Wednesday, June 17, 2009

Blog ရေးသားခြင်းတစ်လပြည့်အထိမ်းအမှတ်


လာလည်သူအပေါင်းအားလုံးအား မင်္ဂလာပါဟု ရှေးဦးစွာ နူတ်ခွန်းဆက်သလိုက်ပါတယ်ရှင်။ ဒီနေ့ဟာ ဂျာမုန်းဒန်ဘလော့ရေးတာ တစ်လတိတိရှိတဲ့ရက်လေးပါပဲ။ မှတ်မှတ်ရရ သားသားလေးကိုမိတ်ဆက်ပေးရင်းနဲ့ စတင်ခဲ့တဲ့ဘလော့ဝ်လေးပါ။ ဒီနေ့အပါအ၀င် Post ပေါင်း
၂၉ ခုကို တင်နိုင်ခဲ့တာ ကိုယ်ကိုကို အံ့သြေမိတာအမှန်ပါ။ စာရေးဝါသနာရှင် ဖြစ်နေပါရောလား...လို့တွေးမိတာအမှန်ပဲ။


ဒါကြောင့်ဒီကိတ်လေးဟာ အား
လုံးအတွက်ပါ။ အမှတ်တရအဖြစ် စီစဉ်ထားပေးတာပါ။ ဖယောင်းတိုင်လေးပါထွန်းထားပေးပါတယ်.. .တခါတည်းမုတ်ပြီး လှီးစားသွားနော်.... အားနာနဲ့သိလား...။





ဘလော့ဝ်ရေးခြင်းရဲ့ရလဒ်

လူတိုင်းမှာ စိတ်ဖိစီးမှုတွေ ရှိကြမှာ အမှန်ပဲလေ၊ ခံစားချက်ခြင်းမတူတာပဲရှိမှာဘာ။ ကျွန်မလေ တခုခုကို စိတ်ညစ်ခံစားနေရပြီဆိုရင် တညလုံး အိပ်လို့မပျော်တော့ဘူး၊ မနက်မိုးလင်းတဲ့အထိပေါ့။ ဒီဘလော့ဝ်လေးကို စတင် ရေးတဲ့နေ့ကနေစပြီး ဒီအရာအားလုံးကို ကွယ်ပျောက်နိုင်ခဲ့ပါပြီ။
ကျွန်မရဲ့ မတတ်တခေါက်ရေးလိုက်တဲ့စာ၊ မချက်တတ်၊ ချက်တတ်နဲ့ ချက်ထားတဲ့ဟင်းတွေကို အားပေးမှီးစမ်းပြီး ချစ်စရာကောင်းတဲ့ စကားလုံးတွေနဲ့ Comments စာလေးတွေရေးပေးခဲ့ကြသော ဘလော့ဝ်ချစ်သူငယ်ချင်းများအားလုံးကို အရမ်းရမ်းကျေးဇူတင်မိတယ်။ ဒီစာလေးတွေကို ဖတ်နေရတာကိုက ကျေနပ်စ၇ာအကောင်းဆုံးပါ။

မှားယွင်းမှုများ
ကျွန်မမှာ မှားယွင်းမှူတွေရေတွက်လို့မကုန်နိုင်ပါဘူး။ အထူးသဖြင့် မြန်မာစာသတ်ပုံပါ။ နောက်ပြီး မောင်လေးလင်းကြယ်ဖြူကို မိန်းခလေးထင်ပြီး ညီမလေးလို့ရေးလိုက်မိတာလေ။ အရမ်းကိုဆောရီးပါနော်......ပြန်ပြီးတောင်းပန်းလိုက်တယ်….ညီမလေးရေ….အော်.....ဟုတ်ဘူး….မောင်လေးရေ…။ နောက် ညီမလေးမြူးသျှရီ တပ့်လိုက်တဲ့ ပို့စ်ကို မြန်မြန်မရေးနိုင်ခဲ့တာလဲပါသေးတယ်။


ကျေးဇူးတင်ထိုက်သူနှစ်ဦး

ဂျာမုန်းဒန်မှာ ဘလော့ဝ်နဲ့ပါတ်သက်ပြီး ကျေးဇူးတင်ထိုက်သူ နှစ်ဦးရှိပါတယ်။ အဲဒီလူနှစ်ဦးက မင်းညို နဲ့ မဟာဆန် ပါပဲ။ သူတို့နှစ်ယောက်ဟာ ကျွန်မကို ဘလော့ဝ်ရေးဖို့ တိုက်တွန်းခဲ့ပြီး ဒီဘလော့လေးကိုလဲ ပြုလုပ်ပေးခဲ့ကြတယ်လေ။ အရင်က ကျွန်မ ဘလော့ဝ်နဲ့ပါတ်သက်ပြီး ဘာဆိုဘာမှမသိခဲ့တာအမှန်ပါ၊ အခုတော့လည်း Blogger တပိုင်းဖြစ်နေပါပြီ။ ဒါကြောင့် သူတို့နှစ်ဦးအတွက် ဒီလက်ဆောင်လေးနဲ့အတူ ပေးပို့လိုက်ပါတယ်။ ကျေနပ်မယ်ထင်ပါတယ်နော....။


ကဲ.....အားလုံးပျော်ရွှင်နိုင်ကြပါစေရှင်......လိုအပ်သည့်အရာများရှိခဲ့ရင်လဲ ..ဆက်လက်၍လမ်းပြအားပေးကူညီကြပါအုံးဟု တောင်းဆိုလိုက်ပါရစေရှင်...။ အမှတ်တရအနေနဲ့ Singforyou မှာကိုယ်တိုင် သီဆိုထားတဲ့ သီချင်းလေးတစ်ပုဒ်ကိုန်ာထောင်းသွားကြအုံးနော်။ ဘလော့ဝ်ရဲ့ အပေါ်ဆုံးဘေးက လင့်လေးကိုနိပ်လိုက်ရင်ရပါပြီ..။ အားလုံးကိုကျေးဇူးတင်ပါတယ်။

အားလုံးကိုခင်မင်လေးစားလျှက်

ဂျာမုန်းဒန်

Type rest of post here

17 comments:

  1. တလပြည့်မှသည် နှောင်နှစ်ပေါင်းများစွာရေနိုင်ပါစေ။ ပျော်ရွှင်ပါစေ......

    ReplyDelete
  2. မင်္ဂလာပါနော်။ စာရေးသားခြင်းမှာ ပျော်မွေ့တဲ့သူဟာ စိတ်ကူးကောင်းရှိတဲ့သူတွေပါ။ အနုပညာကို မြတ်နိုးတဲ့သူတွေလဲ ဖြစ်မှာပဲ။
    ကိတ်မုန့်လာကြည့်သွားတယ်။ အရမ်းဝနေလို့ ကြည့်ရုံပဲကြည့်တော့မယ်။
    ကိုယ့်ဆီကို လာလည်တဲ့အတွက် ကျေးဇူးပါ။

    ReplyDelete
  3. 123 အပြုံးပန်းပါ။

    ReplyDelete
  4. အမြဲတည်တံ့ နိုင်ပါစေလို့ ကျနော်ဆုတောင်းပေးလိုပ်တယ်နော်။
    လာလည်သွာတဲ့ အတွက်လည်းကျေးဇူးပါနော်။

    ရီနိုမာန်

    ReplyDelete
  5. ဂျာမုန်းဒန်ရေအကိုတော့ခုမှရောက်လာဖြစ်ပါတယ်၊
    ဒါပေမယ့်တလအတောအတွင်းမှာပို့စ်ပေါင်း(၂၉)ပို့စ်
    တင်နိုင်တဲ့အတွက်အရမ်းကိုအားကျမိပါတယ်ဗျာ၊နောင်
    လဲအမြဲအားပေးမယ်ဗျာ။

    ReplyDelete
  6. မရေးးးးးးးးးးးးးးး
    တလမှသည်နှောင်နှစ်ပေါင်းများသွာထိ
    ဘလော့ဂင်းနိုင်ပါစေလို့ဆုတောင်းရင်း

    ချစ်တဲ့
    မြူးလေး

    ReplyDelete
  7. ama taung blog write dar 1 month pyae twar pi naw..coming month twe mar le post twe di htet po pi tin naing par say lo san da pyut lite par te..
    cake ka lay ne pann si lay ka hla te bya...

    ReplyDelete
  8. အစ်မရေ........ခုမှပြန်ရောက်လို့ မဆီလာတာနောက်ကျနေပြီနှော်။ ကိတ်မုန့်ကြီးကြည့်ပြီး အီစိမ့်ပက်လက်လန်သွားပါတယ်။ အစ်မ ဘလောခ့်လေးရဲ့ ၁လပြည့်မွေးနေ့မှသည်နှောင်နှစ်ပေါင်းများစွာတိုင်အောင်တည်၇ှိပါစေလို့........

    ReplyDelete
  9. ရပါတယ်ခင်ဗျာ..စာလုံးပေါင်းတ္ဂေတဖြည်းဖြည်းမှန်လာသလို
    စာရေးလည်းအရမ်းကောင်းလာတဲ့ အစ်မရဲ့ Blog မ္ဂေးနေ့မှသည်နောင်နှစ်ပေါင်းများစ္ဂာတိုင်အောင် ..အဆင်ပြေပျော်နိုင်ပါစေခင်ဗျ....
    အလုပ်တ္ဂေရှုပ်ပြီး..အရှုပ်တ္ဂေလုပ်နေရလို့ စာရေးနဲနဲပျက်နေပါတယ်ခင်ဗျ
    လာလာအားပေးတာကျေးဇူးနော် အစ်မ...

    ReplyDelete
  10.း) အမရေ ဘလော့မွေးနေ့လေး တလပြည့်မှသည် နှောင်နှစ်ပေါင်းများစွာ ဆက်လက် ဘလော့ကင်းနိုင်ပါစေ... ချစ်သောမိသားစုနဲ့လဲ ထာဝရပျော်ရွှင်စွာ နေရပါစေလို့ ဆုတောင်းပေးပါတယ်


    လေးစားလျက်
    တောင်ပေါ်သား

    ReplyDelete
  11.ံနောင်နှစ်ပေါင်းများစွာ ဘလော့ဂင်းနိုင်ပါစေလို့ ဆုတောင်းပေးပါတယ် အမရေ
ံကိတ်လေး စားသွားတယ်...။

    ReplyDelete
  12. မမရေ.. သီချင်းလည်းနားထောင်သွားတယ်.. မုန့်လည်းစားသွားတယ်..
    နောက်လည်းစာများများရေးနိုင်ပါစေနော်.. ငွေရတုမှသည်.. ရွှေ.. စိန်.. ရတုဆက်ဆက် ရေးနိုင်ပါစေနော်... :)

    ReplyDelete
  13. မမေ၇
    မေလေးနောက်ကျသွားလို့ကိတ်မုန့်က ကုန်သွားပြီ...ပြန်လုပ်ကျွေးနော်...မမရေ တစ်လမှသည်နောင်နှစ်ပေါင်းများစွာ ဘလော့ဂင်းနိုင်ပါစေရှင်
    မမကိုချစ်တဲ့
    မေလေး

    ReplyDelete
  14. မရေ
    ထာဝရ ပျော်ရွှင်ပါစေနော်း)

    ReplyDelete
  15. တလသမီးလေးကို လာကြည့်ပါ၏။
    Happy Birthday!
    aပျော်ပျော်ပါးပါး Blog နိုင်ပါစေ။

    ReplyDelete