Monday, August 10, 2009

Stateကျောင်းသူဘ၀တုန်းကရေးခဲ့ဖူးသောအော်တိုလေးများ



ယ်ငယ်းကတွေးပုံရိပ်တစ်ခုဖြစ်ခဲ့တဲ့အော်တိုရေးတဲ့အကြောင်းလေးကိုပြောပြချင်တယ်။
ဂျာမုန်း
...ယ်ငယ်တုန်းကပေါ့။အော်တိုရေးတာသိပ်ဝါသနာပါတယ်လေ။ ကျောင်းစဖွင့်တဲ့ရက်ဆို....အော်တိုစာအုပ်လှလှလေးဝယ်ပြီး.... ကျောင်းသွားရတာသိပ်ပျော်စရာ။ သူငယ်ချင်းအသစ်တွေနဲ့မမိတ်ဆက်ခင်.... အော်တိုရေးပေးဖို့စာအုပ်လေးကိုအရင်ပေးတတ်သည်။
သူငယ်ချင်းတွေရေးပေးတဲ့အော်တိုစာဓားလေးကို.....ညနေအိမ်စာတွေလုပ်ပြီးလို့စာမကျက်မှီ...အိပ်ယာပေါ်.... လှဲရင်း...ဇိမ်နဲ့ဖတ်ပြီး....စိတ်ကူးတွေယင်တတ်ခဲ့သည်။.ပြီးတော့..တစ်ယောက်ထဲပြုံးနေတတ်သေးသည်။
နောက်..ကိုယ်ကလည်း...သူငယ်ချင်းတွေကိုရေးပေးချင်တဲ့အကျင့်ကရှိသေးသည်။
ဒါကြောင့်...စနေ့နေ့ကျောင်းပိတ်ပြီဆိုရင်...ကာတွန်းတွေငှားပြီး...လှပတဲ့စာဓားလေးတွေ၊စကားလုံးလေးတွေ.. ကိုဖတ်မိပြီဆိုရင်...ကိုယ့်ရဲ့ဒိုင်ယာရီစာအုပ်ပေါ်ကူးချရေးသားပြီး....အလွတ်ရအောင်ကျက်လေ့ရှိသည်။
အခုစဉ်းစားလိုက်ရင်....ဂျာမုန်း...ဟိုငယ်ငယ်ကတည်းက....ကဗျာ၊လင်္ကာ၊စာပေတွေကို..အင်မတန် ချစ်တတ်တာပဲလို့တွေးမိတယ်။
အခုထိမှတ်မှတ်ရရစွဲလန်းပြီး.....သူငယ်ချင်းတွေကိုရေးပေးခဲ့တဲ့.....အော်တိုစာဓားလေးအချို့ကို.. .စမြုတ်ပြန်လိုက်ပါတယ်နော်။

မြက်ခင်းစိမ်းတာ၊...သဘာဝ။
မင်းကိုခင်တာ၊...ထာဝရပါ။
သူငယ်ချင်းရယ်....
ိ ချစ်တဲ့သူငယ်ချင်း
( )

တွေ့စုံခဏခွဲရလို့၊
အမြဲလွမ်းမယ်ယုံပါကွယ်။
သူငယ်ချင်းရေ.....။
အမြဲခင်နေမယ့်
( )

ကြွေသွားသောလပြည့်ဝန်းသည်၊တကြော့ပြန်လာတတ်ပါတယ်။
ပြောင်းသွားသောရာသီသည်လည်း၊တဖန်ပြန်လာတတ်ပါတယ်။
ဒါပေမယ့်...သူငယ်ချင်းရေ...မင်းကိုခင်တဲ့ငါ့စိတ်က..
.အမြဲ...ပြည့်မြဲ.......သာမြဲပေါ့...သူငယ်ချင်းရေ။
ထာဝရသူငယ်ချင်း
( )

ကဗျာဆိုတာ၊ဝေသနာလို။
ဒို့ဟာ...မင်းလေးရဲ့ဝေသနာရှင်ပါ။
သူငယ်ချင်းရေ......။
ခင်တဲ့
( )

လတွေ၊နှစ်တွေပြောင်းလဲပေမယ့်၊
ငါ..မင်းကိုခင်တဲ့စိတ်က..ဘယ်တော့မှမပြောင်းဖူးကွယ်။
သူငယ်ချင်းရေ......။
ထာဝရခင်သွားမှာပါ။
ခင်တဲ့
( )


သူငယ်ချင်းရေ...
မင်းကိုငါအရမ်းရမ်းခင်မိပါတယ်။
ငါမင်းကို..ဘယ်လောက်ထိခင်သလဲဆိုရင်..
တကယ်လို့......
ငါသေသွားပေမယ့်၊
ငါ့ရဲ့အရိုး၊ခေါင်းပိုင်းပဲကျန်နေပါစေ။
မင်းကိုမမေ့ဘူး၊
သတိရနေအုံးမယ်
ယုံပါကွယ်။
ချစ်တဲ့သူငယ်ချင်း
( )

တနေ့....ဒီနောက်ဆုံးစာဓားလေးကို..ဂျာမုန်းသူငယ်ချင်းတစ်ယောက်ကိုရေးပေးလိုက်တယ်။
ဒါကိုဖတ်ပြီးအဲဒီသူငယ်ချင်းက..ဘာပြောလဲဆိုရင်
””ဟား.....သူငယ်ချင်း...မင်းရေးပေးလိုက်တဲ့ဒီအော်တိုစာဓားကိုဖတ်ရင်းနဲ့... .ညကတောင်ငါအိပ်မက်မက်သေးတယ်.. ..မင်းစာဓားကတစ်သက်လုံးမေ့မရအောင်ပဲကွာ....
မြင်ယောင်စရာတော်တော်ကောင်းတယ်””
ဆိုပြီး..လာပြောတယ်လေ။
တကယ်တော့...ဂျာမုန်းက...စချင်လို့နောက်လိုက်တာပါ။နောက်လိုက်တဲ့ဒီစာဓားလေးကို..ဂျာမုန်း... အခုထိအမှတ်ရနေဆဲပါ။

ဒါကြောင့်...အားလုံးကို...ဂျာမုန်းတစ်ခုတောင်းဆိုလိုက်ပါရစေရှင်။
ဂျာမုန်းချစ်တဲ့..မိဆွေ၊သူငယ်ချင်းများအားလုံးလည်း...ဂျာမုန်းကိုတကယ်ခင်မင်တယ်ဆိုရင်.... ကော့မင်ထဲမှာ..ငယ်ငယ်ကရေးခဲ့ဖူးတဲ့အော်တိုလေးတစ်ပုဒ်ကိုစဉ်းစားပြီး...ရေးပေးခဲ့ကြပါလို့... မေတ္တာရပ်ခံပါတယ်ရှင်။ ဖတ်ချင်...ကြားချင်လို့ပါ။
ကျေးဇူးပြုပြီးအယောက်ဆီတိုင်း...တကယ်ရေးပေးကြပါနော်။

အယောက်တိုင်းရဲ့အော်တိုလေးတစ်ပုဒ်ကိုမျှော်နေမယ့်
ဂျာမုန်းဒန်ပါ။

Type rest of post here

48 comments:

  1. ရှောင်းဂျာလေးရေ..

    မင်းကိုငါအရမ်းရမ်းခင်မိပါတယ်။
    ငါမင်းကို..ဘယ်လောက်ထိခင်သလဲဆိုရင်..
    တကယ်လို့......
    ငါသေသွားပေမယ့်၊
    ငါ့ရဲ့အရိုး၊ခေါင်းပိုင်းပဲကျန်နေပါစေ။
    မင်းကိုမမေ့ဘူး၊
    သတိရနေအုံးမယ်
    ယုံပါကွယ်။


    ချစ်တဲ့
    မြူးလေး

    ReplyDelete
  2. ရှောင်းဂျာလေးရေ..

    မင်းကိုငါအရမ်းရမ်းခင်မိပါတယ်။
    ငါမင်းကို..ဘယ်လောက်ထိခင်သလဲဆိုရင်..
    တကယ်လို့......
    ငါသေသွားပေမယ့်၊
    ငါ့ရဲ့အရိုး၊ခေါင်းပိုင်းပဲကျန်နေပါစေ။
    မင်းကိုမမေ့ဘူး၊
    သတိရနေအုံးမယ်
    ယုံပါကွယ်။


    ချစ်တဲ့
    မြူးလေး

    ReplyDelete
  3. ရှောင်းဂျာလေးရေ..

    မင်းကိုငါအရမ်းရမ်းခင်မိပါတယ်။
    ငါမင်းကို..ဘယ်လောက်ထိခင်သလဲဆိုရင်..
    တကယ်လို့......
    ငါသေသွားပေမယ့်၊
    ငါ့ရဲ့အရိုး၊ခေါင်းပိုင်းပဲကျန်နေပါစေ။
    မင်းကိုမမေ့ဘူး၊
    သတိရနေအုံးမယ်
    ယုံပါကွယ်။


    ချစ်တဲ့
    မြူးလေး

    ReplyDelete
  4. လမင်းကြီးသာတာ တခဏ
    မင်းကို ခင်တာ ထာဝရ။

    လက်ရေးမြင်တာနဲ့
    ရေးသူကို သတိရနိုင်ပါစေ။
    (ခက်တာက ဇော်ဂျီကြီးတော့။
    ဘီလိုမှတ်မိနိုင်မလဲ။ဟိဟိ)

    ReplyDelete
  5. မျက်နှာချင်း မရင်းပေမယ့်
    ဘလော့ခ်အတွင်း ခင်မင်ရင်း
    အသွင်ကွဲ ခံစားချက်တွေကို ဝေမျှ
    ကြွေကျ ခြင်းကင်း.. အမြဲ လင်းလို့..တောက်ပပါစေ
    အစ်မ မဂျာရေ
    ခင်တဲ့ ...

    လင်းကြယ်ဖြူ

    ReplyDelete
  6. တကြိမ်တခါ
    မလိမ်ညာဘူး
    ရင်မှာအမြဲသတိရတယ်..
    ခင်တဲ့
    rose of sharon

    ReplyDelete
  7. ကွန်ယက်တွေသွယ်ဆက်ထားတဲ့
    ပြတင်းနှစ်ခုစီကို
    မျက်နှာချင်းဆိုင်နေလည်း
    ပုံပန်းကို ဖော်လွမ်းမရပေလို့
    ၀ါသနာတူ မနောဖြူသူ
    မြင့်မြတ်တဲ့မိခင်ဘ၀ပိုင်ဆိုင်သူ
    နိုင်ငံကိုချစ်တဲ့အမျိုးသမီးဖြစ်သူ
    အားပေးအားဖော်ပြုတတ်သူ
    ဂျာမုန်းဒုန် ဆိုတဲ့ ဂျိန်းဖောသူလေးကို
    အမြဲထာဝရ အမှတ်ရနေမှာပါ....
    ဘုရားရှင်ကောင်းကြီးဆထက်တစ်ပိုး ချပေးပါစေ..
    ချစ်တဲ့...
    ကူးကူးစ်

    ReplyDelete
  8. မဂျာရေ ခင်ပါတယ် ဒါပေမယ့် အော်တို ရေးတတ်ဘူး.. ရေးကြည့်လိုက်မယ်နော်....

    ခင် တာတွေကို ရင်မှာမထားပဲ ချမန့်လိုက်တယ်...
    အတူသွားနေတဲ့လမ်းမှာ ... လက်တွေတွဲပြီး ဘလေဂ့်ဂင်းကြမယ်...
    မှတ်တိုင်ဆုံးလို့ ဂိတ်ရောက်တဲ့အခါ အောင်ပွဲခံမယ်...

    ဘာမှန်းတော့ မသိရေးချလိုက်တယ်.. မဂျာရေ...

    ReplyDelete
  9. တကယ်ပြောရရင် မရေးတတ်ဘူးအမရဲ့...။
    မမျှော်လင့်ပဲ တွေ့ကြုံခဲ့ရတဲ့ အမတယောက်အဖြစ် တသက်လုံးခင်မင်သွားမှာပါ...။
    ရင်ထဲရှိတဲ့ အဲလိုမျိုးပဲ ရေးလိုက်တယ်နော်...။

    ReplyDelete
  10. နှစ်လွှာပေါင်းမှ တစ်ရွက်ဖြစ်တဲ့ စွယ်တော်ရွက်လေးလို
    တို့တွေ တစ်သက် မခွဲဘူးနော်
    ဟိဟိ
    ငယ်ငယ်ကရေးတဲ့ အော်တိုလေးပါ မမ
    သိပ်ခင်တဲ့သူငယ်ချင်းလေးကို ရေးပေးထားတာပါ
    သူနဲ့အခုတော့ ၁၀ တန်းပီးကတည်းက မတွေ့ရတော့တာ
    သူက အခု ယောက်ျားရသွားပီတဲ့
    စွယ်တော်ရွက်လေး နှစ်ခြမ်းကွဲပီပေါ့ :(

    ReplyDelete
  11. မတွေ့မြင်ဘူးပေမယ့်ခင်မင်မိတဲ့
    ဂျာမုန်းလေးဆိုတဲ့ဘလော့က
    သူကိုအမြဲတမ်းအတွက်
    အမှတ်ရနေစေဖို့........

    ReplyDelete
  12. ဟုတ်တယ် သူငယ်ချင်းအချို့ နဲ့ အော်တိုလေးတွေ ဝေမျှခဲ့ဖူးတယ် မကြာခဏပြန်ဖတ်တိုင်း အဲဒီ အချိန်လေးတွေက ခံစားခဲ့သမျှအချို့ ကို ပြန်သတိရလာတယ် ကျောင်း ပရ၀ုဏ်ထဲက မြေသင်းနံ့ တို့ ကျောင်းနံဘေး ဆိုင်တန်းတွေ ဆီက လာတဲ့ သွားရည်စာ အနံ့ တို့ အဲသလို အဲသလို......။

    ချစ်တဲ့ မိသားစုနဲ့ တစုတစည်းထဲ အမြဲအတူ နေနိုင်ဖို့ ဆုတောင်းပေးလိုက်ပါတယ်...။ ကလောက်ဆထယ် ရဲ့  အနံ့ တွေ ကို နောင် တချိန်မှာ ပြန်သတိရစေဖို့..။

    ReplyDelete
  13. This comment has been removed by the author.

    ReplyDelete
  14. အော် မမ မေမေ ဂျာမုန်းနဲ့ ချစ်တဲ့မောင်လေးရယ်
    တို တောင်းလှတဲ့ အချိန်မှာ
    လေး လေးနက်နက်
    ရေး လိုက်ချင်ပါတယ်
    မယ် မယ်ရရ သိမ်းထားပေးကြပါ
    နော် လို့ ။

    အဲဒါလေး အမြဲရေးပေးဖြစ်တယ်။
    သမီးလည်း မေမေနဲ့ တူတယ် သိလား။
    ငယ်ငယ်က ( အာ ခုထိပါပဲ ) အော်တိုရေးတာ ၀ါသနာပါတယ်။ အရမ်းပျော်တာ။ အိမ်က သမီးစာအုပ်ဗီရို ထဲမှာ အော်တိုစာအုပ် အပုံလိုက်ရှိတယ်။ အတန်းလိုက်သူငယ်ချင်းတွေ၊ နေရာစုံ၊ သင်တန်းစုံမှာခင်ခဲ့တဲ့ သူငယ်ချင်းတွေရဲ့ အော်တိုတွေလဲ ခုထိ ရှိသေးတယ်။
    သူငယ်ချင်းအားလုံးကို သတိရတယ်။
    စကားမစပ်
    ကိုသားကြီးမလာသေးပါလားးးးးးး
    သေချာတယ်။ စားဖို့ လိုက်ရှာနေတာ ဖြစ်မယ် ဟိဟိ

    ReplyDelete
  15. တိုတောင်းလွန်းလှတဲ့ ဒီအချိန်လေးအတွင်းမှာ
    မေမေ ဂျာ နဲ့  မောင်လေး ကို
    ဘယ်လောက်ထိ ချစ်တယ်၊ ခင်တယ်ဆိုတာ
    ဖော်ပြပေးနိုင်မဲ့ စကားလုံး ခုထိရှာမတွေ့ သေးပါဘူး။
    ဘာပဲဖြစ်ဖြစ်ပေါ့ အနည်းဆုံးတော့ မှန်းကြည့်ပေးပါ။
    မန်းကျည်းပင်ပေါ်က မန်းကျည်းရွက်တွေ ရေကြည့်လိုက်။
    သဲကန္တာရက သဲမှုန်လေးတွေ ရေကြည့်လိုက်။
    နောက်ဆုံး ပင်လယ်ရေကို ဂါလံနဲ့ သာ ချိန်ကြည့်လိုက်ပါတော့။
    အဲဒါတောင် အနည်းဆုံးနော်။ ဒါပဲ
    သားကြီးမလာခင် သမီးကြီး လက်ဦးမှု ရရှိသွားပြန်ပါသည်။

    ReplyDelete
  16. ဂျာမုန်း...
    အလှအတွက်မှန်ကြည့်သလို..
    ဘဝအတွက်စာကြည့်ပါ...။

    သောမတ်စ်
    (လက်ရေးသည်းခံပါ။)

    ReplyDelete
  17. အော်တိုလေးတစ်ပုဒ်
    လာရေးပေးကြတယ်ချစ်သူငယ်ချင်းအားလုံးကို
    ဂျာမုန်းအရမ်းအရမ်းကိုကျေးဇူးတင်တယ်။
    ဂျာမုန်းဝမ်းသာမဆုံးပါ။ပိတိဖြစ်မိတာအမှန်ပါ။

    ReplyDelete
  18. ပ၀ါနှစ်ဆ ခ၀ါချလို့ ဆရာဝန်မကြီးဖြစ်ပါစေ။ ဟီးဟီး
    ငယ်ငယ်တုံးက အဲလိုရေးပေးတာပဲ။
    ခုတော့ ကမ္တာကြီးနှစ်ခြမ်းကွဲသွားရင်တောင် ညီမဂျာမုန်းပါတဲ့အခြမ်းလိုက်မယ်။ အဲလောက်ထိ ခင်ရပါတယ်။ ယုံပါကွယ်။။။။။။။။။။။။။

    ReplyDelete
  19. အမရေ
    ကောင်းကင်တွေ ပြာတာလဲ သဘာဝပါ
    အမကိုခင်တာလဲ ရင်ထဲကပါ
    ပျော်ရွှင်သာယာပါစေလို ဆုတောင်းလျှက်.........။ :)

    ReplyDelete
  20. အမရေ
    ကောင်းကင်တွေ ပြာတာလဲ သဘာဝပါ
    အမကိုခင်တာလဲ ရင်ထဲကပါ
    ပျော်ရွှင်သာယာပါစေလို ဆုတောင်းလျှက်.........။ :)

    ReplyDelete
  21. တစ်နယ်တစ်ကျေး
    အနေဝေးလည်း
    သွေးမအေးပဲ
    သတိရနေမြဲပါ----------။
    အဲလိုရေးပေးဖူးတယ်...

    ဘလော့ဂ်မလည်ဖြစ်လည်း အမြဲတမ်းခင်နေပါတယ်..:P

    ReplyDelete
  22. ခင်လို့ခင်တယ် ခင်တယ်ပြောလည်း ခင်တာပဲမို့ ခင်တယ်လို့ပဲပြောပါရစေနော်။
    ခင်တဲ့

    ReplyDelete
  23. ဂျာမုန်းရေ.... နာလဲ အော်တိုရေးချင်တယ်...
    ကျောင်းတုန်းကလဲ သိပ်မသိ သိပ်မခင်ပေမယ့် ကျောင်းပိတ်ကာနီးကျရင် အားလုံးစာအုပ်နဲ့အပြည့်ရေးပေးကြတာပဲနော့...
    ဟိဟိ....
    ခေါင်းလောင်းသံတိတ်
    ကြောင်ချီးပိတ်ရင်...
    ငါ့ဆိတ်နင့်ဆီမှာ အစာမှန်မှန်ကျွေးနော်....
    အဲလေ... မှားလို့...ခစ်ခစ်...

    ခေါင်းလောင်းသံတိတ်..
    ကျောင်းကြီး ပိတ်ရင်..
    ငါ့စိတ်နင့်ဆီမှာ...
    စာမှန်မှန်ရေးနော်.....တဲ့....
    ကြိုက်လား..... တယ်ဂျင်း

    ReplyDelete
  24. ကျော်ရင်းခွရင်း အော်တိုလာရေးတယ်ဗျို့........း).. ဒါကမှ တကယ့်အမှတ်တရထင်တယ်..ဟီး

    ReplyDelete
  25. ကမ္တာကြီးဟိုဘက်ဒီဘက်နေကြပေမယ်.
    တခါလေးတောင်ထိုင်လျှက်ပြောလျှက်မနေခဲ.ဘူးပေမယ်.
    ဂျာမုန်းဆိုတဲ. မနောဖြူဂျိန်းဖောသူလေးရဲ.blog ကို
    နေ.တိုင်းလည်လည်လာလျှက်ပါ ဟိဟိ

    ReplyDelete
  26. ဂျာမုန်းဒန် အတွက်...


    ဘ၀တစ်ကွေ့
    ခဏတွေ့ပေမဲ့
    ထာဝရ မမေ့ချင်

    ရင်တွင်းဆန္ဒ
    ထပ်တူမျှမယ်
    ယုံကြည်စွာဖြင့်

    ရေးဖွဲ့သီကုံး
    ကဗျာစာလုံး။


    ညခင်း

    ReplyDelete
  27. ပိန်းရွက်ရေစို
    တမာချို
    ကမ္ဘာပြိုတောင် မမုန်းပါဘူး
    ဂျာမုန်းရယ်... :)

    ReplyDelete
  28. ဂျာမုန်းထပ်ပြောပါရစေ။
    အားလုံးရဲ့အော်တိုဖတ်ရသည်မှာ၊ဂျာမုန်းစိတ်ချမ်းသာ။
    ရင်မှာကြည်နူး၊အော်တိုစာဓား၊ဗိုက်ဆာတောင်မသိသာ။
    မယ်ရေ...အဲဒီလောက်တောင်ချစ်ရတာ။

    ReplyDelete
  29. ကျနော်ရေးခဲ့ဖူးတာလေးပါ........
    (ကျောင်းကြီးတွေပိတ်...ခေါင်းလောင်းတိတ်လည်း..
    မင်းနဲ့ကိုယ်နဲ့....ခင်မင်မှုတွေ မပျက်ကြေးနော်.....)

    ReplyDelete
  30. ကဗျာစာအုပ်တစ်အုပ်ကနေအလွတ်ကျက်ပြီးရေးဖူးတဲ့
    နောက်တစ်ပုဒ်ပါ......
    (ဘဝထောင်ကျဉ်းကျဉ်း..... ခဏချင်းဆုံတွေ့
    ...တစ်သက်မမေ့စတမ်း....တစ်ကွေ့သံသရာ...
    လည်၍လာလျှင်...... ခေါ်ပါ....ပြောပါ...နှုတ်ဆက်ပါနော်.......)
    ဒီနှစ်ပုဒ်ပဲမှတ်မိတော့တယ်အစ်မရေ...
    သားသားလေးရော ? မတွေ့ပါလားဗျ?
    ဦးဦးစားပုတ်ကြီးသတိရတယ်လို့ပြောပေးဦး :)

    ReplyDelete
  31. အရာတိုင်းဟာ ပြောင်းလဲ တတ်ကြပါတယ် ဒါပေမယ့် ငါ့ရဲ့ ခင်မင်မှုကတော့ မပြောင်းလဲ သော သဘောတရားလို အမြဲတည်နေပါ့မယ် ......... :D အလည်လာရင်း သူငယ်ချင်းလေး ရေးပေးသွားတာလေး ရေးသွားတယ် အစ်မ ....... အေးမြသာယာပါစေ ..... (ရန်ကုန်သား)

    ReplyDelete
  32. အဂျာရေ... တခဏတာတွင်း ဘလောဂ့်လောကမှာ တွေ့ဆုံကြုံတွေ့ရပေမဲ့ တသက်တာအတွက် အမှတ်တယလေးတွေ ချန်ပေးခဲ့သူတယောက်ကို မေ့ကြစတမ်းဆို လားရှိုးသူလောက် မိုက်တဲ့လူရှိမှ ရှိပါတော့မလားဘဲနော်... ဟင်းချက်တတ်သူ အဂျာကို အစားမက်တဲ့ လားရှိုးသူက အမြဲတမ်း... ရင်းတွင်းမှ သတိတယရှိနေပါ့မယ် အဂျာရေ...

    ReplyDelete
  33. အင်း .... ရေးခဲ့ဖူးတဲ့ အော်တိုတော်တော်များများက အထက်ပါလူတွေရေးသွားတာ ဘာရေးရမှန်းတောင်မသိတော့ဘူး။ တော်တော်ထူးဆန်းတယ်နှော်။ ရေမြေသဘာဝကွဲကလာကြတဲ့ ဘလောခ့်ကာတွေပေမယ့် ငယ်ဘဝက အော်တိုရေးခဲ့တဲ့စာသားတော်တော်များများက တူနေတယ်။ ဒီလို အိုင်ဒီယာကောင်းကောင်းလေးတွေကို ပြန်ဖော်တတ်တဲ့ အစ်မကို ကျေးဇူး ...

    ReplyDelete
  34. စိန်ပန်းပင်တွေ အ၀ါရောင်ဖြစ်လို့
    ဖားကမြွေကို ချစ်ရေးဆို၊
    မိုးနဲ့မြေကြီး လက်ခုပ်တီးမှ
    မင်းကိုတို့က မေ့နိုင်မယ်....

    အဲ့ဒါက ညလေးတို့တွေ ငယ်တုန်းက ရေးပေးနေကြ..
    ဘွားးး မမဂျာ..

    ReplyDelete
  35. ama yay..thu myar twe yay pay kya dar ne' I mar yay sa yar ma shi tot bu...bar yay ya mann le' thi tot bu...but ama ko ko khaung zay ne' pat tat pi Germany yout ma sa pi khin min ke' ya pay me' ko ye' ama a yin ta yout lo ko chit khin mi par te lo be' pyaw lite tot me naw...God bless your family!
    Yours brother,
    Min

    ReplyDelete
  36. ငယ်ငယ်တုန်းက ရေးခဲ့ဖူးတာလား။
    သမုဒ္ဒရာရေခမ်းသွားတောင်
    နင့်ကို ခင်တဲ့ ငါ့ရဲ့ခင်မင်မူက မခမ်းဘူး ဆိုပဲ။

    ReplyDelete
  37. ဂျာမုန်းရေရောက်လာတယ်၊အော်တိုရေးပါဆိုလို့ရေးလိုက်
    မယ်နော်၊အရေးအသားလေးတွေမကောင်းတာတော့တောင်း
    ပန်ပါတယ်။

    ဘ၀တကွေ့
    ခဏတွေ့လည်း
    မမေ့နိုင်ပါသူငယ်ချင်းရာ။

    မြစ်ဆုံ

    ReplyDelete
  38. ဟုတ်တယ် နော် ငယ်ငယ်တုန်းက သူငယ်ချင်းတွေကို အော်တို အော်ရှည်ရေးခိုင်းကြပြီး ပြန်ဖတ်ရတာ ဖီလင် တစ်မျိုးပဲ။ အဆင်ပြေပျော်ရွှင်ပါစေ။

    အော်ရှည်နောက်မှလာရေးပေးမယ်နော်။
    အဟီး သူများတွေလိုမရေးတတ်သေးလို့ 

    ReplyDelete
  39. ဂျာမုန်းပျော်လိုက်တာရှင်။
    ဟိုငယ်ငယ်ကသူငယ်ချင်းလေးတွေလိုပဲမှတ်ယူလိုက်တယ်။
    ဂျာမုန်းဆီလာရေးပေးတဲ့ဟော်ဒီအော်တိုစာအုပ်လေးကို
    ဂျာမုန်းနေ့တိုင်းဖတ်ပါ့မယ်ရှင်။
    အရေးအသားက....ငယ်ကအတွေးပုံရိပ်ဆိုတော့၊ဒီစာသားအား
    လုံးကိုဂျာမုန်းအရမ်းချစ်တယ်။
    တသက်လုံးဂျာမုန်းရင်ထဲသိမ်းထားမှာပါ
    သူငယ်ချင်းတို့ရေ။

    ReplyDelete
  40. ရေးမယ်ဆိုကာမှ မထွက်လာဘူး။
    ငယ်တုန်းက စာအုပ်တွေ ပြန်လှန်ရဦးမလား မသိ။
    ရင်ထဲရှိတာ ပြောရရင်တော့
    ဂျာမုန်းရေ့  တစ်သက်တာလုံး
    အပြုံးပန်းတွေ ဝေဆာစွာနဲ့
    သူငယ်ချင်းများနှင့်အတူ ဘလော့ဂ်ဂင်းနိုင်ပါစေနော်။
    ဂျာမုန်းတို့ မိသားစုကိုလည်း ဘုရားသခင်ကောင်းချီးပေးပါစေနော်။
    ချစ်တဲ့
    လုလု

    ReplyDelete
  41. အယ် ... ဖတ်လို့ကောင်းတယ်။ ကျောင်းသားဘ၀ကို လွမ်းသွားပြီဗျာ။ =)
    ဒျူတီပြီးမှ လာနိုင်တာကို နားလည်ပေးမယ်ဟုတ်။ =)

    ReplyDelete
  42. ဘတ် ဒေး တူ မမရေ
    ရေးသွားကြတာ အားကြီးပဲ
    ဘာရေးရမှန်းတောင် မသိတော့ဘူး :D
    ဘ၀တကွေ့ ခဏတွေ့ကြပေမယ့် ခင်ခဲ့ကြတယ်ဆိုတာကိုတော့ မမေ့နဲ့နော် .. မွေးနေ့ တူတာလည်း မမေ့နဲ့နော် :D
    ပျော်ရွှင်ပါစေ မမဂျာမုန်းး)

    ReplyDelete
  43. မိုးတိမ် ပင်
    ရင်မှာစူးစေရဲ.
    အိုဘယ်. ခင်တဲ.အမရေ
    ဘယ်တော.မှ မေ.ဘူး ..

    ReplyDelete
  44. Chit tae a ma,
    Chit sa yar kaung pi sate htar phu sin lonn dae a ma ko a yan khin bar dae.
    War tha nar tu a kyite tu dae a ma ko
    germany mhar a ma ta yaute ya tha lo ko htin mi bar dae
    Bawa ta shaute lone mhar a ma yinn ta yaute lochit khin thwar mei naw.
    A ma yae mi thar su lay a thet yar kyaw tine pyaw shwin dae mi thar su lay phit par say. a yar yar aung myin bar say.
    Chit dae
    Nyi Ma

    ReplyDelete
  45. ငယ်ငယ်တုန်းက ရေးခဲ့ဖူးတာတော့ အများကြီးဘဲ..
    သူငယ်ချင်းတွေလည်းမြန်မာတွေ မဟုတ်တော့
    မြန်မာလိုတော့ မရေးခဲ့ဖူးဘူး။
    ရေးပေးခဲ့ဖူးတာတွေ သေချာတော့ မမှတ်မိဘူး။
    သေချာတာကတော့ Friends forever ဆိုတာလေးပေါ့

    ReplyDelete
  46. hi ah shawng..kaja ai i..ah shawng na..post ni lu hti ai majaw..grai mau mat ai ...jp myu sha langai rai na..myen hku..blog ka taw ai hpe mu na..grai arawng la kabu sai yaw..ah shawng..
    ..dung hwi gaw yaw..

    ReplyDelete
  47. တစ်ကွေ့ တစ်ကမBBာ ပြန်ဆုံပါလျှင် လှိုက်လှဲဝမ်းသာနှုတ်ဆက်နော်။

    နောက်ကျသွားတယ်။ ဒါမယ့်မှီသေးတယ်။
း)

    ReplyDelete