Monday, September 14, 2009
စားကြမယ်နော်....ဂွတ်ရှယ်....ဟင်းစုံပါရှင်
စားကြမယ်နော်....ဂွတ်ရှယ်....ဟင်းစုံပါရှင်...လို့ဖိတ်ခေါ်လိုက်ပါရစေရှင်။ ဒီတလော..အင်တာနက်မကောင်းနေတာကြောင့်..ဂျာမုန်း.ဟင်းတွေမချက်ကျွေးဖြစ်ဘူးနော်။
အားလုံးကိုတော့....အမြဲသတိရနေတာပါ။..အိပ်ပျော်နေတာကလွဲလို့ပေါ့။.
ဒါကြောင့်...ဒီနေ့တော့အထူးစပါယ်ရှယ်ချက်ထားတယ်။အားရပါးရစားသွားရမယ်နော်။
ဟော်ဒါက...ငါးကြော်ချက်ပါ။.ငါးတွေကိုအရင်ကြော်ပြီးအပေါ်မှာကော်ရည်နဲ့ချက်ထားတဲ့အစာ ပါလာတွေနဲ့ပြန်အုပ်ထားတာပါ။ကြက်သွန်နီ၊ခရမ်းချဉ်သီး၊ငရုတ်သီးစိမ်း၊ဂျင်းပါးပါးလှီးပြီး ကော်ရည်နဲ့ချက်ထားတာပါ။ဒါလေးကို အပေါ်မှာအုပ်လိုက်ပါတယ်။..စာကြည့်နော်..။
ဒါလည်း...ဂျာမုန်းရဲ့....ထီထွင်အစားအစာတစ်ခုပါ။မနက်စာအတွက်ပြင်ဆင်ထားတာလေ။ စားသွားနော်။ဆန်အမှုန့်ကိုရေနဲ့ဖျော်ပြီးဒယ်အိုးမှာအရင်ပြန့်အောင်လောင်းထည့်တယ်။ ကျက်ပြီဆိုရင်ကော်ပြန့်အပေါ်မှာတောက်တောက်စဉ်းပြီးကြော်ထားတဲ့အသားကိုထည့်ပြီး လိတ်လိုက်တယ်။ဒါပါပဲ...စားသွားနော်။
ဒါကတော့...ပဲပြားအစပ်ချက်ပါ။..ဂျာမုန်းအရမ်းကြိုက်တဲ့အစားအစာလေ။
ကော်ရည်လေးနဲ့ပဲပုတ်ထည့်ပြီးအစပ်ချက်ထားတာနော်။မြည်းကြည့်နော်...လျှာလည်သွားမယ်နော်။
ဒါကတော့...၀က်နှံရိုးနဲ့မှိုပေါင်းချက်ပါ။
မှိုချောက်ကိုရေစိမ်ပြီးဝက်နှံရိုးနဲ့ပေါင်းပြီးအချိုလေးချက်ထားတာပါ။စားသွားနော်။
ဒါက..ကြက်သားကြော်ပါ။
ဒါကတော့...၀က်သားလုံးကြော်ထားတာပါ။
ဒါကတော့..ကြက်ဥလိတ်ကြော်ပါ။
ဂျာမုန်းဟိုတခါလည်းလုပ်ကျွေးဘူးပါတယ်။...ထပ်စားသွားပါရှင်။
ဒါကတော့...ထမင်းပါတခါတည်းချက်ထားပေးတာနော်။အဆင်သင့်ခူးစားသွားကြပါရှင်။
ကဲ...ဒီနေ့အတွက်....ဂွတ်ရှယ်ဟင်းစုံတွေကဒီလောက်ပါပဲရှင်။အားရပါးရစားသွားကြပါလို့ပြောလိုက် ပါရစေ။...နောက်နေ့လဲချက်ကျွေးအုံးမယ်။..ဒါအကုန်စားမှနော်။
အားလုံးကိုချစ်ခင်လေးစားလျှက်
ဂျာမုန်းဒန်
Type rest of post here
32 comments:
  1. hay a ma,
    do. a ma chat yin daw. ever good shal bae :)
    ReplyDelete
  2. ဟေးးးးးး အစ်မဂျာမုန်း နေကောင်းတယ်နော် ကျွန်တော်ခုတလေ ခံတွင်းတွေ ပျက်နေတာ အစ်မဂျာမုန်းလက်ရာတွေကို သတိတွေရ တာမှ အစ်မ ထမင်းတွေ အများကြီးမထည့်နဲ့ အာ .... ဟဲဟဲ ဟုတ် ....ငါးကြော်နှပ် ဟုတ် စားမယ် ....အစ်မရဲ့ တည်ထွင်ထားတဲ့ ကော်ပြန် ကတော့ အကုန်ကို စားပစ်လိုက်မယ် ....ပဲပြား အစပ်ချက်.... ရှူး ....စီးးးး.... ကောင်းတယ် အစ်မ အာကာသတွေ ပွင့်တာပေါ့ ....ဝက်နံ ရိုးက နူးအိနေတာပဲ ... အရိုးနားကပ်တဲ့ အသား များ ... နောက်ဆက်တွဲ ဆက်ဖြည့်လိုက်မယ် ကြမှာ အရိုး ဝက်မှာ နံရိုးလို့ ... ဟီးဟီး .... ကြက်ကြော် ကပြီးမှ ပြီးမှ အစားပိတ် အစား ပိတ် ...ဝက်သားလုံးကြော် က နောက် ဆုံး ထမင်းလုပ်နဲ့ ပေါ့ အစ်မရာ ... ဟာ ကြည့်ကြည့် ညီလေးက ကျနော်စားတာကြည့်ပြီး ရယ်နေပြီ ..... ဟဟ ရှက်တောင်ရှက်တယ် ကလေးတောင် ရယ်တယ် ...ကြည့် ကြက်ဥလိတ်ကြော်က ရေနွေးလေးနဲ့ ကြက်ကြော်လေးနဲ့ သောက်မယ် ..... အိုးဟိုးဟိုး ဟိုး ..... ကောင်းလိုက်တာ အစ်မရယ်အစ်မ မောင် ခံ တွင်းတွေ ပျက်နေတာ ခုတော့ အာဟာရ သိဒ္ဓိတွေ ပြီးသွားပြီ ... စာပြန်ဖတ်လိုက်ဦး မယ် .... အမယ်လေး ... မနည်းတောင် ထရ တယ် ... ဟီး။။။။
    စေတနာတန်ခိုးနဲ့  တိုးလို့ သာကြီးပွါးပါစေ အစ်မဂျာမုန်းရေ ... ညီလေးတာ့တာ သွား ပြီ .....
    ခင်တဲ့
    ရန်ကုန် :)))))) ကျေးဇူး အစ်မရေ ........... ကျေးဇူး..............
    ReplyDelete
  3. ဟဟ ဖြူစင်နဲ့ ကိုယုယ ပါလား ကျနော်တော့ ပြန်ပြီ ....ကိုသားကြီးလည်း ပါသကိုး ..... ဘိုင့် ဘိုင် ..... လစ်မှ လစ်မှ ရန်ကုန်သား အစားဆို ပြီး စကားဖြစ်နေမှ ခက်မယ် .... :P အစ်မဂျာ မုန်းရေ သွားပြီနော တာ့တာ .... :))))
    ReplyDelete
  4. များကြီး စားသွားတယ်
    လှမှလှ ကောင်းမှကောင်း
    ညီမပြောလို့ ပို့စ်ရေးပြီပေါ့
    ReplyDelete
  5. ကျနော့အစ်မဂျာမုန်းဒန်က အဲလိုသိတတ်တာ
    ဆာနေချိန်မှတမင် ချက်ကျွေးတတ်တယ်
    ဝမ်းသာတယ်
    သားသားလေးကိုလွမ်းတဲ့စိတ်နဲ့ရော
    သားသားလေးရဲ့မေမေကို သတိရတဲ့စိတ်နဲ့ရော
    တဝကြီး စားပစ်မယ် :)
    ReplyDelete
  6. အယ်
    အားလုံးကိုသတိရနေတယ်
    အိပ်လည်းပျော်နေတယ်ပေါ့
    သားသားလေးရေ သားသားလေးနိုးလို့
    မေမေမနိုးသေးရင် အသံအကျယ်ကြီးနဲ့အော်ပစ်လိုက် သိလား
    အဲဒါမှသားသားမေမေက ဦးဦးတို့ကိုသတိရမှာ :P
    ReplyDelete
  7. ဒီနိုင်ငံမှာ ငါးဆိုရင်နည်းနည်းဈေးမြောက်တယ်
    ခုတော့တွေ့ပါပြီကော
    ပိုက်ဆံတပြားမှမကုန်တော့ဘူး
    ငါးအကြော်ကို ကော်ရည်နဲ့ပြန်ချက်တာတဲ့
    ကြက်သွန်နီ ခရမ်းချဉ်သီး ငရုတ်သီးစိမ်း ဂျင်းတွေပါ ထည့်ထားသေးတယ်
    ကောင်းလိုက်တာဗျိုးးးးးးးးးးးးးးးးး
    ReplyDelete
  8. ကဲ
    ခုတခါတော့
    သားသားလေး မေမေရဲ့တီထွင်လက်ရာတဲ့
    မနက်စာဆိုပေမယ့် ညရောက်မှ ဦးဦးလာစားရတယ်ကွယ်
    နာမည်ဘယ်လိုခေါ်လဲ?
    မရေးထားတော့မသိလိုက်ဘူး
    နာမည်ကအရေးမကြီးပါဘူး
    စားကောင်းဖို့သာအဓိက
    ဦးဦးတော့ အစ်မဂျာမုန်းရဲ့ လက်ရာအသစ်လို့ပဲနာမည်ပေးလိုက်မယ်
    ဖြစ်လားဟင် သားသား?
    ReplyDelete
  9. ဦးဦးနဲ့ သားသားလေးနှစ်ယောက်ပဲစကားကောင်းနေတာ
    တလောကလုံးတိတ်လှချည့်
    ရှူးးးးးး တိုးတိုးးး သားသားလေး
    သားသားလေးအစ်မ သမီးကြီးလာရင်လေ
    “ငတ်ပြီဟ ငတ်ပြီ”
    ပျော်စရာကြီးနော် သားသား?
    ဦးဦးတဝဆွဲသွားမယ် သမီးကြီးအတွက်မကျန်ရအောင်လို့ :P
    ReplyDelete
  10. သားသားမေမေကပြောတယ်
    သူ့ရဲ့အကြိုက်ဆုံးအစားအစာတဲ့
    ပဲပြားအစပ်ချက်ကိုလေ
    ဦးဦးက နည်းနည်းအပျင်းကြီး လို့လားတော့မသိဘူး
    ငါးနဲ့ ပဲပြားဆိုရင် ပဲပြားပဲ စားချင်တယ်
    ငါးဆိုရင် အရိုးနွင်နေရတာ စိတ်မရှည်ဘူးလေ
    ပဲပြားစားတာ သက်သတ်လွတ်သဘောမျိုးလည်း
    သက်ရောက်တယ် နောက်ပြီး
    အရိုးစူးမှာမပူရဘူးလေ
    ခုတော့ သားသားလေးမေမေက
    ကော်ရည်ရယ် ပဲပုတ်ရယ် ရောပြီးအစပ်ချက်ထားသတဲ့
    ကောင်းချက်ကတော့
    ဦးဦးဆွေမျိုးတွေတောင်မေ့သွားပါတယ်ဆို :P
    ReplyDelete
  11. သားသားမေမေကပြောတယ်
    သူ့ရဲ့အကြိုက်ဆုံးအစားအစာတဲ့
    ပဲပြားအစပ်ချက်ကိုလေ
    ဦးဦးက နည်းနည်းအပျင်းကြီး လို့လားတော့မသိဘူး
    ငါးနဲ့ ပဲပြားဆိုရင် ပဲပြားပဲ စားချင်တယ်
    ငါးဆိုရင် အရိုးနွင်နေရတာ စိတ်မရှည်ဘူးလေ
    ပဲပြားစားတာ သက်သတ်လွတ်သဘောမျိုးလည်း
    သက်ရောက်တယ် နောက်ပြီး
    အရိုးစူးမှာမပူရဘူးလေ
    ခုတော့ သားသားလေးမေမေက
    ကော်ရည်ရယ် ပဲပုတ်ရယ် ရောပြီးအစပ်ချက်ထားသတဲ့
    ကောင်းချက်ကတော့
    ဦးဦးဆွေမျိုးတွေတောင်မေ့သွားပါတယ်ဆို :P
    ReplyDelete
  12. “အသီးမှာသရက် အသားမှာဝက်”တဲ့
    ခုတော့ သားသားလေးမေမေက
    ဝက်နံရိုးနဲ့ မှိုပေါင်းဆိုပါလား
    ဝက်နံရိုးဆိုတာ ဦးဦးတို့ဆီမှာ အရမ်းဈေးကြီးတာ သားသားရ
    “ဝက်နံရိုးရယ် မှိုချောက်ရေစိမ်ရယ်”ပေါင်းပြီးချက်ထားတဲ့
    ချိုချက်လေးတဲ့ဗျာ
    လျှာကိုလည်ရော
    စကားတောင်မပီတော့ဘူး ဟီးးး
    (ဦးဦးကအဲလိုအစားမက်တယ် သားသားနဲ့တူတယ် :P)
    ReplyDelete
  13. ကြက်သားကြော်ရယ်
    ဝက်သားလုံးကြော်ရယ်ကို ကျော်လိုက်မယ်ကွာ
    နော်...သားသား :)
    ReplyDelete
  14. ကဲ
    ဟောဒီမှာ .ကြက်ဥလိတ်ကြော်တဲ့
    တခါစားဖူးလို့မမေ့ဘူး
    အရင် သားသားမေမေလုပ်ကျွေးဖူးတယ်လေ
    ခုတခါ မမျှော်လင့်ဘဲ ပြန်စားရပြန်ပြီ
    ရှလွတ် :P
    ReplyDelete
  15. သားသားမေမေကပြောတယ်
    ဒါအကုန်စားမှ နောက်နေ့ချက်ကျွေးမှာတဲ့
    ဟီးးးး ဦးဦးစားတာ အစကတည်းက အကုန်ပြောင်ပါဆို:P
    အားရပါးရတင်မကဘူး
    အားမနာလျှာမကျိုးကိုစားသွားတာ
    အဟိ.... လမ်းတောင်ကောင်းကောင်းမလျှောက်နိုင်
    တော့ဘူးးးးး
    :P
    ReplyDelete
  16. သားသားလေးနဲ့ မိသားစုကို
    ဘုရားသခင် စောင်မပါစေ
    ဦးဦးပြန်ပြီနော်
    တာ့တာ
    good night
    sweet dream...
    သားသားမေမေကိုလည်း ဦးဦးလာလည်တဲ့အကြောင်းပြောပြလိုက်ဦး
    နော်
    bye...သားသားရေ :)
    ReplyDelete
  17. ရန်ကုန်သားနဲ့သားကြီးရဲ့ကောမင့်ကိုဖတ်ရင်းဂျာမုန်းပါးစပ်ပိတ်လို့ကိုမရတော့ဘူး။
    တဟားဟားနဲ့ရယ်နေမိတယ်။
    ကောမင့်ကိုဖတ်နေရရင်ထမင်းမေ့၊ဟင်းမေ့ပါရှင်။
    စိတ်ရှည်ရှည်နဲ့ရေးပေးတဲ့ရန်ကုန်သားနဲ့သားကြီးကိုကျေးဇူးအထူးတင်ပါတယ်။
    သားသားလေးက...လည်းအရမ်းကိုပျော်နေရှာတယ်။
    ”မေမေ...ဦးဦးတို့ကိုနက်ဖြန်လည်းပြန်ချက်ကျွေးအုံးနော်”တဲ့။
    ReplyDelete
  18. အောင်မလေး..... အောင်မလေး.......
    ရကောက်နဲ့  သားကြီး။
    ဟင် ငတ်ကြီးကျလိုက်ကြတာတော်။
    ငါစားဖို့ တစ်ခုမှ မကျန်ပါလား။
    ပြောင်သလင်းခါနေတယ်။
    နှစ်ကောင်လုံးကို ရန်လာရှာမယ်။
    နေနှင့်ဦးပေါ့လေ။
    ReplyDelete
  19. အယ်.......မောင်လေးက လိမ္မာလိုက်တာ။
    မမအတွက် ချန်ထားပေးတယ် တွေ့ လားသားကြီး။ ဟွန်းးးးးးးးးးးးးး
    ငါ့မောင်လေးက သူ့ အကိုအစားကြီးတာ တူပေမယ့် သူ့ အမကိုချစ်တယ်။ နင့်လို အကျင့်မပုပ်ဘူး။ ဒါဗြဲ
    လိမ္မာတဲ့မောင်လေးရေ... အာဘွားးးးးးးးးး
    ReplyDelete
  20. မမမေမေရေ...သတိရလို့ ချက်ကျွေးတာ။။ သမီးခုတလော နေမကောင်းဘူး။ အားမရှိတာနဲ့ အကိုက်ပဲ။ ဘုရားသားသမီးတွေဆိုတာ ဒီလိုပဲ အမြဲတမ်းကောင်းကြီးခံစားရတယ်။ ဟိဟိ
    ကျေးဇူးပါမေမေရေ.....
    ငါးတွေ အရိုးဆူးမှာစိုးလို့ ဆိုပြီး အရိုးတောင်နွင်ထားပေးတယ်။ မမမေမေကို အဲဒါကြောင့်ချစ်တာ ဟိဟိ အာဘွားးးးးးးးးးးးး
    မမမေမေ တီထွင်ထားတဲ့အစားလေးလဲ စားတယ်။
    အားးးးးးလားလားးးးးးးး ပဲပြားက စပ်တယ်။ ဒါပေမယ့် စားလို့ ကောင်းတယ်။ ဟိဟိ
    ReplyDelete
  21. ကြက်သားကြော်။ ၀က်သားလုံးကြော်၊ ကြက်ဥလိပ်ကြော် ကောင်းမှကောင်းးးးးးးးးးးးး
    အားးးးးးးးးးးးးပါးးးးးးးးး
    ထမင်း သုံးပန်ကန်းနဲ့ စားလို့ တကယ်ဝသွားပြီ။
    ဟီးးးးး နောက်နေ့ စားရဦးမယ်တဲ့။
    ပျော်လိုက်တာ။ ခုတော့ ဗိုက်တင်းလို့ အိပ်တော့မယ်။
    ထော့နဲ့ ။။။ ထော့နဲ့ တောင်ဖြစ်လာပြီ။
    မောင်လေးရေ....... မမပြန်အိပ်ပြီနော်။ အာဘွားးးး
    ကျေးဇူးတင်ပါတယ် မေမေရေ..
    ဘုရားရှင်ကောင်းကြီးပေးလို့  ပျော်ရွှင်ပါစေနော်။
    ReplyDelete
  22. ဟိုနှစ်ကောင်ကို သွားထုဦးမယ်။ ပြန်ဘီနော်။
    တတာ
    ReplyDelete
  23. မမရေ အကုန်လုံး နည်းနည်းစီ မြည်းသွားတယ်နော်
    ReplyDelete
  24. အားလုံးကြိုက်တယ်...ရှလွတ်
    ReplyDelete
  25. အောင်မလေးနော် သောင်းကျန်းသွားလိုက်ကြတာ အများကြီးပဲ ဒီကပြောမယ့်စကားတွေတောင်ဘယ်ရောက်ကုန်လည်းမသိဘူး ဘာပဲဖြစ်ဖြစ် မမဂျာမုန်းနဲ့နေချင်လိုက်တာ။ စားကောင်းမှာတွေပဲ ချက်ကျွေးတယ်။ ကျေးဇူးပါမမရေ။ အကုန်တွယ်သွားတယ်။ နောက်လူအတွက်မကြည့်တာမဟုတ်ပါဘူး ငတ်နေတာ ကြာလို့ပါ အဟိ
    ခင်မင်လျှက်
    ညီမလေး ပါးလုံး
    ReplyDelete
  26. ၀က်သားလုံးကြော်နဲ့ ၀က်နံရိုးကတော့ ရှယ်ပဲခင်ဗျ..
    ပြောရရင်တော့ အားလုံးအကြိုက်ပဲ..
    မစားရတာကြာတော့ စားပွဲကြီးပါမျိုချ ပစ်လိုက်ချင်ပါတယ်
    ပျော်ပါစေ အစ်မရေ..
    ReplyDelete
  27. အာခြောက်တယ်..ဗျို့....။
    ReplyDelete
  28. အစ်မရေ...ဗိုက်ဆာဆာနဲ့
    သားရေလာကျပါတယ်ခင်ဗျား
    ReplyDelete
  29. ကဗျာဆန်နေတယ်။ စားတောင်မစားရက်ဘူး။
    လှတပတ ပြင်ထားတာလေးတွေ အတုခိုးသွားတယ်နော်။
း)
    ReplyDelete
  30. ပဲနှပ်ဆို အသဲအသက်လိုပါပဲ
    ဝက်ကုန်းဘောင် မညင်းပေါင်
    ဝက်နံတကိုက် ခေါင်ရည်တကျိုက်
    ဆန်စီးဆန်ပြား စားတယ်ဗျား
    ဝက်သားလုံးကြော် မုန်းဘူးနော်
    ဝက်နံနဲ့မှို ကောင်းတုန်းဗျို
    ပန်ထွေသခွါး လိုက်တယ်ဗျား။
    မမဂျာမုန်းရေ ဗိုက်ဆာဆာနဲ့
    တော်တော်စားလိုက်ပါတယ်
    ဆောင်းဝင်ရင်ခေါပျဉ်ကြွေးပါအုံးနော်
    ကျေးဇူးပါဗျာ
    ReplyDelete
  31. ma ma yay cook nee lay tway a chin ya yin tin pay bar nor. a lote shote tar ma hote bar buu ma cook tat lo. bar kyay zuu nor
    ReplyDelete
  32. hello! a ma gyi,
    Will you please kindly share the way u cook & recipe of all your delicious dishes.
    Thanks a lot in advance..
    ReplyDelete