Monday, August 3, 2009
ကချင်ဆန်ပြုတ်၊ကြာဇံကြော်နှင့်ကြက်ဆီထမင်း
ကချင်ဆန်ပြုတ်စားချင်တယ်။တင်ပါအုံး..ဂျာမုန်းဒန်ရေ.....ဆိုပြီးပြောခဲ့တဲ့မမမိုးကောင်းသူရဲ့စကားကို ပြန်သတိရတယ်။ဒါကြောင့်ဒီနေ့တော့ကချင်ဆန်ပြုတ်လေးကိုအတူတကွစားကြမယ်...မိတ်ဆွေတို့ရေ။
ကဲ...လာပါပြီ..ဟောဒီမှာ...ကြက်သားကချင်ဆန်ပြုတ်ပါရှင်။...ကြက်သားကအများကြီးနော်။
မိုက်ခရိုစကုတ်နဲ့ကြက်သားကိုရှာစားစရာမလိုအောင်အများကြီးထည့်ထားပေးတယ်။.
ဖျားနာသူတို့အတွက်ဆိုလဲ....ကချင်ဆန်ပြုတ်ကအကောင်းဆုံးလေ။
ဘာကြောင့်လဲဆိုတော့........ဆီမပါသန့်သန့်လေးချက်တာမို့ပါ။
ချက်နည်းကလွယ်လွယ်လေးနော်...ပြောပြမယ်..သေချာမှတ်နော်။
ကြက်ကောင်းလုံး(သို့)ကြက်ပေါင်၊ကြက်ရင်အုပ်သားကိုရေဆေးပြီး...ချက်မည့်ပေါင်းအိုးထဲထည့်ပါနော်။ Pressurecookerနဲ့ဆိုရင်ပိုလွယ်တယ်။....မိနစ်၃၀လောက်ဆိုရင်စားလို့ရပြီ။မရှိရင်လဲကိစ္စမရှိပါဘူး။
ရှိတဲ့အိုးနဲ့ချက်လဲရတယ်။...ပြီးရင်...ကြက်သွန်ဖြူကိုခွာပြီးအလုံးလိုက်ထည့်၊ဂျင်းကိုအပြားလိုက်ရိုက်ထည့်၊ ဆား၊အချိုမှုန့်ကိုလိုသလောက်ထည့်နော်။နောက်ရှမ်းဆန်လက်သုံးဆုတ်လောက်ဆေးထည့်ပြီးအဖုံးလုံးအောင် ပိတ်ပြီးမီးဖိုပေါ်တင်ထားလိုက်ရုံပဲနော်။မိနစ်၃၀လောက်ဆိုရင်စားလို့ရပါပြီရှင်။
တကယ်လို့pressurecookerနဲ့မဟုတ်ပဲရိုးရိုးအိုးနဲ့ချက်မယ်ဆိုရင်အဖုံးကိုဖွင့်ပြီးချက်နော်။ အရည်တွေကြကုန်မှာဆိုးလို့ပါ။ဆူလာပြီဆိုရင်လက်နဲ့မကြာခဏမွေပေးရမယ်။ကပ်ကုန်မှာဆိုးလို့ပါ။ ကျက်ပြီဆိုရင်...ဆန်ပြုတ်ကိုအပေါ့အငံမြည်းကြည့်ပြီး...စားမည့်ပန်းကန်ထဲထည့်နော်။ ပြီးရင်ငရုတ်ကောင်းမုန့်၊ကြက်သွန်မိတ်၊နံနံမိတ်ထည့်ပြီးစားလို့ရပါပြီရှင်။ငရူတ်သီးချေက်ကိုလှော်ပြီးထောင်းထားနော်။ အချဉ်လေးပါသုတ်ထားနော်။မုန်းညှင်ဖူးချဉ်သုပ်နဲ့ဆိုရင်ပိုပြီးရှယ်သွားမယ်။ ကဲ...ဒါပါပဲ...ချက်စားကြည့်နော်။
ဒါကတော့ကြက်သားဆန်ကြာဇံကြော်ပါ။အပေါ်မှာကြက်ဥဟတ်ဘွယ်ပါကြော်ထည့်ထားတယ်။စားသွားနော်။
ချက်နည်းမပြောတော့ဘူးနော်။အားလုံးသိကြမယ်ထင်တယ်။
ဒါက...ထပ်စားဖို့လိုက်ဘွဲနော်။တစ်ပွဲနဲ့မလောက်သူများအတွက်ပါ။စေသနာတော့ကောင်းသားနော်။
ဒါကတော့ကြက်ဆီထမင်းပါရှင်။မမလုရဲ့နည်းအတိုင်းချက်ထားတာပါ။စားသွားကြနော်။
ငံပြာရည်အနောက်ထည့်လိုက်တော့အရောင်ကသိပ်မလှဘူးဖြစ်နေတယ်။ဒါပေမယ့်အရသာတော့ရှယ်ပဲနော်။
လှတာထက်အရသာကောင်းဖို့ကပိုအရေးကြီးတယ်လေ..နော။လှတာပဲကြိုက်ရင်ညစာခက်သွားမယ်မှတ်။
ဒါလေးက..ခရမ်းချဉ်သီးကိုရေခန်းအောင်ပြုတ်ပြီး....တောက်တောက်စဉ်းကြက်သွန်နီ၊ငရူတ်သီး၊နံနံပင်၊
ပဲပုတ်တို့ကိုပါးပါးလေးလှီးထည့်၊ဆား၊အချိုမှုန့်၊သကြားနဲ့ငံပြာရည်အနည်းငယ်ထည့်ပြီးသုပ်ထားတာပါ။
အအီပြေစားနိုင်ဖို့အတွက်လုပ်ထားပေးတာနော်။
ဒါကတော့....ကြွက်မုန့်ပါ။စားသွားနော်။ဟိုတနေ့ဂျာမုန်းဈေးသွားတုန်းကလမ်းမှာအရမ်းကိုဗိုက်ဆာလာ တာနဲ့ဒီကြွကမုန့်ကိုဝယ်စားဖြစ်တယ်။....စားလိုက်ရင်အိအိလေးနော်။သကြားလုံးအရသာနဲ့တူတယ်။စားကြည့်ပါ။
ဟိုတခါပန်းသီးမစားလိုက်ရသူအတွက်ပါ။ဒီတခါတော့...၁၂...ခုထားထားပေးတယ်။
အစားပုတ်တဲ့သားကြီးကတော့ပထမပဲဖြစ်မှာသေချာတယ်။
ကဲ...ဒီနေ့အဖို့ကတော့....ဒီလောက်ပဲနော်။အားရပါးရစားသွားကြပါရှင်။
စားပြီရင်လည်းအကြောင်းလေးတော့ကြားသွားစေချင်တယ်။ကော့မင့်ကိုပြောတာနော်။
အားလုံးကိုခင်မင်တဲ့
ဂျာမုန်းဒန်
Type rest of post here
19 comments:
  1. တော်တော် ကောင်းမဲ. ပုံဘဲဗျာ...
    စားချင်တယ် ... ဒါပေမဲ. ကြွက်
    မုန်.တော.မစားချင်ဘူးဗျာ ကြွက်ဆို
    ကြည်.လို.ကိုမရဘူး မကြီးရာ :D
    ReplyDelete
  2. ဒီတခါတော. အနော်က တစ်ယူသွား
    တာပါဗျ ဌဲ ဌဲ
    ReplyDelete
  3. စကားနောက်မှပြောတော့မယ်ဗျာ
    ပူနေတုန်းစားလိုက်ဦးမယ်
    ReplyDelete
  4. အစ်မရေလာစားသွားတယ်နော်..
    ကချင်ရိုးရာစားစရာလေးကို...ဟိဟိ
    အခုလိုကျွေးမွေးရသောအကျိုးအားကြောင့်
    အိမ်မြေ့သခင်ကောင်းရရှိပါစေဗျား....ဟိဟိ
    ReplyDelete
  5. မိုက်ခရိုစကုတ်နဲ့ကြက်သားရှာတယ်ဆိုတဲ့စကားလေးကို
    ပြုံးမိတယ် တချို့ဘဝတွေများမိုက်ခရိုစကုတ်တောင်မလုံလောက်လို့
    ရေစစ်တဲ့ကတော့နဲ့ကြက်သားဖတ်ရှာရတာ
    ချက်နည်းကိုတော့ဖတ်ရုံလေးပါပဲ မှတ်မနေတော့ဘူး ထမင်းတစ်အိုးတောင် ကောင်းအောင်မတည်နိုင်တဲ့ကျနော့အဖို့ အခြား
    ဖွယ်ဖွယ်ရာရာတွေချက်ဖို့ဆိုတာဝေးပြီပေါ့ဗျာ
    ကြက်သားကြာဆံကျော်ကိုတွေ့တော့ ရန်ကုန်ညတွေကိုပြန်ပြောင်းသတိရတယ်
    လွမ်းသလိုလိုလည်းဖြစ်သွားတယ်
    လွမ်းလွမ်းနဲ့ပဲ အပိုလိုက်ပွဲပါထပ်ကစ်လိုက်တယ်
    (ဟီးးး နောက်ရောက်တဲ့လူများ စားစရာမကျန်ရင် အပြစ်မတင်ကြေးဗျနော်:P)
    ကြက်ဆီထမင်းအရောင်ကလှပါတယ်ဗျ မြင်တာနဲ့ကိုအရသာရှိလို့
    လှတာတော့ကြိုက်တယ် ညစာလည်းမခက်ချင်ပြန်ဘူး အင်း...အဲဒါကြောင့်ပဲ သားကြီးအကြိုက်နတ်တောင်မလိုက်နိုင်တာ:P
    အချဉ်ကဲတဲ့အစာကိုလည်းကျနော်ကခပ်ကြိုက်ကြိုက်ရယ်
    ခရမ်းချဉ်သီးနဲ့သုပ်ထားတဲ့ပွဲလေးလည်းအကုန်ဝါးမယ်ဗျာ
    ကြွက်မုန့်ကို၁၂ခုထားထားပေးတာ ကျနော်ရောက်တော့၁၁ခုပဲရှိတော့တယ်ဗျ အရင်ဆုံးတစ်ယောက်ကတစ်ခုစားလိုက်ပြီ
    လက်ကျန်၁၁ခုထဲက ၁၀ခုပဲစားတော့မယ်
    နောက်ရောက်လာမယ့်လူတွေအတွက် ၁ခုကြီးများတောင်ချန်ပေးခဲ့ပါမယ်
    ကျနော်ကမျှမျှတတစဉ်းစားတတ်ပါတယ်ဗျ တကယ်ပဲ :)
    ReplyDelete
  6. ရှောင်းဂျာလေး
    မြူးလေးအားလုံးစားမယ်သိလား
    ကြွက်လေးတော့မတင်နဲ့နော်
    စားတတ်ဖူးရယ်လေ အသေကြောက်လို့ ပါ
    ချစ်တဲ့
    မြူးလေး
    ReplyDelete
  7. ရှောင်းဂျာလေး
    မြူးလေးအားလုံးစားမယ်သိလား
    ကြွက်လေးတော့မတင်နဲ့နော်
    စားတတ်ဖူးရယ်လေ အသေကြောက်လို့ ပါ
    ချစ်တဲ့
    မြူးလေး
    ReplyDelete
  8. ရှောင်းဂျာလေး
    မြူးလေးအားလုံးစားမယ်သိလား
    ကြွက်လေးတော့မတင်နဲ့နော်
    စားတတ်ဖူးရယ်လေ အသေကြောက်လို့ ပါ
    ချစ်တဲ့
    မြူးလေး
    ReplyDelete
  9. ဟီး ဟီး ၃ခါဖြစ်သွားတယ်သိလား
    ReplyDelete
  10. မရေ.... ကချင်ဆန်ပြုတ်လေးလာသောက်တယ်နော်။
    ပင်ပင်ပန်းပန်းနဲ့ ပြန်လာတာ ခုလို အားရှိတဲ့အစာလေး စားလိုက်ရတော့ အားပြည့်သွားတယ်။ ကြာဇံတော့ သိပ်မကြိုက်လို့ နည်းနည်းပဲမြည်းသွားတယ်နော်။ ကြက်ဥကြော်တော့ အကုန်စားတယ်။ ကြက်ဆီထမင်းကတော့ သုံးပန်းကန်တောင်ကစ်ထည့်လိုက်တယ် ဟိဟိ။ ခရမ်းချဉ်သီးနဲ့ လုပ်တဲ့ ပွဲလေးကိုလဲစားသွားတယ်။ ကိုသားကြီးစားလိုက်လို့ ကြွက်မုန့်လဲ တစ်ခုပဲစားလိုက်ရတယ်လေ။ မကို ပြောထားသားပဲ... အဲဒီ ငတ်ကြီးကျတဲ့ ကိုသားကြီးရန်ကို ကြောက်လို့ စားစရာတွေချက်ထားရင် သမီးကိုအရင်လာခေါ်ပါဆိုတာကို.... ဟွန်း...ခုတော့ တစ်ခုပဲစားရတယ်။။။။
    အဲဒါ မကြောင့်နော်။။ခေါ်တော့ဘူး။။။ကွေးနေပြီ။။ဒါပဲ
    ReplyDelete
  11. လာစားသွားတယ်နော်။
    ကိုရီနို
    ReplyDelete
  12. Hello a ma,
    very nice rice soup.
    I like it. :)
    ReplyDelete
  13. အားပါး
    ရှလွတ်
    အလုပ်က ပြန်လာလာချင်း စီပုံးမှာလဲ တွေ့ရော ကမန်းကတမ်း ထပြေးလာတာ။ ရှလွတ်။ ကောင်းလိုက်တာ။ ဟီး။ =)
    ReplyDelete
  14. မမဂျာမုန်းရေ... ကချင်ဆန်ပြုတ်ကိုအရမ်းကြိုက်တယ်.. အရင်တုန်းက အန်ကယ်ဦးနော်ဂျာတို့အိမ်မှာ
    အမြဲပြုပ်စားတယ်.. ပျစ်ခဲပီးအရသာကနစ်နေတာဘဲ.. အမှတ်တရလေး ပြန်တင်ပေးလို့ကျေဇူးး..
    ကြွက်မုန့်ကအသဲယားလိုက်တာ..း)
    ReplyDelete
  15. ကြွက်ကလေးတွေတော့ မစားရဲပါဘူးဗျာ... ကျန်တာတွေတော့ အားလုံး စားသွားလိုက်တယ်..
    ReplyDelete
  16. ကြွက်မုန့်ကလွဲလို့အကုန်ကြိုက်တယ်... ကြွက်ဆိုနာမည်ကြားတာနဲ့တင်အသည်းယားတယ်...
    ReplyDelete
  17. နေသိပ်မကောင်းတာနဲ့ ကချင်ဆန်ပြုတ်နဲ့တော့ အတော်ပဲဗျို့။ ဂရုတ်သီးနဲ့ စပ်စပ်လေး တပွဲလုပ်ပေးပါဗျို့။ မုန့်ညှင်းဖူးချဉ်တောင်စားချင်လာပြီ။
    ReplyDelete
  18. အကုန်လုံးကို
    စိတ်ကူးနဲ့ အပီအပြင် စားလာတာ ..
    အောက်ဆုံး ရောက်မှ
    တစ်သွားတယ် ... အဟင့် ..
    ကြွက်ဆို ကြောက်လွန်းးလို့ ...
    မြင်ရုံ နဲ့ ကြက်သီးထတယ် .. :D
    ReplyDelete
  19. ညီမလေးရေ ကချင်ဒန်ပေါက်ကို သက်သတ်လွတ်ဘယ်လိုချက်ရလဲရှင့်။ မြန်မာပြည်ရောက်တုန်းက Sha Yi မှာစားဖူးတာ ကြိုက်လွန်းလို့။
    ReplyDelete