Wednesday, October 28, 2009

ဝက်သားကြိုက်သူများအတွက်ရှယ်ဟင်းပွဲနော်


အသားမှာဝက်..ဆိုသလို...ခုသလော..၀က်သားဟင်းတွေပဲချက်ဖြစ်နေတယ်။..၀က်သားကို..ဂျာမုန်း သိပ်မကြိုက်ပေမယ့်...သားလေးရဲ့ဖေဖေက..၀က်သားဟင်းမှဝက်သားဟင်းပဲလေ။...ဘ၀နှစ်ခုပေါင်း စပ်ခြင်းဆိုတာ...တကယ်တော့..မလွယ်ဘူး..သူ့အကြိုက်ကိုယ့်အကြိုက်နဲ့..လိုက်လျှောနေရတာလေ။. ချစ်လို့..ယူထားတော့လဲ..ဒီတိုင်းပဲ..ဖြစ်သင့်ပါတယ်လေ..နော့။
ကဲ...လာပါပြီနော်.၀က်သားဟင်းတွေ။...ကြိုက်တာ..အကုန်စားသွားနော်..။

ဒါက..၀က်သားသုံးထပ်သားပေါင်းချက်ပါ။.ကြော်ပြီး..ပေါင်းချက်ထားတာမို့...အိနေတာပဲ။
စားလို့တော့..အရမ်းကောင်းတယ်။ဂျာမုန်း..ချက်နည်းကို.တခါရေးခဲ့ပြီးပါပြီ.။ထပ်ကြည့်မယ်ဆိုရင်
ဒီနေရာ..မှာချက်နည်းနော်။

ဒါကတော့..၀က်နှားရွက်သုပ်ပါ။
သုပ်နည်း..ထပ်ကြည့်ချင်တယ်ဆိုရင်..ဒီနေရာ..မှာပါ။

ဒါက..ငပိကြော်နဲ့တို့စရာပါ။အအီပြေလေးစားဖို့နော်။

ဒါက..အထူးစပါယ်ရှယ်..၀က်ခြေထောက်နှင့်ဝက်ပေါင်လုံးချက်ပါ။
ချက်နည်းက..အပေါ်ကချက်နည်းအတိုင်းပဲနော်။


ဒါက..အာလူးချောင်းကြော်ပါ။..ဂျာမုန်းညီမလေး..ကြော်ကျွေးတာပါ။စားသွားနော်။


ဒါက..ကိုးရီးယားစတိုင်ဝက်အသဲချက်ပါ။..ဒါလည်း..ဂျာမုန်းရဲ့ညီမလေးချက်ကျွေးတာပါ။
စားလို့တကယ်ကောင်းနော်။..စားသွားနော်။စပ်စပ်လေး။

ဒါကတော့...အားမရှိသူတွေအတွက်..၀က်ပေါင်စွပ်ပါ။..အားရှိအောင်သောက်သွားနော်။

ကဲ..၀က်သားမစားသူများအတွက်..နောက်နေ့မှ.ဂျာမုန်း.ကြက်သားဟင်းရှယ်ချက်ကျွေးမယ်နော်။
ဒါပဲနော်..အ၀ကိုစားသွားရမယ်နော်။...
အားလုံးကိုအစဉ်ချစ်ခင်လေးစားလျှက်
ဂျာမုန်းဒန်

Type rest of post here

11 comments:

  1. နားရွက်သုတ် စားချင်တယ် ..း)))

    ReplyDelete
  2. အစ်မရေ.. ၀က်ပေါင်စွပ်က ဘယ်လိုချက်ရလဲဟင်.. ဒီမှာ ကိုကိုက စားချင်နေတယ်ဆိုလို ချက်ကျွေးရအောင်လို..

    ReplyDelete
  3. မိုးခါးနဲ့ တူတယ်ဗျာ လက်ရာကလည်း ကောင်းတာကိုး :)

    ReplyDelete
  4. အစ်မရဲ့စေတနာကိုလေးစားသောအားဖြင့်
    အကုန်အစင်ဝါးသွားပါတယ်
    ပန်းကန်လွတ်တွေပဲကျန်ခဲ့တယ်
    သမီးကြီးလာရင် သားကြီးစားထားတဲ့ပန်းကန်တွေ ခုံတွေကို
    သေသေချာချာ သန့်သန့်ရှင်းရှင်းဖြစ်အောင်
    ဆေးခိုင်း သိမ်းခိုင်းလိုက်နော် အစ်မ
    အိ...ဗိုက်လေးလိုက်တာ
    ထတောင် မထချင်တော့ဘူး
    ဝိုင်းထူပေးကြပါဦးအရပ်ကတို့ရေးးးးးးးးးးး

    ReplyDelete
  5. သားသားလေး ခုတလော ပျောက်ပျောက်
    ဘယ်တွေရောက်
    ဦးဦးသတိရပါကြောင်း
    နောက်ပြီးလေ
    ဝက်ပေါင်စွပ်ကိုတော့သမီးကြီးအတွက်ချန်ခဲ့
    တယ်နော် သူ့ခမျာ သားကြီးစားပြီးသားပန်းကန်တွေထိုင်ဆေးနေရတော့ အားပြတ်နေရှာမှာပေါ့
    အဟိ :P

    ReplyDelete
  6. ဂလု ဂလုတောင် အသံမြည်သွားတယ် ဝက်သား အသံကြားတာနဲ့  အရပ်ထဲက ဝက်စတူးတို့  ဒုတ်ထိုးတို့ ရောင်းတဲ့ ဆိုင်တွေမှာ တောင် ဗိုက်ရိုက်စားတာ အစ်မဂျာမုန်း လက်ရာ ဆိုရင်တော့ အင်း စားရင်းစားရင်း သွေးတက်လာရင် ဆေးတိုက်နောအစ်မ .... သံပုရာရေလေးပဲဖြစ်ဖြစ်ပေါ့ ဟီးဟီး ....သက်ပြင်းပဲချသွားတယ်အစ်မရေ ဝက်သား မြင်ရင် ဘယ်လိုမနေ နိုင်မထိုင်နိုင်ဖြစ်လဲ မသိပါဘူး ကြိုက်ကြိုက် ကြိုက်ကြိုက် နဲ့ ကို မြည်နေတော့တာ ခြေထောက်စွပ်ပြုတ် နားရွက် သုပ်နဲ့  အသည်းဆီပြန် ဝက်သနီလန်ကို
    အာမှာ ခဲရင်း ပါးဖြဲရင်း
    အတင်းသာ လွေး ပြေးပြီ အစ်မရေ ပြေးပြီ ...... :D
    ကျေးဇူး
    ခင်တဲ့
    မောင်ငယ် ရန်ကုန်

    ReplyDelete
  7. သုံးထပ်သားပေါင်း၊ဝက်နားရွက်သုပ်နဲ့ ဝက်ပေါင်စွပ်လေးကြိုက်တယ်ကွယ်...

    ReplyDelete
  8. I think I should relocate to Germany :-)to be your neighbor. :D

    ReplyDelete
  9. အော် ... ဗိုက်ဆာလို့ အာရုံလေးပြောင်းအောင် ဘလောဂ့်လည်ရင်း စာတွေဖတ်လို့ စာထဲမှာ စိတ်နှစ်ထားလိုက်တာ ဒီလည်းရောက်ရော .... ဟင်းးး
    ကဲ ... ဘာကိုစပြီး ရွေးစားရမှန်းတောင် မသိတော့ဘူး။ အမက ၀က်သားဆို အသေကြိုက် ..း)

    ခင်မင်လေးစားလျှက်

    ReplyDelete
  10. အရမ်းကောင်းမှန်းပုံကြည့်တာနဲ့သိနိုင်ပါတယ်ဗျာ။ သွားရည်ကိုထိန်းလို့တောင်မရဘူးဗျာ

    ReplyDelete
  11. ဝက်ဆို အကုန်ကြိုက်တယ် ဂျာမုန်းရေ.... ဟိုတနေ့ကလာသေးတယ် ကော်မန့်မဝင်ဘူး... နောက်တစ်ခါ ပြန်လာတာ....

    ReplyDelete