Tuesday, June 23, 2009

Germany Geological Museum တခုမှ ကချင်ပြညနယ်ကျောက်စိမ်းတုံး


တနေ့ German Hochschula Fest ကို ဂျာမုန်းတို့နေထိုင်တဲ့မြို့မှာကျင်းပကြတယ်လေ။ အဲဒီနေ့မှာသူငယ်ချင်းတစ်ယောက်က ”ဒီနေ့ Museum တက်လို့ရတယ်၊ ၀င်ခပေးစရာမလိုဘူး” လို့ပြောတယ်။ ဒါဆိုလဲတက်ကြတာပေါ့ဆိုပြီး Main Building အပေါ်ဆုံးထပ်မှာရှိတဲ့ Geological Museum သို့တက်သွားခဲ့တယ်။ အစက တို့မြို့မှာ Museum ရှိမှန်းလုံးဝမသိပါ။ အဲဒီ Museum မှာ ကျောက်တွေအများကြီးပဲ၊ စနှစ်တကျကို ပြထားတာတွေ့ရတယ်။
ထူးခြားချက်တစ်ခုက ဘယ်ကနေ ဘယ်လိုရောက်လာသလဲမသိဘူး၊ ကချင်ပြည်နယ်၊ တောမောက ကျောက်စိမ်းရိုင်းတစ်ခုကိုတွေ့လိုက်ရတယ်။ အဲဒီကျောက်စိမ်းဟာ အရိုင်းတုံးဖြစ်ပေမယ့် Germany Museum မှာသေသေချာချာပြထားတော့ ဂျာမုန်း...ဂုဏ်ယူမိတာအမှန်ပါ။ ဒါကြောင့် ဒီဘလော့လေးထဲမှာ အမှတ်တရအဖြစ် သူငယ်ချင်းများကိုပြောပြချင်တဲ့ဆန္ဒနဲ့ ပြန်လည်ဖော်ပြလိုက်တာပါ။


ဒီပုံကို တွေ့လိုက်တာနဲ့ ” ဟာဒါ....ငါတို့နိုင်ငံက ကျောက်စိမ်းနဲ့တူလိုက်တာ” ဆိုပြီးသွားကြည့်တော့ တကယ်ဟုတ်နေတာလေ။ ကချင်ပြည်နယ်က ကျောက်စိမ်းအရိုင်းတုံးကို ဤပုံစံပြထားတာ တွေခဲ့ရပါတယ်။


ဒီပုံက အနီးကပ်ပုံပါ။ ကျောက်စိမ်းရဲ့နံဘေးမှာ (Tawmaw, Oberburma) လို့ရေးထားတာတွေ့လိုက်ရတယ်။ ဒါကတော့ ကချင်ပြည်နယ် ဖားကန့်တောမောက ကျောက်ဆိုတာသေချာနေပြီလေ။ ကျောက်ရှိုင်းတုံးပဲဖြစ်ဖြစ် မြန်မာပြည်အတွက် ဂုဏ်ယူစရာပင်ဖြစ်ပါတယ်လေ။


ဒါတွေကတော့ တခြားနိုင်ငံက ကျောက်တွေပါ။


ဒီပုံကတော စိန် တွေပါ။ စိန် အရေအသွေး အမျိုးမျိုးကို ပြသထားတာတွေ့ရတယ်။

ဒီပုံကတော့ Hochschula Fest အတွက် အမှတ်တရအဖြင့် ဓမ္မတေးသီချင်းသံစုံသီဆိုနေကြပုံပါ။

အားလုံးကိုလေးစားလျှက်

ဂျာမုန်းဒန်
Type rest of post here

8 comments:

  1. ကိုယ်နဲ့ မနီးစပ် မထိတွေ့နိုင်တဲ့ နေရာမှာ ခုလို ကိုယ့်နိုင်ရဲ့ အမွေအနှစ်တစ်ခုရောက်နေရှိခဲ့တာ မြင်ရခဲတဲ့ ရသတစ်ခုကို ခံစားခွင့်ရလိုက်သလိုပါပဲ .. ဂုဏ်ယူစရာပါ ...
    နေဒေးသစ်။

    ReplyDelete
  2. မြန်မာကို ကမ္ဘာက သိကြပါတယ်လေ။

    ReplyDelete
  3. မြန်မာပြည်အတွက် ဝမ်းသာဂုဏ်ယူစရာပဲ အစ်မရေ.............

    ReplyDelete
  4. hote te bya....gone yu sa yar be'...

    ReplyDelete
  5. တိုင်းတစ်ပါးပြည်မှာ ကိုယ့်နိုင်ငံရဲ့အမွေအနှစ်သယံဇာတတွေ ဝင့်ဝင့်ထည်ထည်ရှိနေတာတွေ့ရတော့ ဝမ်းသာဂုဏ်ယူမိပါတယ်
    ဖေါ်ပြပေးတဲ့အတွက်ကျေးဇူး ။

    ReplyDelete
  6. ဟုတ်တယ်နော်..အစ်မ..ဂုဏ်ယူစရာပါပဲ
    အစ်မကတော့ရှာရှာဖ္ဂေဖ္ဂေ..တ္ဂေ့တတ်တယ်နော်...
    Observation ကောင်းပုံရတယ်

    ReplyDelete
  7. ဂုဏ်ယူစရာပဲ။ တောမော်ကျောက်ကြည့်သွားတယ်။ ကျောက်စိမ်းဆို ကြိုက်တယ်။ ခုချိန်ထိ ကျောက်စိမ်းလက်ကောက်ဝတ်တုံး။ :D

    ReplyDelete
  8. ကောင်းတယ်ဗျို့  ကျောက်စိမ်းတုံးကို သွားကြည့်ချင်တယ်...။

    ReplyDelete