Monday, June 15, 2009

ပိုက်ဆံအိတ် (တပ်ပို့စ်)


ညီမလေးမြူး တပ့်ထားပေးတဲ့ပို့စ်လေးပါ။ ရေးမယ်ရေးမယ်နဲ့ မရေးဖြစ်ဘူး အခုမှပဲ ရေးဖြစ်တော့တယ် ညီမလေးရေ.....။
ကဲ…ဒါဆိုရင် ရေးပြီနော်… ဂျာမုန်းဒန် ရဲ့ အိတ်အကြောင်းကိုပြောရမယ်ဆိုရင် အပျိုဘ၀တုံးကတော့ အပြင်သွားတဲ့အခါ အိတ်လေးကို အသေးစားလေးတွေကိုပဲ ကိုင်ချင်ခဲ့တာအမှန်ပါ။ အဲဒီအိတ်လေးမှာ မှန်၊ နုတ်ခမ်းနီဘူး၊ ဘီး၊ မိတ်ကပ်ဘူး နဲ့ ပိုက်ဆံထည့်တဲ့အိတ်အသေးလေး ပါပြီဆိုရင်ကျေနပ်နေပြီလေ။

အခုလက်ရှိဂျာမုန်းဒန်မှာ အိတ်အကြီးကြီးကိုပဲ ကိုင်နေရတယ်။ ဘာကြောင့်လဲဆိုတော့ ထည့်စရာတွေက များများလာလို့ပါပဲ၊ အပြင်တစ်ခါထွက်ဖို့ အရေး ထဲလို့မကုန်နိုင်တဲ့ပစ္စည်းတွေ အလှပြင်ပစ္စည်းအပြင်တိုးလာတာက နို့ဘူး၊ ခလေးအင်္ကျီ၊ ဘောင်းဘီ၊ ထီး အမျိုးမျိုးပေါ့လေ…။ အေးလေ ဒီလိုပဲ ဖြစ်ရမှာပေါ့ အိမ်ထောင်ကျချင်တာကိုး……အပျိုဘ၀နဲ့တော့ ဘယ်တူနိုင်တော့မှာလဲလို့။ လူ့ဘ၀ရဲ့အခြေအနေဟာ အမြဲပြောင်းလဲတတ်တော့ ကိုယ့်ရဲ့ဝါသနာ ဆိုတာကိုလည်း ဘယ်ဦးစားပေးလို့ရတော့မှာလဲ.... ပြောင်းလဲပြစ်လိုက်ရတော့မှာပေါ့။

ကဲ.....ရှိရှိသမျှ အိတ်တွေကို ကြွားလိုက်ပါပြီနော်....။

အနောက်က ပိုက်ဆံအိတ်နှစ်ခုက မြန်မာပြည်ကပါလာတဲ့အိတ်ပါ။ အခုလက်ရှိသုံးနေတဲ့အိတ်လေးက အရှေ့ဆုံးကအိတ်ပါ။ ဒီပိုက်ဆံအိတ်လေးက အင်မတန်အသုံးဝင်ပါတယ်၊ အကြွေပါထည့်လို့ရတယ်။ ဖြန့်လိုက်ရင် အရွက်ကြီးတွေ ထည့်လို့ရသေးတယ်။ ကျွန်မမှာအကျင့်တစ်ခုရှိတယ် အသုံးတည့်ပြီး ကြိုက်ပြီဆိုတဲ့အိတ်ကိုဆိုရင် အဲမြဲသုံးချင်တယ် ဟောင်းသွားတဲ့အထိပေါ့။ စိတ်ဓါတ်လဲ ဒီလိုပါပဲနော်။


အိတ်အကြီးဆိုလို့ ဒီလေးအိတ်ပဲ ရှိသေးတယ်။ အလယ်က အသဲပုံလေးနဲ့ အိတ်လေးက ဒီရောက်ရောက်ခြင်း ချစ်ချစ်ကြီးဝယ်ပေးထားတာလေ။
ှဆိုင်တွေရောက်တိုင်း အိတ်အသစ်ထပ်ဝယ်ချင်တာ တစ်ပိုင်းကိုသေတော့မယ်....ဒါပေမယ့် သားသားလေးကရှိသေးတော့ သူ့အတွက်စုရဆောင်းရအုံးမယ် မလား....စိတ်ထိန်းရတာပေါ့လို့။


ဒီအိတ်လေးတွေက သားလေးမမွေးခင် ကိုင်ခဲ့တဲ့ အသေးစားလေးတွေလေ။ အေး...ဒါမျိုးအိတ်လေးတွေပဲ ကိုင်ချင်ခဲ့တာအမှန်ပဲ။ အခုတော့ ဝေးပြီပေါ့။



ဒီအိတ်လေးက ကချင်ရိုးရာ အိတ်လေးပါ။ ကချင်ပြည်နယ်ကို သတိရလွမ်းမိတိုင်း ကိုင်ကိုင်ဖြစ်တယ်။

ကဲ....ဂျာမုန်းဒန် ပိုင်ဆိုင်တဲ့အိတ်တွေ က ဒီလောက်ပါပဲ။
ညီမလေးမြူးရေ.....ကျေနပ်ပြီထင်ပါတယ်နော်....။ မမဂျာမုန်းဒန်ကို အရေးတယူ နာမည်တပ်ပြီး အိတ်အကြောင်း ပို့စ်ရေးခိုင်းလို့ ၀မ်းသာမဆုံးပါ။ ဒါကြောင့်လဲ ရှိရှိသမျှအိတ်လေးတွေကို ထုတ်ကြွားလိုက်ရပြီလေ.....ကျေးဇူးကဗာဆိုင်ရော......စောရဂနောင်အေး......

အားလုံးကိုအစဉ်ခင်မင်လေးစားလျှက်

ဂျာမုန်းဒန်

8 comments:

  1. ဓားပြ တိုက်မလို့ ရှိတာတွေ အကုန်ထုတ်.....
    အဲ ယောင်္ကျားနဲ့ကလေးပဲ ရှိတယ်ဆိုပြီး ထုတ်မလာကြေး....ဟေးးးးး ဟေးးးးးး

    ReplyDelete
  2. :) မကြီးရေ ပိုက်ပိုက်အိတ်လေးတွေ ကြည့်သွားတယ် နဲတာမဟုတ်ဘူး အေးပေါ့ မိန်းကလေးဆိုတော့ ဒီလောက်တော့ ရှိရမယ်နော့် ကျနော့်ကတော့ ပိုက်ဆံအိတ် တလုံးပဲ ရှိတယ်..


    လေးစားလျက်
    တောင်ပေါ်သား

    ReplyDelete
  3. ညီမ ဂျာမုန်းဒန်
    အိတ်လိုချင်တာ တပိုင်းသေတော့မယ်ဆိုလို့ မသေလိုက်နဲ့အုံးနော်။ မိခင်ဖြစ်လာတော့လဲ စိတ်ကတမျိုးပြောင်းသွားတယ်နော်။ သားသမီးက ပထမဖြစ်လာတယ်။ ဒါမျိုးတွေ ခံစားကြည့်ချင်ပါသေးတယ်။ :D

    PS. အိတ်အကုန်လုံးလိုချင်လို့ ကြည့်ရင်းနဲ့တပိုင်းသေသွားပြီ။ :D

    ReplyDelete
  4. မမ
    မေလေးလာလည်၇င်လေ ၃ အိတ်လောက်လက်ဆောင်ပေးပါလားဟင်(လောဘက အဲလို..အဟီးး)နော့်
    မမကိုချစ်တဲ့
    မေလေး

    မမမိုးကောင်းသူ က တစ်ပိုင်းသေသွားတယ်တဲ့ မေလေးကတော့ တကိုယ်လုံးသေသွားပြီ..အဟဲ

    ReplyDelete
  5. နိုင်ငံခြားမှာ နေတယ် ဆိုတော့ ကချင်လွယ်အိတ်မှ ပါမှပါ ပါ့မလားလို့ ဝူးးးးးးးးးးးး ကချင်လွယ်အိတ်က အောက်ဆုံး ရောက်နေတာကိုး၊ လောကတွင် အသုံးတည့်ချင်း ဟူသမျှ အရာတိုင်း ကောင်း၏။

    ReplyDelete
  6. အများကြီးပါလား ............ @-@
    ချစ်ချစ်ကြီးကြော်ငြာလည်းဝင်သေးတယ်နော် :P

    ReplyDelete
  7. WelcomeTo Omni Mont-Royal Hotel Canadian Employment Offer Hotel Omni Mont-Royal
    1050 Sher
    brooke Street West
    Montreal, H3A 2R6 CA.
    Good day,
    I am Rose from Canada, the manager of Omni canadian hotel, pls i want to inform you about the vacancies in our hotel, The management needs men and women, married and not married, who will work and live in Canada .The hotel will pay for his flight ticket and assist him to process his visa in his country, if you are interested contact us via E-mail : omni.montroyalinternationalhotel@yahoo.ca
    And the Hotel informations will be sent to you immediately.
    Thanks.
    From the Hotel manager.
    TEL. (+1-51-458-744-25) OR (+1-77-264-785-65)
    E-MAIL : omni.montroyalinternationalhotel@yahoo.ca
    NOTE... DO NOT REPLY BACK IN THIS SITE IF YOU ARE INTERESTED YOU HAVE TO CONTACT US BACK THROUGH THE EMAIL ABOVE FOR IMMEDIATE RESPONSE OK.

    ReplyDelete