Friday, October 16, 2009
သားလေးရဲ့တိုးတက်မူ(၉)လပြည့်
အခုဆို..ဘာလိုလိုနဲ့..သားလေးတောင်..၉လပြည့်ပြီး..၁၀လထဲ..၀င်ပြီလေ။
သားသားက..၉လထဲ..၀င်ပြီဆိုတာနဲ့..အပေါ်သွား၂ချောင်းအရင်ပေါက်လာတယ်။
ပြီးတော့မှ..အောက်သွား၎ချောင်းကပြိုင်တူထွက်လာတယ်လေ။..သားလေးသွားထွက်ခါစဆိုရင်..
အဖျားတက်ပြီး..တညလုံးကိုငိုနေရှာတယ်။ဂျာမုန်းဖြစ်..သားလေးကို..သနားလိုက်တာ....။
သားလေးကိုယ်စားဂျာမုန်းပဲ..နာပေးချင်မိတာအမှန်ပါ။...အခုဆို..သားလေးက..လေးဖက်သွားတတ် ပြီ..မုန့်ချောင်းကိုကိုယ်တိုယ်ကိုင်ပြီးစားတတ်ပြီ။..အသီးဆိုအရမ်းကြိုက်တယ်။.ဂျာမုန်းကော်ဖီသောက်
်ရင်..သူကဘေးနားမှာ..သူပါသောက်ချင်တဲ့ပုံ။..ဂျာမုန်းလည်း..တခါတလေတော့..တိုက်လိုက်တယ်။
.ကော်ဖီလည်းကြိုက်မဲ့ပုံပဲ။
ဘာပဲဖြစ်ဖြစ်လေ..အချိန်တွေတစ်နေ့ပြီးတစ်နေ့..ကုန်ဆုံးသွားပေမယ့်..အနာဂါတ်အတွက်..ဂျာမုန်း
မှာ...သားလေးတစ်ယောက်ရှိနေလို့...တော်သေးတယ်။အခုဆို...သားလေးကတော့.လောကကြီးကို
..တစ်ခုပြီးတစ်ခု..သင်ယူနေပြီလေ။.သူမမြင်ဘူးတဲ့..အသစ်အစမ်းဆိုရင်.မျက်စိကိုပြူးပြီး.ကြည့်လိုက် ကိုင်လိုက်နဲ့လေ။..မိဘတွေ..စားသမျှကို..လိုက်စားချင်တယ်။..သောက်သမျှကိုလည်း..လိုက်စမ်း သောက်ချင်ပြန်ရော။..သူ့ရှေ့မှာ..ဘာမှလုပ်ပြလို့ကိုမရတော့ဘူး။..
သားလေးပုံကိုသာကြည့်လိုက်တော့..။ဂျာမုန်း..စားနေတဲ့ချော့ကလက်မုန့်ကို..လုစားတာလေ။
သူ့ကိုချော့ကလက်ပေးပြီး..မီးဖိုခန်းကိုဝင်ပြီးပြန်ထွက်လာတော့..ဒီပုံစံဖြစ်နေတာလေ။
ဒီပုံက..သူ့ဦးကြီးတွေ..အလည်လာကြမှာမို့..ရှိုးထုတ်ထားပေးတာပါ။..ဆံပင်ကေပါ..ရှိုင်းထားပေး တယ်။..ကေကတော့..ထောင်ကေလေးနဲ့ပေါ့ကွယ်။..အခုတော့..အဲဒီကေမဟုတ်တော့ဘူး..ကတုံးတုံး ပေးလိုက်ပြီ။
ဒီပုံကတော့..ကစားကွင်းကိုသွားလည်တဲ့နေ့က..ရိုက်ထားပေးတာပါ။
ဒီပုံက..သွား၂ချောင်းကိုကြော်ငြာထားတဲ့ပုံပါ။.အခုဆို..ဂျာမုန်းတို့မြို့မှာ..အရမ်းကိုချမ်းနေပြီလေ။
အပူချိန်က..၀ ဒီဂရီတောင်ရှိနေပြီလေ။..မကြာခင်နှင်းတွေတဖွဲဖွဲကြတော့မှာ။..အပြင်တခါထွက်ဖို့ အရေး..ခြုံလိုက်ရတဲ့အနွေးထည်တွေကတော့..မြင်တဲ့အတိုင်းပဲ။
ဒါကတော့..သားသားလေးရဲ့..စားစရာတွေပါ။..အပေါ်ကပုံက...ရေနွေးနဲ့ပြစ်ပြစ်လေးလုပ်ပြီးကျွေး တယ်။..ဗူးတွေကတော့အစုံပဲ..သီးစုံဗူးကအစပေါ့။..အောက်က..ဗူးကတော့..သားလေး..လက်နဲ့ကိုင် ပြီးစားတဲ့မုန့်ချောင်းပါ။...သားလေးက..အစားကြီးတယ်။..ကျွေးသမျှကို..အားရပါးရစားတယ်လေ။
သားလေးရဲ့ကိုးလပြည့်မှာ.လာရောက်အားပေးကြတဲ့..ချစ်သူငယ်ချင်းအားလုံးကိုအထူးပဲကျေးဇူး တင်ပါတယ်။....သားလေးကလည်း..အားလုံးကို..သတိရနေပါတယ်တဲ့။
အားလုံးကိုအစဉ်လေးစားလျှက်
ဂျာမုန်းဒန်
Type rest of post here
18 comments:
  1. ဖိုးသားစားတဲ့ အစားတွေအကြောင်း ရေးပေးပါဗျို့ ....။ ၀ယ်စားရင်ကောင်းမလားလို့...။
    ReplyDelete
  2. baby is really cute and intelligent.
    very lovely baby.
    ReplyDelete
  3. မိုးမြင့်ကကြယ်
    သားငယ်မျက်လုံး ပြိုင်ပါအုံး
    ကောင်းကင်က.. လ
    ဝင်းပပါစေ
    မေ့သားရုပ်ရေ မမှီနိုင်ပေ
    ပြုစုလုပ်ကြွေး သားအရေးကို
    လူသားစိတ်ဆန် မိခင်မာန်နဲ့
    အသက်ကိုရင်း ရှင်သေမင်းနဲ့
    အံ့တုဖက်ပြိုင် အနိုင်ယူခဲ့
    အဲဒီမေတ္တာ စေတနာတွေ
    မေမေ့မေတ္တာ စေတနာတွေ
    ဘယ်သူဆပ်လို့ကြေနိုင်မလဲ။ ။
    ReplyDelete
  4. ညီလေးက ချစ်စရာလေး
    လေးစားလျက်
    တောင်ပေါ်သား
    ReplyDelete
  5. သားသားလေးက ချစ်စရာလေးပါလား...
    ဘယ်သူနဲ့တူတာတုန်း... :P :P
    နေနှင့်ကြအုံးပေါ့လေ... သူတို့ သားလေးရှိနေပီဆိုတော့ပြောအားရှိတာပေါ့... တို့အလှည့်လည်းလာအုံးမှာပါ... :P :P
    ခွန်အားလေးတွေပေါ့...
    ပျော်ရွှင်ချမ်းမြေ့သော မိသားစုဘ၀လေးပါ.. အားကျမိတယ်ဗျို့...
    ReplyDelete
  6. အော် အပေါ်က လူကြီးက ကြော်ငြာဝင်တယ်။ အဟက်
    မောင်လေးက ပိုပိုချောလာတယ်။
    ချစ်စရာ အရမ်းကောင်းလာတယ်။ သူ့ အမ (သမီးကြီး)အတိုင်းပဲ။
    သူ့ အကို(ကိုသားကြီး)ကိုတော့ သိပ်မတူတော့သလိုပဲနော်။ အဟဲ...
    ချစ်စရာကောင်းတဲ့ မောင်လေးရေ...
    ဘုရားရှင်ကောင်းကြီးပေးလို့ ကျန်းမာစွာနဲ့ တိုးတက်မှုနှုန်းလဲ မြန်လာတယ်။ ပညာတတ်ကြီးဖြစ်ပါစေနော်။
    ReplyDelete
  7. အရမ်းအေးတော့မယ်ဆိုတော့ မဂျာရေ Flu shot တွေ ထိုးအုံးနော် ... ခလေးက ပိုလို့အရေးကြီး ...
    ReplyDelete
  8. ရှောင်းဂျာလေး
    သားလေးကိုလာကြည့်တယ်
    ချစ်စရာလေး
    နာမည်လေးကလေ ကချင်လိုဘယ်လိုရေးလည်းမသိဖူး
    အင်္ဂလိပ်လိုပဲရေးတာပါ ပြီးတော့ဖွားဖွားကပြေားဖူးတယ်
    ဂေါရခါးလို သျှရီက လုံမပျိုလေး ၊သမီးပျို ၊ အပျိုစင်လို့ 
    အဓိပါယ်ရတယ်ဆိုလို့  ပေးထားတာပါ
    မရေးတတ်လို့ မရေးတာပါ
    ကျေးဇူးပဲနော် စိတ်ဆိုးစရာလားနော့
    အချင်းချင်းဟာ မတတ်လို့ သင်ပေးတာကို
    ReplyDelete
  9. သားလေးက ချစ်စရာလေးနော်...
    မဂျာရဲ့ သားလေးကိုတွေ့ ရတော့
    ကိုယ့်သား၂ယောက်ကိုလွမ်းသွားတယ်...
    ReplyDelete
  10. ချောကလက်တွေနဲ့ပေကျံနေတဲ့ပုံကိုအကြိုက်ဆုံးပဲ
    ချစ်စရာလေး
    ReplyDelete
  11. မေမေက ကတုံး တုံးပေးလိုက်ပြီတဲ့
    အားမငယ်နဲ့သားသားရေ
    ဦးဦးနဲ့အတူဦးထုပ်လှလှဆောင်းကြတာပေါ့
    ဦးဦးက linkin parkအဖွဲ့ထဲက
    mike shinodaကိုအသဲစွဲလေ
    မေမေကတုံး တုံးလိုက်လည်းဘာမှမစိုးရိမ်နဲ့
    ဦးဦးနဲ့ပေါင်း ကက်ဦးထုပ်ဘေးစောင်းတွေဆောင်းပြီးတော့ RAPသီချင်းတွေဆိုကြတာပေါ့.. နော် ..သားသား :)
    ReplyDelete
  12. photoshopနဲ့ရှုပ်နေလို့မရောက်ဖြစ်တဲ့ရက်တွေထဲ သားသားကိုအစဉ်အမြဲအောင်းမေ့ လွမ်းဆွတ် သတိရလျှက်....
    ဦးဦး ... သားကြီး....
    ReplyDelete
  13. အဟီး...
    သားသားကိုပဲအလွမ်းသယ်နေလို့မေမေစိတ်မကောင်းဖြစ်နေဦးမယ်
    မေမေ့ကိုလည်းပြောလိုက်ပါ
    မေမေချက်ကြွေးဖူးတဲ့ဟင်းလျှာတွေကို
    ဦးဦးသားကြီးက အမြဲအမှတ်ရနေလျှက်ပါလို့
    .......
    သားသားလေးနဲ့မေမေတို့မိသားစုလေး
    လိုအင်ဆန္ဒ တစ်လုံးတစ်ဝပြည့်စုံကြပါစေ ။
    ReplyDelete
  14. ဂျာမုန်းရေ
    သားသားလေးပုံတွေကြည့်ပြီး ကြည်နူးလိုက်ရတာ အရမ်းပဲနော်။
    လုလုခရီးကအပြန် ဂျာမုန်းချက်ထားတာတွေလည်း တ၀ကြီးစားသွားတယ်နော်။
    သားသားလေးရော ဂျာမုန်းတို့မိသားစုအားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေနော်။
    ဘုရားသခင် ကောင်းချီးပေးပါစေနော်။
    ချစ်တဲ့ လုလု
    ReplyDelete
  15. သားလေးကချောမှချော
    ReplyDelete
  16. ချစ်စရာလေး သားလေးက :D
    ReplyDelete
  17. ချစ်ဝရာကောင်းတဲ့ သားလေးနဲ့ မဂျာမုန်းပျော်ရွှင်ပါစေခင်ဗျာ...
    ReplyDelete