Tuesday, October 20, 2009

ကြာဇံကြော်၊ကြက်သဲ၊ကြက်ချဉ်စပ်ချက်

ဒါကတော့..ယနေ့လာ..ချစ်မိတ်ဆွေများအတွက်..အထူးစပါယ်ရှယ်..ကြာဇံကြော်ပါရှင်။
အပေါ်မှာကြက်သဲ၊ကြက်မြှစ်ပါကြော်ပြီး..တင်ထားပေးတယ်နော်။....အိမ်အတွက်ပါဆယ် ဆွဲသွားချင်သူများရှင်..အားမနာနဲ့နော်။
.ကြာဇံကြော်နည်းကအရင်တခါတင်ဘူးပြီးပြီမို့..မရေးတော့ဘူးနော်။



ဒါလည်း..ကြက်သဲကြက်မြှစ်ကြော်ပါရှင်။..သုံးဆောင်သွားကြပါ။


ဟော်ဒါက..ကြက်ဥထမင်းကြော်ပါ။.ဘေးမှာ..ကြက်သဲကြော်နဲ့ငရုတ်သီးစိမ်းလေးနဲ့နော်။
ကြက်ဥဟတ်ဘွယ်တောင်ပါသေး။စားဖြစ်အောင်စားသွားနော်။



ဒါက..ကြက်သားအစပ်ချက်ပါရှင်။

ချက်နည်းနော်။
မိုချောက်ကိုရေစိမ်ပြီး..အိအိလေးဖြစ်လာရင်..ဓါးနဲ့ပါးပါးလေးလှီးလိုက်တယ်။မိုချောက်မထည့်လည်း
ရတယ်။ကြက်သားရင်အုပ်သားကို..အနေတော်လေးလှီးပြီးဆား၊ငံပြာရည်၊ကြာညို့၊အချိုမှုန့်တို့နဲ့နယ်
ထား။ကြက်သွန်နီဥကြီးတစ်ဥကိုလေးဒေါင့်လှီးထား၊ကြက်သွန်ဖြူနှစ်တက်လောက်ကိုပါးပါးလှီးထား။
ဂျင်းကိုပါးပါးလှီးပြီးအမျှင်အချောင်းလေးဖြစ်အောင်လှီးထား။..အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင်..ဒယ် အိုးတွင်ဆီထည့်၊ဆီပူလာရင်လှီးထားတဲ့အဆာပလာတွေအားလုံးထည့်နော်။..ပြီးရင်မွေပေး။
ကြက်သွန်တွေအရမ်းမကျက်ခင်..နယ်ထားတဲ့အသားထည့်ပါ။..ပြီးရင်..ထပ်မွေပေးပါ။..ကြက်သား
ကျက်ပြီးဆိုရင်..ငရုတ်ချဉ်ဗူးထဲက..ငရုတ်ချဉ်ကိုလိုသလောက်ထည့်နော်။ပြီးရင်..အရသာမြည်းကြည့်နော်။
အရသာ..ဂွတ်သွားပြီဆိုရင်..ကြက်သွန်မိတ်၊နံနံမိတ်ထည့်ပြီး..ပန်းကန်ထဲခပ်ထည့်နော်။..ဒါပါပဲရှင်။


ဟော်ဒီမှာ..ငရုတ်ချဉ်ဗူးနော်။..ဂျာမုန်းတို့ဆီမှာက..အာရှဆိုင်တွေမှာဝယ်လို့ရတယ်။
ဒီငရုတ်ချဉ်ကို..အသုပ်သုပ်စားတဲ့နေရာ၊.ခေါက်ဆွဲချက်စားတဲ့နေရာနဲ့ဒီတိုင်အသားကင်တွေနဲ့တို့စား
ရင်လည်းအရမ်းကောင်းတယ်။ဂျာမုန်းက..အစတော့ဗူးသေးပဲဝယ်စားကြည့်တယ်။နောက်တော့.
ကြိုက်လွန်းလို့ဗူးကြီးပဲဝယ်လိုက်တယ်။..ကြည့်လေအခုတောင်..တစ်ဝက်ကျိုးတော့မယ်။


..ဂျာမုန်းဟင်းတွေဘာကြောင့်လှ။...ဒီပန်းဥလေးတွေကြောင့်လှ။
ဒီပန်းဥလေးရဲ့အရသာက.....မုန်လာဥအဖြူအရသာပဲ။..အင်္ဂလိပ်လိုက..raddish..လို့ခေါ်တယ်ထင်
တယ်။မြန်မာပြည်မှာတော့.မတွေ့ဖူးဘူး။..ဒီမှာပဲတွေ့ဘူးတယ်။သူ့အရွက်က..မုန်ညှင်းရွက်အရသာပဲ။
ဒီပန်းဥလေးရဲ့အခွံကို.ဓါးလေးနဲ့ပါးပါးလေး...ပန်းပွင့်ပုံစံလေးနွာလိုက်တယ်။..ဒါပါပဲရှင်။..
ဟိုတခါ..ဂျာမုန်းကိုမေးထားတဲ့..နှင်းဆီပန်းချစ်တဲ့ကောင်မလေး..ရေ...ဂျာမုန်းသေချာပြထားပေး
တယ်နော်။...ကျေနပ်မယ်ထင်ပါတယ်နော်။
...

******အားလုံးကိုအစဉ်ချစ်ခင်လေးစားလျှက်******
****ဂျာမုန်းဒန်******

Type rest of post here

14 comments:

  1. ကြာဇံကြော်နဲ့ ကြက်သားအစပ်ချက်လေးစားသွားတယ်နော်...

    ReplyDelete
  2. အကုန်စားမယ် ဘယ်သူမှမကျွေးဖူး

    ReplyDelete
  3. ဟာ အစ်မ တော်သေးတာပေါ့ ကျန်တောင်ကျန် ပါဦးမလားလို့  ဟုတ်တယ်အစ်မဂျာမုန်းရေ ကျတော်လည်း ခုတလော မအားလို့  ပျောက်နေ တာ ခုတော့ အွန်လိုင်းအတက် အစ်မ လာသွားတာတွေ့ တော့မှ ဝါးတီးဘက်လှည့် နိုင်တော့တယ် ကျေးဇူး အစ်မရေ ... ကြာဇံသုပ်ကို ခေါက်ဆွဲသုပ်ထက် ပိုကြိုက်တယ် အစ်မသုပ်တာဆိုတော့ ပါဆယ် ယူမှဖြစ်မယ် စားယုံနဲ့ မရဘူး ကောင်းချက် ထမင်း ကြော်အဲလိုမျိုးလေး မစားရတာ ကြာကြာ လှပေါ့အစ်မရာ ခုတော့ မုတ်ဆိတ်ပြား ဆွဲပြီး အသည်းအမြစ်ကြော် လေးနဲ့ မြုံ့ မြုံ့ ပြီးဝါးသွားတယ်ဗျို့  ဟင်းတွေ ကတော့ ကောင်းလွန်းတယ်အစ်မရေ
    ခင်တဲ့
    ရန်ကုန်သား :)
    ချမ်းသာကိုယ်စိတ်မြဲပါစေ

    ReplyDelete
  4. မဂျာရေ .. သားရည်တွေ ကျသွားလို့ တစ်ရှုး ၁ ဗူးတောင် ကုန်သွားပီဗျ

    ReplyDelete
  5. အားးးးးးးးးးးးးးးး
    ရကောက် သောင်းကျန်းသွားသိကိုးးးးးးးးးးးးးးး
    တော်သေးတယ်... ကိုသားကြီးမရောက်သေးလို့။ ဟိဟိ
    သမီးကြီး အကုန်စားသွားမယ်။
    လာလေရော့.. ကြက်ဥထမင်းကြော်ကို အဆင်သင့် စားသါားတယ်နော်။ ငရုပ်သီးစိမ်းလေးနဲ့ ကြက်သည်းကြော်ကို ကိုသားကြီးအတွက်ချန်ထားခဲ့တယ်။ သမီးကြီးနဲ့မတည့်လို့။
    ကြက်သားအစပ်လေးကို အကုန်စားပြီး ပန်ကန်ကို ကိုသားကြီးဆေးဖို့ ချန်ထားခဲ့တယ်။ ကြာဇံကြော်ကို မစားနိုင်တော့လို့ ပါဆယ်ဆွဲသွားပါတယ် မမမေမေရေ....
    အားးးးးးးးးပါးးးးးးးးးးး ဗိုက်ကြီးလေးပြီး အိပ်ချင်လာပြီ။ မောင်လေးရေ.. မမပြန်ပြီနော်။ ကိုသားကြီးရောက်ရင် ပန်းကန်ဆေးခိုင်းလိုက်ဦးနော်။
    ဟဲဟဲ။။။ ကိုသားကြီးရေ... သမီးကြီး လက်ဦးသွားပြီနော်။ အဟက်။။ ပျော်လိုက်တာ ဗျိုးးးးးးး

    ReplyDelete
  6. ကြာဇံကြော်စားချင်တယ် ..............................................................

    ReplyDelete
  7. အစ်မရေ
    ဆပ်ပြာခွက်လေးကမ်းပါဦး
    သမီးကြီးစားပြီးသားပန်းကန်တွေဆေးမလို့ အဲလေ... ဟုတ်ပါဘူး....:P:P

    ReplyDelete
  8. ဒီတစ်ခါတော့ ဟိုသီချင်းထဲကလို
    “အလာနှောင်းတဲ့စိုင်း”ဖြစ်နေပြီ
    ပြဿနာပဲ ရုံလေးကလည်း အကုန်စားမယ်
    ဘူမှကျွေးဘူးဆိုပဲ
    သမီးကြီးကလည်း သူမကြိုက်တာချည်းချန်ခဲ့တယ် ပန်ကန်းတောင်အဆစ်ဆေးခိုင်းလိုက်သေး
    တယ် သြော်...သမီးကြီး...သမီးကြီး....နေနှင့်ဦးပေါ့ကွယ် ဟဲဟဲ :P

    ReplyDelete
  9. အင်္ဂလိပ်လိုraddishလို့ခေါ်တဲ့ပန်းဥလေးတွေကတော်တော်လှတယ်နော် တစ်ခါမှမမြင်ဖူးဘူး
    ဟင်းပွဲအလှဆင်ထားတာတွေတစ်ကယ်လက်ရာမြောက်တယ်
    ခက်တာက သမီးကြီးဦးဦးဖျားဖျားဝါးသွားကုန်ပြီ. :(
    သားသားရေ သမီးကြီးကိုမကျေနပ်ဘူးဝေးး
    ညကျရင်သူအိပ်ချိန်ကျမှသူ့အိမ်လိုက်ပြီး အသံပြဲကြီးနဲ့သီချင်းအော်ဆိုရအောင် :P

    ReplyDelete
  10. လာအားပေးကြတဲ့သူအားလုံးကိုကျေးဇူးပါ။
    ဂျာမုန်းကမနကအိပ်ယာထပြီဆိုရင်..ရေးထားကြတဲ့
    ကောမင့်လေးကိုအရင်ဖတ်လိုက်ရမှကျေနပ်တာလေ။
    ဒီနေ့လည်းလန်းသွားပြီ။
    ပိုကောင်းတဲ့ဟင်းတွေချက်ပြီးကျွေးအုံးမှ။

    ReplyDelete
  11. ကြာဇံကြော် ဗိုက်ဆာဆာနဲ့ လာစားသွားတယ် ညီမလေးရေ။ မမဆီ လာလည်သွားလို့လည်း ကျေးဇူးတင်ပါတယ်နေယ်။

    ခင်မင်လေးစားလျှက်

    ReplyDelete
  12. ဟဟားးးးးးးးးးးးးးး နေဦး နေဦးးးးးး
    မောင်လေးရေ... ကိုသားကြီး ဆေးထားတဲ့ပန်းကန်တွေ မမကိုပြပါဦးးးးးး သူဆေးတာပြောင်ရဲ့လား။ အလဲ့ မဆိုးဘူး ပြောင်အောင်ဆေးတတ်သားပဲ။ ဟဲဟဲ။ လိမ္မာတယ် ကိုသားကြီး။ ဟိဟိ

    ReplyDelete
  13. ပထမ ဟာထက်စာရင်
    ဒီ ကြာဇံကြော် ကို ပိုပြီး စားချင်တယ်...
    အကုန် ကြိုက်စ် .... :D

    ReplyDelete