Saturday, August 1, 2009

********မွေးနေ့ပွဲလေးသွားခဲ့တယ်********



မနေ့က....ဂျာမုန်း.မွေးနေ့ပွဲလေးတစ်ခုသွားခဲ့တယ်။ဂျာမုန်းရဲ့...ချစ်ညီမလေးတစ်ယောက်ရဲ့မွေးနေ့ပေါ့။
ဒီမွေးနေ့ရှင်...ညီမလေးနဲ့ဂျာမုန်းတို့က...တစ်ယောက်နဲ့တစ်ယောက်မောင်နှမသဖွယ်ချစ်ကြပြီး...
အကြိုက်ခြင်းလည်းတူ၊၀ါသနာခြင်းလည်းတူကြတယ်လေ။.
.အကြိုက်တွေ၊၀ါသနာတွေတူပေမယ့်..အလှခြင်းတော့မတူပါ။.ညီမလေးကပိုချစ်စရာကောင်းပြီးပိုချောတယ်။
နောက်ပြီးစိတ်ထားလည်းဖြူစင်တယ်.............ပျိုပျိုမယ်တစ်ယောက်လဲဖြစ်တယ်လေ။
ဒါကြောင့်..........ကံကောင်းခြင်းများစွာနဲ့.........ပြည့်စုံတဲ့ညီမချောလေးတစ်ယောက်မို့...
ချစ်တဲ့သူတွေ...............၀ိုင်းဝိုင်းလည်နေတာတော့အမှန်ပဲ။......ဒါပေမယ့်...ညီမလေးရဲ့.စိတ်ထဲမှာတော့..
တစ်ယောက်ဆိုတစ်ယောက်...............ပိတောက်ဆိုပိတောက်ပဲ..........။သစ္စာရှိတယ်လေ။
နောက်ဆက်တွဲတော့မပြောတော့ဘူးနော်..ဟီးဟီး။


ဂျာမုန်းတို့နေထိုင်တဲ့မြို့လေးမှာ....မေမြို့လေးလိုအေးချမ်းပြီး၊..တောင်တွေထူထပ်ပေမယ့်.
.မြန်မာကသူငယ်ချင်းတွေ၆ယောက်လောက်လာစုမိကြတော့...ပြီးပြည့်စုံတဲ့မိသားစုသဖွယ်..
အရမ်းကိုပျော်ကြပါတယ်။..အဲဒီထဲမှာသားသားလေးကလည်းအပါအ၀င်ပေါ့..။
အားလုံးရဲ့ဝိုင်းချစ်ခြင်းကိုခံရတော့...မောင်ဝိုင်းချစ်ဆိုတဲ့နာမည်ပါရတော့မလို့ပဲ။
တို့ဆီမှာတော့သားလေးက..အားလုံးကိုပျော်ရွှင်မူပေးနိုင်တဲ့တန်းခိုးရှင်ကြီးပေါ့လေ။

ကဲ....အစားအသောက်တွေကြွားလိုက်အုံးမယ်။
အားလုံးစားဖို့အတွက်ပါဆယ်ဆွဲခဲ့တယ်။အ၀ကိုသီးရမယ်နော်။


ကဲ....ဒါက..မွေးနေ့ရှင်ညီမလေးရဲ့စေသနာအပြည့်နဲ့ချက်ကျွေးတဲ့အစားအသောက်တွေပါ။
တွေ့တယ်နော်....ရှယ်ပဲ..ပြင်ဆင်ထားပေးတယ်။သူငယ်ချင်းတို့ရေ..အ၀ကိုစားသွားကြပါရှင်။

ဆက်ကြည့်မယ်နော်

ဒီပုံကတော့...အစားအသောက်တွေစားဖို့ပြင်ဆင်ထားတဲ့အခန်းပါ။ စာဖတ်မိတ်ဆွေတွေပါ...ပါဝင်ဆင်နွဲလို့ရတယ်နော်။


ဒါလေးက..ကြက်ဥမွေကြော်ပါ။..ခရမ်းချဉ်သီးပန်းပွင့်လေးပါစားလို့ရတယ်နော်။
အရွက်စတိုင်လ်ပန်းသီးလေးပါစားသွားနော်။လှတယ်ဆိုပြီးချန်မထားလိုက်နဲ့နော်။ငတ်သွားမှာဆိုးလို့။


ဒါကတော့..ကြက်သား..အားလူးမတ်စလာချက်ပါ။အဖြူရောင်ပန်းပွင့်လေးကငရုတ်သီးအပွပါ။
ကိုက်စားသွားနော်။

ဒါလေးကငါးကင်ပါ။အနီရောင်ပန်းတွေလည်းစားလို့ရတယ်။မုန်လာဥအရသာရှိတယ်။စားသွားနော်။

ဒါကတော့ကော်ပြန့်ကြော်ပါ။

ဒါကတော့.အုန်းထမင်းပါ။
..ဒါကတော့...မျှစ်ခြင်ကိုအချဉ်လုပ်ထားပြီးကြော်ထားတာတဲ့။ကောင်းတယ်စားကြည့်နော်။

ဒါကတော့ကြက်ကုန်းဘောင်ကြော်ပါ။ပုံကဂျာမုန်းရိုက်ထားတုန်းကအတည့်ပါ။
ဒီထဲထည့်လိုက်ရင်ဇောက်ထိုးဖြစ်သွားတယ်။တည်းခံပြီးဇောက်ထိုးပဲစားသွားကြပါရှင်။


ဒါလည်းငါးကင်ပါ။ထပ်စားသွားနော်။ငါးရိုးဆူးမယ်။ဂရုစိုက်ပြီးစားကြပါနော်။

ဒါလေးက.သီးစုံနော်။.အအီပြေလေးစားကြမယ်နော်။


ဒါက...အားလူးစနွမ်းမိတ်ကင်းပါ။အရသာအရမ်းကောင်းတယ်။စားသွားနော်။

ကဲ....ဂျာမုန်းဆီစာလာဖတ်သူမိတ်ဆွေများရှင်...၀လျှင်စွာစားသွားကြပါရှင်..။မစားပဲပြန်ရင်စိတ်ဆိုးမှာနော်။
စေသနာနဲ့ပါဆယ်ဆွဲခဲ့ရကျိုးနပ်အောင်တော့စားသွားကြပါနော်။
စားခဲ့ကြောင်းလေးကိုလည်းအကြောင်းကြားဖို့မမေ့နဲ့အုံး။သိချင်လို့ပါ။
ဘယ်သူတွေကအစားပိုပုတ်သလဲဆိုတာကိုလေ....ဟီး..စတာပါနော်။

အားလုံးကိုခင်မင်လေးစားလျှက်
ဂျာမုန်းဒန်

20 comments:

  1. မဂျာမုန်းရေ

    ပျော်စရာကြီးနေမှာနော်

    စားသွားပါတယ် လို့ရေးရမလား
    ကြည့်သွားပါတယ်လို့ရေးရမလား

    တကယ်ကတော့ ပုံတွေမြင်ပြီး ဗိုက်တော်တော်ဆာသွားပါတယ်


    ခင်မင်စွာဖြင့်
    သီဟသစ်

    ReplyDelete
  2. ဂျာမုန်းလဲမွေးနေ့ရှင်ညီမလေးလိုချစ်စရာကောင်းမယ်ဆိုတာသိနေတယ်....စားစရာတွေအကုန်လုံးကိုသွားရည်ယိုသွားတယ်...

    ReplyDelete
  3. အစ်မရေ သားရေလာကျသွားတယ်နော်..အဟိ...ပျော်ရွှ့င်ပါစေဗျာ....

    ReplyDelete
  4. အစားအပုတ်ဆုံးသူကိုပြောပြမယ်
    နာမည်က“သားကြီး”တဲ့ ဘဝတစ်ခုမှာ“လှူတာအကုန်စားတဲ့ ဇူဇကာပုဏ္ဏား”ဖြစ်ခဲ့ဖူးလားမသိဘူး ဟီးးး :P
    မွေးနေ့ကိတ်လေးကိုပြင်ဆင်ထားပုံကအရမ်းလှတာပဲ
    ပိုချစ်စရာကောင်း၊ ပိုချောပြီး၊ စိတ်ထားလည်းဖြူစင်တယ်ဆိုတဲ့မွေးနေ့ရှင်နဲ့တူလို့
    ဖြစ်မယ် အားလုံးကိုပျော်ရွှင်မှုပေးနိုင်တဲ့တန်ခိုးရှင်ကြီး
    မောင်ဝိုင်းချစ်လေးရော မွေးနေ့ပွဲမရောက်ခဲ့ဘူးလား?
    ခရမ်းချဉ်သီးပန်းပွင့်ရော အရွက်စတိုင်လ်ပန်းသီးပါ ဘာမှမချန်ဘူး အကုန်စားပစ်တယ် လှလိုက်တာဆိုပြီးအောက်ကပန်းကန်ပြားကိုတောင်
    ဝါးမိတော့မလို့ :P ကြက်သားအားလူးမတ်ဆလာ မျှစ်ချဉ်ကြော်အကြိုက်ဆုံးပဲ။ ကြက်ကုန်းဘောင်ကြော်ကိုတော့ ကင်းမှီးကောက်ထောင်ပြီးစားသွားတယ် ဟီးးး
    အပုံကဇောက်ထိုးဖြစ်နေတယ်ဆိုတော့လေ
    မွေးနေ့ရှင်လေးကိုလည်းပြောပြလိုက်ပါဦးအစ်မရဲ့
    သားကြီးက ရှိသမျှအကုန်လာရောက်မွှေနှောက်စားသောက်ပြီး
    ဆုတောင်းပေးခဲ့ပါတယ်လို့“happy birthday”ပါလို့ :)

    ReplyDelete
  5. ပြောစရာကျန်ခဲ့လို့
    ကော်ပြန့်လိပ်ကြော်ချန်ထားပေးဦးနော်
    ဘလော့လည်ရင်းဗိုက်ထပ်ဆာလာရင်
    ထပ်ပြန်လာစားမလို့
    သိတယ်မဟုတ်လား ကျနော်ကလောဘကြီးတယ်လေ အစ်မရဲ့ :P

    ReplyDelete
  6. အမကပါဆယ်အကုန်ဆွဲလာတော့ မွေးနေ့မှာ ကျန်ပါ့ အုံးမလား...။မောင်နှမတွေ အတွက်စေတနာနဲ့ ဆွဲလာ တာဆိုတော့ ၀ါးရသေးတာပေါ့...။

    စာဖတ်ရင်း ပုံတွေကြည့်ရင်းနဲ့ အမအိမ်ပြန်လာတာကို မျှော်နေတဲ့ ကလေးတယောက်လို ခံစားသွားရတယ်
    အမပြန်လာရင် မုန့်ပါလာမှာလေ..။

    ReplyDelete
  7. သြော်......

    စားလိုက်ကြတာ...
    ပျော်လိုက်ကြမယ်ဖြစ်ခြင်း

    ဟိုတစ်ခါတုန်းကတော့ အမချက်တာ လာစားသွားတယ်
    ဟဲဟဲဟဲ .. ဒီတစ်ခါကျတော့

    ဟို.. ဟို.. ဟိုလေ ပါဆယ်လာလိုက်စားတယ်.. :P

    ခင်မင်စွာဖြင့်
    စည်သူ။

    ReplyDelete
  8. ပန်းတွေနဲ့ ဝေနေတာပဲ..
    အာလူးဆနီင်းမကင်းစားချင်တယ်..

    ReplyDelete
  9. ကြက်ကုန်းဘောင်နဲ့ ငါးကင်...

    ReplyDelete
  10. မရေ... စားလို့ကောင်းလိုက်တာနော်။
    မောင်လေးဝိုင်းချစ်နဲ့ သူ့အမမွေးနေ့ကျရင် မကိုယ်တိုင်ချက်မှာ မို့လား..ဟိဟိ
    မွေးနေ့ရှင်က အများဆုံးစားမယ်နော်။
    အဲဒီနေ့  မြန်မြန်ရောက်ပါစေ။။။
    လာပြီး ငတ်ကြီးကျသွားတယ်မရေ...

    ReplyDelete
  11. Dear a ma,
    Thank you so much for your post about my Birthday Party. At that day, I was really happy. I am specially thank to your family.
    Dear friends,
    Thank for your comments.
    Ma Jamung is more beautiful. :)
    She is very nice. I feel that I got elder sister in Germany. We are the same hobby in cooking, shopping and photographing.
    I make flowers from red raddish two day before party.
    http://aggie-horticulture.tamu.edu/extension/Texascrops/root_tuber/radish.jpg
    You can make with small knife and put in ice water for two days.And then you will get very beautiful flower.
    Thank.

    ReplyDelete
  12. ငါးကင်နဲ့အာလူးဆနွင်းမကင်း :)

    ReplyDelete
  13. မစားရက်ဘူးဖြစ်နေတယ်။ ပြင်ဆင်ထားတာ အရမ်းလှလို့ ။

    ဒါပေမယ့် ပထမဆုံးစားဖြစ်တာ အုန်းထမင်းပါ။ ဆန်လေးကို ကော့နေတာဘဲ။

    နောက်တော့လဲ နောက်တော့လဲ စားသွားတာ အကုန်ကုန်သွားတယ်။

    စားပြီးတာနဲ့ မွေးနေ့ ရှင်အတွက် ဆုတောင်းပေးသွားတယ်နော်။

    မွေးနေ့ မှသည်နောင်နှစ်ပေါင်းများစွာတိုင်ပါစေရှင်။

    ချစ်တဲ့
    ကျောပိုးအိတ်

    ReplyDelete
  14. ကဲ ကဲ မဂျာမုန်းရေ

    သူများမွေးနေ့မှာ ပါဆယ်ဆွဲလာတဲ့ ကျေးဇူးပါ။
    အားတော့နားတယ်။ အရမ်းကိုကြိုက်တဲ့
    အစားအစားတွေပါ။
    ကျေးဇူးတင်တယ်နော်။

    မဂျာမုန်းမွေးနေ့ကျရင်းလည်း ကျွေးဖို့ မမေ့နဲ့အုံးနော်

    ရီနို

    ReplyDelete
  15. ငါးကင်လေး စားချင်ဆုံးပါဘဲ
    မကြီးရာ ကျန်တာဘယ်လောက်
    ကောင်းကောင်း ငါးကင်ဘဲ ချားမယ် :)

    ReplyDelete
  16. ညီမလေးမွေးနေ့မှာလာအားပေးသူအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်
    ဂျာမုန်းရဲ့ညီမလေးကလည်းဆုတောင်းပေးကြသူအားလုံးကိုကျေးဇူးတင်မဆုံးပါတဲ့။
    အားလုံးပဲကောင်းသောနေ့ဖြစ်နိုင်ကြပါစေနော်။
    ဂျာမုန်းဒန်

    ReplyDelete
  17. ama yay...Nyi ma ye' Birthday nay ka head ache pyit nay dar ne' kg kg ko ma sar lite ya bu...akhu photo twe pyan look pi tot be' a ya thar pyan khan nay ya te...:):):)..aee di nay ka arr lone happy ke' kya par de...curry twe ka le special be' lay....

    ReplyDelete
  18. မလေး မုန်းရေ
    အပီကို ဆွဲတာဗျ။ ဟီး။ =P

    ReplyDelete
  19. အားလုံးပဲဝမ်းသားတယ်ရှင်။
    လာရောက်စားသုံးသူကိုလည်းကျေးဇူးပါ။

    ReplyDelete
  20. မွေးနေ့ပွဲ ကျွေးတာတွေလဲ ရှယ်ပဲဗျို့။ ဂျာမုန်းဒန်ရဲ့ ချစ်ညီမလေးကိုလဲ ပြောပါအုံး။ လာစားသွားတယ်လို့။

    ပျော်ရွှင်ဖွယ် မွေးနေ့ဖြစ်ပါစေလို့။ အသက်ရာကျော်ရှည်စေသော်..........

    ReplyDelete