ့...ခင်ပွန်းအတွက်ဆိုရင်လည်း. ..ထူးခြားလေးနက်စေလိုတဲ့ဆန္ဒအပြည့်နဲ့.....ဒီမွေးနေ့ပွဲလေးကို..ဖန်တီးပေးနိုင်ခဲ့ပါတယ်။

ကဲ...ဂျာမုန်းချစ်တဲ့...ဘလောမောင်နှမများနဲ့၊သူငယ်ချင်းများအားလုံးကိုလည်း...မွေနေ့အစားအစာ. များကိုသုံးဆောင်ဖို့...လှိုက်လှိုက်လဲလဲကြိုဆိုလိုက်ပါတယ်ရှင်။.ခါတိုင်းထက်ပိုစားရမယ်နော်။


ဒါလေးတွေဟာ...ဟင်းတွေကိုပန်းအလှဆင်နိုင်ဖို့အတွက်.....ညကတည်းက..ဂျာမုန်း. .ပြုလုပ်ထားတာပါ။
******************************************

ဒါကစနေနေ့ကအစားအစာတွေနော်။
ဒါက.ဂျာမုန်းအမြဲပဲကြော်စားတဲ့..ကြက်ဥလိတ်ပါ။..စားသွားနော်။

ဒါလည်းကြက်ဥလိတ်ကြော်ပါ။..သခွားသီးနဲ့..ပန်းအလှဆင်ထားတယ်။.... ဆင်ထားတဲ့ပန်းလေးတွေကိုကိုက်စား သွားနော်။...ပိုပြီးအရသာရှိလိမ့်မယ်ထင်။

ဒါက..ဂျာမုန်းအမြဲလုပ်ကျွေးတဲ့..အားလူးကိတ်ပါ။..နိုက်စားသွားနော်....အားနာနဲ့သိလား။

ဒါက...ကြက်သားနဲ့ပန်းမုန်လာကြော်ပါ။..ကြက်ရင်အုပ်သားနဲ့နော်။..စားသွား...သိလား။

ဒါက...ညအတွက်..အသားကင်ဖို့နယ်ထားတာပါ။..ဒုတ်နဲ့မထိုးရသေးဘူး။. .မစားနဲ့အုံး....ကြည့်ဖို့ပဲနော်..။

ဒါက...၀က်ဥချောင်းကင်ဖို့ပါ။..ဘေးမှာတစ်ခုပြထားတယ်..ဒါကိုလှီးပြီး...ခရမ်းချဉ်သီး၊ကြက်သွန်နီနဲ့ ရော..ထိုးထား တာပါ။..ဒီထဲမှာ..ငရုတ်သီးအပွအကြီးကိုလှီးပြီးထည့်ရင်လည်းပိုကောင်းတယ်။

အဆင်သင့်..ဒုတ်ထိုးပြီးပြီ....ခဏလေးစောင့်အုံးနော်..ကင်ပေးအုံးမယ်။
ကြက်သဲ၊ကြက်မြစ်၊ကြက်ပေါင်၊ကြက်တောင်ပံ၊၀က်သား၊၀က်သဲ၊ကြက်ဆီဖူး၊ပဲပြားကင်၊
မှိုကင်၊သံလွင်သီးနဲ့ ၀က်နှားရွက်တွေပါပါတယ်။

ကဲ...ကင်နေပါပြီ....တစ်ချို့တွေစားလို့ရပါပြီ....စားလို့ရတာနဲ့..နိုက်စားနော်။
...ရှက်နေရင်တော့ငတ်မယ်။
********************************************

ဒါက..တနင်္ဂနွေနေ့အတွက်အစားအစာပါ။
ဒါကတော့...စပါယ်ရှယ်..ဂဏန်းချက်ပါရှင်။....ဒီဟင်းကိုသူငယ်ချင်းတွေ..အကြိုက်ဆုံးပေါ့ရှင်.. .ဂျာမုန်းလည်းအရမ်းကြိုက်တယ်လေ။.....ဈေးကလည်းမနည်းဘူး...ယူရို...၁၀..ပေးဝယ်ခဲ့ရတယ်။. .မမမိုးကောင်းသူနဲ့ညီမလေးမိုးမိုးတို့ဆီက..ချက်နည်းကိုယူပြီးချက်ထားတာပါ။.
.ဟဲ..ဟဲ..အရမ်းကောင်းတယ်လို့ပြောကြတယ်။


ဒါက...ငပိချက်နဲ့တို့စရာပါ။..သရက်သီး၊ခရမ်းကြွပ်သီး၊နဲ့သခွားသီးပါ။.
..ထမင်းဝိုင်းကိုမိန်စေတဲ့ဟင်းကောင်းပါရှင်။


ဒါက...၀က်သားနဲ့ပဲတောင့်ကြော်ပါ။

ဒါကတော့...ပြောရမှာတော့အားနာတယ်။....ကြက်အရေခွံကို...ဆန်မှုန့်၊ဂျုံနဲ့..ရောကြော်ထားတာပါ။...သူငယ်ချင်း တစ်ယောက်က..ပြောပြလို့ကြော်စားကြည့်တာ..ကောင်းတော့ကောင်းတယ်...စားကြည့်နော်။


ဒါက....အစားကြီးသူအတွက်နော်...ထပ်စားဖို့ပါ။
***********************************************
အစားအသောက်ကတော့....ဒီလောက်ပါပဲ။

နောက်ထပ်ကြွားဖို့က...လက်ဆောင်တွေပါ။
ဒါက..ချစ်ချစ်ကိုလာပေးကြတဲ့မွေးနေ့လက်ဆောင်တွေပါ။

ကျမပေးတဲ့လက်ဆောင်က....တီရှပ်အနီရောင်လေးပါ။ဒါက..မြင်ရတဲ့လက်ဆောင်ပေါ့။
မမြင်နိုင်တဲ့လက်ဆောင်တစ်ခုက..တန်းဖိုးမဖြတ်နိုင်တဲ့...အချစ်ဆိုတဲ့အရာကို... .တစ်ဘ၀လုံးစာအတွက်.. အပြီးပေးခဲ့ပြီးပါပြီ။
မွေးနေ့လက်ဆောင်ထဲမှာ....သားလေးအတွက်က...ချေအိပ်လေး၊ကျမအတွက်က... ကြိတ်စက်နဲ့ဟော့ပေါ့အိုးလေး ပါတော့...၀မ်းသားလိုက်တာရှင်။

ဒါကတော့...Frankfrut..ကအကိုပေးတဲ့မွေးနေ့လက်ဆောင်ပါ။.....
DVDနဲ့တွဲကြည့်လို့ရတော့...သိပ်အဆင်ပြေ.. သွားတာပေါ့။..

ကဲ....ချစ်ချစ်ကြီးရဲ့မွေးနေ့ပွဲလေး....ကိုလာရောက်ချီးမြင့်ပေးကြတဲ့...သူငယ်ချင်းများအားလုံးကို. ..အထူးပဲကျေးဇူး တင်ရှိကြောင်း...ကြေညာရင်း... နိဂုံးချုပ်လိုက်ပါတယ်ရှင်။
အားလုံးအပေါ်ဘုရားရှင်ကောင်းကြီးပေးပါစေ
ဂျာမုန်းဒန်
Type rest of post here


Wednesday, September 23, 2009

ကြက်ရင်အုပ်သားအချိုကြော်နှင့်အသုပ်များ


ဒါက...ကြက်ရင်အုပ်သားအချိုကြော်ပါရှင်။
ကြော်နည်းလေးပြောပြမယ်နော်။
ကြက်ရင်အုပ်သားကိုပါးပါးလှီးပြီးကော်မှုန့်၊ဆား၊အချိုမှုန့်နဲ့နယ်ထား။.....ပြီးတော့ကြက်သွန်နီကို လေးစိတ်စိတ်ပြီးထက်ခြမ်းပြန်လှီးထား....ဂျင်းကိုပါးပါးလှီးပြီးအချောင်းလေးဖြစ်အောင်ပြန်လှီး ထား။..ကြက်သွန်ဖြူကိုလည်းပါးပါးလှီးထားတယ်။..အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင်..ဒယ်အိုးတွင် ဆီထည့်..ပူလာရင်..ငရုတ်သီးအချောက်တောင့်ကိုအရင်..ထည့်မယ်။..အမဲရောင်လေးတန်းလာပြီ ဆိုရင်ကြက်သားနယ်ထားတာကိုထည့်နော်...ကြက်သားအရောင်နီလာပြီးကျက်ပြီဆိုရင်..လှီးထား တဲ့အဆာပလာတွေထည့်နော်..။ပြီးရင်..ခရုဆီ၊ငံပြာရည်အနောက်၊ကြာညို့အနည်းငယ်ဆီထည့်ပြီး မွေပေးပါ...။ဆား၊အချိုမှုန့်ကိုလိုသလောက်ထည့်ပြီး...ကြက်ပြုရည်အနည်းငယ်ထည့်ပြီးမွေပေးပါ။ နောက်ဆုံးမှာ..ငရုတ်ကောင်းလေးဖြူး၊ကြက်သွန်မိတ်လေးထည့်ပြီး..ပန်းကန်းထဲလှလှလေးထည့် ပြီး..ရှယ်သုံးဆောင်နိုင်ပါပြီရှင်။



ဟော်ဒါလေးက..မုန့်ဟင်းခါးအဖတ်ကို..သုပ်ထားတာပါရှင်။
ကြက်ဥကိုပြုတ်ပြီးလှီးထည့်၊..ကြက်သွန်ဖြူဆီသပ်၊မကျီးမှည့်အချဉ်လေးထည့်၊နမ်းဆီမွေး အနည်းငယ်၊ဆား၊အချိုမှုန့်လေးနဲ့ငရုပ်သီးမှုန့်တွေထည့်ပြီးသုပ်ထားတာပါ။
..သုပ်စားကြည့်နော်။
..သန့်သန့်လေးနဲ့စားကောင်းလို့ပြောပြတာပါရှင်။

ဒါလေးက...ကြက်ဥထမင်းကြော်ပါ။..သခွားသီးလေးပါ...ဖဲ့စားသွားနော်။အဆင်သင့်ပဲစားသွားနော်။

ဒါလေးက...ခေါက်ဆွဲသုပ်ပါရှင်။အမြင်မလှပေမယ့်..အရသာတော့ရှယ်ပဲနော်။
ဂျာမန်မှာရောင်းတဲ့..စပါကတီခေါက်ဆွဲအ၀ါကိုပြုတ်ပြီးသုပ်ထားတာပါ။..ဒီထဲမှာ..ကြက်ဥကို
၎လုံးထည့်သုပ်ထားတော့...ပဲမှုန့်အကျက်ထည့်သလိုပဲ...အရမ်းကိုစားလို့ကောင်းတယ်။
မြန်မာပြည်က..အရသာအတိုင်းပဲ။


ဒါက..ကြက်စွပ်ဟင်းချိုပါ။..သီးစုံလေးတွေထည့်ချက်ထားတယ်...အားရှိအောင်သောက်သွားနော်။

ဒါက...၀က်သားဗူးဆီသပ်ချက်ပါ။.......ကြက်သွန်နီ၊ဖြူ၊ဂျင်းကိုထောင်းပြီး၊ခရမ်းချဉ်သီးနဲ့ဆီသပ်ပြီး ချက်ထားတာပါ။ကောင်းတယ်စားကြည့် နော်။

ဒါကတော့...မ၀သေးသူအတွက်တီးတန့်နော်။....စားချင်စရာလေးလုပ်ထားတာပါ။.
..ထိုင်စားလိုက်ရုံပဲ။....အစားကြီးသူများအတွက်အထူးစပါယ်ရှယ်ပြင်ဆင်ထားတာပါ။

ကဲ...အားလုံးပဲကျေနပ်နိုင်ပါစေရှင်။
.ညီမလေးဆောင်းရေ...ချက်နည်းကိုတော့အနည်းငယ်ဆီရေး ထားပေးတယ်။. .နားမလည်ရင်..ပြန်မေးလို့ရပါတယ်.. .အားမနာပါနဲ့ရှင်။..
အားလုံးကိုအစဉ်ချစ်ခင်လေးစားလျှက်
ဂျာမုန်းဒန်

Type rest of post here

Monday, September 21, 2009

ကြာဇံသုပ်နှင့်အခြားဟင်းလျှာများ


ချစ်မိတ်ဆွေအပေါင်းတို့ရှင်....ဂျာမုန်းအခုသလောဟင်းတွေမတင်ဖြစ်တာ..လေးငါးရက်ရှိရောပေါ့...။
မချက်ကျွေးချင်လို့..မဟုတ်ဘူးနော်..ဂျာမုန်းရဲ့..အင်တာနက်..ကော်နက်ရှင်...လုံးဝမကောင်းလို့ပါ။
တခါတလေအရမ်းကိုစိတ်ပျက်မိတယ်...ဂျာမနီရဲ့အသဲနှလုံးတောင်ထိပ်မှာလာနေရတော့...... ကော်နက်ရှင်...မိတစ်ချက်...မမိတစ်ချက်နဲ့..ဘ၀ပါရှင်။..မိုးအုပ်တဲ့အချိန်ဆို..ပိုဆိုးသေးတယ်....
ရေဒီယိုအသံလှိုင်းတောင်ကောင်းကောင်းမမိချင်ဘူးလေ။...ဒါကြောင်း...ဂျာမုန်းကိုစိတ်မဆိုးပဲ... နားလည်ခွင့်လွတ်ပေးကြပါလို့....မေတ္တာရပ်ခံလိုက်ပါတယ်ရှင်။....

ဒါကတော့...ကြာဇံသုပ်ပါရှင်။..ချဉ်၊ငံ၊စပ်ကိုသုပ်ထားတာပါ။..စားသွားနော်။

ဒါကတော့...မှိုသုန်သုန်လို့ခေါ်ရမလား...အဲဒီမှိုချောက်ကိုရေစိမ်ပြီး..ကြက်သားလေးနဲ့အစိမ်းကြော် ကြော်ထားတာပါ။..မြည်းကြည့်နော်..အရမ်းကောင်းတယ်။

ဒါကတော့...အားလူးကိုပါးပါးလှီးပြီးဝက်သားနဲ့ဒီလိုလေးကြော်ထားတယ်။..စားကြည့်နော်။

ဒါကတော့...၀က်သားသုံးထပ်သားချက်ပါ။ု..မကျည်းမဲ့လေးနဲ့လုံးချက်ထားတာပါ။...စားသွားနော်။


ဒါလေးကတော့....မုန်လာဥနီကို..ခရုဆီ၊ကြက်သွန်ဖြူလေးနဲ့ကြော်ထားတာပါ။..အဟာရရှိပြီး.. အသားအရေအတွက်စားသွားနော်။

ဒါကတော့..ဂျာမုန်းသူငယ်ချင်းကုလားမလေးလုပ်ကျွေးတာပါ။..မုန်းညှင်းဖြူရွှက်ထဲ..ထမင်းအစာ သွပ်ပြီးပေါင်းထားတာတဲ့....စတိုင်သစ်ပေါ့...စားကြည့်နော်။

ဒါကတော့....ငါးအိုးကပ်ချက်ပါ။...ကုလားချက်နော်...ဂျာမုန်းသူငယ်ချင်းချက်ကျွေးတာပါ။...စားသွား ပါရှင်။...

ကဲ....ချစ်မိတ်ဆွေများရှင်....ဒီနေ့လည်းအားရပါးရကိုစားသွားရမယ်နော်။
အားလုံးကျေနပ်နိုင်ပါစေရှင်။
ဂျာမုန်းဒန်
Type rest of post here

Wednesday, September 16, 2009

ထမင်းလက်စုံစားကြမယ်လေ


ဟေ့..ချစ်မိတ်ဆွေတို့ရေ...ထမင်းလက်စုံစားကြမယ်လေ။.ဒီနေ့လည်ရှယ်ပဲဟေ့.မြန်မြန်လာကြနော်။

ဟိုနေ့က....ဂျာမုန်းတို့သူငယ်ချင်းတွေ..ဂျာမုန်းအိမ်မှာအတူတူစုချက်စားကြတာပါ။.
တခါတလေ..စုချက်စားရတာလည်းသိပ်ပျော်ဖို့ကောင်းတယ်။..စကားစမြည်ပြောလိုက်...ထမင်းစား လိုက်နဲ့..ဘယ်နှစ်ပန်းကန်ကုန်သွားမှန်းတောင်မသိလိုက်ဘူး..ခေါင်းမဖော်တမ်းစားနေကြတာလေ။
.နောက်ဆုံးထလိုက်တော့မှ....ဗိုက်ကြီးတင်းနေတာကို..သိလိုက်ရတော့တယ်။.
..မတတ်နိုင်ဘူးလေ..နှောင်တဆိုတာနှောင်မှရတယ်တဲ့။စားလည်းစားပြီရော...အားလုံးက..ဂျာမုန်း ကို...”အစ်မ...သံပုရာသီးလျှက်ဆားရှိလားတဲ့”.။


ကဲ..ဒါကတော့ကြည့်လိုက်ရင်..သိရောပေါ့။ကောင်းမကောင်းဆိုတာလေ။
တို့စရာသခွားသီးနဲ့.ပန်ထွေဖျော်..တောင်လုပ်ထားပေးသေးတယ်။....စားသွားနော်။

ဒါလေးကတော့...ပဲ..ထမင်းပါ။..ဒါကတော့..ဂျာမုန်းလုပ်တာမဟုတ်ပါ။..ကျောင်းသူလေးကုလားမ သူငယ်ချင်းတစ်ယောက်လုပ်ကျွေးတာနော်။..စားကြည့်ပါ။


ဟော်ဒါလေးက..ကန်းဇွန်းရွက်ကြော်ပါ။ ခတ်စိမ်းစိမ်းလေးနော်။အဲလိုပဲနေတတ်လို့ပါရှင်..အော်မဟုတ်ပါဘူး..မှားသွားလို့..ဟီး။

ဒါက...ဘဲဥဆီပြန်ဟင်းပါ။မြန်မာအကြိုက်မကျည်းမဲ့နဲ့ချက်ထားတာပါ။.ဒါလဲ..ဂျာမုန်းအချစ်ဆုံး ညီမလေးလာချက်ကျွေးတာပါ။..စားကြည့်နော်...လျှာလည်သွားမယ်။

ဒါကတော့...ကြက်တစ်ကောင်လုံးကိုခုတ်ပိုင်းပြီးရှယ်ကိုကြော်ထားတာပါ။..ဂျာမုန်းလက် ရာပါရှင်။
ပြောပြအုံးမယ်..ဒါအားလုံးကိုသူငယ်ချင်းလေးယောက်ပဲစားတယ်ဆိုရင်ယုံကြမလား.ဟင်။အပေါ်က ဟင်းတွေပါ..ပါတယ်နော်။...အစားကြီးတာတောင်...ကပ်ကြွားလိုက်သေးတယ်..ဟီး။

ဒါကတော့...အော်ဒါမှာထားသူအတွက်..ဘီယာပါ။ကြက်ကြော်မြင်တော့...ကိုကို..မောင်မောင်တို့ တတိရကြမှာမို့...အလိုက်တိတိပြင်ဆင်ထားပေးတာပါရှင်။..ဟို့နေ့က..”အာခြောက်တယ်ဗျို့”..လို့ အော်သွား တဲ့...AATO ရေ..ကျေနပ်လောက်ပါတယ်နော်။


ဒါကတော့..ပဲပင်ပေါက်နဲ့ပဲပြားကြော်ပါ။..ပဲပြားကိုအပြားလေးလှီးပြီး..ဆာ၊ငံပြာရည်လေးနဲ့လူးပြီး
ဆီနဲ့အရင်ကြော်လိုက်တယ်။ပြီးတော့..ဓါးလေးနဲ့ပါးပါးလေးပြန်လှီးလိုက်တယ်။
ပြီးမှပဲပင်ပေါက်လေးနဲ့..ကြော်လိုက်တယ်။..အရမ်းကောင်းတယ်..စားကြည့်နော်။

ကဲ..ဒီနေ့အဖို့ဒီလောက်ပါပဲရှင်။အားရပါးရစားသွားကြပါရှင်။..စားပြီးရင်ပြောနော်...ကြက်ဥပါတော့ လျှက်ဆားလိုမယ်ထင်တယ်....။လိုအပ်ရင်အော်တာအော်ပြောလိုက်နော်..။ဒါပဲ...ဒါပဲနော်။
လာရောက်အားပေးကြသူအပေါင်းကိုအစဉ်လေးစားလျှက်
ဂျာမုန်းဒန်

Type rest of post here

Monday, September 14, 2009

စားကြမယ်နော်....ဂွတ်ရှယ်....ဟင်းစုံပါရှင်


စားကြမယ်နော်....ဂွတ်ရှယ်....ဟင်းစုံပါရှင်...လို့ဖိတ်ခေါ်လိုက်ပါရစေရှင်။ ဒီတလော..အင်တာနက်မကောင်းနေတာကြောင့်..ဂျာမုန်း.ဟင်းတွေမချက်ကျွေးဖြစ်ဘူးနော်။

အားလုံးကိုတော့....အမြဲသတိရနေတာပါ။..အိပ်ပျော်နေတာကလွဲလို့ပေါ့။.
ဒါကြောင့်...ဒီနေ့တော့အထူးစပါယ်ရှယ်ချက်ထားတယ်။အားရပါးရစားသွားရမယ်နော်။


ဟော်ဒါက...ငါးကြော်ချက်ပါ။.ငါးတွေကိုအရင်ကြော်ပြီးအပေါ်မှာကော်ရည်နဲ့ချက်ထားတဲ့အစာ ပါလာတွေနဲ့ပြန်အုပ်ထားတာပါ။ကြက်သွန်နီ၊ခရမ်းချဉ်သီး၊ငရုတ်သီးစိမ်း၊ဂျင်းပါးပါးလှီးပြီး ကော်ရည်နဲ့ချက်ထားတာပါ။ဒါလေးကို အပေါ်မှာအုပ်လိုက်ပါတယ်။..စာကြည့်နော်..။

ဒါလည်း...ဂျာမုန်းရဲ့....ထီထွင်အစားအစာတစ်ခုပါ။မနက်စာအတွက်ပြင်ဆင်ထားတာလေ။ စားသွားနော်။ဆန်အမှုန့်ကိုရေနဲ့ဖျော်ပြီးဒယ်အိုးမှာအရင်ပြန့်အောင်လောင်းထည့်တယ်။ ကျက်ပြီဆိုရင်ကော်ပြန့်အပေါ်မှာတောက်တောက်စဉ်းပြီးကြော်ထားတဲ့အသားကိုထည့်ပြီး လိတ်လိုက်တယ်။ဒါပါပဲ...စားသွားနော်။


ဒါကတော့...ပဲပြားအစပ်ချက်ပါ။..ဂျာမုန်းအရမ်းကြိုက်တဲ့အစားအစာလေ။
ကော်ရည်လေးနဲ့ပဲပုတ်ထည့်ပြီးအစပ်ချက်ထားတာနော်။မြည်းကြည့်နော်...လျှာလည်သွားမယ်နော်။


ဒါကတော့...၀က်နှံရိုးနဲ့မှိုပေါင်းချက်ပါ။
မှိုချောက်ကိုရေစိမ်ပြီးဝက်နှံရိုးနဲ့ပေါင်းပြီးအချိုလေးချက်ထားတာပါ။စားသွားနော်။

ဒါက..ကြက်သားကြော်ပါ။


ဒါကတော့...၀က်သားလုံးကြော်ထားတာပါ။

ဒါကတော့..ကြက်ဥလိတ်ကြော်ပါ။
ဂျာမုန်းဟိုတခါလည်းလုပ်ကျွေးဘူးပါတယ်။...ထပ်စားသွားပါရှင်။

ဒါကတော့...ထမင်းပါတခါတည်းချက်ထားပေးတာနော်။အဆင်သင့်ခူးစားသွားကြပါရှင်။

ကဲ...ဒီနေ့အတွက်....ဂွတ်ရှယ်ဟင်းစုံတွေကဒီလောက်ပါပဲရှင်။အားရပါးရစားသွားကြပါလို့ပြောလိုက် ပါရစေ။...နောက်နေ့လဲချက်ကျွေးအုံးမယ်။..ဒါအကုန်စားမှနော်။
အားလုံးကိုချစ်ခင်လေးစားလျှက်
ဂျာမုန်းဒန်

Type rest of post here

Wednesday, September 2, 2009

သားလေးရဲ့တိုးတက်မှု(၈)လပြည့်



မေမေ့ချစ်သားလေး...အခုဆို(၈)လပြည့်ပြီလေ။ ....သားလေးရေ...မေမေချစ်လိုက်တာ...ပါးစပ်မှာငုံထားမတတ်ပါသားလေးရေ။ သားလေးဟာ...မေမေ့ရဲ့အသက်၊မေမေ့အသဲ၊မေမေ့ဘ၀ပါသားလေးရေ။...
**မေမေရဲ့စိုးရိမ်မှု**
ဗိုက်ဆာနေလားသားလေးရေ....မေမေနို့တိုက်ပါ့မယ်။
အိပ်ချင်နေလားသားလေးရေ....မေမေချော့သိပ်ပါ့မယ်။
ကစားချင်နေလားသားလေးရေ....မေမေသားနဲ့ကစားပေးပါ့မယ်။
ဖျားနေလားသားလေးရေ....မေမေဆေးတိုက်ပါ့မယ်။
ဂျီကျချင်နေလားသားလေးရေ....မေမေသားလေးရဲ့ဆန္ဒကိုလိုက်လျောပါ့မယ်။

ပုံပြင်နားထောင်ချင်လားသားလေးရေ....မေမေပုံပြောပြပါ့မယ်။
သားလေးအတွက်မေမေဟာ....အနိုင်းမဲ့ဖြစ်စေရမယ်..သားလေးရေ။
ဒါဟာ..လောကမှာရှိတဲ့..မိခင်တိုင်းရဲ့မေတ္တာပါ..သားလေးရေ။


**သားလေးကြီးလာရင်မေမေ့ရဲ့မျော်မှန်းချက်**
သားလေးကြီးလာရင်...လိမ္မာရေးခြားရှိတဲ့သားဖြစ်စေချင်၊
သားလေးကြီးလာရင်...ပညာတတ်ကြီးဖြစ်စေချင်၊
သားလေးကြီးလာရင်....ဆရာဝန်ကြီးဖြစ်စေချင်၊
သားလေးကြီးလာရင်...မိဘ၊ဆရာသမားကိုရိုသေလေးစားမူရှိစေချင်။
သားလေးကြီးလာရင်....ဘုရားသခင်ကိုချစ်မြတ်နိုးတဲ့သားဖြစ်စေချင်။
သားလေးကြီးလာရင်...အမျိုးဂုဏ်ကိုစောင့်ထိမ်းတတ်တဲ့သားဖြစ်စေချင်။
သားလေးကြီးလာရင်...မိဘမဲ့သားသမီးများနှင့်ဆင်းရဲ့ချို့တဲ့တဲ့သူများကို..ကူညီစေချင်။
သားလေးကြီးလာရင်...နိုင်ငံကျော်၊ကမ္တာကျော်မဲ့သားလေးဖြစ်စေချင်။
သားရေ...မေမေ့ဆန္ဒတွေဟာများလိုက်တာနော်.....။.. သားလေးမေမေ့ကိုချစ်ရင်...မေမေ့ဆန္ဒတွေပြည့်အောင်ကြိုးစားနော်..သားလေး။

**သားလေးရဲ့လိမ်မာမူ**
သားလေးကအရမ်းကိုလိမ္မာတယ်။..သူအိမ်ချင်လာရင်.သူ့လက်နဲ့မျက်စိကိုပွတ်တိုက်တတ်တယ်။
သူအိပ်ချင်ပြီဆိုရင်ခဏလေချီလိုက်တာနဲ့အိပ်သွားပြီလေ။အိပ်ပြီဆိုတာနဲ့..သိပ်လိုက်တယ်။
မနက်(၇)နာရီဆိုရင်ပုံမှန်အိပ်ယာထတယ်။အိပ်ယာထရင်မငိုပဲ..သူ့ဟာသူ..လူးလိမ့်ဆော့ ကစားနေတတ်တယ်။...ဘာကြောင့်လဲဆိုတော့..ဖေဖေနဲ့မေမေ..မနိုးသေးဘူးတဲ့လေ။.. .ဒါပေမယ့်နည်းနည်းကြာလို့မထရင်တော့ငိုတော့တာပဲ။..ငိုတာကလည်းဖေဖေမေမေကိုကြည့်ပြီးငိုနေရှာတယ်။..ဘယ်တော့များထပြီးလာချီမှာလဲပေါ့။
သားလေးငိုတော့မှပဲ....ဂျာမုန်းလည်းထရပြီပေါ့။.ဂျာမုန်းထပြီးသူ့ကိုပွေ့ချီလိုက်ရင်. ရယ်ပြနေပြန်တယ်။
မနက်အိပ်ယာထတိုင်းသူနဲ့ဆော့ပေးရတယ်။စကားတွေပြောပေးရတယ်။ . .နောက်တော့မှ..အစာ ကျွေးဖြစ်တယ်။ဒီလိုနဲ့တအိမ်လုံးကို..အိပ်ယာနိုးတော့တာပဲပေါ့။

သားလေးက..အခုဆိုအရမ်းကိုဆော့တတ်နေပြီ။အထူးအဆန်းဆိုရင်မျက်တောင်မခတ်ပဲ ကြည့်တတ်သေးတယ်။...ကစားစရာတွေလည်းအထူးအဆန်းဖြစ်မှကြိုက်တယ်။



သားလေးကအစားတော့ပုတ်မယ်ထင်တယ်။ဒါက..အစာစားပြီးပုံပါ။ဗိုက်ကိုသာကြည့်ပေ တော့လေ။သူ့ဦးဦးသားကြီးနဲ့တော့တူမယ်ထင်တယ်။သူတို့ဦးကြီးနှစ်ယောက်အစားပုတ်တော့ .. သူ့မမဖြူစင်ကြယ်ကတော့ငတ်တော့မှာပဲ။

မိဘတိုင်းဟာ...သားသမီးအပေါ်.မေတ္တာ၊စေတနာ၊ဂရုနာအပြည့်နဲ့ချစ်ကြမှာပဲလေ။
ဂျာမုန်းလည်းသားလေးကိုမွေးတော့မှမိဘမေတ္တာကိုပိုပိုပြီးနားလည်လာခဲ့တယ်။ဒါကြောင့်...ဂျာမုန်း အမေ့ကိုဖုန်းဆက်တိုင်း..အမေ့ကိုကျေးဇူးတင်ကြောင်း၊မေမေ့မေတ္တာဟာအနိုင်းမဲ့ဖြစ်ကြောင်း အမြဲပြောလေ့ရှိတယ်။...ဒါကြောင့်....ချစ်တဲ့ညီအကိုမောင်နှမများအားလုံးလည်း... မိဘကိုပျော်ရွှင်မှုအပြည့်ပေးနိုင်တဲ့သားသမီးကောင်း များဖြစ်ကြပါစေရှင်။
အားလုံးကိုအစဉ်ချစ်ခင်လေးစားလျှက်
ဂျာမုန်းဒန်
သားသား
Type rest of post here