Friday, June 26, 2009

Pop Music ဘုရင်မိုက်ကယ်ဂျက်ဆင်ဆုံးရှာပြီ




ပေါ့ ပ်ဂီတ ဘုရင်ကြီး မိုက်ကယ်လ်ဂျက်ဆင်( ၅၀နှစ်) ဟာ ရုတ်တရက် ကွယ်လွန်သွားပြီဖြစ်ကြောင်း ဒီမနက် N24 ရုပ်မြင်သံကြားသတင်းမှာ ကြားသိရပါတယ်။

သူ့ရဲ့လပေါ်လမ်းလျောက်အကဟာ ကမ္ဘာတလွားမှာ ရေပန်းစား ခဲ့တယ်။
ဂျာမုန်းဒန်တို့ အလယ်ကျောင်းအရွယ်တုန်းကပေါ့ .....မိုက်ကယ်ဂျက်ဆင်ရဲ့ လပေါ် လမ်းလျောက် အက ကို အပြိုင်အဆိုင်က ခုန်ခဲ့ကြပါတယ်။ သူပါဝင်သီဆိုခဲ့တဲ့ We Are the World - သီချင်း က လူသားဆန်မှုကို ပြသခဲ့တယ်။ ဒီသီချင်းကိုပဲ ဂျာမုန်းဒန် ၈တန်းကျောင်းသူဘ၀တုန်းက ဘုရာကျောင်းမှာ group လိုက်ပါဝင် သီဆိုပြိုင်ပွဲဝင်ခဲ့ဘူးပါတယ်။

ဒီနေ့ သူချစ်တဲ့ ကမ္ဘာ့ပရိသတ်ကြီး ကို မိုက်ကယ်တယောက် မနှုတ်ဆက်ပဲ ရုတ်တရက်ခွဲခွာသွားခဲ့ပါတယ်။ သူက အင်္ဂလန်မှာ သွားရောက်ဖျော်ဖြေဖို့ စာချုပ်ချုပ်ခဲ့စဉ်က ဒါဟာ သူရဲ့ နောက်ဆုံးပွဲပါလို့ ပြောခဲ့တာကပဲ နိမိတ်တခုလို့ ဖြစ်ခဲ့ရတယ်လို့ သူ့ရဲ့ ပရိသတ် တဦးက ဆိုပါတယ်။ မိုက်ကယ်ဂျာဆင်ကိုချစ်တဲ့ ပရိတတ်များမှာ ဂျာမုန်းဒန်တစ်ယောက်လဲအပါအ၀င် ရှိခဲ့တာမို့ စိတ်မကောင်းစွာနဲ့ ဒီပို့စ်လေးကို ဂျာမုန်းဒန်ရဲ့ ဘလော့လေးမှာ တင်ပေးလိုက်ပါတယ်ရှင်။

အားလုံးကိုလေးစားစွာဖြင့်
ဂျာမုန်းဒန်


Type rest of post here

11 comments:

  1. His dance and music are very good.
    Sorry for him.

    ReplyDelete
  2. စိတ်မကောင်းဖြစ်မိတယ် ....
    သူ့သီချင်းတိုင်းကို နားမထောင်ဖူးပေမယ့် .. သူဆိုဖူးတဲ့ သီချင်းတစ်ချို့ကို နားထောင်ခဲ့ဖူးတယ် ...
    ထင်ရှားတဲ့ အနုပညာရှင်တစ်ယောက် ဆုံးရှုံးမှု ဆိုတာကလည်း အနုပညာကို ချစ်တဲ့ ပရိတ်သတ်အတွက်တော့ ထပ်တူထပ်မျှ ခံစားရတဲ့ ဆုံးရှုံးမှု တစ်ခုပါပဲ ...
    ဘုံဘဝ တစ်ခုမှာ အေးချမ်းပျော်ရွှင်နိုင်ပါစေ ...
    နေဒေးသစ်။

    ReplyDelete
  3. အမရေ မိုက်ကယ်လ် ဆုံးသွားတာကြားရလို့ စိတ်မကောင်းအရမ်းဖြစ်နေတယ် ဗျာ သူကိုကောင်းရာသုဂတိလားပါစေလို့ ဒီနေရာကနေ ဆုတောင်းပေးသွား ပါတယ်ဗျာ
    ကိုဇော်

    ReplyDelete
  4. ဟုတ်ပါတယ်..သူ့အခ္ဂေတ္ဂေတော်တော်များများ အားပေးဖူးပြီး အရမ်းကြိုက်တဲ့ သီချင်းတ္ဂေလည်းရှိပါတယ်။။
    နှမြောစရာ..စိတ်မကောင်းစရာ ပါပဲနော်..

    ReplyDelete
  5. မိုက်ကယ်လ် ဆုံးသွားတာသိရလို့ အလုပ် လုပ်တာတောင် စိတ်သိပ်မပါဘူးဗျာ။ဒီနေ့ကတော့ စိတ်မကောင်းခြင်းများစွာနဲ့ ပေါ့ အစ်မရေ

    ReplyDelete
  6. အမရေ ထပ်တူ ခံစားသွားပါတယ် မိုက်ကယ်လ်လို အဆိုတော်မျိုး နောက်ထပ် ပေါ်ပေါက်ဖို့ဆိုတာ ရှားပါတယ်။

    လေးစားလျက်
    တောင်ပေါ်သား

    ReplyDelete
  7. တို့ အစ်မကတော့ အချိန်နဲ့ တပြေးညီပဲဟေ့..။ ချဉ်ပေါင်ရွက်ကြော်နဲ့ ဒီနေ့ စားဖြစ်သွားတယ်

    ReplyDelete
  8. မိုကကယ်ဟာ ဂီတနဲ့ ပက်သက်ရင် စွယ်စုံ ပညာရှင်ပါဗျာ။ အဆို၊အက၊အရေး အတီး အားလုံရတယ်ဗျ။ သူရေးတဲ့ သီချင်းတွေ အတော်များများကိုကြိုက်တယ်။ YOU ARE NOT ALONE ဆိုတဲ့ သီချင်းဟာ ကျွန်တော့်ဘဝမှာ ကြီးမားတဲ့ ပက်သက်မှု ရှိခဲ့တယ်။

    ReplyDelete
  9. ကမ္ဘာမြေကြီးအတွက် အနုပညာစွမ်းအားအပြည့်နဲ့ လူသားတစ်ယောက် ဆုံးရှုံးသွားရတာ တကယ်ကို စိတ်မကောင်းစရာပါပဲဗျာ...

    ReplyDelete
  10. သူ့ခေတ်သူ့အခါမှာတော့ တယောက်ဆိုတယောက်ဖြစ်အောင်လုပ်ခဲ့တဲ့သူပါပဲ
    ကောင်းသတင်းတွေ ကြိုင်လှိုင်နေသလို ဆိုးသတင်းနဲ့လည်း နာမည်ကျော်ခဲ့
    တာပဲလေ...။အနုပညာ တခုထဲကြည့်ပြောရင်တော့ တကယ့်လူတော်ပါပဲ..။
    သူ့လိုအောင်မြင်မှုမျိုး နောက်တယောက် ထပ်ရှိဘို့တောင် မလွယ်နိင်ပါဘူး..။

    ReplyDelete
  11. သနားပါတယ်နော် ..

    ReplyDelete