Tuesday, August 4, 2009

သားလေးရဲ့တိုးတက်မှု(၇)ပြည့်


””မေမေ့သူငယ်ချင်းအားလုံးများခင်ဗျာ.....သားသားအားလုံးကိုချစ်တယ်...လေးစားပါတယ်ဗျာ..””

ရတနာတကာ့ရတနာမှာသားရတနာဟာအမြတ်ဆုံးဖြစ်တဲ့..ဂျာမုန်းရဲ့ရတနာသားလေးအကြောင်းကိုပြောပြပါရစေရှင်။
အခုဆိုသားလေး၇လပြည့်ပြီး၈လထဲဝင်ပြီလေ။...၇လပြည့်ပြီးသွားပြီးဆိုတော့...ကိုယ်ခန္တာကိုမှောက်တတ်ပြီးလေး ဖက်သွားမလို့ကြိုးစားနေပြီ။ဗလလည်းအရမ်းကောင်းလာပြီ။...သူ့ကိုချီလိုက်ရင်ကခုန်နေတော့..အရင်ကလိုဇိမ်မရှိ တော့ဘူး....အမြဲဆော့ဖို့ပဲကြိုးစားနေတော့တာပဲ။...ဂျီကျတာလည်းနည်းသွားတယ်။ ညဆိုအိပ်လိုက်တာနဲ့မိုးလင်းမှပဲထတော့တယ်။ဒါကြောင့်ဂျာမုန်းလည်းအိပ်ရေးမပျက်တော့ဘူး..။ .ဘလော့များများရေးနိုင်ပြီပေါ့....ဟီး။

တစ်ခုထူးခြားလာတာက....မုန့်တွေကိုကိုင်စားတတ်ပြီလေ။..လူကြီးတွေစားသမျှသူလည်းလိုက်စားချင်တယ်။ သောက်သမျှလည်းလိုက်သောက်ချင်တယ်။မိသားစုထမင်းစားပြီဆိုရင်သူ့ကိုဘေးနားမှာသူ့ထိုင်ခုံပေါ်မှာ ထားပေးရတယ်။လူကြီးကထမင်းတစ်လုပ်စားလိုက်တိုင်းသားလေးကပါးစပ်အထိလိုက်လိုက်ရှိုးနေတော့ စားပြနေရတာတောင်...အားနာလာသလို၊မျိုချရခက်သလိုဖြစ်မိတယ်။နောက်ဆိုရင်ပါးစပ်ကတောင် နိုက်စားမှာသေချာတယ်။..ဒါကြောင့်ဂျာမုန်းကသူ့အတွက်မုန့်အချောင်းလေးဝယ်ထားပေးတယ်။ .မိဘတွေထမင်းစားတိုင်း .မုန့်အချောင်းလေးကိုလက်မှာကိုင်ခိုင်းထားရတယ်။

ဂျာမနီမှာကလေးမွေးရတာတော့တော်တော်စိတ်ချမ်းသာတယ်။ကလေးအစားအစာကိုသူ့လနဲ့သူစားဖို့ လုပ်ထားပေးတော့အရမ်းကိုအဆင်ပြေတယ်။ကိုယ့်သားလေးဘယ်နှစ်လရှိပြီလဲ...ဒါပဲမှတ်ဖို့လိုတယ်။. ..ဈေးသွားလိုက်တာနဲ့သူစားဖို့အတွက်လတွေလိုက်ကြည့်ပြီးဝယ်လိုက်ရုံပဲ။..သစ်သီးဘူးအစုံ၊ ဖျော်ရည်ပုလင်း၊နို့၊ရေသန့်ကအစပေါ့။အခုဆိုသားလေး၈လထဲဝင်ပြီဆိုတာနဲ့ကိုင်စားဖို့မုန့်အချောင်းကို ရောင်းတော့ဝယ်လာပြန်တယ်။သားလေးကအရမ်းကိုစားနိုင်တာ၊အစားပုတ်လေးလေ။. သားကြီးဖြစ်တဲ့သူတိုင်းအစားပုတ်မယ်သေချာတယ်။. ...ဟော်....ကြည့်ပါလာ..သားကြီးဆိုတဲ့တစ်ယောက်ကလည်းအစားအသောက်ဆိုထိပ်ဆုံးကပဲ...ဟီး.။ ..စတာနော်။

ဒါက...Frunkfurt...ကသူ့ဦးလေးလက်ဆောင်ပို့ပေးလိုက်တဲ့ခုံလေးပါ။..”ငါကွ...ပိုင်ပိုင်နိုင်နိုင်ရပ်နိုင်ပြီကွ.. ဘယ်သူ့ကိုမှအားကိုစရာမလိုဘူးဟေ့....”ဆိုပြီးအော်နေပုံပါ။

ဆက်ရန်ရှိသေးတယ်။ဆက်ကြည့်မယ်နော်။

ဒီပုံက....သူငယ်ချင်နှစ်ယောက်ပုံပြောတမ်းကစားနေကြတဲ့ပုံပါ။ဓါတ်ပုံရိုက်မယ်ဆိုလို့မအားတဲ့ကြားက လှမ်းကြည့်လိုက်တာလေ။..ကတုံးကေဖြစ်သွားပြီ။ကတုံးနဲ့ဆိုရင်...ရှောင်လင်သိုင်းမင်းသားလေးနဲ့တူတယ်တဲ့။


သားလေးကဓါတ်ပုံရိုက်ရင်အိုင်တင်အရမ်းလုပ်တတ်တယ်လေ။အခုလဲကြည့်...လှဲနေရင်းနဲ့အိုင်တင် လုပ်ပြနေပြန်ပြီ။


ဒီပုံက..သူ့သူငယ်ချင်း
ကောင်မလေးပါ။..ကောင်းမလေးက..”..ဟဲ....ငါ့ကိုကြည့်ပါအုံး.. မင်းကိုငါမျက်စိမိတ်ပြနေတာလေ..ကြည့်ပါအုံးဆို...ရုပ်ကိုကတည်တည်ကြီးနဲ့.တော်. အေ...ဟုတ်ပြီ..ငါမခေါ်တော့ဘူးနော်...ဒါပဲ..ဟွမ်း...”


သူငယ်ချင်းသုံးယောက်ပါ။အလယ်ကတော့ကောင်းမလေးပါ။တစ်လသမီးပဲရှိသေးတယ်။ ဟိုဘက်ကသားလေးကတစ်နှစ်ကျော်ရှိပြီ။

သားလေးနဲ့ပတ်သက်ပြီးဝင်ခံချက်လေးပြောပြချင်တယ်။
ဂျာမုန်းဘ၀မှာ....ဒီသားလေးကိုမွေးတော့ပြီးပြည့်စုံတဲ့မိသားစုလေးသဖွယ်ခံစားမိတယ်။.
.လောကမှာ...ပျော်ရွှင်ခြင်း၊..ပြီးပြည့်စုံခြင်းဆိုတာဘာလဲ.......ငွေလား၊ရွှေလား၊ဥစ္စာပစ္စည်းလား။ ...ဂျာမုန်းအတွက်တော့ဒီအရာတွေထက်...ယခုပိုင်ဆိုင်ထားတဲ့...မိသားစုဆိုတဲ့အရာလေးပဲဖြစ်တယ်။
ဂျာမုန်းနဲ့သားလေးရဲ့အဖေနဲ့လက်ထပ်ပြီးတစ်လကျော်မှာ...ရေခြားမြေခြား...သူနဲ့ဝေးကွာခဲ့တယ်။. .သူထွက်သွားပြီးနောက်...ဂျာမုန်းမှာ...ကျမျက်ရည်ချောင်းစီးလောက်အောင်မျက်၇ည်တွေကျခဲ့ရတယ်။. ..”ဟာ...ငါအခု..သူနဲ့အဝေဆုံး၊မိုင်ပေါင်းမြောက်များစွာဝေးကွာသွားပြီပဲ...။ .အခုအိမ်ထောင်ရှင်မတစ်ရောက်ဖြစ်ရက်နဲ့လင်နဲ့ဝေးသွားပြန်ပြီ...”စသည်ဖြင့်ကျေးကွဲဝမ်းနဲခဲ့ရတယ်။ ..အဲဒီနောက်....ဂျာမုန်းလည်း...ဇာတိချက်ကျွေမွေးရပ်မြေဖြစ်တဲ့မြစ်ကြီးနားကိုပြန်သွားပြီး... .ကိုယ်လုပ်နေမြဲဖြစ်တဲ့ဘာသာရေးလုပ်ငန်းကိုဆက်လက်လုပ်ကိုင်ခဲ့တယ်။ အဲဒီအချိန်မှာဂျာမုန်း...ချစ်ခင်ပွန်းနဲ့မြန်မြန်ပြန်ဆုံ နိုင်ဖို့နေ့တိုင်းဘုရားသခင်ကိုဆုတောင်းခဲ့တာပေါ့။

လက်ထပ်ပြီးသူနဲ့တစ်လကျော်သာအတူနေခဲ့ပေမယ့်...ကလေးမရသေးဘူး။ ဂျာမုန်းကကလေးအရမ်းလိုချင်တာ..ဒါပေမယ့်မရသေးတော့....စိုးရိမ်မိတယ်၊. ..”ဟာငါကလေး..ဘာကြောင့်မရသေးတာလဲ..မရရင်တော့ဒုက္ခ...။ အခုဆိုပိုဆိုးသူနဲ့လည်းအဝေးဆုံးမှာ”စသည်ဖြင့်တွေးမိတာအမှန်ပါ။


အိမ်ထောင်ကျပြီးတော့စိတ်တွေကလုံးဝကိုပြောင်းလဲသွားတယ်။..အပျိုတုန်းဆို..ကလေးငိုသံကြားရင် ..ဂျာမုန်းအတွက်.မကြားချင်ဆုံးအရာ၊စိတ်ရှုတ်စရာအကောင်းဆုံးအသံလို့ပဲထင်ခဲ့မိတဲ့ဂျာမုန်းက... ..အခုတော့သူများကလေးကိုတွေ့တိုင်း၊..ကလေးငိုသံကြားတိုင်း..သာယာနာပျော်ဖွယ်ကောင်းပြီး၊ ဂရုနာအသံလေးလိုပဲခံစားမိခဲ့တာအမှန်ပါ။.ဒီအရာတွေဟာ..မိန်းကလေးတိုင်းတစ်နေ့...ခံစားရမဲ့အရာတွေပဲလေ။. .လောကမှာရှိကြတဲ့မိန်းကလေးတိုင်းဟာဂရုနာစိတ်၊သနားကျင်နာတဲ့စိတ်၊မေတ္တာစေသနာ၊ခွင့်လွတ်တတ်တဲ့စိတ်ဟာ ...ဟိုကလေးဘ၀၊အပျိုစင်ဘ၀ကပင်ရှိကြတာအမှန်ပါ။..ဘာကြောင့်လဲဆိုတော့..မိန်းခလေးတိုင်းမှာ.. မိခင်စိတ်ဓါတ်အပြည့်ရှိနေကြလို့ပဲ။..ဒါကြောင့်ကိုယ်ချစ်သူကလိမ်နေတာသိရက်နဲ့တောင်မှ၊ ချစ်တဲ့စိတ်၊ခွင့်လွတ်တတ်တဲ့စိတ်ကရှိနေတော့..မစိတ်ဆိုးဝံ့ဘူးပေါ့။
မိန်းမတို့ရဲ့သဘာဝပဲလေ။ဒါကိုယောင်္ကျားလေးတိုင်းသိစေချင်တယ်။

ဂျာမုန်းတိှု့ဇနီးမောင်နှံဟာ....ဝေးကွာပြီး(၁)နှစ်တိတိမှာပြန်ဆုံကြတယ်လေ။ပြန်ဆုံကြပြန်တော့လည်း.. ဘယ်မှာပြန်ဆုံသလဲဆိုရင်......ဂျာမနီနိုင်ငံမှာပါ။..ဂျာမုန်းတို့ရဲ့...ပျားရည်စမ်းခရီးလေးဟာ. .ဂျာမနီမှာလာဖြစ်နေတာ..တော်တော်အံ့သြေစရာပါ။ဒါဟာ..ဘုရားပေးတဲ့ဆုပဲလေ။....ဒီရောက်တာနဲ့. ..ဂျာမုန်းဘုရားသခင်ကိုနေ့တိုင်း..အစာရှောင်ဆုတောင်းပြီးသားဆုပန်ခဲ့ပါတယ်။..
ကျမ်းစာထဲမှာဘုရားသခင်ပြောထားတယ်။. .””တောင်းကြလော၊တောင်းလျှင်ရမည်။ရှာကြလော့၊ရှာလျှင်တွေ့မည်။တံခါးကိုခေါက်ကြလော့၊ ခေါက်လျှင်ဖွင့်မည်။တောင်းသောသူမည်သည်ကားရ၏””တဲ့။(ရှင်မသဲခရစ်ဝင်၇:၇)မှာဖော်ပြထားတယ်လေ။


ဒီနေ့...ဂျာမုန်းဆုတောင်းသံကို...ဘုရားသခင်နားထောင်တော်မူတယ်။..ချစ်ခင်ကျင်နာတဲ့ခင်ပွန်းကို ပိုင်ဆိုင်နိင်တယ်၊..ချစ်စရာကောင်းတဲ့....သားရတနာကိုပိုင်ဆိုင်နိုင်ခဲ့တယ်၊...ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးကိုပိုင်ဆိုင်နိုင်ခွင့်ရလို့.. ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုမချီးမွမ်းပဲမနေနိုင်ပါ။

ချစ်တဲ့သူငယ်ချင်းများလည်းပြီးပြည့်စုံတဲ့ဘ၀လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
အခက်အခဲများရှိခဲ့ရင်လည်း...ဂျာမုန်းကိုပြောပါနော်။....ဂျာမုန်းဘုရားသခင်ထံဆုတောင်းကူညီပေးမယ်။ ဂျာမုန်းဆုတောင်းရင်တကယ်ရတယ်နော်...ယုံပါ။
စာလုံးပေါင်းသတ်ပုံမှားကကျေးဇူးပြုပြီးပြင်ပေးကြပါရှင်။
အားလုံးကိုချစ်ခင်လေးစားလျှက်
ဂျာမုန်းဒန်



30 comments:

  1. နေဦး နေဦး နေဦး!!!!!
    သားသားလေးကိုကြည့်လိုက်ဦးမယ်သေသေချာချာ
    အဖေနဲ့တူတာလား?
    အမေနဲ့တူတာလားလို့
    သေချာတာကတော့ချစ်စရာအရမ်းကောင်းနေတာပါပဲ

    ReplyDelete
  2. Hay Dr.ZK lay yay,
    You are very cute, intelligent and clever baby.
    Ever smile.
    I wish all the best for baby to be successful.

    ReplyDelete
  3. ကောင်းမလေးက..”..ဟဲ....ငါ့ကိုကြည့်ပါအုံး.. မင်းကိုငါမျက်စိမိတ်ပြနေတာလေ..ကြည့်ပါအုံးဆို...ရုပ်ကိုကတည်တည်ကြီးနဲ့.တော်. အေ...ဟုတ်ပြီ..ငါမခေါ်တော့ဘူးနော်...ဒါပဲ..ဟွမ်း...”

    ကြည့်စမ်းပါဦး သားသားက ခုတည်းက စွန်နေလိုက်တာ...ကောင်မလေးကတောင်မျက်စိမှိတ်ပြတာခံရတယ်.....

    ReplyDelete
  4. “သားသားရေ!!! ဦးကသားလေးမေမေရဲ့သူငယ်ချင်းတွေထဲက အစားအပုတ်ဆုံးတစ်ယောက်ပေါ့ကွယ် သားသားလေးကလည်းအစားပုတ်တယ်ဆိုရင်တော့
    ဦးနဲ့အတူတူပဲပေါ့ကွယ် ဦးနဲ့အတူတူပဲ သားလေးမေမေရဲ့သူငယ်ချင်းတွေအားလုံးကလည်း သားသားလေးကိုချစ်ခင်လျှက်ပါကွယ်”
    ကျန်းမာရွှင်လန်းစွာနဲ့အားလုံးကိုအပြုံးနဲ့လက်လေးတစ်ဖက်မြှောက်ပြ
    နေတဲ့သားလေးရဲ့ဓါတ်ပုံကိုမြင်ရတော့ ကြည်နူးရတာပေါ့ကွယ် ကလေးလေးတစ်ယောက်ရဲ့လှိုက်လှိုက်လှဲလှဲပြုံးနေတဲ့အပြုံးလောက်
    ဘယ်အပြုံးက ပိုပြီးရှင်းသန့်ဖြူစင်နိုင်တော့မှာလဲလေ...ပြောပါဦးသားသားရဲ့ အဖေနဲ့တူတာလား? အမေနဲ့တူတာလားလို့ ဒါမှမဟုတ်နှစ်ယောက်စလုံးနဲ့တူတာလားလို့
    သေချာတာကတော့ သားသားလေးကကြီးလာရင် ဦးလိုပဲ လူချောကြီးဖြစ်ဦးမယ်ဆိုတာပါပဲ(ဟိ ကြုံတုန်းဝင်ကြွားတာ)
    သားသားလေးကချီလိုက်ရင်ကခုန်နေတယ်တဲ့
    သားလေးရဲ့မေမေကပြောတယ် သားလေးကြီးလာရင်အနုပညာဝါသနာပါမလားမသိဘူးနော်
    အဲဒါဆိုရင်ဦးနဲ့တူသွားပြန်ပြီလို့ပဲပြောရတော့မယ်
    သားသားလေးရေ အရွယ်ရောက်လာတဲ့အခါကိုယ့်ခြေတောက်ပေါ် ကိုယ်ပိုင်ပိုင်နိုင်နိုင်ရပ်နိုင်တဲ့သတ္တိကိုဂုဏ်ယူတတ်ပါ
    ကတုံးကေနဲ့ရှောင်လင်မင်းသား သားသားလေးရေ
    သူငယ်ချင်းကိုပြောပြတဲ့ပုံပြင်က သူရဲကောင်းလေးတစ်ယောက်ရဲ့စွန့်စားခန်းတွေနဲ့ပြည့်နေတဲ့ပုံပြင်လေး
    တစ်ပုဒ်များလားကွယ် ကြားချင်စမ်းပါဘိ
    အိပ်ယာထက်မှာစောင်အထွေးကြီးနဲ့ရိုက်ရင်ဘယ်မော်ဒယ်ကမှမလှကြဘူးကွဲ့
    သားသားလေးကတော့ဓါတ်ပုံစားတယ် ချစ်စရာတစ်ထွေးကြီးနဲ့အပြစ်လည်းကင်းစင်လို့ပေါ့ မေမေ့ရဲ့ဆည်းလည်းသံလေးဖြစ်နေမှာပဲပေါ့ကွယ်
    သားလေးကြီးလာရင်ကောင်မလေးတွေကိုစိတ်ဆင်းရဲအောင်မလုပ်ရဘူးနော်
    ဦးဦးတော့နောင်တရနေပြီကွဲ့ ဒါပါပဲသားသားရေ
    ကောင်းသောညလေးပါကွယ် သားသားလေးနဲ့မိသားစုကို ဘုရားသခင်စောင်မပါစေ”

    ReplyDelete
  5. hahaha...ko thar gyi ye' comment ko read pi yee nay ya dar ne' bar yay ya mann ma thi tot bu....God bless your family, ama....

    ReplyDelete
  6. ကျေးဇူးတင်လိုက်တာသားကြီးရေ။သားကြီးခြင်းသားကြီးဆိုတော့ချစ်ကြပြီပေါ့လေ။
    သားသားကပြောတယ်...””သားလေးကြီးလာရင်ဦးဦးသားကြီးရဲ့စာကိုဖတ်ခိုင်းဘမယ်။
    ဦးဦးသားကြီးဆီအလည်လာပြီးအစားတွေရှယ်လာစားအုံးမယ်။
    အဲဒီအခါကျရင်ဦးဦးသားကြီးထွက်မပြေးရဘူးနော်။
    သားသားကဦးဦးသားကြီးကိုအရမ်းခင်ပါတယ်။သားကြီးဖြစ်နေလို့လေ။
    သားသားနဲ့ဦးဦးသားကြီးသူငယ်ချင်းတွေဖြစ်သွားကြပြီနော်။
    အိမ်ကိုအမြဲလာလည်မယ်နော်ဦးဦးသားကြီး။

    ချစ်တဲ့သားသားလေး

    ReplyDelete
  7. မဂျာ သားကလေးကချစ်စရာလေးပဲ။
    အဖေချောတာရော၊ အမေချောတာရော စုံတယ်ထင်တယ်။ ပုံအောချစ်ပဲနေမှာ။

    ReplyDelete
  8. ဂျာမုန်းရေ.. သားလေးကsweetဖြစ်တယ်.. အမေနဲ့တူလို့ထင်ရဲ့... တောင်းကြလော့တောင်းလျှင်ရမည်ဆိုတဲ့ကျမ်းပိုဒ်လေးကတကယ်ခွန်အားရတယ်...

    ReplyDelete
  9. သားသားက လူချောကြီးပဲ။ ကတုံးကေနဲ့ ရယ်နေတဲ့ပုံတွေက ပိုချစ်စရာကောင်းသလားလို့။ ဒီထက် ကျန်းမာ ချမ်းသာပါစေ။

    ReplyDelete
  10. He's so cute. My son is also now 7 mths old. Same age. Later they can become good friends.
    :)

    ReplyDelete
  11. သားလေးက အမေနဲ့တူရင် စာရေးတာ ၀ါသနာပါမယ်ထင်တယ်နော်။ ဒီမိသားစုလေး ကျန်းကျန်းမာမာနဲ့ ပျော်ပျော်ရွှင်ရွှင်နေသွားနိုင်ကြပါစေ ဆုတောင်းပေးတယ်နော် ဂျာမုန်းရေ။ :)

    ReplyDelete
  12. မမရေ
    ကလေးတွေကြည့်ရတာ စိတ်ချမ်းသာလိုက်တာ
း)

    ReplyDelete
  13. မမရေ
    သားသားလေးက ချစ်ဖို့ကောင်းလိုက်တာနော်။
    မမတို့ မိသားစုဘဝလေးကပျော်စရာလေးဘဲ။
    နောက်မှမမကို မေးစရာတွေမေးတော့မယ်။
    မေလေးနေမကောင်းလို့ မရောက်ဖြစ်တာမမရေ။

    ReplyDelete
  14. မေမေချောချော
    သားခန့် ခန့် နဲ့ 
    မမကိုတော့မြင်ယောင်တယ်။
    ချစ်စရာလေးနော်.. ကလေးလေးက။
    အမေတူလား???

    ReplyDelete
  15. သားသားလေးကသိပ်ကိုအလိုက်သိတယ်။
    အဖေတစ်ဝက်၊ အမေတစ်ဝက်နဲ့သွားတူနေတယ်။
    ချောတာကအမေနဲ့ပိုတူလို့နော်။

    ReplyDelete
  16. ပျော်စရာကြီးနော်...
    သားလေးက နောက်ဆို စကားပြောနိုင်လာရင် ပိုတောင်
    ချစ်စရာကောင်းဦးမှာ...ခုတောင်တော်တော်ချစ်စရာလေး..
    သူတို့သူငယ်ချင်းတွေပျော်နေကြတာပေါ့လေ...

    ပျော်စရာမိသားစု ပေါ့....

    ReplyDelete
  17. အဲ
    ယောက္ခမကြီး
    နေကောင်းလား။ မီးမီးလေ အလုပ်က ပြန်ရောက်ရောက်ချင်း အပြေးလာတာ သိလား။ ခုဘာလုပ်နေလဲဟင်။ မီးမီး ဘာကူလုပ်ပေးရမလဲဟင်။ ပြောနော်။ အားနာနဲ့သိလား။ တူယေးက ခု ၇လဆိုတော့ မီးနောက်ထပ် နှစ်၂၀လောက် စောင့်ရင် ဖြစ်တယ်မို့လားဟင်။ ယောက္ခမကြီးက ချစ်ဖို့ကောင်းလိုက်တာ။ အမေလိုကို ချစ်တာ သိလား။ ခိခိ။

    ReplyDelete
  18. ချစ်စရာ အရမ်းကောင်းတယ်။

    အားကျလိုက်တာနော်။ အဟင်းးးးးးးးးးးးး
    ကျောပိုးအိတ်တို့ များ ဘယ်တော့များမှ ဒီလိုဘ၀မျိုး ပိုင်ဆိုင်ရမလဲ တိဘူး။
း)

    ကျောပိုးအိတ်အတွက်လဲ ဆုတောင်းပေးနော်။
    အဟီးးးးးးး

    ReplyDelete
  19. သားသားကိုလည်း အားလုံးကြချစ်ကြမှာပါကွာ
    တလတခါ သားသားရဲ့မွေးနေ့ပွဲလေးလုပ်ကွ ဒါမှ ဦးဦး တို့လည်း ၀ါးတီးလေးမှန်မှာ....။

    ကလေးလေးတွေက ၀၀တုတ်တုတ်လေးဆို ပိုပြီးချစ်ဖို့ ကောင်းတယ်ထင်တယ်နော်...။

    အမတို့မိသားစု ပျော်ရွှင်ပါစေဗျာ

    ReplyDelete
  20. အစ်မနဲ့ခင်ပွန်းသည်တို့ရဲ့ဇာတ်လမ်းလေးကို
    ရင်ဘတ်နဲ့လာဖတ်သွားတယ်
    စိတ်မကောင်းလည်းဖြစ်တယ် ဝမ်းလည်းသာရတယ်
    အစ်မကဆုတောင်းပြည့်တယ်ဆိုရင် ကျနော့်ကို
    တစ်ခုပဲဆုတောင်းပေးပါ
    “ဖြစ်လေရာဘဝမှာ မင်းဆိုးမင်းညစ်တွေ သက်ဆိုးရှည်တဲ့ မြန်မာပြည်လိုတိုင်းပြည်မျိုးမှာ လူမဖြစ်ရပါစေနဲ့လို့”
    နော်အစ်မ...... ။

    ReplyDelete
  21. အောင်မလေး...အောင်မလေး...သားကြီးအချင်းချင်း ချစ်နေလိုက်ကြတာ။ ငါ့ကိုတောင်မေ့ကြတယ်နော်။
    ဟွန်းးးးးးးးးးးး
    သမီးကြီး လာပြီဟေ့......
    ဘယ်သူလဲကွ ငါ့မောင်လေးကို ချစ်စရာမကောင်းဘူးလို့ပြောတာ..ဟင်...ငါနဲ့တွေ့မယ်။ (သွေးရူးသွေးတန်း လျှောက်အော်နေသည်) ဟိဟိ
    မရေ.. သမီးဖျားနေလို့ ခုမှရောက်တယ်။
    ဘုရားပေးတဲ့ မိသားစုလေးနဲ့ ပြည့်စုံနေတဲ့ မရဲ့ဘ၀လေးအတွက် ကျေးဇူးတော် ချိးမွမ်းပါတယ်နော်။ ဘ၀မှာ လိုချင်တာထက် လိုအပ်တာလေးတွေကို နောက်မကျပဲ အချိန်မီပေးတတ်တဲ့ ဘုရားရဲ့ သားသမီးဖြစ်ရတာလောက် တန်ဖိုးရှိတာ ဂုဏ်ယူသင့်တာ မရှိပါဘူးလေ။
    မရဲ့ အမှုတော်ဆောင်လုပ်ငန်းလေး ဒီထက်မက ဘုရားရှင် လမ်းပြမှုအောက်မှာ အောင်မြင်ပါစေလို့ ။ ဘုရားရှင် ဆက်လက်အသုံးပြုပါစေ။

    ReplyDelete
  22. ကျေးဇူးတင်တယ်Angel Shaper ရေ...
    အခုလိုကြားရတာအရမ်းကိုဝမ်းသာပါတယ်။

    ReplyDelete
  23. ကျေးဇူးတင်တယ်Angel Shaper ရေ...
    အခုလိုကြားရတာအရမ်းကိုဝမ်းသာပါတယ်။

    ReplyDelete
  24. မောင်လေးရေ... ကဂျာအီးးးးးးးးး
    အယ်... ကဂျာအိုင် တဲ့ ပြန်ထူးတယ်တော့။
    တော်လိုက်တာ ငါ့မောင်လေး။
    အမနဲ့တူပြီး ချစ်စရာကောင်းတဲ့ ဘုရားလက်ဆောင် မောင်လေးတစ်ယောက် ဘုရားရှေ့၊ လူရှေ့မှာ မျက်နှာရတဲ့ သားမြတ်ရတနာလေး ဖြစ်ပါစေ။
    ဖန်ဆင်းတဲ့ ဘုရားသာမက၊ မိဘမောင်နှမ၊ ဆွေမျိုးသားချင်းတွေ၊ နိုင်ငံနဲ့လူမျိုးအတွက်၊ အသင်းတော်အတွက်၊ နိုင်ငံတော်အတွက် ထွန်းပေါက်လုပ်ဆောင်ပေးနိုင်တဲ့ သားကြီးဖြစ်ပါစေနော်။
    တို့မောင်နှမ မွေးနေ့ကျရင် ဓာတ်ပုံတူတူရိုက်မယ်။ မေမေချက်ပေးထားတာတွေ ကိုသားကြီးမလာခင် အရင် တွယ်ကြမယ်နော်။ ဟိဟိ။
    ချစ်စရာကောင်းတဲ့မောင်လေးကို မမလဲအရမ်းချစ်ပါတယ်နော်။ မောင်လေးပြောပြတဲ့ ပုံပြင်လေးလဲ နားထောင်ချင်ပါတယ်နော်။
    ချစ်တဲ့
    မောင်လေးရဲ့ မမ
    သမီးကြီး ( ဟိဟိ)

    ReplyDelete
  25. မဂျာမုန်းရေ

    သားလေးက ချစ်စရာလေးနော်
    မဂျာမုန်းရဲ့ခံစားချက်တွေကိုလဲဖတ်သွားတယ်

    ကျွန်တော့်သားလေးကိုလဲ သတိရသွားတယ်


    ခင်မင်စွာဖြင့်
    သီဟသစ်

    ReplyDelete
  26. မိဇော်နဲ့ ဖြူစင်ကြယ်Angel...
    ညည်းတို့တွေ ဘာဖစ်နေကြသလဲ..
    သားလေးက ကလေးလေးကို နော်.....
    ဆိတ်ကိုနိုင်အောင်ထိမ်း..မနိုင်ရင် ကြိုးချည်ထား...
    ငါ့ အစ်မ စိတ်တိုအောင်မလုပ်နဲ့နော်..
    သူစိတ်ဆိုးလို့ ဟင်းမချက်ရင် ငါ ပုံတွေ ကြည့်ပြီး ထမင်းနဲ့စားရမယ့်ဟင်းတွေ ငတ်နေမယ်..ဟင်းးးးး....

    ReplyDelete
  27. အောင်မာ ကိုငကျယ်နော်။ ဘာလာကျယ်နေတာလဲ သမီးမောင်လေးနော်။ မပြစ်မှားနဲ့ ကျားဆွဲမယ်..ဟွန်းးးးးးးးးးဘာမှတ်နေလဲ....
    သမီးနဲ့ မောင်လေးက မောင်နှမပါနော်။။။
    မမရေ..ရှင်းပြလိုက်ဦး ဒီငကျယ့်ကို အွန့်..ငဇော်က နာ့ယောင်းမနော်။ ယောင်းမတော်ပြီး နာနာမွှေမှာ...ဟဟားးးးးးးးးး

    ReplyDelete
  28. ကလေးလေးတွေချစ်စရာကောင်းလိုက်တာ။

    အမရေ ညီမအတွက်လည်းကြိုပြီးတော့ ဆုတောင်းပေးထားပါဦးနော်...
    အမလိုပဲ သားချောချောလေး ရပါစေလို့ ;)

    ReplyDelete
  29. ချစ်မမ

    ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးဆိုတာ
    ခန့်မှန်းလို့ ရပါတယ် ။

    မမကံကောင်းပါတယ် မမ ။ မမသားလေးက
    ချစ်စရာ အားကြီးကောင်းတယ်နော် ။

    မမရေ မရောက်တာကြာလို့ စိတ်မဆိုးပါနဲ့
    ညီမဂျစ် အလုပ်မအားလို့ဗျို့ ။

    ချစ်တဲ့
    ညီမဂျစ်

    ReplyDelete
  30. သားသားရဲ့အစ်မဖြူစင်ကြယ်
    ၊သားသားနဲ့တူတဲ့ဦးဦးသားကြီး၊
    သားလေးကိုသတိရတဲ့ဦးဦးသီဟသစ်၊
    သားလေးကိုချစ်တဲ့ဦးဦးဒေါ်ဒေါ်များအားလုံးကို..
    သားသားလည်းအရမ်းချစ်ပါတယ်....။
    ဒါကြောင့်ဦးဦးဒေါ်ဒေါ်များစားဖို့မေမေ့ကို
    အစားအသောက်ရှယ်ချက်ခိုင်းပြီးတော့အ၀ကိုကျွေးပါ့မယ်
    လို့သားသားကတိပေးလိုက်ပါတယ်။
    အားလုံးကိုလေးစားပြီးချစ်တဲ့
    သားလေးပါ။

    ReplyDelete