Wednesday, July 8, 2009
ဘ၀ကိုသတိရစေတဲ့ဟင်း(Tag Post)
ဘ၀ကိုသတိရစေတဲ့ဟင်းဟုဆိုလိုက်တာနဲ့”OneKiss”လို့ခေါ်တဲ့လယ်တောထဲကကောက်ပြီးချက်တဲ့
ခရုဟင်းကိုသတိရမိတယ်။ခရုဟင်းမစားခင်မှာအိမ်းသားတွေကိုမေးခွန်းလေးတစ်ခုအမြဲမေးဖြစ်တာကိုသတိရမိတယ်။ အဲဒီမေးခွန်းကမစားခင်လဲခွက်အပြည့်၊စားပြီးတော့လဲခွက်အပြည့်ပဲဆိုတဲ့ဟင်းခွက်ကဘာလဲ……”တဲ့။
အိမ်သားတွေကခရုဟင်းချက်ထားတော့သဘောပေါက်လွယ်ကြတယ်လေ။ အဖြေကတော့ ခရုဟင်းပဲပေါ့။
ခရုဟင်းကိုစားပြိုင်မယ်ဆိုရင်ဂျာမုန်းဒန်ကပထမရမယ်သေချာတယ်။ ဘာဖြစ်လို့လဲဆိုတော့ခရုဟင်းစားနည်း၊စုတ်နည်းကိုကောင်းကောင်းသိထားလို့ပဲ။ ဘယ်လိုစားရမလဲဆိုတော့ One Kiss ကိုအသုံးပြုရုံပဲပေါ့။ တခါတည်းခရုပါးစပ်ကိုအလုံပိတ်ပြီး တစ်ချက်ပဲ One Kiss လုပ်လိုက်တယ်။ အထဲကအသားတွေအားလုံးထွက်လာပြီလေ။ဒါဘာပဲဘာမှမခက်ဘူး….မယုံရင်စမ်းကြည့်လိုက်နော်။
ခရုကိုမချက်ခင်မှာခရုဖင်ကိုရှည်ရှည်ခုတ်မှသာ…Onekiss...လုပ်လို့လွယ်တယ်။ ခရုဟင်းကိုဂျာမုန်းကောင်းကောင်းချက်တတ်တယ်။ဆန်လော်လေးနဲ့ချက်ရင်လည်းကောင်းတယ်၊ အဲဒီထဲမှာမျှစ်ခြင်လေးပါထည့်ပြီးချက်ရင်ဘယ်လောက်ကောင်းသလဲဆိုတော့ ကိုယ့်နာမည်ပါမေ့သွားလောက်အောင်ပဲလေ။ တကယ်ပြောတာ။
ဂျာမုန်းကမိရိုးဖလာကိုလက်ခံတဲ့တောသူမလေးတစ်ယောက်ပါ။ ဒါကြောင့် တောကဟင်းဆိုအာလုံးကြိုက်တယ်။ ကိုယ်တိုင်လယ်တောဆင်းပြီး ခရုတွေလိုက်ကောက်တယ်။သူငယ်ချင်းတွေနဲ့မြင်းခွာရွက်တွေရှာထွက်တယ်။ ပြီးတော့ဒါတွေကိုဈေးမှာရောင်းတတ်သေးတယ်။ရောင်းလို့ရတဲ့ပိုက်ဆံကိုစုဘူးဝယ်ပြီးစုထားတတ်သေးတယ်။ အဲဒါတွေကြောင့်ဂျာမုန်းကိုမေမေကအရမ်းချစ်တယ်လေ။မေမေ့အချစ်ဆုံးသမီးလေးပေါ့။ မေမေကချစ်စရာနာမည်လေးတစ်ခုပေးထားတယ်အဲဒါကဇိုင်းဝါးဘာသာစကားလို (Ma Kyet) မာကေရပ် တဲ့။ အဓိပ္ပါယ်ကတော့ (အလိမ်မှာတုံးလေး) တဲ့လေ။ ဂျာမုန်းတို့မောင်နှမတွေအားလုံး ၈ ယောက်ပါ။ မိန်းကလေး ၃ယောက် ယောင်္ကျားလေး ၅ယောက်လေ။ ဂျာမုန်းက ရ ယောက်မြောက်သမီးပါ။ ဂျာမုန်းက မိန်းကလေးထဲမှာ အငယ်ဆုံးသမီးပေါ့။
နောက်သူငယ်ချင်းတစ်စုနဲ့ထင်းရှာထွက်၊ငါးမျှားလည်းမကြာခဏကိုထွက်ဖြစ်တယ်။ အဲဒီအချိန်တုံးကဆိုဂျာမုန်းရှစ်နှစ်ကိုးနှစ်အရွယ်ပဲရိုသေးတယ်ထင်တယ်။ ထင်းရှာထွက်ဆိုလို့ပြောရအုံးမယ်။ငယ်ငယ်တုံးကအိမ်နားကဂျာမနီသစ်ပင်တောတွေမှာ ဂျာမနီထင်းလေးတွေရှာခဲ့တာမှတ်မိသေးတယ်။လက်စတတ်တော့ဂျာမနီမှာနေရမှာမို့လို့ထင်တယ်။ ဂျာမနီရောက်တော့ငယ်ငယ်ကထင်းခုတ်ခဲ့တဲ့ဂျာမနီပင်ကိုရှာကြည့်သေးတယ်၊တပင်မှကိုရှာလို့မတွေဘူး။.
.ဒါတွေပြန်တွေးပြီးတယောက်ထဲခိုးရယ်နေမိတာအမှန်ပါ။ဂျာမနီရွက်ဆိုပြီးဘယ်သူများရှာကျန်မဲ့ထားကြသလဲပေါ့။
ဒီတခုလဲ မပြောမဖြစ်ပဲ။ ဘ၀ကိုသတိရစေတဲ့အစားအသောက်ဆိုဒါလဲပါသေးတယ်။
”တောသားမြို့ရောက်ဖာလူဒါသောက်”ဆိုတာလည်းအင်မတန်မှန်ပါပေတယ်။ ငယ်ငယ်ကဂျာမုန်းဒန်မြို့ကိုသွားပြီဆိုရင်ဖာလူဒါလေးမသောက်လိုက်ရရင် မေမေ့ကိုစကားမပြောတော့ပဲစိတ်ကောက်တယ်။မေမေကအကြောင်းသိတော့”ဟေ့သမီး …..သမီးလေးဖာလူဒါသောက်ချင်လို့လား…”လို့မေးလာတော့မှ မျက်နာလေးကရွှင်လာသတဲ့လေ။
ဒီပုံလေးက ကိုယ်တိုင်ချက်ထားတာမဟုတ်ဘူးနော်။ Internet က ဒေါင်းလုပ်ထားတာပါ။ တို့ဆီမှာမရှိလို့ မချက်ကျွေးတာနော်။ ရှိရင်တော့ပြောစရာကိုမလိုဘူး။ ဂျာမုန်း ချက်စားရင်ဒီလိုမဟုတ်ဘူး။ ဆန်လော်ပြီး မျှစ်ခြင်လေးနဲ့ ဆီသပ်ပြီးချက်တယ်။ ဒါကခရုဟင်းပါဆိုတာလေးပဲဖော်ပြတာနော်။ ကြိုက်ရင်တော့စားသွားပေါ့။
ဒါကတော့ ခရုဖင်ကို ရှည်ရှည်လေးဖြတ်ထားပုံပါ။ ဒီလိုဖြတ်မှ One Kiss လုပ်လိုလွယ်တယ်လေ။
ကဲ….ဒီလောက်ဆိုကျေနပ်လောက်ပြီထင်တယ်…..လင်းကြယ်ဖြူရေ။ ဘ၀ကိုသတိရစေတဲ့အကြောင်းလေးတွေဝေမျှ ခွင့်ပေးတဲ့ Tag Post လေးအတွက် စာရေးဆရာကြီး လင်းကြယ်ဖြူကို အရမ်းပဲကျေးဇူတင်ပါတယ်။ ငယ်ဘ၀ကိုစမြုတ်ပြန်ရတာ အင်မတန်ပျော်စရကောင်းတယ်။ ငယ်ကျိုးငယ်နာကို စမြုတ်ပြန်မယ်ဆိုရင် အများကြီးပါ။ အများကြီးရေးရင်အများကြီးပေါ်သွားမှာဆိုးလို့ ဒီလောက်နဲ့ပဲဂျာမုန်းဒန်ချစ်တဲ့ဘလော့သူငယ်ချင်းများအားလုံးကိုတင်ပြလိုက်ပါတယ်ရှင်။
စာကိုစိတ်ရှည်ရှည်ဖတ်ပြီး…..ကော့မင့်ပေးကြတဲ့သူငယ်ချင်းအားလုံးကိုလဲအထူးပင်ကျေးဇူးတင်တယ်ရှင်။
ွှစားလုံးပေါင်းအမှားရှိရင်ခွင့်လွတ်ကြပါ။
အားလုံးအပေါ်ဘုရားသခင်ကောင်းကြီးပေးပါစေလို့
ဆုမွန်ကောင်းတောင်းရင်း
ဂျာမုန်းဒန်
Type rest of post here
23 comments:
  1. အဲဒီခရုရှည်တွေကကျနော့်အတွက် one kissနဲ့မရပါ
    two kissလည်းမရပါ တော်တော်လေးဒုက္ခပေးပါ၏ ။
    ReplyDelete
  2. အလိမ္မာတုံးလေးရေ
    ကျနော်လည်းဖါလူဒါအရမ်းကြိုက်ဗျ
    တကယ်ပြောတာ
    ReplyDelete
  3. ဒေါ် မာကေရပ် ခေါ် မဂျာ ရေ ကျေးဇူးအထူးဗျို့...
    ငယ်ဘ၀ကိုသတိရကြောင်းပြောရင်း ထပ်ပြီးသ္ဂားရည်ကျအောင်လုပ်သ္ဂားပြန်ပါ
    ပြီ...အရမ်း ကောင်းပါတယ်...
    ထပ်ပြီး ကျေးဇူးအထူးဗျိုး.....
    ReplyDelete
  4. ခရုဟင်းတခါမှ မစားဘူးဘူး။ one Kiss မပြောနဲ့ ကိုင်ရမှာတောင်ကြောက်လို့။
    ReplyDelete
  5. ကျွန်တော်လဲ အဲဒီခရု တစ်ခါမှ မစားဖူးဘူးဗျ
    ReplyDelete
  6. ခရုဟင်းတော့ မစားရဲဘူး
    ဖါလူဒါကိုတော့ ကြိုက်မှကြိုက်
    ဒီမှာ ၀ယ်သောက်လို့ရတယ် အမရေး)
    ReplyDelete
  7. ဂျာဂျာလေးရယ်။ ခရုချက်ကို မြင်သာနဲ့ စားချင်တယ်နော်။ ဆန်လှော်လဲထည့် မျှစ်ချဉ်လဲထည့် ငရုတ်သီးစပ်စပ်နဲ့ အရည်လဲများများ အိုး...........ဘာပြောကောင်းမလဲနော်။ ခရုကို ပုပုတိုတိုလေးတွေပိုကြိုက်တယ်။ ဒီအရှည်က စုပ်ရတာမလွယ်ဘူး။ ညီမနဲ့ ပြိုင်ရင်တော့ ရှုံးမင်ထင်တယ်။ :D
    ခရုကလဲ ခရုဖင်ဖြတ်ထားမှ စုပ်လို့ကောင်းတာနော်။ မဟုတ်ရင်တော့လား စုပ်လို့ကို မရဘူး။ မန္တလေးက တချို့အကင်ဆိုင်တွေမှာဆို ခရုချက်ရတတ်တယ်။ အစ်မရဲ့ အစ်မ သူငယ်ချင်း မိုးကောင်းမြို့က အကင်ဆိုင်လာဖွင့်ထားလို့ သွားဆွဲခဲ့သေးတယ်။ ခရုချက် ခရုချက်............... ငယ်ဘ၀ကို သတိရစေတဲ့ဟင်းကလဲ များသားနော်။
    ReplyDelete
  8. ခရုတစ်ခါမှမစားဖူးဘူး... ပုံလေးကြည့်ပြီးစားချင်စိတ်ပေါက်သွားတယ် :P
    ReplyDelete
  9. စားဘူးတယ်မမ။ အဲဒိခရုလေ။
    စားရတာ အရမ်းမောတာဘဲ။ သူများစုတ်သလိုစုတ်တယ်။ ကျောပိုးအိတ်စုတ်တာ မရဘူး။
    နောက်တော့ စိတ်တိုလာလို့  ငရုတ်ကျဉ်ပွေ့ နဲ့ ကို ထုလိုက်တယ်။ ထွက်လာတော့ ဘယ်ရမလဲ ဒီလောက်ခေါင်းကြောပါတဲ့ ခရု လာထားဆိုပြီးတော့ ကျေကျေညက်ညက်ကြီးကို ၀ါးပြစ်လိုက်တယ်။
    အဟဲ။
    ကရင်လုမျိုးတွေဆို မျှစ်တာလပေါ့ထဲလဲ ထည့်ချက်ကြတယ်။
း)
    ReplyDelete
  10. ခရုချက်ကို မြင်တော့ မြစ်ကြီးနားက ပင်လယ်ကွေ့စားသောက်ဆိုင်က One Kiss ၁၅၀၀ ကိုပြေးပြီး သတိရမိတယ်။ ခေါင်ရေ လေးနဲ ကန်းနား View လေးတွေကို ကြည့်ပြီး မိန်းနေရတဲ့ အရသာကို သတိရလိုက်တာ။ ခရုချက်နဲ ပတ်သက်တဲ့ Memory တွေရှိတေးတယ်။ ကျောင်းတက်တုံးက အဖြစ်လေးပေါ့။ ကျောင်းသွားတော့ အိမ်ကခရုချက်တွေ ထမင်ဘူးထဲ ကိုထဲပေးလိုက်တာလေ။ ထမင်းစား ချိန်ရောက်တော့ ပါးတောင်အရိုက်ခံထိတယ်။ ကောင်မလေးတွေက ခရုစားတဲ အသံကို အထင်လွဲလို့လေ။ ပြောရင်းပါးတောင်ရားလာပြီ။
    ReplyDelete
  11. ဖာလူဒါကတော့ ကြိုက်၏ ခရုကတော့ တခါမှ မစားဖူးပါ စားလဲ မစားရဲပါး)
    ဒီအတွက် ၀မ်းကစ်စ် တော့ ပေးတော့ဘူး အမရေ အဟဲဟဲ
    လေးစားလျက်
    တောင်ပေါ်သား
    ReplyDelete
  12. ဂျာမနီရွက် မှတ်မိတယ်။ ဒူးတွေ ဘာတွေ ပွန်းသွားတယ်ဆို သူ့ ကိုခူး အရည်ညှစ် ထဲ့လိုက်တာပဲ။ ဘာတင်ချာတို့ အရက်ပျံတို့ မလိုခဲ့ဘူး။ သစ်တိုသီးကော သတိမရဘူးလား။ သစ်တိုသီးနဲ့ ဝက်သားနဲ့ ချက်တယ်လေ။
    ခရုတော့ တခါမှ မစားဖူးဘူး။ ကြည့်ရတာ အသည်းယားလိုက်တာ။
    ကချင်စာကို ABC ကစ နည်းနည်း အသံထွက်လေး ဘာလေးနဲ့ သင်ပေးပါလား။
    I you we ဘယ်လိုပေါ့။
    မအယ်
    ReplyDelete
  13. ခရု က နောင့် လဲ ကြိုက်မှ ကြိုက် ... အိမ်မှာ ဆိုရင် စပင်လင်လေး ထည့်ပြီး အရည်သောက်လေး ချက်တယ်.။ အရမ်း ကြိုက်ပေါ့...။ အမေ့ကို စာရေး ရင်...နောင့် ပြန်လာရင် ခရုဟင်း ချက်ကျွေးဖို့ အမြဲ မှာတယ်...။ နောင့် လဲ တောက တက်လာတာဆိုတော့ တောစာတွေ အားလုံးကြိုက်...း)
    ReplyDelete
  14. ခရုကို မစားတတ်ဘူး။ ချက်လည်းမချက်တတ်ဘူး။ :) ချက်စားဖြစ်ရင် post တင်ပေးပါနော်
    ReplyDelete
  15. I ka tot ta khar ma le' ma sar bu bu..sar le' ma sar ye' bu bya...but ama cook yin I ko pyaw oo naw I test pi sar kyi me...ama cook yin always good lo lay...
    ReplyDelete
  16. အစ်မရေ ခရုဟင်း တစ်ခါမှ မစားဖူးဘူး။ အရင်က ခရုဆိုတာ မြင်ယုံနဲ့ကို အသည်းယားနေတာ။ စားဖို့ဆို စိတ်တောင် မကူးဖူးဘူး။ အစ်မပြောပြတော့လည်း စားကောင့်မဲ့ပုံပဲနော်
    ReplyDelete
  17. မုန်းရေ..
    ကျနော်ကတော့ ခရုကို ကြောက်တယ်ဗျာ။ ဘာလို့လဲမသိဘူး။
    ဒါပေမယ့် ကျနော်လဲ မုန်းလိုပဲ ဖာလူဒါတော့ ကြိုက်တယ်။ =)
    ReplyDelete
  18. ခရုဟင်းတော့ ကျွန်တော်လဲ ကြိုက်တယ်ဗျ။ ချက်တော့ မချက်ရဲဘူး။
    ဟီးးးးးး ဟီးးးးး :D အရှင်တွေကို ခုတ်ရမှာ လက်တွန့်နေတယ်ဗျ။
    လူတော့ သတ်ရဲတယ်..... ခရုတော့ မခုတ်ရဲဘူး.... တကယ်...
    ဒီမှာတော့ တရုတ်တန်းသွားဝယ်... ခရုတွေ ပေါမှပေါဗျ....
    အရွယ်စုံ ဆိုဒ်စုံ အကုန်ရှိတယ်ဗျ။
    အမပြောလို့ သွားရေကျလာပြီ။
    စားရအောင် ကလဲ မလုပ်ရက်.... :P
    ReplyDelete
  19. အမရေ ခရုဟင်းကိုတော့ စားချင်ပါ၏ သို့သော် ဒီခရုကို မစားတတ်ပါ ကြိုးစား၍ စားပါမည် ....
    ReplyDelete
  20. ဂျာမုန်းကိုချစ်တဲ့မိတ်ဆွေတွေအားလုံးကို ဂျာမုန်းလည်းချစ်ပါတယ်။ အခုလို စိတ်ရှည်စွာဖတ်ပြီး ကောမင့်ရေးပေးကြတဲ့ချစ်သူငယ်ချင်းအားလုံးကိုလည်းအထူးပဲကျေးဇူးတင်တယ်ရှင်။ တကယ်ပြောတာပါ။
    ReplyDelete
  21. မမဂျာမုန်းရေ
    နောက်ကျသွားတယ်
    ခရုတော့ မစားဘူးဘူး
    စားလည်းစားတတ်ဘူး
    စားလည်းစားရဲဘူး
    second kiss ပဲ ထပ်ပေးတော့မယ် အာဝါး :D
    ReplyDelete
  22. အဟား လွမ်းစရာလေးတွေ ခရုချက်သိပ်ကြိုက် ခရုလေးထဲကို သူ့ဟင်းရည်လေးထည့် ပြီးမှ ရွတ်ကနဲစုတ်ရတာ လွမ်းသွားပြီ
    ReplyDelete
  23. ကချင်စကားကတော့ နမ့်ဖက်ကရိုင် စောရအိုင် လေ.. ဟီးဟီး ရှာရှားငေါ့ဆိုင် .. ဒါလေးတွေတော့ မှတ်မိ
    ReplyDelete