Friday, July 3, 2009

ထမင်းကြော်၊ မုန့်ဟင်းခါးနှင့်အခြားဟင်းလျှာများ

ဒီနေ့တော့စားချင်တာစားလို့ရအောင်စတိုင်လ်နှစ်မျိုးကိုဖန်တီးချက်ပေးထားတယ်နော်။
ဟင်းတွေပဲစားနေရတာအီနေရောပေါ့။ ကြိုက်တာစားနော်...အားနာနဲ့။



ဒါကတော့သပ်သပ်လွတ်ကြက်ဥထမင်းကြော်ပါရှင့်။အပေါ်မှာကြက်သွန်ကြော်လေးဖြူးထားပေးတယ်။ သုံးဆောင်သွားနော်...အဆင်သင့်ပဲ။

ဒါလေးက ကြက်ဥကြော်ပါ။ ကြော်ပုံကဒီလိုပါရှင့်။
ကြက်ဥလေးလုံးကိုခေါက်မိပန်းကန်လုံးထဲထည့်၊ကြက်သွန်နီကိုပါးပါးလှီးပြီး
ဒေါင်လိုက်ပြန်လှီးမယ်။လေးတောင့်အသေးလေးဖြစ်အောင်ပေါ့။ ခရမ်းချဉ်သီးကိုလည်းကြက်သွန်နီလှီးသည့်အတိုင်းပြန်လှီးမယ်။ကြက်သွန်မိတ်ပါးပါးလှီးထည့်မယ်၊ ဆားထည့်မယ်၊အချိုမှုန့်ကြိုက်ကထည့်မယ်။ ပြီးရင်နာနာခေါက်မယ်။
ကြော်မိဒယ်အိုးကိုဆီအနည်းငယ်ထည့်ပြီးတင်ထား။ ဆီပူလာပြီဆိုရင်ခေါက်ထားတဲ့ကြက်ဥကိုအပြားလိုက်ဖြစ်အောင်လောင်းထည့်မယ်။ အောက်ခြေပူလာကျက်လာပြီဆိုမှလက်နှစ်ဖက်နဲ့ဇွန်းလေးကိုင်ပြီအသာလေး
လိတ်ပေးမယ်။မီးအပူကိုလျှော့ပြီးဟိုဘက်ဒီဘက်အသာလေးလှန်ပေးမယ်။ အေးလာပြီဆိုရင်ပုံတွင်ပြထားတည့်အတိုင်းဓားကလေးနဲ့လှီးဖြတ်ပြီး
ပန်းကန်ပေါ်လှလှလေးစီထားမယ်။ ကဲ....ဒါဘာပဲ စားလို့ရပါပြီနော်။



ဒါကတော့မုန့်ဟင်းခါးပါ။ ငရုတ်သီးပါထည့်ထားတယ်။ စားသွားနော်။

ဒါကတော့မုန့်ဟင်းခါးအတွက်ထည့်စရာတွေပါ။ ဟိုတစ်ခွက်နဲ့တင်မလောက်ရင်ထပ်ထည့်ဖို့နော်။စေတနာတော့ကောင်းသားနော်....ဟီး။


ဒါလဲစပါယ်ရှယ်ဟင်းနော်။အမှန်တော့ဂျာမုန်းဒန်ကငါးဖယ်ချစ်ပုံစံလုပ်ပြီးချက်ထားတာ။တို့ဆီမှာက ငါးဖယ်မရှိတော့တခြားငါးနဲ့လုပ်ကြည့်တာလေ။အဆင်မပြေပါဘူးမောတာပဲအဖတ်တင်တယ်။
ငါးဖယ်လိုမဆီးဘူး၊ပျော့အိနေတာပဲလေ။ကော်မှုန့်ထည့်ရင်လည်းမရဘူး။ ဒါပေမယ့်စိတ်ထဲမှာငါးဖယ်ဟင်းလို့တွေးပြီးစားကြည့်ရင်တော့ကောင်းတယ်။ မယုံရင်မြည်းကြည့်နော်။


လိုအပ်သည်များရှိရင်ပြောလို့ရပါတယ်။ ဒါပေမယ့်စားဖြစ်အောင်တော့စားသွားရမယ်နော်။မစားရင်မပြန်ရဘူး....ဒါပဲ....။
အားလုံးကိုချစ်ခင်လေးစားလျှက်
ဂျာမုန်းဒန်

Type rest of post here

17 comments:

  1. very good. I like your fired rice style.

    ReplyDelete
  2. မမ....မုန့်ဟင်းခါး လာစားသွားတယ် ....
    ကြိုက်တယ်.....မ၀လို့...မနက်ဖြန် မုန့်ဟင်းခါး အိမ်မှာချက်စား
    ရတော့မယ်ဗျာ....။

    ချစ်တဲ့
    ဂျစ်

    ReplyDelete
  3. အစ်မ ...ဒီမှာ ငါးဖယ်အစစ် Asean ဆိုင်တွေမှာရတယ်။ ၅၀၀ ဂရမ်ကို ၇ ကျပ်လောက်ပေးရတယ်။

    ReplyDelete
  4. မစားရင်မပြန်ရဘူးတဲ့လား။
    ဟေးးးးးးးးးးးးးး ပျော်လိုက်တာ။ ဒီတော့ စားပြီရှင်။
    အများကြီးစားသွားတယ်။

    ထမင်းကြော်လေးက အရသာရှိလိုက်တာနော်။ ဖွဲ့ စည်းပုံပျက်သွားမှာဆိုးလို့  အိုင်တင်နဲ့ စားသွားတယ်။
း)

    ဟင်းရည်နဲ့ ဘဲဥနဲ့ သက်သက်ထပ်စားသွားတယ်နော်။ သမီးကလေ မုန့် ဟင်းခါးကို မုန့် ဖတ်နဲ့ သိပ်မကြိုက်ဘူး။ ညှပ်ခေါက်ဆွဲဖတ်နဲ့ ပိုကြိုက်။

    ပြောရင်းနဲ့ တံထွေးမြိုချလိုက်ပါတယ်။
း)

    ReplyDelete
  5. အမရေ အစားတွေကတော့ အစုံပဲ

    မိုးဟင်းခါးလေးနဲ့ ထမင်းကြော်လေး စားသွားတယ် အပြန် ပါဆယ် ထုပ်လို့ရမလား မသိဘူး အဟီးးးးး နောက်တခါ ဆားလျှော့ချက်နော် နဲနဲငံတယ် အဟဲဟဲ

    လေးစားလျက်
    တောင်ပေါ်သား

    ReplyDelete
  6. စိတ်ထဲမှာငါးဖယ်ဟင်းလို့တွေးပြီးစားကြည့်လိုက်တယ်
    တကယ်ပဲမိုက်တယ် :)
    လာရကြိုးနပ်သွားပြီ :P

    ReplyDelete
  7. ထမင်းကြော်နဲ့ ငဖယ်ကြော် ကောင်းကောင်းကြီးကို စားသ္ဂားတယ်

    ReplyDelete
  8. ငါးဖယ်ကြော်လေး စားချင်လိုက်တာ ... ပျော့အိအိလေးဆိုတော့ ဝါးရတာတောင် သက်သာသေးနော့် :D

    နေဒေးသစ်။

    ReplyDelete
  9. ama yay..curry twe ka style amyo myo bar lar...mite te...tomorrow ko special cook naw ama..lar kyate pi...:):):)

    ReplyDelete
  10. မဂျာမုန်းဒန်က အချက်အပြုတ် အတော် ဝါသနာပါပုံ ရတယ်..
    တကူးတကကို မျိုးစုံ ချက်ပြုတ်ကျွေးနေတာပဲ အိမ်နီးချင်းဆိုရင် ကောင်းမယ်နော် တစ်ကယ် အုပ်လို့ ရတာပေါ့ အခုတော့ စိတ်အဆာပြေပဲ စားသွားတယ်..။

    ReplyDelete
  11. D: တိုက်တိုက်ဆိုင်ဆိုင်
    ကျွန်တော်လဲ အားတာနဲ့ မုန့်ဟင်းခါး ချက်တာဗျ။
    အထင်မကြီးနဲ့....မလုလု ကျေးဇူးနဲ့လေ။
    သူ့blog က ချက်နည်းကြည့်ပြီး ပထမဆုံး လိုက်ချက်ကြည့်တာ ......
    စကားမစပ် ကျွန်တော်တို့ ဆီမှာတော့
    ငါးဖယ်ကို Asian ဆိုင်တွေမှာ ဝယ်လို့ရတယ်။
    အဖြူရောင် ပလပ်စတစ်ဘူး ပေါ်မှာ Fresh Fish Paste ဆိုတဲ့ စာတန်းနဲ့ ဘေးမှာ လိမ္မော်ရောင် ရွှေငါးပုံ လေးတွေပါတယ်။ ရှာကြည့်ပါ့လား။
    အခုမှ comment ရေးပေမယ့် မနက်ကတည်းက ရောက်တယ်....
    ရိုက်တဲ့ မြန်မာfont မရှိလို့ comment ပေးလို့ မရဘူး။

    ReplyDelete
  12. မမဆီလာတိုင်း ဗိုက်ဆာဆာသွားတယ် :P
    ဘာရှိလဲမသိဘူးသွားစားလိုက်ဦးမယ် :D

    ReplyDelete
  13. အကုန်လုံး ကြိုက်ပါတယ်။ ပြည်စုံပါတယ်။ လိုတာမရှိပါဘူး။
    ဒါနဲ့ မုန့်ဟင်းခါးထဲက ဘဲဥလားဟင်။ ဒီမှာ ဘဲဥ၀ယ်လို့ရဘူး။ :(

    ReplyDelete
  14. မမရေ...ညီမဆီမှာလဲ ဘဲဥ၀ယ်လို့မရဘူး။ အဲဒါ ကြက်ဥ ပါရှင်။

    ReplyDelete
  15. အမကတော.လုပ်ပြီဗျာ ဒီမှာ ဗိုက်တွေ တကြီကြီ မြည်နေပြီ
    တကယ်စားချင်လိုက်တာဗျာ...

    ReplyDelete
  16. စားချင်စရာတွေချည်းဘဲနော်...တကယ်များယူစားလို့ရရင်သိပ်ကောင်းမှာဘဲ

    ReplyDelete
  17. Dear Jar Monn Dan,here we can buy the "Ngar Phal Chit" from Asian market.i forget the name it is excitly which we have in myanmar.i saw in(asian market) in Hamburg,Nürnberg and Dusseldorf....

    ReplyDelete