Monday, August 2, 2010

ချစ်စရာ့မြန်မာအစားအစာ (28) မျိုးနော်



ကျန်းမာဖို့အတွက် အစာအဟာရဟာ အရေးကြီးသလို၊ မျက်စိကျန်းမာဖို့ အတွက်ကလည်း မျက်စိအစားကျွေးဖို့လို့အပ်လိမ့်မယ်ထင်။ ဒါကြောင့်
ဂျာမုန်းချစ်တဲ့ ဘလော့ဝ်ချစ်သူငယ်ချင်းများနှင့် မြန်မာပြည်နှင့်ကင်းကွားပြီး အဝေးရောက် ချစ်မိတ်ဆွေများအတွက် ဒီနေ့တော့ မြန်မာပြည် အလွမ်းပြေ မြန်မာ့အစားအစာကို စပါယ်ရှယ်စီစဉ်ထားပေးတာပါ။ အထင်တော့မကြီးလိုက်နဲ့အုံးနော်....ဒါတွေအားလုံး ဂျာမုန်းပြုလုပ်ထားတာ မဟုတ်ပါ။ သူငယ်ချင်းပို့ပေးတဲ့ မေးလ်ထဲကရတာပါ။
မိတ်ဆွေများ ငေးပြီး စားပြီးရင် ဘယ်အစားအစာကို အကြိုက်ဆုံးလဲ ဆိုတာတော့ ပြောသွားအုံးနော်။ မမေ့နဲ့သိလား။ ချက်ကျွေးချင်လို့ပါ။
အားလုံးရဲ့အကြိုက်၊ ၀က်သားတုပ်ထိုးဆိုရင်တော့ ....ဟီး။
































အကြိုက်ဆုံးအစားအစာကို ပြောသွားအုံးနော်။
အားလုံးကိုချစ်ခင်လေးစားလျှက်နော်

ဂျာမုန်းဒန်

12 comments:

  1. ၀က်သားဒုတ်ထိုးကတော့ သွားရေတောင်ကျတယ်..စားချင်စရာကြီး
    ဓညင်းသီးကို အသေကြိုက်တာ
    ဟိုရက်က အလုံး၂၀တစ်ယောက်တည်းစားလိုက်တာ
    ဒုက္ခရောက်သွားတယ်.. တစ်ကိုယ်လုံးကိုက်ခဲပြီး နေလို့မကောင်း..
    ရှမ်းထမင်းချဉ် စားချင်တယ်.. ခုချက်ခြင်း..

    ReplyDelete
  2. အားလုံးကြိုက်ပါသည်... စားချင်ပါသည်

    ReplyDelete
  3. ဂျာမုန်းရေ့ 
    အားလုံးကြိုက်တယ်နော်။
    ဂျာမုန်းလုပ်ထားတာလေးတွေလည်း တင်ဦးလေနော်။
    သားသားလေးရော စကားတွေ တော်တော်ပြောတတ်နေပြီလား။
    သတိရတယ်လို့ ပြောပေးဦးနော်။
    ဂျာမုန်းတို့မိသားစုအားလုံး ချမ်းမြေ့ပါစေနော်။
    ချစ်တဲ့
    မမလု

    ReplyDelete
  4. ငှက်ပျောကောက်ညှင်းထုပ်၊ဆီထမင်း၊၀က်သားတုတ်
    ထိုး။

    ReplyDelete
  5. ပုံတွေအားလုံးကြည့်ပြီးတဲ့ သကာလ သရေကျပြီး ပြန်သွားပါသည်။ဂလု...ဂလု

    ReplyDelete
  6. မစားရ အညှော်ခံဆိုတာ ဒါမျိုးထင်တယ်နော်... မြင်ရဲ့သားနဲ့မစားရတဲ့ဒုက္ခ အရမ်းကြီးတယ်... အကုန်ကြိုက်တယ်...ဒုတ်ထိုးကို အရမ်းကြိုက်တယ်.. ခုတောင်စားချင်နေတယ် ... အဟီးးးးးးးးးးးး

    ReplyDelete
  7. မုန့်လင်မယား၊ ခေါပုတ်၊ပဲပြားအစာသွတ်၊ခေါက်ဆွဲသုတ်၊ မုန့်စိမ်းပေါင်းအဖြူ၊း(
    စားလို့လည်း ရဘူး...
    စားချင်တယ်...ခုဝယ်ပေး...
း(

    ReplyDelete
  8. ဌက်ပျောသီးမုန့်၊၀က်သားဒုတ်ထိုး၊ဓညင်းသီး၊ထမင်းချဉ်၊
    အဲဒါတွေကြိုက်တယ်..။ သွားရေတောင်ကျတယ်..။
    ဂလု...ဂလု လို့ပဲမြည်ရုံပေါ့နော်...
    လင့်ချိတ်လိုက်တယ်..မ.
    ခင်မင်စွာ
    သဒ္ဓါ

    ReplyDelete
  9. စားချင်တာတွေကြည့်ပီးသွားရည်တွေကျသွားပါတယ်အမ
    ပုံလေးတွေကြည့်ပီးစိတ်ကူးနဲ့အ၀မှာစားသွားပါတယ်ဗျာ..

    ReplyDelete
  10. အောက်ဆုံးက မုန့်ဥနှောက်နဲ့ တုတ်ထိုး စားချင်တယ်ဗျို့

    ReplyDelete
  11. ၀က်သားဒုတ်ထိုးက မြန်မာအစားအစာ ဟုတ်ပါသလားခင်ဗျာ။
    ခုတင်ထားတာတွေက မြန်မာ့ရိုးရာအစားအစာတွေလား... ခုမြန်မာပြည်မှာ စားနေကြတဲ့အစားအစာတွေလား....

    ReplyDelete