Monday, June 29, 2009

ငါးကင်ပေါင်းနဲ့အခြားဟင်းလျှာ


ကဲအဆင်သင့်ပဲနော်။ ထိုင်စားလိုက်ရုံပဲ။ ခါတိုင်းဆိုရင် ထမင်းချက်ဖို့မေ့မေ့ သွားတယ် ဒီတခါတော့စေသနာအပြည့်နဲ့ အားလုံးပြင်ဆင်ထားပေးပါတယ်။ အ၀သာစားသွားနော်။ ပန်းကန်၊ ဇွန်းအားလုံးအဆင်သင့်ပဲနော်။


ဒါကတော့ ဒီနေ့အတွက်အထူးပြုလုပ်ထားတဲ့ ငါးပေါင်းကင်ပါရှင့်၊ Oven ထဲမှာပေါင်းကင်လုပ်ထားလို့ ငါးပေါင်းကင်လို့အမည်သပ်လိုက်တယ်။ လက်နဲ့ဖြစ်ဖြစ်၊ တူယူလာပြီးဖြစ်ဖြစ်စားဖြစ်အောင်တော့စားသွားနော်။ နက်ဖြန်ဆိုမချက်ကြွေးတော့ဘူး။ ဒါဒီနေ့အတွက်ပဲနော်။


ဒါကတော့ငါးစိမ်းကိုအစာပလာတွေနဲ့နယ်ထားပြီးပုံပါ။အဆင့်သင်ကင်ဖို့လုပ်ထားတာပါ။
ဒီငါးကတို့ဆီမှာ တခါတရံမှဝယ်လို့ရတာပါ။ Panny Mark's က၀ယ်လာတဲ့ငါးပါ။ ဒါမျိုးအကောင်ငါးကောင်ကိုသေချာထုတ်ပြီးပါတ်ကင်လိုက်ရောင်းထားတာကိုဝယ်လာတာပါ။ တို့ဆီမှာက တစ်ကောင်တစ်ကျပ်နှုန်း အားလုံး 5 Euro နဲ့ဝယ်လာတာပါ။

ပြုလုပ်နည်းလေးပြောပြမယ်နော်။ ငါးကိုရေသေချာဆေးပြီး စစ်ထားမယ်။ ပြီးတော့ ဆား၊အချိုမှုန့်၊ဂျင်းရည်ညှစ်ထည့်၊ငရုတ်ကောင်းမှုန့်နှင့်တရုတ်အမွှေးအကြိုင်မှားနှင့်သမအောင်နည်းပြီးဆယ်မိနစ်ခန့်နပ်ထားပါ။ များများနပ်ထားလေးကောင်းလေးပဲ။ ပြီးတော့ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်သီးစိမ်း၊ ဖက်ဖယ်ရွက်၊နံနံပင်နှင့်ပင်စိမ်းများကိုထောင်းထားပြီးဆီလေးအနည်းငယ်နဲ့ဆီသပ်ထားမယ်။ ဒီထဲမှာလဲ..ဆား၊ အချိုမှုန့်ကိုသမအောင်ထည့်ဖို့မမေ့နဲ့နော်။ ဒါမှအားလုံးမှာ အရသာရှိမှာလေ။ ဆီလေးသပ်ပြီးထည့်တော့ ပိုစားလို့ကောင်းတယ်။ ဆီသပ်ပြီးရင် နယ်ထားတဲ့ ငါးဝမ်းဗိုက်အတွင်းမှာ အစာသွပ်ထည့်ပါ။ ဒါပြီးရင်တော့ မီးမလောင်တဲ့ငွေစက္ကူပြားထဲသေချာစီထည့်မယ်။ အပေါ်မှာနံနံပင်၊ ပင်စိမ်းကိုအရွက်လိုက်တင်ပြီးကင်လို့ရပြီ။ တို့ဆီမှာကအရွက်သိပ်မဆုံဘူး။ ဒါပေမယ့် ရှိတဲ့အရွက်လေးနဲ့လုပ်စားရတာပေါ့။ Oven မရှိရင် မီးသွေးမီးဖိုမှာကင်ရင်လည်းရတယ်။ ချောက်ချောက်လေးနဲ့ပိုတောင်စားလို့ကောင်းမယ်။ ဒို့ဆီမှာက Oven ဘဲရှိတော့ ဒါနဲ့ပဲကင်ပေါင်းလုပ်ရတော့မှာပေါ့။ ကဲလုပ်စားကြည့်ပါ၊ မရှင်းရင်ပြန်မေးလို့ရတယ်နော်။


ဒါလေးက ခရမ်းသီးမီးဖုတ်ပြီးသုပ်ထားတာပါ။
ပြုလုပ်နည်းလေးပြောပြမယ်။ ခရမ်းသီးအလုံးကြီးတစ်လုံးကိုမီးဖုတ်ထားမယ်၊ ခရမ်းချဉ်သီးတစ်လုံးကိုပါမီးဖုတ်ထားမယ်။ မီးဖုတ်ပြီးခရမ်းသီးကို အခွံခွာ၊ ခရင်းဇွန်းလေးနဲ့အမျှင်ရှည်ရှည်သေးသေးလေးချစ်ပြီးသုပ်မည့်ပန်းကန်းထဲထည့်။ ဓားနဲ့တောက်တောက်စဉ်းကသိပ်မစားကောင်းဟုစိတ်ထဲမှာထင်မိလို့ ခရင်းနဲ့ချစ်ခိုင်းတာပါ။ခရမ်းချဉ်သီးမီးဖုတ်ကိုပါဓားနဲ့တောက်တောက်စဉ်းပြီးထည့်မယ်။ အခွံပဲနွ့ပြီးစဉ်းနော်။ရေမဆေးလိုက်ပါနဲ့။မီးဖုတ်ပြီးရေဆေးလိုက်ရင်စားလို့မကောင်းပါ။ ဒါပေမယ့်သန့်သန့်လေးကင်ဖို့တော့လိုတာပေါ့။ကြက်သွန်နီပါးပါးလှီးရေးဆေးပြီးထည့်ပါ။ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူကိုလည်းပါးပါးလှီးထည့်၊ ဆား၊အချိုမှုန့်၊ ဆီသန့်လေးအနည်းငယ် နဲ့နံနံပင်ပါးပါးလှီးထည့်ပြီး သုပ်လို့ရပါပြီရှင်။ ကြိုက်တတ်ရင် ပဲပုတ်ပြားလေးမီးဖုတ်ပြီးချေထည့်ရင်လည်းအရသာပိုရှိတယ်။ အရသာကိုအချဉ်အစပ်အငံကိုကြိုက်သလိုထည့်နိုင်ပါတယ်။ ကဲ..အရသာရှိတဲ့ခရမ်းသီးမီးဖုတ်သုပ်လေးရသွားပါပြီ။ လုပ်စားကြည့်နော်။


ဒါလေးက အတင့်ဝယ်လာတဲ့ ၀က်သားမြောင်းရှည်လေးများကိုဒီလိုလေး အစိမ်းကြော်ထားတာပါ။ စားသွားနော်။ တရုတ်နံနံလေးအုပ်ထားတော့အရသာလေးကတစ်မျိုးလေးနဲ့ စားလို့ကောင်းတယ်ရှင့်။


ဒါလေးက ဂျာမန်ဆလတ်ရွက်အနီပါရှင့်။ တို့ဆီမှာက ဆလတ်ရွက်ကို နှစ်မျိုးစားလို့ရတယ်။ အဖြူ၊ အနီပေါ့။ အနီကတော့ဈေးနည်းနည်းကြီးတယ်။ စားကြည့်နော်။


ဒါကတော့ တို့ဆီက ခရမ်းချဉ်သီး အ၀ါရောင်ပါ။ သုပ်စားကအရမ်းကောင်းပါတယ်။ သယ်သွားနိုင်ပါတယ်ရှင်။ မိတ်ဆွေတို့အတွက်ဝယ်လာတာပါ။

ကဲ....ဂျာမုန်းဒန်က အားလုံးအတွက် ရှယ်ချက်ထားတာနော်။ အားနာရင်တော့ငတ်မယ်နော်..ဟီး။ စတာပါ.....အားလုံးစာသွားရမယ်နော်။
အားလုံးကိုချစ်ခင်လေးစားလျှက်
ဂျာမုန်းဒန်

Type rest of post here


Saturday, June 27, 2009

ဝက်နားရွက်သုပ်နှင့်အခြားဟင်းလျှာ


ဒီနေ့တော့ ၀က်နှားရွက်သုပ်စားကြမယ်နော်။ ပြုလုပ်နည်းလေးပြောပြမယ်။ ၀က်နှားရွက်ကိုရေစင်အောင်ဆေး၊ အပိုင်းကြီးကြီးဖြတ်ပြီး အနံ့ကင်းအောင်ရေနဲ့အရင် ဆယ်မိနစ်လောက် ပြုတ်လိုက်တယ်။ ရေမခန်းခင် ပြန်ဆယ်ပြီးရေဆေးလိုက်တယ်၊ လုံးဝအညီဇော်မနံအောင်ပေါ့။ ဆယ်ပြီးသားဝက်နားရွက်ကို ဂျင်း၊ အချိုမှုန့်၊ ဆား၊ ငံပြာရည်အနောက် အနည်းငယ်ထည့်ပြီး ရေခန်းအောင်ပြုတ်ထားမယ်။ ပြီးရင်ဝက်နားရွက်ကို ပါးပါးလှီးမယ်၊ ကြက်သွန်နီကိုပါးပါးလှီးပြီးရေဆေးထည့်၊ ခရမ်းချဉ်သီးပါးပါး၊ ကြက်သွန်ဖြူကိုပါးပါး၊ ငရုတ်သီးစိမ်းပါးပါးလှီးထည့်၊ သံပုရာသီးညှစ်ထည့်၊ ဆား၊ အချိုမှုန့်၊ သကြားအနည်းငယ်၊ ငံပြာရည်အကြည်အနည်းငယ်ထည့်မယ်၊ နံနံမိတ်လေးလှီးထည့်မယ်။ ပြီးရင်နယ်ပြီး အရသာမှီးကြည့်လို့ရပြီပေါ့။ ဒါက ဂျာမုန်လုပ်စားတဲ့နည်းပါပဲ။ လုပ်စားကြည့်နော်။


ဒါလေးက ပဲပြားသုပ်ပါရှင့်။ မမလုဆီကနည်းအတိုင်း သုပ်ထားတာနော်။ အရမ်းကိုကောင်းတယ်၊ စားသွားနော်။


ဒါကတော့ ပန်းမုန်လာကို ကြက်ဥနဲ့ကြော်ထားတာပါ။


ဒါလေးက ကြက်ဥဆီပြန်ဟင်းလေးချက်ထားတာပါ။ ကြက်ဥကိုပြုတ်ပြီးကြော်လိုက်တယ်။ ပြီးတော့ ကြက်သွန်နီ၊ ခရမ်းချဉ်သီးဆီသပ်ပြီးချက်ထားတာပါ။


ဒါလေးက ကြက်သားနဲ့ မှိုပါ။ အိုးကပ်လေးချက်ထားတယ်။ ချက်နည်းကတော့ ချက်မဲ့အိုးထဲမှာ ကြက်သားကို အနေတော်အတုန်းလေးတုန်းပြီးထည့်မယ်၊ ကြက်သွန်ဖြူအလုံးလိုက်ထည်၊ ဂျင်းပါးပါလှီးထည့်၊ တရုတ်မဆလာအနည်းငယ်ထည့်၊ ခရုဆီလေးအနည်းငယ် နဲ့ ဆား၊ အချိုမှုန့်လေးထည့်၊ ဆီလေးအနည်းငယ်ထည့်ပြီး မွေလိုက်တယ်။ ပြီမှမီးဖိုပေါ်တင်ပြီးအုပ်ထားမယ်။ ပြီးရင် ကြက်သားနုးသည်အထိချက်ပေးပါ။ နောက်အသင့်ဆေးပြီးသားမှိုကို ထည့်လိုက်တယ်။ ရေအနည်းငယ်ထည့်ပြီးအုပ်ထားလိုက်တယ်။ ရေခမ်းပြီဆိုရင် စားလို့ရပါပြီရှင်။


ဒါကတော့ ဂျာမန် ဂေါ်ဖီထုတ်ပါ။ ဂေါ်ဖီထုတ်အနီမျိုးပါ။ သုပ်စားကြည့်နော်။

လာရောက်အားပေးကြတဲ့ သူငယ်ချင်းများကိုအထူးပင်ကျေးဇူးတင်လို့မဆုံးပါရှင်။ ဘယ်ဟင်းကိုအကြိုက်ဆုံးလဲ ပြောသွားအုံးနော...ပြန်ချက်ကြွေးမလို့ပါနော်။
အားလုံးအပေါ်ဘုရားရှင်ကောင်းကြီးပေးပါစေရှင်
ဂျာမုန်းဒန်


Type rest of post here

Friday, June 26, 2009

Pop Music ဘုရင်မိုက်ကယ်ဂျက်ဆင်ဆုံးရှာပြီ




ပေါ့ ပ်ဂီတ ဘုရင်ကြီး မိုက်ကယ်လ်ဂျက်ဆင်( ၅၀နှစ်) ဟာ ရုတ်တရက် ကွယ်လွန်သွားပြီဖြစ်ကြောင်း ဒီမနက် N24 ရုပ်မြင်သံကြားသတင်းမှာ ကြားသိရပါတယ်။

သူ့ရဲ့လပေါ်လမ်းလျောက်အကဟာ ကမ္ဘာတလွားမှာ ရေပန်းစား ခဲ့တယ်။
ဂျာမုန်းဒန်တို့ အလယ်ကျောင်းအရွယ်တုန်းကပေါ့ .....မိုက်ကယ်ဂျက်ဆင်ရဲ့ လပေါ် လမ်းလျောက် အက ကို အပြိုင်အဆိုင်က ခုန်ခဲ့ကြပါတယ်။ သူပါဝင်သီဆိုခဲ့တဲ့ We Are the World - သီချင်း က လူသားဆန်မှုကို ပြသခဲ့တယ်။ ဒီသီချင်းကိုပဲ ဂျာမုန်းဒန် ၈တန်းကျောင်းသူဘ၀တုန်းက ဘုရာကျောင်းမှာ group လိုက်ပါဝင် သီဆိုပြိုင်ပွဲဝင်ခဲ့ဘူးပါတယ်။

ဒီနေ့ သူချစ်တဲ့ ကမ္ဘာ့ပရိသတ်ကြီး ကို မိုက်ကယ်တယောက် မနှုတ်ဆက်ပဲ ရုတ်တရက်ခွဲခွာသွားခဲ့ပါတယ်။ သူက အင်္ဂလန်မှာ သွားရောက်ဖျော်ဖြေဖို့ စာချုပ်ချုပ်ခဲ့စဉ်က ဒါဟာ သူရဲ့ နောက်ဆုံးပွဲပါလို့ ပြောခဲ့တာကပဲ နိမိတ်တခုလို့ ဖြစ်ခဲ့ရတယ်လို့ သူ့ရဲ့ ပရိသတ် တဦးက ဆိုပါတယ်။ မိုက်ကယ်ဂျာဆင်ကိုချစ်တဲ့ ပရိတတ်များမှာ ဂျာမုန်းဒန်တစ်ယောက်လဲအပါအ၀င် ရှိခဲ့တာမို့ စိတ်မကောင်းစွာနဲ့ ဒီပို့စ်လေးကို ဂျာမုန်းဒန်ရဲ့ ဘလော့လေးမှာ တင်ပေးလိုက်ပါတယ်ရှင်။

အားလုံးကိုလေးစားစွာဖြင့်
ဂျာမုန်းဒန်


Type rest of post here

Thursday, June 25, 2009

စားကြမယ်ဟေ့ကောင်းကောင်း(၃)


ဟင်းတွေအစုံပဲနော်။ နိုက်စားသွားလို့ရပါတယ်။


ခုတလော ကန်းဇွန်းရွက်တွေပဲ စားဖြစ်တယ်။ ဒီတခါတော့မှိုလေးနဲ့ကြော်ထားတာပါ။


ဒါကတော့ သခွားသီးသုပ်ဖို့ပါ။ ဒီလိုလေးသုပ်စားရတာ အရသာတမျိုးလေးပဲ..စားလို့ကောင်းတယ်။ သုပ်စားကြည့်နော်။ သခွားသီးကိုရေဆေးပြီးအ၀ိုင်းလေးလှီးပြီးဒေါင်လိုက်ပြန်လှီးထားတာပါ။ ကြက်သွန်နီကိုပါးပါလှီးရေဆေးပြီးထည့်၊ငရုတ်သီးစိမ်းလှီးထည့်၊အသင့်လုပ်ထားတဲ့ကြက်သွန်ကြော်လေးပါထည့်နောက်သံပုရာသီးညှစ်ထည့်၊ ဆားလေးထည့်ပြီးသုပ်စားနိုင်ပါပြီ။


ဒါလေးကတော့ ပုဇွန်ကိုဆီပြန်လေးချက်ထားတာပါ။


ဒါလေးက ကြက်သားကင်ပါ။ အဆင်သင့်သုံးဆောင်နိုင်ပါပြီရှင်။


ဒါလေးကတော့ ကြက်အူချောင်းကင်ပါ။ု ဒါးလေးနဲ့အနည်းငယ်လှီးပြီး ဒယ်အိုးမှာဆီပါရုံလေးထည့်၊ ဟိုဘက်ဒီဘက်လှန်ပြီး ကင်ကြော်လုပ်ထားတာပါ။ စားကြည့်နော်..အရမ်းကောင်းတယ်ရှင်။


ဒါကတော့ စားလို့မရိုးနိုင်တဲ့ ကချင်ပိန်းဥဟင်းရည်ပါရှင်။ တို့ဆီမှာ တခါတလေမှ အာရှဆိုင်မှာ ရှားရှားပါးပါးရောင်းတဲ့အချိန် ၀ယ်ပြီး ချက်စားရတာပါ။ မျှစ်တိုချောက်လေးပါခတ်ထားပါတယ်။ သောက်သွားနော်။


ဒါကတော့ ဂျာမန်ပန်းသီးပါရှင့်။ ဆေးပြီးသားမို့ အလုံးလိုက်ကိုက်စားသွားပါနော်။

ဒါကတော့ စတော်ပယ်ရီသီးပါ။ မြေမြို့ကိုလွမ်းတိုင်း ၀ယ်စားဖြစ်တယ်။ စားသွားနော်။ ခြင်းလိုက်တယ်သွားချင်က သယ်သွားပါနော်။

ချက်ပေးမဲ့တာဝန်က ဂျာမုန်းဒန်အလုပ်။
စားဖို့တာဝန်က မိတ်ဆွေတို့အလုပ်ပါရှင်။

အားလုံးပျော်ရွှင်စွားသုံးဆောင်သွားကြပါလို့ မေတ္တာရပ်ခံရင်း
ဂျာမုန်းဒန်


Type rest of post here

Wednesday, June 24, 2009


ချစ်စကား၊ ကြိုက်စကား (ကချင်စကား)




ဒီနေ့တော့အင်းပြေကချင်စကားသင်ရအောင်နော်။ အလည်က Color အနီစာကြောင်းကတော့ ကချင်စာနဲ့၊ ကချင်စကားဖြစ်တယ်။ ဘေးကစာကြောင်းက ကချင်စကားကိုမြန်မာလိုအသံထွက် ရေးပေးထားပါတယ်။ ဖတ်ကြည့်၊ ပြောကြည့်နော်။ မောင်လေးတစ်ယောက်က ကချင်စကားကို မြန်မာအသံထွက် ရေးပေးပါဆိုလို့လေ။ အခက်ခဲများရှိရင်ပြောကြပါနော်။


1. မင်းနောက်
လိုက်ချင်တယ်………Na hpang hkan mayu ai. (နဖန်ခမ်းမယူအိုင်)

2. စိတ်မဆိုးနဲ့နော်……Hkum pawt yaw. (ခွမ်ပေါ့ပ်ရော)

3. မင်းကိုစကားတစ်ခွန်းပြောချင်တယ်မေ….Nang hpe ga hkaw mi tsun mayu ai. (နန်ဖေ့ဂါခေါ်မီစွံမယူအိုင်)

4. မင်းအရမ်းလှတယ်…..Nang grai tsawm ai. (နန်ဂရိုင်စောမ်အိုင်)

5. မင်းမျက်နှာလေးကိုအမြဲမြင်ချင်တယ်….Na myi-man hpe galoi mung mu mayu ai. (နမြိမာန်ဖေ့ဂလွဲမုန်မူမယူအိုင်)

6. မင်းကိုမြင်တိုင်းငါရင်ခုန်တယ်…Nang hpe mu shagu, ngai myit ashun ai...(နန်ဖဲ့မူရှဂူမြစ်အရွှန်အိုင်)

7. ငါမင်းကိုအရမ်းချစ်တယ်…Ngai nang hpe grai tsawra ai….(ငိုင်နန်ဖဲ့ဂိုင်စောရအိုင်)

8. ငါ့ကိုချစ်ခွင့်ပြုပါနော်…….Ngai hpe tsaw na ahkang jaw rit yaw…(ငိုင်ဖဲ့စော့နာအခါန်းဂျော့ရစ်ရော)

9. ငါ့ဘ၀တခုလုံးအတွက်ချစ်တာပါ….Nye prat tup na matu tsaw ra ai..(ညဲ့ပရပ်တွပ်နားမတူစောရအိုင်)

10.ကျေးဇူးနဲ့ စဉ်းစားပေးပါနော်….Chyeju hte myit ya rit yaw...(ကျေးဂျုးထဲ့မြစ်ရာရစ်ရော)


ဒါပြီးရင်စာမေးပွဲရှိမယ်နော်.....သေချာပြန်မေးမယ်၊ ကျက်ထားကြမယ်နော်.....သူငယ်ချင်းတို့ရေ............ဖတ်လို့မရရင်ပြောကြပါရှင်။

အားလုံးကိုလေးစားလျှက်
ဂျာမုန်းဒန်
Type rest of post here

Tuesday, June 23, 2009

Germany Geological Museum တခုမှ ကချင်ပြညနယ်ကျောက်စိမ်းတုံး


တနေ့ German Hochschula Fest ကို ဂျာမုန်းတို့နေထိုင်တဲ့မြို့မှာကျင်းပကြတယ်လေ။ အဲဒီနေ့မှာသူငယ်ချင်းတစ်ယောက်က ”ဒီနေ့ Museum တက်လို့ရတယ်၊ ၀င်ခပေးစရာမလိုဘူး” လို့ပြောတယ်။ ဒါဆိုလဲတက်ကြတာပေါ့ဆိုပြီး Main Building အပေါ်ဆုံးထပ်မှာရှိတဲ့ Geological Museum သို့တက်သွားခဲ့တယ်။ အစက တို့မြို့မှာ Museum ရှိမှန်းလုံးဝမသိပါ။ အဲဒီ Museum မှာ ကျောက်တွေအများကြီးပဲ၊ စနှစ်တကျကို ပြထားတာတွေ့ရတယ်။
ထူးခြားချက်တစ်ခုက ဘယ်ကနေ ဘယ်လိုရောက်လာသလဲမသိဘူး၊ ကချင်ပြည်နယ်၊ တောမောက ကျောက်စိမ်းရိုင်းတစ်ခုကိုတွေ့လိုက်ရတယ်။ အဲဒီကျောက်စိမ်းဟာ အရိုင်းတုံးဖြစ်ပေမယ့် Germany Museum မှာသေသေချာချာပြထားတော့ ဂျာမုန်း...ဂုဏ်ယူမိတာအမှန်ပါ။ ဒါကြောင့် ဒီဘလော့လေးထဲမှာ အမှတ်တရအဖြစ် သူငယ်ချင်းများကိုပြောပြချင်တဲ့ဆန္ဒနဲ့ ပြန်လည်ဖော်ပြလိုက်တာပါ။


ဒီပုံကို တွေ့လိုက်တာနဲ့ ” ဟာဒါ....ငါတို့နိုင်ငံက ကျောက်စိမ်းနဲ့တူလိုက်တာ” ဆိုပြီးသွားကြည့်တော့ တကယ်ဟုတ်နေတာလေ။ ကချင်ပြည်နယ်က ကျောက်စိမ်းအရိုင်းတုံးကို ဤပုံစံပြထားတာ တွေခဲ့ရပါတယ်။


ဒီပုံက အနီးကပ်ပုံပါ။ ကျောက်စိမ်းရဲ့နံဘေးမှာ (Tawmaw, Oberburma) လို့ရေးထားတာတွေ့လိုက်ရတယ်။ ဒါကတော့ ကချင်ပြည်နယ် ဖားကန့်တောမောက ကျောက်ဆိုတာသေချာနေပြီလေ။ ကျောက်ရှိုင်းတုံးပဲဖြစ်ဖြစ် မြန်မာပြည်အတွက် ဂုဏ်ယူစရာပင်ဖြစ်ပါတယ်လေ။


ဒါတွေကတော့ တခြားနိုင်ငံက ကျောက်တွေပါ။


ဒီပုံကတော စိန် တွေပါ။ စိန် အရေအသွေး အမျိုးမျိုးကို ပြသထားတာတွေ့ရတယ်။

ဒီပုံကတော့ Hochschula Fest အတွက် အမှတ်တရအဖြင့် ဓမ္မတေးသီချင်းသံစုံသီဆိုနေကြပုံပါ။

အားလုံးကိုလေးစားလျှက်

ဂျာမုန်းဒန်
Type rest of post here

Monday, June 22, 2009

Leadership lessons from Obama










GOD IS GREATER THAN YOUR PROBLEM......................!!!!!!!!!!

GOD IS GREATER THAN YOUR PROBLEM......................!!!!!!!!!!


သူငယ်ချင်းတစ်ယောက်ပေးပို့လိုက်တဲ့ မေးလ် ပုံလေးပါ။ အတုယူထိုက်စရာအလွန်ကိုကောင်းပါတယ်။
ဒါကြောင့် ဒီပုံလေး နဲ့ စကားလုံးလေးတွေဟာ တန်ဖိုးမဖြတ်နိုင်တဲ့ အရာတွေမို့၊ ဘလော့ချစ်သူငယ်ချင်းများကို ပြန်ပြီး ဝေငှလိုက်ပါတယ်။ အားလုံးပျော်ရွှင်ပါစေရှင်။

ခင်မင်စွာဖြင့်
ဂျာမုန်းဒန်

Sunday, June 21, 2009

စားကြမယ်ဟေ့ကောင်းကောင်း(2)



စားကြမယ်ဟေ့ကောင်းကောင်းနော်။

ဘလော့ချစ်သူငယ်ချင်းများအားလုံးအတွက်စေတနာအပြည့်နဲ့ ရှယ်ချက်ထားပေးတာနော်...အားမနာတမ်းသုံးဆောင်သွားကြပါရှင်။

ဒါကတော့ ၀က်သားသုံးထပ်သားကို ကင်ထားပြီးသားပါ။ အသင့်စားလို့ရပါပြီရှင်။ တို့ဆီက Panny Mark ကနေ အစာပလာအားလုံးထည့်ထားပြီးသားဝယ်လာတာပါ။ ကင်လိုက်ရုံပဲလေ။


ဒါလေးကတော့ တို့ဆီက ခေါက်ဆွဲတစ်မျိုးပါ။ ကြက်သားလေးနဲ့ဒီလိုလေးကြော်ထားပေးတာပါ။ စားသွားနော်။


ဒီဟင်းက ကြက်သားနဲ့ အာလူးကို ကာလသားချက်ပုံစံ ချက်ထားတာပါနော်....။ အရသာရှိတယ်မြည်းကြည့်နော်။


ဒါလေးက ကြက်ဥကို အကြာကြီးနာနာခေါက်ပြီး ကြော်ထားတာမို့ အရမ်းစားလို့ကောင်းတယ်။ ကြက်ဥမွေကြော်ပေါ့။


ဒါလေးက ကန်းဇွန်းရွက်ကြော်ပါ။ ကြက်သွန်ဖြူ၊ ခရုဆီအနည်းငယ်နဲ့ကြော်ထားတာပါ။ နည်းပေမယ့် ဈေးကြီးတော့..ကန်းဇွန်းရွက်ဝယ်စားနိုင်ရင် သူဌေးလို့တောင်ခေါ်လို့ရတယ်။ ဒါအာလုံးက Euro တစ်ကျပ်ဖိုးပါ။ အသားက အရွက်လောက်ဈေးမကြီးဘူးလေ။


ဒါကတော့ ၀က်သားနဲ့ မျှစ် ကို ဒီလိုလေး အစပ်ချက်ထားတာပါ။ ဒါက ဂျာမုန်းဒန်လက်ရာမဟုတ်ပါ။ ဂျာမုန်းဒန်ရဲ့ ချစ်ချစ်ကြီးချက်ကြွေးတာပါ။ ဒါစားလို့ ကျွန်မ၀မ်းလျှောသွားတယ်...ဟီး ...ပြောပြနဲ့နော်။ နောက်မချက်ကြွေးပဲနေမှာဆိုးလို့ပါ။


ဒါလေးက အမဲသားချက်ပါ။ မမမိုးကောင်းသူညွန်ကြားချက်အတိုင်း ချက်ထားတာပါ။ ဒီပုံကို ထည့်တုန်းကတော့အတည့်ပါ...ဒါပေမယ့် ဒီမှာရောက်တော့ ဇောက်ထိုးဖြစ်သွားတယ်။ ခေါင်းစောင်းပြီးစားရတော့မယ်...ဟီး။


ဒါကတော့ ခရမ်းသီးချက်ပါ။ ငါးသား နဲ့ ကြက်သွန်နီ ဆီသပ်ပြီး ငံပြာရည်လေးနဲ့ စပ်စပ်လေးချက်ထားတာပါ။ စားကြည့် နော်။ ဒါလဲ ဇောက်ထိုးဖြစ်သွားတယ်။ ဇွန်းလေးနဲ့အသာလေး ခက်ပြီးစားနော်။ ဇောက်ထိုးမဖြစ်အောင်းဘယ်လိုလုပ်ရမလဲမသိ၊ သိရင် ပြောပြကြအုံးနော်။


ကဲ.....ဂျာမုန်းဒန်က အားလုံးအတွက် ချက်ကြွေးပြီးပြီ။ ကောင်းမကောင်းတော့ ပြောသွားဦးနော်....ဒါမှနောက်အများကြီးပြန်ချက်ကြွေးမယ်။

အားလုံးကိုခင်မင်စွာဖြင့်

ဂျာမုန်းဒန်

Type rest of post here