Sunday, June 21, 2009
စားကြမယ်ဟေ့ကောင်းကောင်း(2)
စားကြမယ်ဟေ့ကောင်းကောင်းနော်။
ဘလော့ချစ်သူငယ်ချင်းများအားလုံးအတွက်စေတနာအပြည့်နဲ့ ရှယ်ချက်ထားပေးတာနော်...အားမနာတမ်းသုံးဆောင်သွားကြပါရှင်။
ဒါကတော့ ၀က်သားသုံးထပ်သားကို ကင်ထားပြီးသားပါ။ အသင့်စားလို့ရပါပြီရှင်။ တို့ဆီက Panny Mark ကနေ အစာပလာအားလုံးထည့်ထားပြီးသားဝယ်လာတာပါ။ ကင်လိုက်ရုံပဲလေ။
ဒါလေးကတော့ တို့ဆီက ခေါက်ဆွဲတစ်မျိုးပါ။ ကြက်သားလေးနဲ့ဒီလိုလေးကြော်ထားပေးတာပါ။ စားသွားနော်။
ဒီဟင်းက ကြက်သားနဲ့ အာလူးကို ကာလသားချက်ပုံစံ ချက်ထားတာပါနော်....။ အရသာရှိတယ်မြည်းကြည့်နော်။
ဒါလေးက ကြက်ဥကို အကြာကြီးနာနာခေါက်ပြီး ကြော်ထားတာမို့ အရမ်းစားလို့ကောင်းတယ်။ ကြက်ဥမွေကြော်ပေါ့။
ဒါလေးက ကန်းဇွန်းရွက်ကြော်ပါ။ ကြက်သွန်ဖြူ၊ ခရုဆီအနည်းငယ်နဲ့ကြော်ထားတာပါ။ နည်းပေမယ့် ဈေးကြီးတော့..ကန်းဇွန်းရွက်ဝယ်စားနိုင်ရင် သူဌေးလို့တောင်ခေါ်လို့ရတယ်။ ဒါအာလုံးက Euro တစ်ကျပ်ဖိုးပါ။ အသားက အရွက်လောက်ဈေးမကြီးဘူးလေ။
ဒါကတော့ ၀က်သားနဲ့ မျှစ် ကို ဒီလိုလေး အစပ်ချက်ထားတာပါ။ ဒါက ဂျာမုန်းဒန်လက်ရာမဟုတ်ပါ။ ဂျာမုန်းဒန်ရဲ့ ချစ်ချစ်ကြီးချက်ကြွေးတာပါ။ ဒါစားလို့ ကျွန်မ၀မ်းလျှောသွားတယ်...ဟီး ...ပြောပြနဲ့နော်။ နောက်မချက်ကြွေးပဲနေမှာဆိုးလို့ပါ။
ဒါလေးက အမဲသားချက်ပါ။ မမမိုးကောင်းသူညွန်ကြားချက်အတိုင်း ချက်ထားတာပါ။ ဒီပုံကို ထည့်တုန်းကတော့အတည့်ပါ...ဒါပေမယ့် ဒီမှာရောက်တော့ ဇောက်ထိုးဖြစ်သွားတယ်။ ခေါင်းစောင်းပြီးစားရတော့မယ်...ဟီး။
ဒါကတော့ ခရမ်းသီးချက်ပါ။ ငါးသား နဲ့ ကြက်သွန်နီ ဆီသပ်ပြီး ငံပြာရည်လေးနဲ့ စပ်စပ်လေးချက်ထားတာပါ။ စားကြည့် နော်။ ဒါလဲ ဇောက်ထိုးဖြစ်သွားတယ်။ ဇွန်းလေးနဲ့အသာလေး ခက်ပြီးစားနော်။ ဇောက်ထိုးမဖြစ်အောင်းဘယ်လိုလုပ်ရမလဲမသိ၊ သိရင် ပြောပြကြအုံးနော်။
ကဲ.....ဂျာမုန်းဒန်က အားလုံးအတွက် ချက်ကြွေးပြီးပြီ။ ကောင်းမကောင်းတော့ ပြောသွားဦးနော်....ဒါမှနောက်အများကြီးပြန်ချက်ကြွေးမယ်။
အားလုံးကိုခင်မင်စွာဖြင့်
ဂျာမုန်းဒန်
Type rest of post here
17 comments:
  1. ကြက်ဥအမွှေကြော်
    ကြိုက်ပါ၏
    မိုက်ပါ၏
    ဗိုက်ဆာ၏
    သို့သော်....
    ကျေးဇူး
    ReplyDelete
  2. စားချင်တယ်
    ချက်ကြွေးကွယ်။
    ReplyDelete
  3. ပုံချည်းသက်သက်တော့ လူကို မနှိပ်စက်ပါနဲ့ကွယ် :D
    ReplyDelete
  4. မရေးးးးးးးးးးးးးး
    ရောက်တယ်
    စားချင်လိုက်တာနော်
    ReplyDelete
  5. အားလုံးကြိုက်၊ အားလုံးကောင်းပါသည်။ ကန်ဇွန်းရွက် ၁ ကျပ်ဖိုးက တန်ပါတယ် အစ်မရယ်။ ဒီမှာတော့ ၁ စီးကို ၂ ကျပ်ခွဲ။ ၁ယောက်တည်းဆိုရင် ၂ ခါစားတော့ရတယ်။
    ReplyDelete
  6. ama yay..today I ka tot ama ye' home ko lar pi tot ko sar me naw....:):)
    ReplyDelete
  7. မှီကြည့်မဟုတ်ဘူး အမရေ။ မြည်းကြည့်ဖြစ်ရမယ်လေ။ စိတ်မဆိုးပါနဲ့ နော်
    မြန်မာစကားမှန်အောင်သတိပေးတာပါရှင်။ ခေါင်းစောင်းကြည့်ရမယ်လေ။ ခေါင်းဆောင်းဖို့ ကတော့ဦးထုပ်လိုမှာပေါ့
    ခင်လျက်
    ReplyDelete
  8. တို့တော့ ကန်စွန်းရွက် ၀ယ်မစားနိုင်ပါဘူး။ ဈေးကြီးလွန်းလို့။ ဒီပုံကြည့်ပြီးပဲ သွားရည်ကျ ပြန်သွားတယ်။
    ReplyDelete
  9. လာရောက်ကြသူအားလုံးကိုကျေးဇူးတင်တယ်။ ဂျာမုန်းဒန်ကို မြန်မာစာပြင်ပေးတဲ့သူငယ်ချင်းကိုလည်း အရမ်းကျေးဇူးတင်တယ်။
    ReplyDelete
  10. ဟီးးးးးးးးးးးးးးးသွားရည်ကျသွားတယ်
    ReplyDelete
  11. နောက်ကျသွားတယ်။ ခုမနက်မှ လာစားတယ်နော်။ အမဲသားချက်က အစ်မထက်တောင်းကောင်းသေးတယ်။
    ပုံဇောက်ထိုးတွေကို picasa photo viewer (or) Microsoft Office Picture Manager နဲ့ ဖွင့်ပြီး တည့်ရင်ရပါတယ်။ ကျန်တာတွေလဲ ရှိသေးတယ်။
    ReplyDelete
  12. မမရေ... အကုန်ငမ်းသွားတယ်နော်... ကန်စွန်းရွက်နဲ့ ခေါက်ဆွဲကြော်က ညီမလေးရဲ့ အကြိုက်ဆုံးစာရင်းဝင်တွေလေ.. အားရပါးရ ကောင်းမဖော်အောင်စားသွား......တယ်နော်
    ReplyDelete
  13. ကြိုက်တယ်ဗျာ..... ဝက်သားဆိုလို့ကတော့ ကြိုက်သလိုလုပ် ကြိုက်ပြီးသားပဲ။ ကြက်သား ကာလသားချက် ကတော့ နောက်ရက်စားဖို့ ဂျိုင့်ဆွဲသွားပြီ။ :D :P
    အမဲသားချက်က ကျွန်တော်ချက်တာ စားလို့မကောင်းဘူးဗျ။ ကျွန်တော်လဲ မမိုးကောင်းသူ ဆီသွားပြီး ဘယ်လိုချက်တာလဲလို့ သင်တန်းတက်လိုက်အုံးမယ်။
    ReplyDelete
  14. ဒီလိုနည်းနဲ့နှိပ်စက်ပေါင်းများဘီ :P
    စားကောင်းမယ့်ပုံဗျ
    ညီမက အကောင်းသာကြိုက်တာ လုပ်ဖို့သိပ်ပျင်း .. (ရှူး .. တိုးတိုး .. သူများတွေမသိစေနဲ့ :P)
    ReplyDelete
  15. ဟင်းချက်ကောင်းလိုက်တာ လွန်ရောဗျာ .. အမြင်နဲ့တင် သွားရည်ကျသွားတယ် .. တစ်ချက်လောက် မေးကြည့်ပါရစေ ... ကချင်သူတွေ ဟင်းချက်တော်ကြတာလား ဟင် :D
    နေဒေးသစ်။
    ReplyDelete
  16. Hallo Meine Liebe Schwester,
    du kannst sehr gut kochen...Hmmm Das Essen sieht wirklich lecker.Du bist die Chefin.
    ReplyDelete