Monday, September 28, 2009

***ချစ်ဇနီးလေးပြင်ဆင်ပေးသောခင်ပွန်း၏မွေးနေ့ပွဲလေး ***



ချစ်တဲ့သူငယ်ချင်းများရှင်...ယခုပြသထားတဲ့အရာတွေအားလုံးဟာ..ပြီးခဲတဲ့..စနေ၊တနင်္ဂနွေနေ့မှာ.. ကျင်းပပြုလုပ်ခဲ့တဲ့..ဂျာမုန်းချစ်ချစ်ကြီးရဲ့...မွေးနေ့ပွဲလေးပဲဖြစ်ပါတယ်ရှင်။ခင်ပွန်းကို..ချစ်ချစ်ကြီးလို့ တင်စားခေါ်ဝေါ်ခြင်းဟာ...အကြောင်းရှိလို့ပါ။...ဂျာမုန်းမှာချစ်ချစ်လေးဆိုတဲ့..အသက်မကချစ်ရတဲ့ သားလေးလည်းရှိနေလို့ပါရှင်။....ချစ်ချစ်ကြီးနဲ့ချစ်ချစ်လေးဟာမတူဘူးလေ။.....ချစ်ချစ်လေးမှာ.. အသက်မကချစ်ရမဲ့သားလေး...ဆိုပြီးနောက်ဆက်တွဲစာသားပါလာသော်ညားလည်း....ချစ်ချစ်ကြီးကို ချစ်တဲ့.. ချစ်ခြင်းမေတ္တာ..ကလည်း...တိုးတထက်တိုးလာပါပေတယ်။

ဒါကြောင့်...ဂျာမုန်းမမောနိုင်တော့ပါ....အချစ်သည်အရာရာကိုဖုံးလွမ်းနိုင်သလို....အမောကိုလည်း.. ပြေစေပေးနိုင်တဲ့စွမ်းအားရှင်ကြီး..တစ်ခုပါရှင်။..အိမ်ထောင်ရှင်မတစ်ယောက်ရဲ့..တာဝန်ဝတ္တရားတွေ ကို..ထမ်းဆောင်ပြုလုပ်ရခြင်းမှာလည်း...အင်မတန်ကြည်နုးစရာကောင်းတဲ့...အရာတစ်ခုလို့ဂျာမုန်း ထင်မိပါတယ်။.....
ဘ၀မှာ..အရာရာအားလုံးကို..အကောင်းမြင်ဝါဒနဲ့ကြည့်နိုင်သလို.....သာမှန်အရာကိုလည်း... ထူးခြားအောင်မြင်တတ်ဖို့လိုအပ်ပါတယ်။.ဒါကြောင့်..ဂျာမုန်းချစ်တဲ့...ခင်ပွန်းအတွက်ဆိုရင်လည်း. ..ထူးခြားလေးနက်စေလိုတဲ့ဆန္ဒအပြည့်နဲ့.....ဒီမွေးနေ့ပွဲလေးကို..ဖန်တီးပေးနိုင်ခဲ့ပါတယ်။

ကဲ...ဂျာမုန်းချစ်တဲ့...ဘလောမောင်နှမများနဲ့၊သူငယ်ချင်းများအားလုံးကိုလည်း...မွေနေ့အစားအစာ. များကိုသုံးဆောင်ဖို့...လှိုက်လှိုက်လဲလဲကြိုဆိုလိုက်ပါတယ်ရှင်။.ခါတိုင်းထက်ပိုစားရမယ်နော်။


ဒါလေးတွေဟာ...ဟင်းတွေကိုပန်းအလှဆင်နိုင်ဖို့အတွက်.....ညကတည်းက..ဂျာမုန်း. .ပြုလုပ်ထားတာပါ။
******************************************

ဒါကစနေနေ့ကအစားအစာတွေနော်။
ဒါက.ဂျာမုန်းအမြဲပဲကြော်စားတဲ့..ကြက်ဥလိတ်ပါ။..စားသွားနော်။

ဒါလည်းကြက်ဥလိတ်ကြော်ပါ။..သခွားသီးနဲ့..ပန်းအလှဆင်ထားတယ်။.... ဆင်ထားတဲ့ပန်းလေးတွေကိုကိုက်စား သွားနော်။...ပိုပြီးအရသာရှိလိမ့်မယ်ထင်။

ဒါက..ဂျာမုန်းအမြဲလုပ်ကျွေးတဲ့..အားလူးကိတ်ပါ။..နိုက်စားသွားနော်....အားနာနဲ့သိလား။

ဒါက...ကြက်သားနဲ့ပန်းမုန်လာကြော်ပါ။..ကြက်ရင်အုပ်သားနဲ့နော်။..စားသွား...သိလား။

ဒါက...ညအတွက်..အသားကင်ဖို့နယ်ထားတာပါ။..ဒုတ်နဲ့မထိုးရသေးဘူး။. .မစားနဲ့အုံး....ကြည့်ဖို့ပဲနော်..။

ဒါက...၀က်ဥချောင်းကင်ဖို့ပါ။..ဘေးမှာတစ်ခုပြထားတယ်..ဒါကိုလှီးပြီး...ခရမ်းချဉ်သီး၊ကြက်သွန်နီနဲ့ ရော..ထိုးထား တာပါ။..ဒီထဲမှာ..ငရုတ်သီးအပွအကြီးကိုလှီးပြီးထည့်ရင်လည်းပိုကောင်းတယ်။

အဆင်သင့်..ဒုတ်ထိုးပြီးပြီ....ခဏလေးစောင့်အုံးနော်..ကင်ပေးအုံးမယ်။
ကြက်သဲ၊ကြက်မြစ်၊ကြက်ပေါင်၊ကြက်တောင်ပံ၊၀က်သား၊၀က်သဲ၊ကြက်ဆီဖူး၊ပဲပြားကင်၊
မှိုကင်၊သံလွင်သီးနဲ့ ၀က်နှားရွက်တွေပါပါတယ်။

ကဲ...ကင်နေပါပြီ....တစ်ချို့တွေစားလို့ရပါပြီ....စားလို့ရတာနဲ့..နိုက်စားနော်။
...ရှက်နေရင်တော့ငတ်မယ်။
********************************************

ဒါက..တနင်္ဂနွေနေ့အတွက်အစားအစာပါ။
ဒါကတော့...စပါယ်ရှယ်..ဂဏန်းချက်ပါရှင်။....ဒီဟင်းကိုသူငယ်ချင်းတွေ..အကြိုက်ဆုံးပေါ့ရှင်.. .ဂျာမုန်းလည်းအရမ်းကြိုက်တယ်လေ။.....ဈေးကလည်းမနည်းဘူး...ယူရို...၁၀..ပေးဝယ်ခဲ့ရတယ်။. .မမမိုးကောင်းသူနဲ့ညီမလေးမိုးမိုးတို့ဆီက..ချက်နည်းကိုယူပြီးချက်ထားတာပါ။.
.ဟဲ..ဟဲ..အရမ်းကောင်းတယ်လို့ပြောကြတယ်။


ဒါက...ငပိချက်နဲ့တို့စရာပါ။..သရက်သီး၊ခရမ်းကြွပ်သီး၊နဲ့သခွားသီးပါ။.
..ထမင်းဝိုင်းကိုမိန်စေတဲ့ဟင်းကောင်းပါရှင်။


ဒါက...၀က်သားနဲ့ပဲတောင့်ကြော်ပါ။

ဒါကတော့...ပြောရမှာတော့အားနာတယ်။....ကြက်အရေခွံကို...ဆန်မှုန့်၊ဂျုံနဲ့..ရောကြော်ထားတာပါ။...သူငယ်ချင်း တစ်ယောက်က..ပြောပြလို့ကြော်စားကြည့်တာ..ကောင်းတော့ကောင်းတယ်...စားကြည့်နော်။


ဒါက....အစားကြီးသူအတွက်နော်...ထပ်စားဖို့ပါ။
***********************************************
အစားအသောက်ကတော့....ဒီလောက်ပါပဲ။

နောက်ထပ်ကြွားဖို့က...လက်ဆောင်တွေပါ။
ဒါက..ချစ်ချစ်ကိုလာပေးကြတဲ့မွေးနေ့လက်ဆောင်တွေပါ။

ကျမပေးတဲ့လက်ဆောင်က....တီရှပ်အနီရောင်လေးပါ။ဒါက..မြင်ရတဲ့လက်ဆောင်ပေါ့။
မမြင်နိုင်တဲ့လက်ဆောင်တစ်ခုက..တန်းဖိုးမဖြတ်နိုင်တဲ့...အချစ်ဆိုတဲ့အရာကို... .တစ်ဘ၀လုံးစာအတွက်.. အပြီးပေးခဲ့ပြီးပါပြီ။
မွေးနေ့လက်ဆောင်ထဲမှာ....သားလေးအတွက်က...ချေအိပ်လေး၊ကျမအတွက်က... ကြိတ်စက်နဲ့ဟော့ပေါ့အိုးလေး ပါတော့...၀မ်းသားလိုက်တာရှင်။

ဒါကတော့...Frankfrut..ကအကိုပေးတဲ့မွေးနေ့လက်ဆောင်ပါ။.....
DVDနဲ့တွဲကြည့်လို့ရတော့...သိပ်အဆင်ပြေ.. သွားတာပေါ့။..

ကဲ....ချစ်ချစ်ကြီးရဲ့မွေးနေ့ပွဲလေး....ကိုလာရောက်ချီးမြင့်ပေးကြတဲ့...သူငယ်ချင်းများအားလုံးကို. ..အထူးပဲကျေးဇူး တင်ရှိကြောင်း...ကြေညာရင်း... နိဂုံးချုပ်လိုက်ပါတယ်ရှင်။
အားလုံးအပေါ်ဘုရားရှင်ကောင်းကြီးပေးပါစေ
ဂျာမုန်းဒန်
Type rest of post here


18 comments:

  1. အစ်မဂျာမုန်းရဲ့  ချစ်သော ခင်ပွန်း အစ်ကိုကြီး မွေးနေ့ မှာချစ်သော ဇနီး အစ်မဂျာမုန်း၊ ချစ်သော သားလေးတို့ အတူ ပျော်ရွှင်ပါစေ ..... လို့ ဆုတောင်းပါတယ်ဗျာ ... လိုအင်ဆန္ဒ ဟူသမျှ ပြည့်ဝပါစေ .....
    အစ်မဂျာမုန်းရေ ..... ဧည့်ခံထားတဲ့ အစားအစာ တွေက များလွန်းလို့ ဘာစားရမှန်းကို မသိတော့ပါဘူး .... ကျေးဇူး တစ်ခုချင်း အရသာခံပြီးစားသွားတယ်နော် ..... ခင်မင်ရသော အစ်မဂျာမုန်းလည်း ချစ်သော ခင်ပွန်းရဲ့  မွေးနေ့ မှာ ပျော်ရွှင်မှုတွေ နဲ့ သာ ပြည်စုံပါစေ .... ပြန်ပြီအစ်မရေ ညီလေးတာ့တာ ...
    ခင်တဲ့
    ရန်ကုန်သား :))

    ReplyDelete
  2. အကိုကြီးရဲ့မွေးနေ့ကို
    နောင်နှစ်ပေါင်းများစွာ
    မိသားစုစုံလင်စွာနဲ့
    ငြိမ်းချမ်းပျော်ရွှင်ဆင်နွှဲနိုင်ပါစေ
    အရှေ့ကသွားရန်ကုန်သား
    အကုန်လုံးမစားပါစေနဲ့
    မသိသေးတဲ့သားကြီးရေ
    နောက်မှလာကာစားပါဟေ
    ဒုတိယလာအငတ်ငနိုင်ပါ
    ရန်ကုန်အကျန်ထပ်ဝါးပြန်
    လက်ကျန်လေးတော့ထားခဲ့တယ်

    ခင်လို့ရေးလိုက်မိတာပါ
    အမှားပါရင်ခွင့်လွှတ်ကြပါဗျာ

    ReplyDelete
  3.ံ့Happy Birthday ပါအစ်ကိုရေ ယနေ.မှစ နှစ်တစ်ရာတိုင်
    အချစ်တွေ ခိုင်မြဲ နိုင်ကြပါစေဗျာ :)

    ReplyDelete
  4. ဘုရားသခင်ကောင်းချီးပေးပါစေ

    ReplyDelete
  5.ံ့Happy Birthday ပါ ကိုကြီး
    ပျော်ရွှင်သောမွေးနေ့ ပွဲများစွာကို
    ချစ်စရာကောင်းတဲ့ ချစ်ဇနီးလေး နဲ့ သားသားမီးမီးတွေ
    နဲ့အတူ ကျင်းပနိုင်ပါစေနော်.... ကိုကြီး

    ReplyDelete
  6. ဂျာမုန်းရဲ့ချစ်ချစ်ကြီးအတွက်birthday wish "HAPPY BIRTHDAY".......... ချစ်ချစ် ကြီးဓာတ်ပုံလေးရော မတင်ဘူးလား

    ReplyDelete
  7. နီးရင် ပြေးလာလိုက်တယ်အစ်မရယ်..
    ခုလို ပြင်ဆင်ထားတာတွေ တွေ့ရတော့..သရေတောင်ကျမတတ်ပါပဲဗျာ.
    တော်တော်စားလို့ ကောင်းမှာပဲနော်..အားကျပါတယ်ဗျာ

    ReplyDelete
  8. Dear Brother and Sister,
    Although it is late to say, let me tell 'Happy Birthday'. On that day, I was busy for transferring house. May your family lead to a very shiny future.

    ReplyDelete
  9. ama yay..last saturday ne' sunday ka tot bike ko dog nan dar be'..aee di nay ka drink le' drink sar le' sar ne' bike ko tin nay dar be'...coming year twe mar le' aee di lo myo Birthday Party twe myar myar loat naing par say lo san da pyut lite par de....Ka nan ko soke lite ya dar a maw be'..ko si ka lar pi lu sar mar so lo myan myan sar ya tay de....:):)

    ReplyDelete
  10. ဂျာမုန်းချစ်ချစ်ကြီး သက်ရှည်ကျန်းမာချမ်းသာလို့ ဂျာမုန်းရယ် သားသားရယ်နဲ့ အိုအောင်မင်းအောင် ပျော်ပျော်ရွှင်ရွှင် နေနိုင်စေဖို့ မွေးနေ့ ဆုမွန်တောင်းလိုက်ပါတယ်။


    မအယ်

    ReplyDelete
  11. Dear Brother and sister,
    Happy Birthday brother.
    I wish all the best for you, your beautiful wife and your lovely son to be happy, healthy and successful for 100 years.
    your sister
    SS

    ReplyDelete
  12. အစ်မရေ.. ဟင်းတွေ လာစားသွားတယ်.. အစ်ကိုကိုလည်း ဟက်ပီးဘတ်ဒေးပါလို့.. ပျော်ရွှင်ဖွယ်ကောင်းသော မွေးနေ့များစွာကို ပိုင်ဆိုင်ပါစေလို့..

    ReplyDelete
  13. Happy Birthday
    ပျော်စရာမွေးနေ့ပွဲလေးပါပဲခင်ဗျာ..
    မဂျာ အပါအ၀င် မဂျာ ရဲ့ ချစ်ချစ်ကြီးရော ချစ်ချစ်လေးရော
    တစ်မိသားစုလုံး ကျန်းမာပျော်ရွှင်ပါစေခင်ဗျာ..

    ReplyDelete
  14. ကိုကိုဖေဖေကြီးရေ....လို့ ခေါ်ရမှာလားမသိ။ ဟိဟိ
    ကိုကိုဖေဖေကြီးရေ.... ဟက်ပီဘတ်ဒေးနော်။
    ဘုရားသခင်ကောင်းကြီးပေးလို့ ချစ်တဲ့ ဇနီး၊ သားလေးနဲ့အတူ ဘ၀သက်ဆုံး ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေ။

    ReplyDelete
  15. ကံကောင်းတဲ့ ကိုကိုဖေဖေကြီးကို အားကျစွာ မမမေမေချက်ကျွေးတဲ့ အစားတွေ အကုန်စားပြီး မွေးနေ့ပွဲကို ချီးမြှင့်သွားတယ်နော်။ အောင်မယ်... မောင်လေးက ဧည့်သည်တွေကို အပြုံးလေးတွေနဲ့ ဧည့်ခံနေတယ်။ ဟိဟိ

    ReplyDelete
  16. တကယ့်မင်္ဂလာပါဗျာ။

    ReplyDelete
  17. ကျွန်မကတော့ အချစ်ဆုံးသူကို ချစ်ချစ်ကြီးလို့ တင်စားခေါ်မယ် ဆိုရင်တော့ ကျွန်မသားသာလျင် ချစ်ချစ်ကြီး ဖြစ်ရလိမ့်မယ်။ သားကိုတော့ ဘယ်တော့မှ ဒုတိယနေရာမှာ မထားဘူး တကယ်။ အခုတော့ ဂျာမုန်းရဲ့ ချစ်ချစ်ကြီး သိပ်ကံကောင်းတယ် သားထက်ပိုအချစ်ခံရတာ။ ဒီမိသားစု အသက်ထက်ဆုံး ပျော်ရွှင်ပါစေ။ မွေးနေ့ရှင်အတွက်လည်း Happy birthday ပါနော့်။

    ReplyDelete
  18. အမတို့ မိသားစုလေး အမြဲထာဝ ပျော်ရွှင် လန်းဆန်းနိုင်ပါစေနော် ..း))

    ReplyDelete