Wednesday, July 1, 2009

သားလေးရဲ့တိုးတက်မှု(6 လပြည့်)

အခုဆိုသားလေး၆လပြည့်သွားပြီလေ။သားလေးရဲ့တိုးတက်မှုကတော့တနေ့တခြားကိုများလာတယ်လေ။
တိုးတက်မှုများလာလေလေ သားလေးကိုချစ်တဲ့ ဖေဖေနဲ့မေမေမှာတော့ ချစ်အားပိုပိုနေရပြီပေါ့ကွယ်။



မနက်အိပ်ယာထပြီဆိုရင် မငိုပဲ ပြုံးပြနေတတ်တဲ့သားလေး၊
ဖေဖေမေမေကိုမြင်ရင် ရယ်ပြီးအော်ပြောတတ်တဲ့သားလေး၊
မိဘရင်ခွင်ထဲမှာဆော့ကစားရင်း အမြဲပဲနေချင်တဲ့သားလေး၊
ဗိုက်ဆာရင် ချွဲရင်းနဲ့အော်အော်ပြီးပြောတတ်တဲ့သားလေး၊
ခြေနှစ်ဖက်ကိုအားရပါးရကန်ရင်း စော့ကစားတတ်တဲ့သားလေး၊
လက်နှစ်ဖက်နဲ့ သူ့နို့ဘူးကိုကိုင်ပြီးသောက်တတ်တဲ့သားလေး၊
ချိုလိန်လေးကို သူ့ပါးစပ်မှာ အမြဲစို့ထားမှ ကျေနပ်တဲ့သားလေး၊
ကိုယ်ခန္ဒာကိုမှောက်ခုံပြုပြီး၊ ခေါင်းလေးမော့ကြည့်တတ်တဲ့သားလေး၊
သူ့ကိုစလိုက်၊ ထိလိုက်ရင်အူယားအောင်ရယ်မောပြီးပြုံးပြတတ်တဲ့သားလေး၊
အစာကျွေးရင် ဂျီကျခြင်းမရှိဘဲ..အားရပါးရစားတတ်တဲ့ချစ်သားလေး၊
အစားဝပြီဆိုတာနဲ့ အီအီးပါဖို့ မျက်နှာမဲ့အောင်ညစ်တတ်တဲ့သားလေး၊
အီအီးပါပြီးပြီဆိုရင် တခါထဲ အိပ်တော့မယ်ဆိုပြီးဂျီကျတတ်တဲ့သားလေး၊
ဒီသားလေးကိုမေမေ့ ပါးစပ်ထဲအမြဲပဲငုံထာချင်အောင်ချစ်တယ်ကွယ်။

ဒါတွေကတော့ သားသားစားတဲ့ သစ်သီးဘူးတွေပါ။ သားလေးအရမ်းကြိုက်တယ်လေ။ တခါစားတစ်ဘူးပဲ။ စားချင်ရင် စားလို့ရတယ်နော်။ ဒါပေမယ့်သားလေးကိုတော့ခွင့်တောင်းအုံးနော်။


သားလေးက အရမ်းကိုကောင်းကြီးပြည့်စုံတဲ့သားလေးပါ။ ဘာမဆိုလိုသရပဲ။ သူ့အသုံးအဆောင်ပစ္စည်းတွေဝယ်ဖိုလိုနေပြီဆိုရင် တယောက်ယောက်လက်ဆောင်လာလာပေးတတ်တယ်။ နို့ဘူး၊ အ၀တ်အစား၊ အရုပ်၊ ကလေးတွန်းလှည်း၊ ပိုးတဘက်၊ ကလေးထိုင်ခုံ၊ ရေချိုးဇလုံ၊ ကလေးပုဝါ ကအစပေါ့၊ ဘာဆိုဘာမှ ၀ယ်စရာမလိုဘူး။ သူစားဖို့၊ သောက်ဖို့လောက်ပဲဝယ်စရာလိုတယ်လေ။
မိဘနှပါးကို အမြဲစိတ်ချမ်းသာစေတဲ့သားလေးပါ။ ဒီလိုသားလေးကိုပေးတဲ့ ဘုရားသခင်ကို အရမ်းပဲကျေးဇူးတင်ပါတယ်။


သားလေးကပြောနေတယ် ”မေမေ....မေမေ့သူငယ်ချင်းအားလုံးကိုလည်း သားသားက အရမ်းအရမ်းချစ်ပါတယ်မေမေ..။ အားလုံးကို သားနုတ်ဆက်လိုက်တယ်ဗျာ....” တဲ့။
ကဲကြားကြပြီနော် သားလေးရဲ့နုတ်ဆက်သံကို။ အားလုံးပျော်ရွှင်ချစ်မြေ့ကြပါစေ။

သားလေးအကြောင်းကိုအမြဲပဲမေးကြတဲ့ဘလော့ချစ်သူငယ်ချင်းများအားလုံးကိုလည်း ကျေးဇူးတင်တယ်။
အားလုံးကိုခင်မင်လေးစားလျှက်
သားသားနှင့် မေမေဂျာမုန်းဒန်

Type rest of post here

22 comments:

  1. a ma yay,
    tu lay ka nyi ma thin pay tha lo `ar yo´ loh like pyaw dart loh. nyi ma ka tu lay ko po po chit par dae

    ReplyDelete
  2. တယ်ဟုတ်ပါလား။ နူတ်တွေဆက်ပါလား။ God ကောင်းကြီးတွေအများကြီးရပါစေလို့ ဦးလေးစုတောင်းပေးနေတယ်နော်။ :)

    ReplyDelete
  3. သားသားနဲက သားသား မိသားစု ကျန်းမာ ပကတိ ချမ်းသာစွာ ရှိပါစေ ..
    နေဒေးသစ်။

    ReplyDelete
  4. ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးပါလား။ အားကျပါတယ် မမရေ။
း)

    သားလေးက ဥပဓိရုပ်ကောင်းတယ်။ ဘယ်တော့မှ ဆင်းရဲမယ့်သား မဟုတ်ဘူး။
း)

    ReplyDelete
  5. ama yay..tar lay ka myat si shae mar tin ko ta phyae phyae ne' kyi lar pi naw..inn pop..thu ko birth pi tar taung 6 months pyi twar pi ko..ama toe ye' family di htet po pi tot ba wa kha yee lan ko pyaw shwin swar shout hlan naing par say lo ama ye' blog mar comment yay pi tot sanda phyut lite par de....

    ReplyDelete
  6. သားလေးက ချစ်စရာလေး အမရေ.. တကယ့်ကို ဖြူစင်တဲ့ မျက်နှာလေးနဲ့ ရုပ်ကကြီးလာရင် လူကြီးဖြစ်မှာ ( ဆိုလိုတာက လူကြီး ဖြစ်မှာပါပဲး) ) သားလေး အမြန်ကြီးပြီး မိဘကို ပံ့ပိုးနိုင်တဲ့ သားကောင်းသားမြတ် ဖြစ်ပါစေ အမရေ


    လေးစားလျက်
    တောင်ပေါ်သား

    ReplyDelete
  7. သားသားလေးက ချစ်စရာကောင်းတယ်။ သားသားက သူ့ကံနဲ့သူလာတာနော်။ ဒီထက် ကျန်းမာ ချမ်းသာပါစေ။

    ReplyDelete
  8. သားလေးကချစ်စရာကောင်းလိုက်တာ... ၆လဆိုတော့ ကျွန်မသားလေးနဲ့ရွယ်တူပေါ့... သားသားလဲဒီနေ့ ၆လပြည့်တယ်...

    ReplyDelete
  9. တူလေး ဒီထက် ပိုထွားလာပြီး မြန်မြန် စကားပြောတတ်စေချင်ပြီ

    ReplyDelete
  10. ချစ်ဖို့ကောင်းလိုက်တာ၊ မျက်နှာလဲ ချိုလိုက်တာ၊း)

    ReplyDelete
  11. Ko Sai: May God bless you all.

    ReplyDelete
  12. သားလးကဘယ်သူနဲ့ တူတာတုန်း...ချစ်စရာလေးနော်
    ပျော်စရာမိသားစု ကမ္ဘာလေး ပါပဲခင်ဗျာ...

    ReplyDelete
  13. မမသားသားလေးကချစ်စရာလေးနော်။
    မျက်နှာလေးကချစ်စရာလေး။
    မမနဲ့တူတာဖြစ်မယ်။

    ReplyDelete
  14. မရေ ပျော်ရွှင်ဖွယ်မိသားစုလေးဖြစ်ပါစေနော် ။ သားလေးကလည်းချစ်စရာလေး

    ReplyDelete
  15. ဟားးး...ဟားးးးး မိုက်တယ်
    ကလေးပုံလေးတွေ တင်ထားတယ်။
    ထွားလိုက်တာနော်....
    ပါးဖောင်းဖောင်းလေးးးးးးး

    ReplyDelete
  16. ဟိုင်း...
    သားသားလေး
    သားသားက ချစ်ဖို့ကောင်းတယ်..
    ဖေဖေနဲ့ မေမေလည်း ချောမှာပဲနော်....
    လိမ်လိမ်မာမာနေ သိလား...
    မမလို မဆိုးနဲ့... အဟီး

    ReplyDelete
  17. တကယ်ချစ်ဖို့ကောင်းတယ်ဗျ
    ဓါတ်ပုံချည်းမြင်တဲ့ကျနော်တောင်ဒီလောက်ချစ်နေရင်
    အနီးကပ်နေအဖေအမေတွေတော့ ဘယ်ပြောကောင်းတော့မလဲဗျာ
    တုန်နေအောင်ကိုချစ်မှာ :)

    ReplyDelete
  18. သားလေးကို ချစ်စရာကောင်းတယ်လို့ပြောလို့ သားသားအရမ်းဝမ်းသာပါတယ်။
    အားလုံးကိုသားသားကျေးဇူးလည်းတင်တယ်။ချစ်လည်းချစ်တယ်။
    မေမေ့သူငယ်ချင်းအားလုံးကိုသားသားအမြဲလေးစားချစ်ခင်နေမယ်။
    အားလုံးကောင်းသောနေ့ဖြစ်ပါစေ
    သားသား

    ReplyDelete
  19. သားလေး အပြုံးကချိုလိုက်တာ။

    ReplyDelete
  20. သားလေးကချစ်စရာ ကောင်းတယ်အမရေ... ချစ်မွှေးပါမယ်
    ထင်တယ်ဗျို. ... ကလေးတွေဘဲ အပြစ်ကင်းတယ်

    ReplyDelete
  21. အမ သားလေးက တကယ်ချစ်စရာလေးနော်။ အမရေ ခုတလော ကုပ္မဏီမှာ အလုပ်ကရှုပ်နေလို့ ညပိုင်း ၈နာရီ၉နာရီမှပြန်ရောက်တယ်။ရောက်တော့ေ၇ချိုးရတာနဲ့ ထမင်းစားရ နောက်မေးစစ်နောက်ဘလောက် ဖွင့် နောက် သတင်းတွေ ဖတ် အဲဒီလိုနဲ့ ၂ နာရီလည်း ထိုးရော ဒိုက်ပင်ထိုး အိပ်လိုက်တာ မနက် အလုပ်သွားရခါနီးမှ နိုးတော့တယ်။
    အော် ပြောဖို့ မေ့နေတယ် ကျွန်တော်က ကလေးမုန်းတွေ ဘာတွေ ခိုးစားရတာ ဝါသနာပါတယ်ဗျ..ဟီး..ငယ်ငယ်က ညီမလေး နိုးမှုန့်ဗူး ခိုးခိုး စားတာ ခဏခဏ ကုန်လို့ မေမေက ချောင်းဖမ်းတယ် မိကရော..အဲဒီထဲက ..ခုလည်း ပြန်သတိယစေတယ်လေ..။
    ခင်မင်မှုဖြင့်
    အားလုံးကို ပျော်စေချင်တဲ့

    ReplyDelete
  22. ဥာဏ်ကောင်းမယ့်ပုံလေး :)
    သားသားလေး ဘ၀တလျှောက်လုံး အဆင်ပြေ သာယာ ပျော်ရွှင်ချမ်းမြေ့ပါစေ
    အစ်မတို့ တမိသားစုလုံးလည်း ပျော်ရွှင်ချမ်းမြေ့ပါစေ ဆုတောင်းပေးတယ်နော် မး))

    ReplyDelete