Wednesday, August 26, 2009
အာလူးကတ်သလိတ်နှင့်အခြားစာသောက်ဖွယ်များ
ဂျာမုန်းဒန်ရဲ့မိတ်ဆွေများအားလုံးအတွက်...ဒီနေ့တော့.....အထူးအဆန်းလေးဖြစ်အောင်... အားလူးကတ်သလိတ်လေးကြော်ထားပေးတယ်။..ဒါတင်မကသေးဘူး...အခြားစားစရာ၊ သောက်စရာလည်းအများကြီးပဲနော်။ အားရပါးရစားပြီးပြန်ရမယ်နော်။
ကဲ...အသင့်စားလိုက်ကြရအောင်နော်။အားလူးကတ်သလိတ်ပါရှင်။
ဒါက..အားလူးကတ်သလိတ်ကြော်ဖို့ပြင်ဆင်ထားတာပါ။ပေါင်မှုန့်ကြွပ်၊အားလူးထောင်းနှင့်ကြက်သားကြော်ထား ပြီးပုံပါ။အဆင်သင့်လုပ်စားလို့ရပြီပေါ့။
ကြော်နည်းကတော့ဒီလိုပါ။
အားလူးကိုနုးအောင်ပြုတ်ပြီးညက်အောင်ထောင်းထားမယ်။ထောင်းနေစဉ်နွားနို့အနည်းငယ်ထည့်. ထောင်းပါ။.သို့မှသာအာလူးပိုပြီးစေးထန်လာပြီး....ကြော်သည့်အခါ...မပေါက်ကွဲဘဲရှိလိမ့်မည်။ ....ထို့နောက်..ဆိတ်သား(သို့)ကြက်သားကိုစဉ်းကောပြုလုပ်ပြီး...ကြက်သွန်နီ၊ငရုတ်သီး၊မဆလာ၊ ဆား၊ငံပြာရည်တို့နှင့်နယ်ပြီး..ဆီနှင့်ကျက်အောင်ကြော်ထားပါ။ဂျာမုန်းကတော့ကြက်သားနဲ့လုပ် ထားတာပါ။...ပြီးလျှင်ထောင်းထားသည့်အာလူးကိုအနေတော်အလုံးများပြုလုပ်ပြီး...ထိုအလုံး များထဲတွင်စောစောကကြော်ထားသည့်ကြက်သားများကိုအစာသွတ်သွင်းပါ။ ..မကပ်မငြိအောင်မုန့်ကြွပ်(သို့)ဂျုံမှုန့်များဖြူးပြီးကိုင်သွယ်ရပါမည်။. .ကြော်သည့်အခါဆီများများမထည့်ပါနှင့်။ဒယ်အိုးတွင်ဆီအနည်းငယ်ဆီထည့်ပြီးကြော်ပါ။ တစ်လုံးနှင့် တစ်လုံးမကပ်စေရန်ဟိုဘက်ဒီဘက်လှန်ပြီးကြော်ပေးပါ။....ဒါပါပဲရှင်။
ဒါကတော့...အမဲကလီစာခေါက်ဆွဲပါ။..မြီးရှည်နဲ့နော်။စားသွားဖို့မမေ့နဲ့အုံး..အရမ်းကိုကောင်းတာရှင့်။
ဒါလည်းအမဲကလီစာ...ဆန်ခေါက်ဆွဲပါ။...စားသွားနော်။
ဒါကတော့...ကိုကိုတို့အကြိုက်ဘီယာနဲ့မြည်းဖို့..၀က်နှံရိုးကြော်ထားပေးတယ်။ဘီယာကိုတော့ ကိုယ့်ဟာကိုသယ်ခဲ့ရမယ်နော်။
ဒါကတော့...အချိုပွဲအတွက်ချော့ကလက်ကိတ်ပါ။..ဂျာမုန်း...လုပ်ထားတာပါ။စားကြည့်နော်။
ဒါကတော့..ကော်ဖီသောက်တိုင်းလွမ်းနေဖို့ပါ။မနေ့ကဂျာမုန်းတို့..ကော်ဖီဆိုင်သွားတယ်လေ။ဒီမှုန့် တွေလည်းစားခဲ့သေးတယ်။..ဒီမှုန့်ကိုပဲ...သူငယ်ချင်းတွေအတွက်ဝယ်ခဲ့တာပါ။စားသွားပါအုံးနော်။
အားလုံးအ၀စားပြီးပြန်ကြပါရှင်။အကုန်လည်းစားရမယ်နော်။မစားရင်အိမ်ထိလာကျွေးမယ်။ အိမ်အထိလာကျွေးရင်..ဂျာမုန်းကိုလည်းတစ်မျိုးပြန်ကျွေးရမယ်..ဒါပဲ။
အားလုံးကိုစေတနာအပြည့်နဲ့ကျွေးမွေးချင်သူက
ဂျာမုန်းဒန်ပါ။
Type rest of post here
16 comments:
  1. အစ်မရေ အစားဆိုတော့ ကဆုန်ပေါက်ပြီး
    ရောက်လာတာ ဟဟ မဆိုးဘူး တစ်ယောက်
    ပဲစားရသေးတယ် အဲဒီ မြီးရှည်ခေါက်ဆွဲတော့
    ကျနော်ပဲ အကုန်စားသွားတော့မယ် အမဲ
    အူလဲ အကုန်စားပြီ နံရိုးကြောက်ကတော့ အဟဲ
    ခုန်အောက်ကို အသာလေး ဝှက်ထားတယ်
    ဘီယာလေးလည်း ပါတယ် အစ်မရေ ညီအစ်ကို
    တွေ မလာခင် အသာလေး နွှင်နွှင်ပြီးစားလိုက်
    ဦးမယ် အချိုပွဲကတော့ မြည်းမယ် နည်းနည်း
    ပေါ့ ဝက်နံရိုးကြော်နဲ့ တင် ရန်ကုန်သား စူစကာ ပုဏ္ဏားဖြစ်တော့မယ် .... အဟတ် အော် ဟိုး အပေါ်ဆုံးက အာလူးကြော် လှလှ
    လေးတောင် ခုမှ မြည်းရတယ် ... အားပါး
    ရှယ်ပဲ အစ်မရေ အင်း ထိုင်ရာက မနည်း
    ထရတယ် အိုး .... ကောင်းချက် အစ်မပြန်
    ဦးမယ် တော်ကြာတခြားမောင်နှမတွေ
    ကျွန်တော် စားနေတာမြင်ရင် ဟီးဟီး
    နောက်လည်း လာစားမယ်နော် အစ်မ
    လက်ရာတွေတာလည်း ကောင်းလိုက်တာဗျာ
    အစ်မဂျာမုန်း စေတနာတွေ ဗရပွနဲ့ 
    ထာဝရပျော်ရပါစေဗျာ .....
    မောင်ငယ်ရန်ကုန်
    ဟာ ကီးဘုတ် ဆီတွေ ပေကုန်ပြီ ... ဒွတ်ခပဲ
    ဒီတစ်ခါ ရန်ကုန်သား အစားပေါ့နော် :P
    ReplyDelete
  2. အကုန်စားသွားပါတယ်။
    အဟိ
    ချစ်တဲ့
    ကျောပိုးအိတ်
    ReplyDelete
  3. မမ အာလူးကတ်တလိပ်ကြော်စားသွားတယ်
    ဟာကြည့်စမ်း အကိုရန်ကုန်သား စားတာနဲ့ ဘာမှတောင် မကျန်တော့ဘူး
    ဝါးးးးးးးးးးးးးးး
    တော်သေးရဲ့ ကော်ဖီနဲ့ မုန့် ကျန်သေးလို့
    ကျန်တာတွေတော့ နည်းနည်းလောက် စားလိုက်ရလို့
    နောက်ဆို စောစောလာစားရမယ် နို့မို့ရင်ဖြင့် :P
    အမဲသားတော့ စားဘူးရယ် ဒါပေမဲ့ လုပ်ထားတာက စားချင်စရာလေး
    သားသားလေးတော့ ဟင်းချက်ကောင်းတဲ့ မေမေနဲ့ အားဗလတွေ အကြီးကြီးပဲ ဖြစ်နေမှာပဲနော် :)
    ReplyDelete
  4. အမဲကလီစာ ခေါက်ဆွဲ စားချင်လိုက်တာဗျာ :(
    ReplyDelete
  5. ကျနော့အရင် ၅ယောက်ကြီးများတောင်စားသွားပြီ
    ဒါပေမယ့်ရတယ် ကျေနပ်တယ် ၊
    သမီးကြီးအရင်ဦးအောင်ရောက်လာလို့လေ
    သမီးကြီးရေ သားကြီးနောက်မှရောက်လို့ကတော့
    ငတ်ဖို့သာပြင်ကွယ် စိတ်တော့မကောင်းဘူး ဟိဟိ
    အာလူးကက်သလိတ်ကို ပန်းပွင့်နဲ့ မုန်လာဥနီနဲ့
    အလှဆင်ထားတာ လှမှလှ
    လှလည်းမတတ်နိုင်ဘူး အလှကြည့်ဖို့မှမဟုတ်တာ
    အကုန်အစင်စားလိုက်တယ်ဗျာ
    သမီးကြီးအတွက် ပန်းကန်အလွတ်လေးချန်ထားပေးတယ် ဟဲဟဲ
    အမဲကလီစာတော့မစားတော့ဘူးနော်
    (အမဲသားမစားလို့ သမီးကြီး အတွက်ချန်လိုက်တယ်)
    ဝက်နံရိုးမြင်တာနဲ့ သွားရည်ကတစ်တောက်တောက်ကျတယ် ရှလွတ်:P
    ဘီယာယူလာဖို့မေ့သွားတယ်အစ်မ
    ကော်ဖီနဲ့လည်းမလိုက်ပြန်ဘူး ရေအေးအေးတစ်ခွက်ပဲသောက်တော့မယ်
    ချောကလက်တော့အကြိုက်ပဲ
    အဲဒါကြောင့်ချောကလက်ကိတ်တွေ အကုန်စားသွားတယ် သမီးကြီးအတွက်တော့ ထုံးစံအတိုင်း ပန်းကန်အလွတ်ချန်ပေးခဲ့တယ် ဟိဟိ (သမီးကြီးရောက်လာရင် ဆွေ့ဆွေ့ခုန်နေမှာ မြင်ယောင်သေး:P)
    သားသားလေးနဲ့ မေမေရေးး
    အားရပါးရစားသွားပါကြောင်းနော်
    ပျော်ရွှင်ပါစေ ။
    ReplyDelete
  6. နေမကောင်းပြီးခါစ ဆိုတော့ အဖတ်သိပ်မရလို့
    ဆန်ခေါက်ဆွဲကိုပဲ သရည် ကျသွားတယ်..
    တော်တော်ကောင်းမယ့်ပုံဗျ နော်...
    ပျော်ပါစေ ခင်ဗျာ
    ReplyDelete
  7. အားးး အီးးး ဟီးးး ဟီးးး ( ရယ်နေခြင်းမဟုတ်၊ ငိုနေခြင်းဖြစ်သည် ) ဟင့်ဟင့် ရွှတ် ဗြွတ် ပလွတ်
    ကိုသားကြီးကို အရမ်းအရမ်းပဲ မုန်းပါသည်။
    လုံးဝကိုကွေးပါတယ်။ အမှန်အကန်ကို ကွေးနေပါတယ်။ ရေခဲမုန့် ဝယ်ကျွေးပြီး ပြန်မချော့ရင် လုံးဝကို မခေါ်တော့ပါဘူးနော်။ ဟင့်ဟင့်။။ အကုန်စားသွာားတယ်တယ်။ ဟွန်းး
    ဟင့်ဟင့် သမီးကြီးအတွက် ပန်းကန်လွတ်တွေနဲ့ သူမစားတဲ့ အမဲကလီစာပဲချန်သတဲ့။
    ဟင့်ဟင့် မောင်လေးရေ...ကိုသားကြီးကိုခေါ်တော့ဘူးဟေ့။
    အိမ်သစ်တက်ပွဲကျရင် တို့ မောင်နှမပဲ စားမယ်။ သူ့ ကို အငတ်ထားမယ်နော်။ ဟွန်းးး
    ရန်သွားတွေ့ ဦးမယ်။ ခုံဖိနပ်နဲ့ ကို ကောက်ထုဦးမှာ။
    တွေ့ ကြသေးတာပေါ့ သားကြီးရာ။ သမီးကြီးလာပြီဟေ့။ ဒါပဲ.. ဟွန်းးး
    ReplyDelete
  8. မရေ....ကြည့်ရင်းဗိုက်တောင်ဆာလာပြီ
    နိုပ်စက်တယ် ...တကယ်ပဲ..အဟင့်...
    ReplyDelete
  9. မဂျာမုန်းက
    မယွန်းလေးပြောသလိုပဲ....
    နှိပ်စက်တယ် ... အခုတော့ ဒုက္ခဖြစ်ကုန်ပြီ
    ချင်းတောင်းလေးက ကွေးနေတယ်ဆိုတာနဲ့ သူ့ကိုအရင်ဆန့်ဦးမှ...
    ချင်းတောင်းလေးကို ဆန့်နေတာနဲ့ ဗိုက်ပိုချောင်သွားတယ်...
ှဆွဲလိုက်အုံးမှ လက်ကျန်လေးတွေ :) :) :)
    ကျန်ပြတ်က မှန်တတ်တယ်ဆိုတာ... အခုတော့ မှန်ကုန်ပြီ...
    ဒါတောင် အမဲသားမစားလို့...
    ReplyDelete
  10. အာလူးကတ်သလိတ်လဲကြိုက်တယ်။ နံရိုးကြော်လဲကြိုက်တယ်။ အမဲကလီစာကို ဘယ်လိုလုပ်လဲ ဆိုတာပြောပါအုံး။ ကလီစာတော့ စားချင်တယ် မလုပ်တတ်လို့။ မုန့်က ချိုမယ်ထင်လို့ မစားတော့ဘူး။ ကော်ဖီတော့ သောက်သွားတယ်။
    ReplyDelete
  11. အားး
    မရောက်တာကြာလို့ ဒေါ်လေးလက်ရာတွေ ရေလယ်တက်လာတယ်ဗျ။ ကောင်းမှကောင်း။ ကျနော့်အကြိုက်တွေချည်းပဲ။ ဟဲဟဲ။
    သြော် .. စိတ်ဆိုးလဲ ခံရတော့မှာပဲ။ အောက်က အကင်လေးတွေပါ ဆက်ဆွဲသွားတာ။ ခုတော့ ဗိုက်အင့်လို့ ဒုက္ခရောက်ပြီ။ ဟီး။ =P
    ReplyDelete
  12. Vielen Dank für gebratene Rippchen. Wo ist die Soße?
    ReplyDelete
  13. ကော်ဖီလေးက အနံ့လေးပါရလိုက်သလိုဘဲ
    ReplyDelete
  14. အားလူး ကပ်သလိတ် ကြော် စားချင်တယ် ..!
    ReplyDelete