Monday, August 31, 2009

ကြက်ပေါင်းခေါက်ဆွဲ၊မုန့်ဟင်းခါးနှင့်အခြားဟင်းလျှာများ


အခုတလော...စိတ်ညစ်ညစ်နဲ့...ထမင်းမစားပဲ..ဒါမျိုးလေးတွေပဲချက်စားဖြစ်တယ်။. .စိတ်ညစ်ရင်..ထမင်းမစားချင်ဘူး...ပိုကောင်းတဲ့အစားအစာကိုပဲရွေးစားချင်မိတယ်။. ...စိတ်ညစ်ပြီးပိန်သွားမှာလဲ..မလိုလား..ဆိုတော့...ကဲ..ဖြစ်ချင်တာဖြစ်မောင်ဘချစ်ပဲ.. အားရပါးရစားလိုက်အုံးမယ်။..
ဒီနေ့တော့.....လုစားကြေးနော်။...မလုစားရဲရင်ငတ်မယ်...ဒါပဲနော်။..အားလုံးလုစားနိုင်ကြပါစေရှင်။

ကဲ...ကြက်ပေါင်းခေါက်ဆွဲလေးလုစားကြမယ်။..ဂျာမုန်းစားဖို့ထည့်ထားတာပါ။
စားချင်ရင်အမြန်ဆုံးနိုက်စားလိုက်ပါ။လက်မမြန်ရင်ငတ်မယ်ဟေ့............။


ကဲ...ဒါက..လိုက်ပွဲအတွက်ပါ။..ဆန်ပြားအ၀ါကိုပြင်ထားပေးတာနော်။
ူထပ်စားချင်သူအတွက်လိုက်ပွဲနော်။

ဒါက...အိမ်က..ကလေးဖအေအတွက်ပြင်ထားပေးတာ။..သူမစားခင်အမြန်ဆုံးစားလိုက်နော်။ ရှက်နေရင်ငတ်မယ်နော်။.....သူကစားလိုက်ရင်ခွက်ကြီးပဲ။တခါပြင်အ၀စားပေါ့။
ဒါကိုလုစားနိုင်ရင်တော့လိုက်ပွဲလိုမယ်မထင်။



ကဲ..ဘယ်လောက်စားစားမရိုးနိုင်တဲ့မြန်မာမုန့်ဟင်းခါးပါ။.မုန့်ဟင်းခါးဆိုဂျာမုန်းသိပ်ကြိုက်တာ။ ..ဒီနေ့လည်းလုပ်စားပြန်ပြီ။..ထပ်စားသွားနော်။ရန်ကုန်က..စိန်ဥမုန့်ဟင်းခါးလိုသဘောထားပေါ့ကွယ်။
အိုးဘဲဥလေးပါထည့်ထားပေးတယ်။

ကဲ...ဟော်ဒီမှာ...အိုးလိုက်နော်။အိမ်အထိသယ်သွားမယ်ဆိုသူအတွက်ပါ။.. အ၀ါရောင်ဗူးကတော့အချဉ်ရည်ထည့်ထားတဲ့လက်ပြစ်ဗုန်းပါ။..နည်းနည်းညစ်ထည့်ပြီးစားကြပါရှင်။ သံပုရာသီးအတွက်ပါ။

ကဲ..ဒါကတော့...၀က်သားလုံးချက်ပါ။..သားသားလေးရဲ့အဖေချက်ထားတာပါ။ သူကဈေးသွားရင်ဝက်သားတန်းကနေခွာလို့မရဘူး။ဈေးထဲပျောက်နေပြီလို့လိုက်ရှာရင်..သေချာပြီ. .၀က်သားတန်းမှာရှိကိုရှိနေတာ။ဝက်သားကြိုက်ပုံကတော့..ပြောကိုမပြောလိုက်ချင်ဘူး။.


ဒါကတော့...၀က်သားနဲ့၊၀က်သဲကိုပါးပါးလှီးပြီးကုန်းဘောင်းကြော်ထားတာပါ။...စားကြည့်ပါရှင်။


ဒါလဲ...ဒို့မြန်မာတွေအကြိုက်...ပဲနပ်ပေါ့ရှင်။...အားမနာတမ်းထည့်စားသွားကြပါရှင်။

ကဲ...ဂျာမုန်းနေကောင်းပြီဆိုရင်...ရှယ်ကိုချက်ကျွေးတာနော်။..လိုအပ်တာရှိရင်ပြောကြပါ။
ကဲ...စားဖို့တာဝန်ထပ်ပေးလိုက်ပါတယ်ရှင်။ကောင်းမကောင်းတော့အကြောင်းကြားပါအုံနော်။
ကြားချင်လို့ပါ။
အားလုံးကိုချစ်ခင်လေးစားလျှက်
ဂျာမုန်းဒန်
Type rest of post here

19 comments:

  1. အစ်မရေ လာပီ .... တွေ့ တာနဲ့  ကဆုန်ပေါက်
    ပြီးလာတာ ကြက်ပေါင်းခေါက်ဆွဲ တုတ်တယ်ဗျာ
    မုန့် ဟင်းခါးက တော့ မနက်ခင်းစားဖို့ ချိုင့်နဲ့ 
    သယ်တယ်ဗျာ အစ်မဂျာမုန်း မုန့် ဟင်းခါးပဲဗျ အစ်မ လက်ရာက ပိုကိုး သာတယ်
    စိန်ဥ သူ ဘယ်မှီလိမ့်မလဲ ဒေါ်ချိုလည်း မမှီဘူး ပြင်းတောင်ပြင်းသေး ထိုင်ငိုသွားမယ် မျက်ရည်ဘူးသီးလုံးလောက်ကျသွားမယ်
    တကယ် အစ်မ ရဲ့ မရယ်နဲ့ အဟုတ် အဲ ဟို ဘဲဥလေး လည်း ထည့်ပေးလိုက်ဦးနော် အစ်မ ဟဲဟဲ ... ဟော ဒီဝက်သားလုံး ချက်ကတော့ အစ်ကိုကြီး
    လက်ရာဆိုတော့ ထမင်းပူပူလေးနဲ့ အသာလေး
    မြု့ံသွားတယ် ကုန်းဘောင်ကတော့ နောက် ထမင်း တစ်ပန်းကန်ပေါ့ ဟော ပဲကတ္တီပါ ပြုတ် ကျော်ထားတာ လေးက မြန်မာ့အငွေ့  မြန်မာအသက်ပါဆိုတော့ အစ်မဂျာမုန်းရေ
    ဒီတစ်ခါလည်း ရန်ကုန်တော့ စူစကာ ပုဏ္ဏား က ငေးကြည့်ရလောက်အောင် စားသွားပါတယ် အောင်မယ်လေး မနည်းထရတယ် .... :D (ဟဲ့ကောင်လေး ရေသောက်နိုင်သေးလား -အစ်မဂျာမုန်း) အစ်မ မသောက်နိုင်တော့ဘူး :P
    အစ်ကို အစ်မတို့ ဘယ်သူမှ မလာခင် ကျနော် ပြန်ပါဦးမယ် စေတနာတန်ခိုးနဲ့ 
    တိုးလို့ သာ ပြည့်စုံကြပါစေ
    ခင်တဲ့ ရန်ကုန် :D

    ReplyDelete
  2. ဟင် အနော်က ဦးမလားလို့ ကမန်းကတန်းလာတာ အကိုရန်ကုန်သားနဲ့တိုးပါပေါ့လား
    မုန့်ဟင်းခါးက ကြည့်တာနဲ့တင် ဗိုက်ပြည့်တယ် အမရယ် လက်ရာက တကယ်ကောင်းမှာ
    စားချင်လိုက်တာ အိုးဘဲဥလေးနဲ့သာဆို ထမင်းလွတ် တွယ်ပစ်လိုက်မယ် ဟီး
    အိမ်နားနီးရင် ခန ခန လာလာတောင်းစားပါတယ် အဟုတ် တကယ်ပြောတာ :)
    ကြက်ပေါင်းခေါက်ဆွဲမစားဖူးဘူး အမ စားချင်လိုက်တာ
    တော်သေးရဲ့ ၂ ယောက်မြောက်ဆိုတော့ ကျန်ပါသေးတယ်နော်
    ဝက်သားလုံးလဲ အနော်ကြိုက်တယ် သိလား
    ဝက်ကလီစာလေးရောပဲ ပဲနှပ်လဲ ကြိတ်သွားတယ် အမ
    စားစရာတွေထဲ စေတနာရော မေတ္တာရော ပါတော့ စားကောင်းတယ် အမရယ်
    ဒီ့ထက် ဒီ့ထက် များများ ချက်ကျွေးနိုင်ပါစေ နေကောင်းကျန်းမာပါစေနော် အမ

    ReplyDelete
  3. အနော်နဲ့ရန်ကုန်သားတို့ဦးသွားပြီ
    ဒါပေမယ့်ရပါတယ်
    သြော်....သမီးကြီးး....သမီးကြီးးး
    ခုတော့လည်း သားကြီးနောက်မှာ ဟားဟား
    ကဲ...ဖြစ်ချင်တာဖြစ် မောင်ဘချစ်ကို စစားပါတော့မယ် မှန်းစမ်းး
    ကြက်ပေါင်းခေါက်ဆွဲ လုတယ်ဟေ့ လုတယ်ဟေ့ အလကားလုရရင် လက်က စက်ထက်တောင်မြန်တယ်ဟေးးးး သမီးကြီး
    ငတ်ပြီဟေး ငတ်ပြီဟေးးး
    ဆန်ပြားအဝါလိုက်ပွဲကို ထပ်ပြီး လုတယ်ဟေး
    လုတယ်ဟေး သမီးကြီး ငတ်ပြန်ပဟေးး
    ကလေးအဖေကြီးရေ စိတ်မကောင်းဘူးဗျာ
    ဟီးးး “ငတ်မရှက်”ဆိုတဲ့စကားရှိတယ်
    သားကြီးကတော့ မငတ်လည်းမရှက်ပါဘူး
    ရှက်ကြောဖြတ်ထားတယ်
    လိုက်ပွဲမလိုအောင် လုစားလိုက်ပြီ ကလေးအဖေကြီးရေးးး
    သမီးကြီးတော့ ငတ်ပြန်ပဟေးးး :P
    ဘဲဥလေးပါထည့်ထားတဲ့ မြန်မာ့မုန့်ဟင်းခါးကို မြန်မာပါးစပ်ကြီးနဲ့ပဲ
    စားပြန်ပဟေးးး
    သမီးကြီးတော့.. ဟီးး ငတ်ပြီးရင်း ငတ်ရင်းပဲဟေးးးး
    ပဲနပ် ဝက်သဲပါတဲ့ပွဲကိုတော့ မစားတော့ဘူး
    အသဲစားရမှာပျင်းလို့ သြော်...သမီးကြီး
    ကံကောင်းသေးတာပါပဲလား
    ဝက်သားလုံးချက်ကို အိတ်ထဲအကုန်ထည့်သယ်သွားမယ်
    သမီးကြီးရောက်လာရင် ပန်းကန်အလွတ်သာပေးလိုက်နော်အစ်မ
    ဟီးးးးး....သမီးကြီးတော့ ပေါက်ကွဲနေလောက်ပြီ :P

    ReplyDelete
  4. စိတ်ညစ်တာတွေအမြန်ပျောက်..ပျော်စရာတွေမြန်မြန်ရောက်
    လာပါစေ အစ်မရေ...
    အဆင်ပြေသွားမှာပါ...

    ReplyDelete
  5. ကောမင့်ဖတ်နေရရင်..တကယ်စိတ်ညစ်တာတွေပျောက်တယ်။
    ကောမင့်ကိုရေးပေကြတဲ့ညီကိုမောင်နှမများအားလုံးကိုဂျာမုန်း
    အထူးပဲကျေးဇူးတင်ပါတယ်ရှင်။
    ဂျာမုန်းအတွက်ကကောမင့်လေးဟာအားဆေးတစ်ခွက်ပါ။

    ReplyDelete
  6. ရှောင်းဂျာလေးးးးးးးးးးးးးးးးးးးးးးးးး
    ကုန်သွားပြီလားဟင်
    ထင်ပါဘူးနော် ရှောင်းဂျာလေးက မီးဖို့ တော့
    ဖယ်ထားတယ်ဟုတ် စားမယ်သိလား မတားနဲ့ အကျန်တွေပေါ့ ဟီဟီး
    တ့ာတာနော်းးးးးးးးးးးးးး

    ချစ်တဲ့
    မြူးလေး

    ReplyDelete
  7. အားးးးးးးးးးးးးးးးးးးးး
    အီးးးးးးးးးးးးးးးးးးးးးးးးး
    ဟီးးးးးးးးးးးးးးးးးးးးးးး
    ဟီးးးးးးးးးးးးးးးးးးးးးးးးး
    ဗြဲ ရွှတ် ပလွတ် ဗြွတ် ဖတ်...
    ဟင့် ဟင့် ဟင့်
    ရကောက်နဲ့ ကိုသားကြီးးးးးးးးးးးးးးးး
    ဗိုက်ဆာဆာနဲ့ ပြန်လာတဲ့ သမီးကြီးကို အငတ်ထားတယ်။ အီးးးးးးးးးးးးးဟီးးးးးးးးဟီးးးးးးးးးးးးး
    အကုန်လုံးကို စားသွားတာပဲ။
    ပြောင်ကုန်ပြီ ပန်းကန်တွေ။ နင်တို့ ထိပ်တွေလဲမြန်မြန်ပြောင်ပါစေ။ ဒါပဲ။
    လက်သီးစာ ကျွေးရသေးတာပေါ့။
    ဒါက ညာလက်သီးးးး ဖုတ်... ဒါက ဘယ်လက်သီးးး ဖုတ်.... နှစ်ကောင်လုံးလဲ ပြီ ဟဟဟဟဟားးးးးးးးးးးးးးးးး

    ReplyDelete
  8. မမမေမေရေ...ဘာတွေဖြစ်လို့ စိတ်ညစ်နေတာလဲဟင်။
    သမီးကိုပြောပြလေ။
    မရေ... ပျော်ရွှင်ပါစေနော်။
    မောင်လေးရောပဲ ကျန်းမာပါစေ။
    မေမေတို့ မိသားစု ငြိမ်သက်ခြင်း၊ ချစ်ခြင်း၊ ပျော်ရွှင်ခြင်း၊ ၀မ်းမြောက်ခြင်းများနဲ့ ပြည့်စုံဖို့  ဘုရားရှင်ကောင်းကြီးပေးပါစေ။

    ချစ်တဲ့
    သမီးကြီး

    ReplyDelete
  9. Hi

    Don't b upset sister.
    I love to read ur blog.
    U look very good in cooking.
    I can't use mm fonts in office PC.

    Cheerssss

    ReplyDelete
  10. အကုန်အကြိုက်ကြီးပဲဗျို့။ ညီမ ပဲနပ်လိုမျိုး ၀ယ်ထားသေးတယ်။ သုပ်စားအုံးမယ်။

    ReplyDelete
  11. ဟင့် လာတာနောက်ကျတွားလို့
    သားကြီးနဲ့ သမီးကြီး ရန်ဖြစ်တာ ဟင်းတွေအကုန်မှောက်ကျကုန်ပြီ။
    ဝါးးးးးးးးးးးးးး
    အတစ်ချက်ပေးးးးးးးးး

    ReplyDelete
  12. လုစားချေးနော်ဆိုတော့ တစ်မျိုးကြီးဖြစ်သွားတယ်။ ချေးတော့လုမစားပါရစေနဲ့။း)
    လုစားကြေးနော်လုပ်ပါ။
    အိမ်ရှင်မ သိပ်ပီသတာပဲနော်။ ချက်တတ်ပြုတ်တတ်လိုက်တာ။
    အားကျတယ်။

    ReplyDelete
  13. မုန်းဟင်းခါးရှိရင်အိုကေပြီ

    ReplyDelete
  14. ဂျာမုန်းဒန်
    လာရောက်အားပေးပါတယ်နော်။ကျမပုံတွေ
    ကြည့်ပြီးဗိုက်ပြည့်သွားလို့ကျေးဇူးပါ။နောက်ဆို
    ဝိတ်ချနေတဲ့ကျမ ဗိုက်ဆာတိုင်းလာလာပြီ
    ကြည့်မယ်နော်။

    မြတ်လေးငုံ

    ReplyDelete
  15. harr..ama yay...special par lar...mote hin khar ka tot sar lite ya te...a yan kg te..but kyat paung noddle ka tot ma sar lite ya bu....:)...nout ta khar loat yin pyaw naw..lar sar oo me...:)

    ReplyDelete
  16. may i have the recipe for the chicken noodle , please?

    ReplyDelete
  17. ကြက်ပေါင်းခေါက်ဆွဲ ဘယ်လို လုပ်လဲဟင်။ သမီးမှာ ဆန်စီးရှိနေတယ်။ မလုပ်တတ်လို့ ဒီတိုင်းဘဲ သိမ်းထားရတယ်။

    ReplyDelete