Sunday, May 31, 2009

ကြက်သားနဲ့ငရုတ်သီးအပွချက်


ကြက်သားလှီးပြီးနဲ့ လိုအပ်သောအစာပလာများပါ။

ခရမ်းချဉ်သီး၊ ငရုတ်သီးအပွ၊ ကြက်သွန်နီဖြူကိုဒီလိုလေးလီးထားတယ်နော်။


ကြက်သားနယ်ထားပြီးပါပြီ၊ တရုတ်မတ်ဆလာအနည်းငယ်၊ ငံပြာရည်နဲ့ ဆားကိုပါရောနယ်ထားတာပါ။

ကဲ.......ဟောဒါလေးက အနှ့အရသာနဲ့ပြည့်စုံတဲ့ ကြက်သားဟင်းလေးပါ။ ချက်ပြီးပြီမို့ စားဖြစ်အောင်စားသွားနော်။

ချက်နည်းအဆင့်ဆင့်ကတော့ ဒီလိုပါ။
လှီးထားပြီးဖြစ်တဲ့ ကြက်သွန်နီတွေကိုအရင်ဆုံးဆီသပ်ပြီး၊ ငရုတ်သီးနဲ့ ခရမ်းချဉ်သီးကိုထည့်ပါတယ်၊ အနည်းငယ်ဆီသပ်ပြီးမကျေသွားခင် တစ်ဝက်ကိုပန်းကန်းထဲ့ပြန်ခူးထားပေးပါ၊ စားခါနီးမှ ပြန်ထည့်ဖို့ဖြစ်သည်။ ကျန်တဲ့တစ်ဝက်နဲ့ပဲ
နယ်ထားတဲ့ကြက်သားကိုထည့်ပြီး ရေအနည်းငယ်ဖြင့် ကြက်သားကိုနူးသည်အထိချက်ပါ။ စားခါနီးမှာ အုံးနို့ အနည်းငယ်ထည့်ဖို့ မမေ့နဲ့နော်။
နှစ်ယောက်ဆာအ၀စားပေါ့။ ဒါဘာပဲ ဒီဟင်းလေးကိုချက်စားဖြစ်ရင် အကြောင်းကြားပေးနော်။

Type rest of post here

Saturday, May 30, 2009

သားလေးရဲ့တိုးတက်မူ (ငါးလပြည့်)


Family ဘလော့ဝ်လေးမို့ သားလေးအကြောင်းကို ပြောပြချင်တယ်၊ အခုဆိုရင် သားလေးငါးလပြည့်ပြီးသွားပါပြီ။ သားလေးက တစ်နေ့တခြားတိုးတက်လာတော့ မိဘနှစ်ပါးက အရမ်းကိုပီတိဖြစ်မိတယ်၊ အရမ်းကိုချစ်စရာကောင်းလာတယ်၊ အခုဆိုရင် အဖေအမေကို မှတ်မိနေပြီလေ။ နို့သောက်တဲ့အခါ နို့ဘူးကို သူ့လက်နဲ့ကိုင်ပြီးသောက်တတ်နေပြီ၊ လူကြီးတွေစကားပြောနေရင် သူပါ လိုက်ပြောနေပြီး တဟားဟားနဲ့ကိုရယ်နေတော့ဒါပဲ၊၊ သားလေးကတစ်ကယ်ကိုလူလည်တော့၊ မချို၊ မကောင်းတဲ့ အစားအစာကြွေးရင် လုံးဝကိုမစားပေးဘူး။ အခုကတည်းက အရသာခံတတ်နေပြီ။

သူ့ကြောင့်အဖေအမေ အားနာရဒါတစ်ခုရှိတယ်။ သူ့အဖေရဲ့ သူငယ်ချင်း နုတ်ခမ်းမွှေးရှည်ရှည် ကုလားနဲ့ လူကိုတော့ လုံးဝကိုပြုံးမပြဘူး၊ သူ့ကိုချစ်လို့ အိမ်လာလည်ရင်လည်း မြင်လိုက်ဒါနဲ့ တအားကိုအော်ငိုတော့ဒါဘဲ။ ကုလားရဲ့နုတ်ခမ်းမွေးကို ကြောက်ဒါ ထင်ပါရဲ့။
သားလေးကသိပ် ကံကောင်းတယ်၊ သူငယ်ချင်းတွေအားလုံးကလည်း အရမ်းကိုချစ်ပြီး ဂရုစိုက်ကြတယ်လေ။

သူငယ်ချင်းတစ်ယောက်ဆိုရင် သားလေးကို…..“ကရားပိုးတီးတူ…….ကရားပိုးတီးတူ…..” ဆိုပြီ လာလာစတော့ အဲဒီဦးကို အိမ်လာတိုင်း မှတ်မိပြီး ပြုံးပြနေဒါပဲ။ သူ့တီတီလေးတစ်ယောက်ကလည်း……“ကလေးလေးရယ်……အားရို…..အားရို.” ဆိုပြီးလာပြောတဲ့အခါ သားလေးကလည်း…….အူးဝါး…….အဲအူး…….ဆိုပြီးပြန်လိုက်ပြောတော့ …..သူ့တီတီကလည်းချစ်လို့မ၀ကို ဖြစ်နေတော့ဒါဘဲ။ နောက်တူငယ်ချင်းစုံတွဲ နှစ်ယောက်လည်း သားလေးကို သိပ်ဂရုစိုတာဘဲ…..တစ်ပတ်ကိုတစ်ခါတော့ အမြဲကိုလာကြည့်ကြတယ်၊ အခုလည်း ငါးလပြည့်တဲ့အထိမ်းအမှတ်နဲ့ အခုဝတ်ထားတဲ့ အင်္ကျီကိုလေးကို လက်ဆောင်လာပေးသွားတယ်။







ဖေဖေမေမေရဲ့ဆုတောင်းသံ

အဖေနဲ့အမေကတော့ ငါ့သားလေးကြီလာရင် ပညာတတ်ကြီးဖြစ်ပြီး မိဘ၊ ဆွေမျိုးအသိုင်းအ၀ိုင်း၊ အဖိုးအဖွားအားလုံးကိုရိုသေလေးစားခြင်း၊ ဘုရားသခင်ကိုချစ်ကြောက်ရိုသေတဲ့ သားလိမ်မာလေး ဖြစ်ဖို့ အမြဲပဲဆုတောင်းပေးနေပါတယ်…….သားလေးရယ်……..။
သားလေးကိုချစ်တဲ့
ဖေဖေနဲ့မေမေ

Type rest of post here

Friday, May 29, 2009

ဇိုင်းဝါးလူမျိုးနှင့်စာပေအကြောင်း(Zaiwa People-& Literacy)




မိတ်ဆွေတို့ ဇိုင်းဝါးလူမျိုးများအကြောင်းဆိုပြီးခေါင်းစဉ်တပ်လိုက်တာနဲ့အံ့သြမသွားကြနဲ့နော်။ ကမ္ဘာတစ်ခုလုံးမှာ လူမျိုးပေါင်း ၆၀၀၀ ကျော်ရှိသည့်အနက် ဇိုင်းဝါးလူမျိုးကလည်း တစ်ခုအပါအ၀င်ပေါ့။ ဇိုင်ဝါးလူမျိုးဟာဘယ်မျိုးနွယ်စုမှာပါဝင်သလဲဆိုရင် ကချင်အုပ်စုထဲမှာပါဝင်ပါတယ်။ ကချင်အုပ်စုထဲမှာ လူမျိုးခြောက်မျိုးပါဝင်ပါတယ်၊ ၄င်းတို့မှာ ကချင်၊ဇိုင်ဝါး၊လောင်ဝေါ်၊လာချိတ်၊လီဆူ၊ ရ၀မ် တို့ဖြစ်ပါတယ်။ ဒီခြောက်မျိုးထဲမှာ စာပေကိုအစောဆုံးရရှိတာက ကချင်မျိုးနွယ်စုဖြစ်ပါတယ်။ ကျမ်းစာရရှိတာလည်း အစောဆုံးပဲ။ နောက်ပြီး ကချင်လူမျိုးစုတွေဆက်သွယ်တဲ့နေရာမှာ ကချင်စကားဟာ (Common language) ဘုံစကားအဖြင့် အသုံးပြုပါတယ်။ ကချင်စာပေ အစောဆုံးထွန်းကားခဲ့လို့လည်း ကချင်မျိုးနွယ်စုတွေအားလုံးဟာ ပညာတတ်တွေ၊ ဗဟုသုသ ကြွယ်ဝသူတွေ များပြားခဲ့ပါတယ်။ ဒါတွေအားလုံးက ဘုရာသခင်ရဲ့ ကျေးဇူးကြောင့်သာ ရရှိခဲ့ခြင်းဖြစ်ပါတယ်။ ကချင်မျိုးနွယ်စု ခြောက်မျိုးရဲ့စကားတွေဟာ တစ်မျိုးနဲ့တစ်မျိုးတူသလားဆိုတော့ လုံးဝမတူပါဘူး။ ဒါကြောင့်ဘာသာစကားတိုင်းဟာ အလွန်ပင်ရေးကြီးကြောင်း သိရပါတယ်။

ဇိုင်းဝါးစာပေအကြောင်းကိုပြောရမယ်ဆိုရင်၊ ကချင်မျိုးနွယ်စု အားလုံးထဲမှာ စာပေရရှိတာနောက်အကျဆုံးဖြစ်တယ်။ လွန်ခဲ့တဲ့ ၁၉၉၈ ခုနှစ်လောက်ကသာ စတင်ခဲ့တယ်။ စာပေကို စတင်ခဲ့စဉ်က ရှိပြီးသားဖြစ်တဲ့ ကချင်စာပေသုံး အခြေခံဗျည်းအက္ခရာ Hanson Alphabet ကိုအရင်ဆုံးသုံးဖို့ စီစဉ်ခဲ့ပါတယ်။ ဒါပေမယ့် ဇိုင်ဝါးစကားမှာ နှာခေါင်းအသံ များနေတဲ့အတွက် ကချင်စာပေသုံးဗျည်းအက္ခရာနဲ့တင် မလုံလောက်သောကြောင့် အခြားတီထွင်ထားတဲ့ နှာသံပါ ဗျည်း Consonant တွေကိုတွဲသုံးရပါတယ်။ ဥပမာ N ဆိုတဲ့ဗျည်းကို မြန်မာလိုအသံထွက် “န” ပေါ့ ဒီစာလုံးကို နှာသံထွက်ချင်ရင် N+h=Nh ဒီလိုတွဲသုံးလိုက်ရင် ဒီ Consonant ကို “နှ” လို့အသံထွက်လို့ရ ပြီပေါ့။ အခြားစာလုံးများကိုလည်း ဒီလိုဘဲတွဲသုံးပါတယ်။

ကဲ့…….ဒီနေ့က ဒီလောက်ပဲ ရေးသားပါရစေအုံးနော်…….ကျွန်မစာရေးနေရင် သားလေးက ဘေးကနေဂျီကျနေလို့လေ၊ မနက်ဖြန်မှဘဲ ဆက်ပြီးတင်ပြသွားမယ်နော်။ မြန်မာလိုစရေးတာ ဘလော့လုပ်တဲ့နေ့လို့ပြောရမယ်၊ စားလုံးပေါင်းမှားလျှင်ခွင့်လွတ်ကြဖို့ တောင်းပန်ပါတယ်။
ဇိုင်ဝါးလူမျိုးရဲ့သတင်းကောင်းတွေပြောပြစရာရှိသေးတယ်နော်။ ဆက်ပြီးလာဖတ်ကြအုံးနော်။

အားလုံးကိုလေးစားလျှက်

ဂျာမုန်းဒန်



ဒီပုံလေးကတရုတ်ပြည်ကဇိုင်းဝါးဝတ်စုံလေးပါ။ မော်ဒယ်လ်စတိုင်လေးပေါ့။



စာပေကဗျာ

လူမျိုးတိုင်းဟာစာပေရှိဖို့လိုအပ်တယ်၊

လူမျိုးတစ်ခု၊ စာပေတစ်ခု၊

စာပေမရှိက၊ လူမျိုးပျောက်မည်၊

စာပေရှိမှသာ၊ လူမျိုးတင့်တယ်မယ်တဲ့၊

ဗဟုသုတကိုရှာ၊ စာပေမှာသာ၊

စာပေမရှိက၊၊ သူတပါးကျွန်ဖြစ်မှာသေချာ၊

အမောင်ကိုကျော်လွှား၊ အလင်းဆီသို့သွားကြဆို့လား၊

မပျောက်ပျက်အောင်ထိမ်းသိမ်းဖို့က၊ ကိုယ့်လူမျိုးရဲ့တာဝန်သာ၊

ဘုရားရှင်ရဲ့ကောင်းကြီးတွေ၊ ဇိုင်းဝါးလူမျိုးတွေမှာရောက်ပြီလေ။


Type rest of post here

Thursday, May 28, 2009

စားချင်စဖွယ်ပြင်ဆင်ကွယ်

ဒီနေ့တော့ စားချင်စဖွယ်လေးပြင်ဆင်ပေးထားပါတယ်။ အားရပါးရ စားကြနော်၊ မြန်မာ ဟင်းဝိုင်းလေးပါ၊

ဒါကတော့သခွားသီးလေးနဲ့တို့စရာပါ၊ ငံပြာရည်ချက်လေးနဲ့နော်။ ၀က်သားနဲ့အသားလုံးလည်းပါတယ်။။

ဒါကအဆီတစ်ဝင်းဝင်းနဲ့ဝက်သားဟင်းလေးပါ။ သူငယ်ချင်းတွေက၀က်သားဟင်းအရမ်းကြိုက်ကြတယ်ဆိုတော့ မြန်မာစတိုင် ချက်ထားပေးတာပါ။

ဒါကတော့ အမဲသားလုံးကြော်နဲ့ ကြက်အူချောင်းကိုပါးပါးလှီးပြီးကြော်ထားဒါပါ။ အားမနာကြပါနဲ့ကောက်စားသွားလို့ရတယ်နော်။ အသားလုံးကိုတစ်ယောက်တစ်လုံးစီနော်၊

ဒါက ကြက်သားကိုလုံးကြော်ပြီးကော်ရည်လေးနဲ့ ဆပ်ဆပ်လေးချက်ထားဒါပါ။

ဒါက၀က်ရိုးဟင်းရည်နော်၊ အရသာအရမ်းရှိတယ်၊ အားရှိအောင်သောက်သွားကြနော်။

ဒါကတော့ အားလုံးအတွက် မဟုတ်ဘူးနော်၊ ချစ်တဲ့ခင်းပွန်းအတွက်ညနေစာပြင်ဆင်ထားပေးဒါပါ၊..




Type rest of post here