Sunday, August 23, 2009

Barbecue အစုံရပါပြီရှင်


ကဲ....ချစ်တဲ့သူငယ်ချင်းကောင်း....ယောင်းမတို့ရေ........Barbecue.......အစုံရပါပြီရှင်။ အတိုးချပြီးလာစားနိုင်ပါပြီရှင်။
ဂျာမုန်း.....အခုသလော...ခေါင်းတွေကိုက်ပြီး...ဖျားချင်နေတာကြောင့်......ဘလော့အိမ်လေးဆီ ရောက်ဖြစ်ပေမယ့်...ဘာမှမချက်ကျွေးဖြစ်ဘူး။....ရေးထားပေးကြတဲ့စာလေးတွေကိုဖတ်ပြီး... ကျေနပ်နေခဲ့တာပါရှင်။..အခုတော့...ဂျာမုန်းနေကောင်းလာပြီမို့..... .အထူးစပါယ်ရှယ်အကင်စုံလေးပြုလုပ်ထားပေးတာပါ။


Germany...Clausthal....ဆိုတဲ့မြို့လေးမှာနေထိုင်ကြတဲ့....သူငယ်ချင်းခြောက်ယောက်.... စုပေါင်းပြီး...မနေ့က....ဂျာမုန်းအိမ်မှာ...အတူလုပ်စားဖြစ်တဲ့..Grill..party...စားပွဲလေးပါ။ ..အရမ်းကိုပျော်စရာကောင်းပါတယ်။ ..ထမင်းလွတ်ကို..စားကြတာလေ။...

လုပ်စားဖြစ်တဲ့အကြောင်းရင်းကတော့..ဒီလိုပါ။......သူငယ်ချင်းတစ်ယောက်ရဲ့မွေးနေ့ပွဲကို. သူငယ်ချင်းတစ်ယောက်က...မွေးနေ့လက်ဆောင်အဖြင့်.....Barbecue..Table...Grill..ကိုပေးတယ်လေ။ ....ဒါကိုဖွင့်ပွဲလုပ်ယင်း...လုပ်စားဖြစ်ခဲ့ ကြတဲ့...Grill..Party..လေးပေါ့ကွယ်။

ဒါကိုချစ်သူငယ်ချင်းများအားလုံးအတွက်...ဂျာမုန်းသိမ်းထားတာကိုထုတ်ပြီး...ပြန်ကင်ကျွေးမယ်နော်။
အ၀စားသွားရမယ်...သိလား။


ကဲ...တွေ့တယ်နော်...အစုံလုပ်ထားပေးတယ်။ကြိုက်တာပြောနော...ကင်ပေးမယ်။


ဒါကတော့...ပဲပြားကင်နော်။


အအီပြေစားဖို့..သံလွင်သီးပေါင်းနော်။


ဒါက...ကြက်တောင်ပံနော်။


ကဲ.ဒါကတော့...ပုဇွန်ပါရှင်။အားလုံးခြောက်ကင်ပဲနော်။တစ်ကင်မှာဆယ်ကောင်ဆီပါတယ်။


ဒါကတော့...ခရမ်းသီးပါ။

ဒါကတော့....သင်္ဘောသီးသုပ်ပါ။..သင်္ဘောသီးက...အစိမ်းဝယ်လာတာ...အမဲ့ဖြစ်နေလို့ အနီရောင်ဖြစ်သွားတယ်။..ဒါပေမယ့်အရမ်းကိုစားလို့ကောင်းတယ်။


ဒါကတော့...ထောပတ်သီးဖျော်ရည်နော်။...ပထမဆုံးရောက်တဲ့သူအတွက်ပါ။


ကင်နေပါပြီ.....ခဏလေးစောင့်ပေးနော်။


ဒါကတော့...အချဉ်ရည်ပါ။

ကင်ထားတာလေး..ပြင်ဆင်ထားပေးတာပါ။...စားသွားနော်။


ဒါကတော့...mixed salad of vegetables...ပါ။အအီပြေစားသွားနော်။...German style ပေါ့။

ကဲ...အအေးလေးပါသောက်သွားကြပါအုံးနော်။

ကဲ...ချစ်မိဆွေများအားလုံး...ကျေနပ်နိုင်ပါစေရှင်။....အားလုံး...အ၀စားပြီးမှပြန်ရမယ်နော်။ အားလုံးကိုအစဉ်ချစ်ခင်လေးစားလျှက်
ဂျာမုန်းဒန်

Type rest of post here

18 comments:

  1. အဟင့်

    မမလူဆိုး။ အများကြီးကင်ထားတယ်။ သမီးဗိုက်တအားဆာသွားပြီ။
း)

    ReplyDelete
  2. ဟူး အစ်ဂျာမုန်းရေ စားရကံကြုံတော့ မုတ်ဆိတ် ပြားစွဲပဲ အဟား ကြိတ်ပြီဗျို့ ကျေးဇူးတင်ကြောင်း နောက်မှ ပြောမယ်နော် အကင်တွေက စုံစိ နေတာပဲ အား ပုစွန်လေး အရင်မြည်းမယ်
    ဟာ ဒုက္ခပဲ အပေါ်မှာရေးထားတာ ခုမှ ဖတ်မိတယ် သူငယ်ချင်းဟောင်း ယောင်းမ တို့ ရေ တဲ့ ဟိုက် .... :D တော်သေးတာပေါ့ အောက် မှာ သူငယ်ချင်အားလုံးဆိုတော့ အစ်မရေ ကျေးဇူး ဗိုက်ကို ပါပီလေး နမ်းသွားပီ
    ကျေးဇူးတင်ပါတယ် :D အေးမြသာယာပါစေ

    ReplyDelete
  3. ဘာဘီကျူး အစုံ စားသွားတယ်ဗျို.
    ကောင်းမှ ကောင်း ရှယ်ဘဲ :)
    အမက ပျောက်လှချည်လားဗျ ...
    အောက်ကပို.စ်မှာ အော်တို ရေးထားပေးခဲ.တယ်နော် :)

    ReplyDelete
  4. နေမကောင်းပြီးခါစ ဗိုက်ဆာနေတာ အတော်ပဲ ..
    အာဟာရ အရေးကြီးတယ်..နင်းကန် စားသွားပြီ.တဖြဲနဖြဲ
    ပဲ..ကျေးဇူး ကိုယ့် အစ်မရေ...
    ပျော်ပါစေ

    ReplyDelete
  5. မမမေမေရေ... သမီးခုမှရောက်လို့ ကိုသားကြီးမလာခင် အရင်လာဦးတာ။
    အရမ်းပင်ပန်းလာလို့ အိပ်ယာနိုးမှ စားမယ်။
    ဟိဟိ။။။။။
    မေရေ နေကောင်းသွားပြီလား ။ ကျေးဇူးတော်ပါ။ ဂရုစိုက်နော်။ မောင်လေးကော နေကောင်းလား။။။
    သမီး သတိရနေတာ။ အိမ်သစ်တက်ပွဲလုပ်ရဦးမယ်လေ။ ဧည့်သည်တွေအတွက် မမမေ စားစရာ တစ်ခုခု စီစဉ်ပေးထားနော်။ လာယူမယ်။ ဟိဟိ
    ပျော်ရွှင်ပါစေ။။

    ReplyDelete
  6. ပထမဆုံးမရောက်လို့ ထောပတ်သီးဖျော်ရည်တော့ မသောက်လိုက်ရဘူးကွယ်။ ကျန်တာတွေပဲ စားသွားတယ်နော်။

    ReplyDelete
  7. အကင်တွေအများကြီးပါလား။ မန္တလေးက အကင်ဆိုင်ကို သတိရသွားပြီ။ အကင်တွေကို မာလာဟင်းနဲ့စားချင်တယ်

    ReplyDelete
  8. မရေ............ပါဆယ်ထုပ်သွားတယ်..

    ReplyDelete
  9. များကြီးပါလား.. မှိုကင်ရယ်..
    ခရမ်းသီးကင်ရယ်...ပုဂျွန်ကင်လေးရယ်...
    ငမ်းသွားတယ်..
    စားမှမစားရဘဲလေ...
    အဲဒါမကင်ခင်ဘာတွေနဲ့ နယ်ရတာလဲပြောပြအုံးနော်.. ကူးစ် လဲ ဒီစနေမှာကင်မလို့

    ReplyDelete
  10. ဟုတ်ကဲပါ။
    ထားပေးမှာပါ....ဘီယာ..နောက်ပွဲမှာနော်.ကိုAATO
    အခုတော့...ဖျော်ရည်လေးနဲ့စားပါအုံးနော်။

    ReplyDelete
  11. a ma yay
    a di nay.ka sar dar. di nay.a hti bite pyae nay dae.
    kg mha kg
    good shal

    ReplyDelete
  12. မမဂျာမုန်း ရေ ....
    ဘယ်က စပြီးပြောရမလဲ မသိဘူး ဟိးp
    အရမ်းခင်တယ် သိလား
    သီချင်းဆိုတဲ့ အသံလေးကလဲ ၀ဲဝဲလေးနဲ့ ချစ်ဖို့ကောင်းလိုက်တာ ....
    မမ ရေးထားတဲ့စာလေးတွေကအစ စကားသံအတိုင်းလိုက်ရေးထားတော့ ၀ဲဝဲလေးဖတ်နေ၇တယ် သိလား .... နောက်ကျမှရောက်လာခဲ့တဲ့ အတွက်
    ထောပတ်သီးဖျော်ရည် ကုန်သွားပြီ.... အဟင့်
    အရမ်းကြိုက်ပါတယ် ဆိုနေမှ....
    နောက်လဲ အမြဲလာလည်မယ်နော် ... လင့်လေးပါ ယူသွားတယ် မမဂျာမုန်းရေ...
    ချစ်ခင်မှုများစွာဖြင့်
    ညလေး နှင်း

    ReplyDelete
  13. တွေ့လား သမီးကြီးတို့မကောင်းပုံများ
    သားကြီးထက်ဦးအောင်ပဲ ကြံနေတော့တယ် facebookရောက်မှတွေ့ကြသေးတာပေါ့ကွာ ဟဲဟဲ
    အစ်မရေ ကျနော်အလာနောက်ကျသွားတယ်ဗျာ
    စက်ဗိုင်းရပ်ထိသွားလို့ဆိုင်ပို့လိုက်၇တယ်လေ
    ခုမှပြန်ကောင်းလို့ လောလော လောလောနဲ့ရောက်လာတာ သမီးကြီးက ဦးနေပါရောလား
    လုပ်ထားတာတွေ တကယ်ရှယ်တယ်
    ဘီယာပါ မ လာဖို့ကောင်းတယ် ဟီးး
    အားလုံးကိုသဘောကျလို့တခုချင်းမပြောတော့ဘူးနော်
    သားသားလေးအကြောင်းရေးဦးဗျ
    သူ့ပုံတွေလည်းတင်ဦးးး
    အစ်မပြန်နေကောင်းပြီဆိုလို့ဝမ်းသာတယ်
    ဘုရားသခင်စောင်မပါစေဗျာ

    ReplyDelete
  14. ကုန်ဘီ သူများဖို.လည်းကျန်တော.ဘူး

    ReplyDelete
  15. ဂျာမုန်းရေ့ 
    နောက်မှ ရောက်လာပေမယ့် သိမ်းထားတာလေးတွေ ရှိတယ်မဟုတ်လား။ ထုတ်ကျွေးနော်။ နေမကောင်းတာရော သက်သာပြီလား။ အကင်စုံတွေ အများကြီးလုပ်ထားမှတော့ နေကောင်းပြီနေမှာနော့။
    သားသားလေးရော နေကောင်းလား။ တီတီလု မေးနေတယ်လို့ ပြောပေးဦးနော်။
    ဂျာမုန်းတို့မိသားစု ကျန်းမာပျော်ရွှင်ပါစေ။ ဟင်းအသစ်တွေလည်း အများကြီးချက်ကျွေးနိုင်ပါစေနော်။
    ချစ်တဲ့
    လုလု

    ReplyDelete
  16. မမဂျာမုန်းရေ
    ဘာဘီကျူးကို
    ဘီယာဗူးနဲ့
    နွှဲလိုက်ချင်သေး

    ReplyDelete