Thursday, August 6, 2009
Egg Roll and Dessert
သားလေးကပြောတယ်။..”မေမေ...ဒီနေ့...သားသားချစ်တဲ့ဦးဦးဒေါ်ဒေါ်တို့အတွက်မုန့်လုပ်ကျွေးပေးပါ ...သားဆီလာကြပေမယ့်..ဘာမှမကျွေးဖြစ်ဘူး....ဗိုက်ဆာနေကြရော့ပေါ့...”. .ဆိုပြီးတောင်းဆိုလာတဲ့သားလေးရဲ့စကားကိုနားထောင်သောအားဖြင့်...ရှယ်ကို ပြုလုပ်ထားခြင်းဖြစ်တယ်။
ကဲ.....လာဘာပြီရှင်။
ဟောဒါကတော့...Egg Roll လေးပါ။....စားသွားကြပါရှင်။
ကြက်ဥလေးလုံးမှာကြက်သွန်နီ၊ခရမ်းချဉ်သီး၊ကြက်သွန်မိတ်၊ဆား၊အချိုမှုန့်တို့ကိုသမအောင်နယ်ပြီး ဒယ်အိုးအပြားမှာ..ဆီအနည်းငယ်ထည့်ပြီး..လေးထောင့်လေးဖြစ်အောင်ကြော်ထားတာပါ။ လေးထောင့်လေးဖြစ်လာအောင်..ဇွန်းနဲ့တူကိုအသုံးပြုပြီးလက်နဲ့သေချာခေါက်ပြီးကြော်ထားတာပါ။ တစ်ခါခေါက်ပြီးတိုင်းအနားသားကိုဇွန်းလေးနဲ့နာနာဖိပေးတယ်။ဒီလိုပဲအဆုံးအထိလိပ်ပေးရတယ်။
နောက်ဆုံးအေးသွားပြီဆိုမှ.ဓားနဲ့ပုံစံလှလှလေးလှီးထားလိုက်တယ်။..Smoke&Spiceရဲ့ကျေးဇူးပါ။
ဟောဒါလေးက...ပူတင်းပါ။ဘာပူတင်းလည်းဆိုတော့....၀က်ခြေထောက်ပူတင်းပါ။...၀က်ခြေထောက်ကို Pressure..Cookerနဲ့ပေါင်းပြီး...နောက်ဆုံးလက်ကျန်အရည်ကိုရေခဲသေတ္တာထဲထည့်ထားလိုက်ရင် ၀က်ခြေထောက်ပူတင်းလေးရပြီပေါ့။ကြိုက်ရင်စားသွားနော်။
ဒါက....အာလူးစနွင်းမကင်းပါ။...ဂျာမုန်းကိုယ်တိုင်လုပ်ထားတာပါ။...စားသွားနော်။
ဒါကတော့...ဗန်းလိုက်ချထားတာပါ။မ၀သေးသူအတွက်ပါရှင်။ကြိုက်သလောက်သာစားသွားပါ။
င....ငချိတ်ပေါင်း.....စားလို့ကောင်းနော်။.....ကောက်ညှင်းဆိုငချိတ်တဲ့။..ဂျာမုန်းကိုယ်တိုင်ပေါင်းထားတာပါ။
စားသွားကြပါ။
ကဲ....ကောက်ညှင်းနဲ့စားဖို့...အကြော်စုံပါကြော်ထားသေးတယ်ရှင်။
ကဲ......ရေနွေးကြမ်းပါသုံးဆောင်သွားပါအုံးရှင်။ရေနွေးအိုးထဲမှာ..လဖက်ချောက်နဲ့ရေနွေးအသင့်ထည့်ပြီးနော်။ ခတ်သောက်လိုကရုံပဲ။.ဂျာမုန်းဆိုဒီရေနွေးခွက်တွေနဲ့ရေနွေးသောက်လိုက်ရင်ပိုအရသာရှိသလိုပဲ။ မယုံရင်သောက်ကြည့်နော်။
ကဲ...ဒါက....၀က်နံရိုးပေါင်းခေါက်ဆွဲပါ။အပေါ်ကအစားအစာတွေမ၀ရင်....ထပ်စားဖို့ပါရှင်။
ဒါကတော့...တိုဖူးပျော့ပါ။ကြက်သားနဲ့နော်။ဝက်သားမစားသူအတွက်သီးသန့်ပါရှင်။
ကဲ...အားလုံးပဲသုံးဆောင်သွားကြပါရှင်။ကုန်အောင်စားရမယ်နော်။မစားရင်သားလေးကစိတ်ဆိုးမှာတဲ့။
ကောင်းမကောင်းလည်းပြောသွားကြပါအုံးရှင်။ကြားချင်လို့ပါ။
အားလုံးကိုခင်မင်လေးစားလျှက်
ဂျာမုန်းဒန်
Type rest of post here
19 comments:
  1. ကြက်ဥလိပ်လေး လုပ်စားကြည့်ဦးမယ်.. အစ်မလို ကောင်းမကောင်းတော့မပြောတတ်။ ကောက်ညှင်းပေါင်းနဲ့ အကြော်ဆို ကြိုက်မှကြိုက်..... အစ်မကလုပ်တတ်လိုက်တာနှော်.... အဝေးကနေပြီး သရေပဲကျကျနေရတယ်...
    ReplyDelete
  2. အိုးးးးး ကိုသားကြီးမလာခင် လာဦးတာ။ မလပြည့်က ကြိုရောက်နေတယ်။ ဟိဟိ မကြီးကိုတော့ အပြစ်မပြောတော့ပါဘူး။ အစားမကြီးလို့ ဟိဟိ။
    အကုန် အကုန် အကုန် ကြိတ်သွားဒယ်။
    အရသာရှိလိုက်တာ... ငချိတ်ပေါင်းနဲ့ အကြော်စုံ တမ်းတနေတာနဲ့ အတော်ပဲ။ အာလူးစနွင်းမကင်းကို စားနိုင်သလောက်လေးစားပြီး ပါဆယ်လည်း ထုတ်သွားသေးတယ်။ ရန်အေး တာပေါ့။ ဟဟားးးးးးးး
    ၀ူးးးးးးးဟူးးးးဟူးးးး ဗိုက်အရမ်းတင်းနေပြီ။
    ဒီနေ့ဘာနေ့လဲ ကိုသားကြီးထက်အရင် စားရလို့ ဟဟဟားးးးးးးးးးးးးးးးးးး
    အရသာရှိတဲ့ အစာတွေ တ၀တပြဲစားပြီး ရေနွေးကြမ်းသောက်သွားတယ်။
    ခု ဗိုက်အင့်နေပြီ အိပ်တော့မယ်။။။ ၀ါးးးးးးးးး
    မောင်လေးရေ.... မေမေ့ကို နောက်လဲ ပူဆာပေးနော်။ ကျေးဇူးကမ္ဘာ။
    ReplyDelete
  3. ဟာဂျာ!!!!!!!!
    သွားကုန်ပါပြီဗျာ !!!!!!
    သမီးကြီးအရင်ဦးတော့ သားကြီးငတ်ပြီဗျ :(
    မကျေနပ်ဘူး ဟွန်းးးးးး :P
    ReplyDelete
  4. မုန်းရေ လာတယ်နော်။ အစားအသောက်ဆိုကြိုက်ပြီးသား။း) ကြက်ဥလိပ်က အမလုပ်တာထူသွားလို့ ထင်တယ် အဲလိုမလှဘူး ၊ လှီးရတာအဆင်မပြေလို့ ။ အာလူးဆနွင်းမကင်းနဲ့ တို့ ဟူးနွေးကတော့ ပိုကြိုက်တယ်။း)
    ReplyDelete
  5. သားသားလေးသိပ်တော်တယ် ဗိုက်ထဲမှာပုဏ္ဏားလေးရှိနေလားမသိဘူး ဦးဦးစားချင်တာ ပူဆာပေးတယ်
    သမီးကြီးကခြောက်ခုကြီးများတောင် Egg Rollကိုစားသွားတယ် သားကြီးသုံးခုပဲစားရတော့တယ် မကျေနပ်ဘူး
    ဗိုက်အင့်နေပြီ အိပ်တော့မယ်တဲ့လား မရဘူး
    အိပ်သွားပြီးအိပ်မရအောင်နှောက်ယှက်
    လိုက်ဦးမယ် ဟီးးးးး ပူတင်းတော်တော်များများစားဖူးတယ် ဝက်ခြေတောက်ပူတင်းတော့ခုမှပဲစားဖူးတော့တာ
    ဗျ သားသားလေးရဲ့ကောင်းမှုနဲ့ မေမေရဲ့စေတနာတွေပေါ့ အာလူးစနွင်းမကင်းလည်းသိပ်သိပ်ကြိုက်တယ်သားသားရေးး
    တော်သေးတယ် ဗန်းလိုက်ချထားလို့ မဟုတ်ရင် သမီးကြီးအကုန်တွယ်သွားလောက်ပြီ ကောက်ညှင်းငချိတ်လည်းအီဆိမ့်နေတာပဲဗျိုးးး
    အကြော်စုံကိုတော့ ချန်ထားမယ် ဘလော့အိမ်လိုက်လည်ရင်းဗိုက်ဆာလာရင်
    ထပ်စားမလို့ (နောက်ရောက်တဲ့လူတွေအကုန်မစားသွားနဲ့နော် ဟီးးးးး)
    ရေနွေးကြမ်းက ဘယ်ကလက်ဖက်ခြောက်ခပ်ထားတာလဲဗျ
    တော်တော်မွှေးတာပဲ ရေနွေးအိုးလေးလည်းအရမ်းလှတယ်
    ရေနွေးကြမ်းသောက်ပြီးမှ အောက်ကဝက်နံရိုးပေါင်းရယ် တို့ဖူးပျော့ရယ်ကိုတွေ့တယ် ဗိုက်အင့်သွားပြီသားသားရ ခဏနေမှပြန်လာစားတော့မယ် ချန်ထားပေးနော် ကုန်အောင်ခုမစားသေးတာက
    ခဏနေလာစားဖို့ချန်ထားတဲ့သဘော
    သားသားလေးစိတ်ဆိုးရဘူးနော် :)
    ပြန်တော့မယ်သားသားလေးရေ
    အောင်မယ်လေးလေး လမ်းတောင်ကောင်းကောင်းမလျှောက်နိုင်တော့ဘူးဗျ :P
    သားသားလေးနဲ့မေမေ နောင်များလည်းခုလိုကျွေးနိုင်မွေးနိုင်ပါစေ။
    good nightနော်သားသားလေး
    သမီးကြီးကိုသွားရန်တွေ့လိုက်ဦးမယ် :P
    ReplyDelete
  6. ဟားဟား...သမီးကြီးနဲ့သားကြီးရမ်းဖြစ်တာမဆန်းပါဘူး။
    အားလုံးကအကြီးဆိုတော့ဒီလိုပဲနေမှာ။
    ဒီကလည်းသားကြီးတစ်ယောက်ဆိုတော့ကြီးလာရင်တော့
    အတူတူပဲနေမှာ....ဟီး..ဟီး။
    မြင်ယောင်သေးတယ်။
    ReplyDelete
  7. မရေးးးးဝါးတီးဆိုလို့ အမြန်ပြေးလိုက်လာတာ...
    အ၀စားရင်းပါဆယ် ပါထုပ်သွားတယ်..
    ဂျာမနီကိုလာလည်မှ အ၀လာစားမှာနော်
    အဲကျမှ ပုန်းမနေနဲ့....
    ချစ်တဲ့
    ယွန်းလေး
    ReplyDelete
  8. မမဂျာမုန်း
    သားသားလေးရော...မမကိုရော ကျေးဇူးပါ ။
    တို့ဟူးနွေးကြိုက်တယ်...။
    ချစ်ခင်စွာဖြင့်
    ဂျစ်
    ReplyDelete
  9. ဟင်းဟင်း (ရယ်တာနော် ၊ တော်ကြာ အဖျားတတ်နေတယ် ထင်နေမှာစိုးလို့ )
    သားလေးကစားခိုင်းလို့ စားလိုက်တာ။ ထတောင်မနိုင်တော့ဘူး။
    မေမေဂျာမုန်းရဲ့ လက်ရာကတော့ ရှယ်ဘဲဟေ့။
    မေမေဂျာမုန်းချက်တာ မီးလေး ကျောပိုးအိတ်က အများကြီးစားသွားတယ်။
    အစာကျေဆေးပေးပါဦးနော်။
း)
    ReplyDelete
  10. ကောက်ညှင်းပေါင်းနဲ့ တို့ဟူးနွေးလာစားသွားပါတယ် ဂျာမုန်းရေ.. ကောင်းမှကောင်း .. :)
    ReplyDelete
  11. ရှယ် တွေချည်းပဲ..
    အားလုံး ကြိုက်...တို့ဟူးနွေးနဲ့ အကြော်စုံ ကို အကြိုက်ဆုံး..း))
    ReplyDelete
  12. ချစ်စရာ သားသားလေးနဲ့ သားသားလေး မေမေ လုပ်ကျွေးတဲ့ မုန့်တွေကို အကုန်စားသွားပါတယ်နော်
    မေတ္တာနဲ့လုပ်ထားတဲ့ အစားအသောက်တွေမို့လို့လား မသိ စားလို့ကောင်းလိုက်တာ
    နောက်လဲ ဗိုက်ဆာရင်လာစားလို့ရတယ်ဟုတ် :P
    ReplyDelete
  13. အားပါးပါး...လို့တောင်အော်သွားရတယ်..
    ကိုယ့်အစ်မ လက်စွမ်းပြထားတာ..
    ဘာကိုအရင် စ စားရမလဲလို့ တွေးနေရင်းခေါင်းတောင်စားသွားတယ်......
    အကုန်လုံးကြိုက်နေတယ်ခင်ဗျ...
    ရေနွေးကြမ်းအိုးလေးကလည်း ကဗျာဆန်လိုက်တာ...လှတယ်
    ပါဆယ်ပို့ လိုက်လို့ မရဘူးလားဟင်....
    ပျော်ပါစေ အစ်မရေ..သားလေးရဲ့ ဧည့်ဝတ်ကျေပြွန်မှုကို လည်း အထူး လေးစားကျေးဇူးတင်ပါတယ်လို့.....
    ReplyDelete
  14. အဲလို အမေမျိုးလိုချင်လိုက်တာ
    ပူစာ သမျှအကုန်ရ :)
    ReplyDelete
  15. ဟိုနေ့က ချန်ထားတဲ့
    ဝက်နံရိုးပေါင်းခေါက်ဆွဲနဲ့
    တိုဖူးပျော့ကိုလာပြန်စားတယ်သားသားရေ
    သားသားရော မေမေရော ကျန်းမာပျော်ရွှင်ပါစေ :)
    ReplyDelete
  16. ဂျာမုန်းရေ... စားချင်စရာတွေချည်းဘဲ... အိမ်နီးရင်ကောင်းမယ်နော်
    ReplyDelete
  17. အဲဒီ ကိုကို သားကြီး မကုန်မချင်းလာစားနေတာပဲ။
    မေ နဲ့ မောင်လေးရေ...သမီးကြီး အကုန်အကုန် အကုန် ကို ပြန်လာစားတယ်။
    ကိုကိုသားကြီးလာရင် အိုးခွက် ပန်းကန် တွေဆေးခိုင်းလိုက်ဦး မောင်လေးရေ.... ဟိဟိ
    ReplyDelete
  18. Hey!...ning e!..daini rau ai i? Gat sa ga le. အပေါ်ကဟာတွေ အကုန်ပြန်ချက်ကျွေးပါ။ :D အကုန်လုံးကို စားချင်တာပါပဲကွယ်။ မစားတာ မရှိပါ။
    ReplyDelete
  19. ၀က်သားက လွဲလို့
    ကျန်တာ အကုန် စားသွားတယ် ...
    ဒါပေမယ့်
    ရှိတော့ဘူးးးထင်တယ် ..
    လာတာ နောက်ကျလို့ ... :(
    ReplyDelete