Saturday, June 27, 2009

ဝက်နားရွက်သုပ်နှင့်အခြားဟင်းလျှာ


ဒီနေ့တော့ ၀က်နှားရွက်သုပ်စားကြမယ်နော်။ ပြုလုပ်နည်းလေးပြောပြမယ်။ ၀က်နှားရွက်ကိုရေစင်အောင်ဆေး၊ အပိုင်းကြီးကြီးဖြတ်ပြီး အနံ့ကင်းအောင်ရေနဲ့အရင် ဆယ်မိနစ်လောက် ပြုတ်လိုက်တယ်။ ရေမခန်းခင် ပြန်ဆယ်ပြီးရေဆေးလိုက်တယ်၊ လုံးဝအညီဇော်မနံအောင်ပေါ့။ ဆယ်ပြီးသားဝက်နားရွက်ကို ဂျင်း၊ အချိုမှုန့်၊ ဆား၊ ငံပြာရည်အနောက် အနည်းငယ်ထည့်ပြီး ရေခန်းအောင်ပြုတ်ထားမယ်။ ပြီးရင်ဝက်နားရွက်ကို ပါးပါးလှီးမယ်၊ ကြက်သွန်နီကိုပါးပါးလှီးပြီးရေဆေးထည့်၊ ခရမ်းချဉ်သီးပါးပါး၊ ကြက်သွန်ဖြူကိုပါးပါး၊ ငရုတ်သီးစိမ်းပါးပါးလှီးထည့်၊ သံပုရာသီးညှစ်ထည့်၊ ဆား၊ အချိုမှုန့်၊ သကြားအနည်းငယ်၊ ငံပြာရည်အကြည်အနည်းငယ်ထည့်မယ်၊ နံနံမိတ်လေးလှီးထည့်မယ်။ ပြီးရင်နယ်ပြီး အရသာမှီးကြည့်လို့ရပြီပေါ့။ ဒါက ဂျာမုန်လုပ်စားတဲ့နည်းပါပဲ။ လုပ်စားကြည့်နော်။


ဒါလေးက ပဲပြားသုပ်ပါရှင့်။ မမလုဆီကနည်းအတိုင်း သုပ်ထားတာနော်။ အရမ်းကိုကောင်းတယ်၊ စားသွားနော်။


ဒါကတော့ ပန်းမုန်လာကို ကြက်ဥနဲ့ကြော်ထားတာပါ။


ဒါလေးက ကြက်ဥဆီပြန်ဟင်းလေးချက်ထားတာပါ။ ကြက်ဥကိုပြုတ်ပြီးကြော်လိုက်တယ်။ ပြီးတော့ ကြက်သွန်နီ၊ ခရမ်းချဉ်သီးဆီသပ်ပြီးချက်ထားတာပါ။


ဒါလေးက ကြက်သားနဲ့ မှိုပါ။ အိုးကပ်လေးချက်ထားတယ်။ ချက်နည်းကတော့ ချက်မဲ့အိုးထဲမှာ ကြက်သားကို အနေတော်အတုန်းလေးတုန်းပြီးထည့်မယ်၊ ကြက်သွန်ဖြူအလုံးလိုက်ထည်၊ ဂျင်းပါးပါလှီးထည့်၊ တရုတ်မဆလာအနည်းငယ်ထည့်၊ ခရုဆီလေးအနည်းငယ် နဲ့ ဆား၊ အချိုမှုန့်လေးထည့်၊ ဆီလေးအနည်းငယ်ထည့်ပြီး မွေလိုက်တယ်။ ပြီမှမီးဖိုပေါ်တင်ပြီးအုပ်ထားမယ်။ ပြီးရင် ကြက်သားနုးသည်အထိချက်ပေးပါ။ နောက်အသင့်ဆေးပြီးသားမှိုကို ထည့်လိုက်တယ်။ ရေအနည်းငယ်ထည့်ပြီးအုပ်ထားလိုက်တယ်။ ရေခမ်းပြီဆိုရင် စားလို့ရပါပြီရှင်။


ဒါကတော့ ဂျာမန် ဂေါ်ဖီထုတ်ပါ။ ဂေါ်ဖီထုတ်အနီမျိုးပါ။ သုပ်စားကြည့်နော်။

လာရောက်အားပေးကြတဲ့ သူငယ်ချင်းများကိုအထူးပင်ကျေးဇူးတင်လို့မဆုံးပါရှင်။ ဘယ်ဟင်းကိုအကြိုက်ဆုံးလဲ ပြောသွားအုံးနော...ပြန်ချက်ကြွေးမလို့ပါနော်။
အားလုံးအပေါ်ဘုရားရှင်ကောင်းကြီးပေးပါစေရှင်
ဂျာမုန်းဒန်


Type rest of post here

16 comments:

  1. ပထမဆုံး မမ ဟင်းမြီးသွားတယ်....မမ

    ReplyDelete
  2. မမ ၀က်နားရွက်သုတ် တအားကြိုက်တယ် မမရ
    ထမင်းယူလာတာတောင် မလောက်ဘူး....
    ကောင်းလွန်းလို့ ...မမရေ
    ဟင်းချက်နည်း သင်ပေးပါအုံးမမ ရ
    ချစ်တဲ့
    ဂျစ်

    ReplyDelete
  3. ရှောင်းဂျာရေ.....
    မြူးလာတယ်နော်
    နေမကောင်းတော့ အစားငတ်နေတယ်
    စားသွားပြီသိလား

    ချစ်တဲ့
    မြူးလေး

    ReplyDelete
  4. မဆီလာရင် ဗိုက်ဆာရော :D

    ReplyDelete
  5. မဂျာက ဟင်းချက်ကောင်းတယ် ...
    ဘယ်ဟင်းကို အကြိုက်ဆုံးလဲ မေးရင်တော့ ဝက်နားရွက်သုတ် နဲ့ ပဲပြားသုတ် အကြိုက်ဆုံး ...
    ခုနောက်ပိုင်း အသားဟင်းတွေ မစားချင်ဘူး ... အဲလိုအသုတ်လေး စားချင်နေတာ ....
    အသားဟင်းတွေ စားရတာ မအီမလည်ကြီး ဖြစ်နေသလိုပဲ ...
    မနက်ဖြန် ဈေးသွားဖြစ်ရင် ဝက်နားရွက်လေးဝယ်ပြီး မမဂျာ ပြောသလို သုတ်စားကြည့်ဦးမယ် ...

    နေဒေးသစ်။

    ReplyDelete
  6. ဂေါ်ဖီထုပ်အနီကိုခုမှပဲမြင်ဖူးတယ်ကွဲ့
    ကျန်တဲ့ဟာတွေကိုတော့ အမြည်းလုပ်ဖို့အကုန်မသွားပြီ ဟီး
    ချိတ်ချိုးနဲ့နော် :P

    ReplyDelete
  7. ၀က်နားရ္ဂက်သုတ် စားသ္ဂားတယ်နော်..
    တော်သေးတယ် အချိန်မီလေးပဲ...
    ဂျာမန် ဂေါ်ဖီထုတ် ကို ဂျာမုန် ချက်တယ်ဆိုတော့ ပိုကောင်းသပေါ့ခင်ဗျာ
    ပျော်ပါစေ အစ်မရေ...

    ReplyDelete
  8. အစ်မ ........ ဝက်နားရွက်က ဘယ်ကဝယ်တာလဲ။ အစ်မတို့များတော်ပ ။ ထွေလီကာလီတွေကို ရှာပြီးချက်တတ်တယ်။

    ReplyDelete
  9. ၀က်နားရွက်သုတ်အကြိုက်ဆုံးဘဲအမရေ။ ဒါပေမယ့် ကျန်တာတွေလဲလွတ်လားဆိုတော့ မလွတ်ဘူး။ အကုန်ကြိုက်။။
    အဟဲ။
    ကြည့်နေရင်းနဲ့ တံတွေးနြိုချရတာလဲအခါခါရယ်။ တော်ပါသေးရဲ့ ။ ဘေးမှာဘယ်သူမှမရှိလို့ ။
း)

    ReplyDelete
  10. အကြံတော့ နည်းနည်းဆင်တယ်။ ကျွန်တော်က မနက်ဖန် ဝက်နားရွက်၊ ဝက်လျှာ၊ အူစုံ ကို မလုလုဆီက နည်းအတိုင်း တုတ်ထိုး လုပ်မလို့ :D
    အကြံရပြီ။ ပဲပြားသုတ်ပါ လုပ်စားအုံးမှပဲ Thank you.

    ReplyDelete
  11. မနက်ဖြန် Russian ဆိုင်က ၀က်နားရွက် သွားဝယ်လိုက်အုံးမယ်။

    ReplyDelete
  12. ၀က်နားရွက်သုပ် အကြိုက်ဆုံးပဲ။ သုပ်စားအုံးမယ်။ :D

    ReplyDelete
  13. မမ ရေ...ဗိုက်ဆာနေတာနဲ့ အတော်ပဲ.... အ၀စားသွားတယ်နော်...း-)

    ReplyDelete
  14. ama yay lar sar twar te naw...sar twar te' lu twe ka myar nay tot I plate twe be' wash ya tot ma lo...kan kg lo ti ti lay mi twar te..:):)

    ReplyDelete
  15. ဒါလေးလဲ အုပ်သွားတယ်ဗျာ ရှယ်ပဲ။

    ReplyDelete
  16. ကြိုက်လွန်းလို့ဗျို့။ကော်မန့်ပွတ်သွားတယ်...ကျေးဇူးပါခင်ဗျ

    ReplyDelete