Wednesday, September 16, 2009

ထမင်းလက်စုံစားကြမယ်လေ


ဟေ့..ချစ်မိတ်ဆွေတို့ရေ...ထမင်းလက်စုံစားကြမယ်လေ။.ဒီနေ့လည်ရှယ်ပဲဟေ့.မြန်မြန်လာကြနော်။

ဟိုနေ့က....ဂျာမုန်းတို့သူငယ်ချင်းတွေ..ဂျာမုန်းအိမ်မှာအတူတူစုချက်စားကြတာပါ။.
တခါတလေ..စုချက်စားရတာလည်းသိပ်ပျော်ဖို့ကောင်းတယ်။..စကားစမြည်ပြောလိုက်...ထမင်းစား လိုက်နဲ့..ဘယ်နှစ်ပန်းကန်ကုန်သွားမှန်းတောင်မသိလိုက်ဘူး..ခေါင်းမဖော်တမ်းစားနေကြတာလေ။
.နောက်ဆုံးထလိုက်တော့မှ....ဗိုက်ကြီးတင်းနေတာကို..သိလိုက်ရတော့တယ်။.
..မတတ်နိုင်ဘူးလေ..နှောင်တဆိုတာနှောင်မှရတယ်တဲ့။စားလည်းစားပြီရော...အားလုံးက..ဂျာမုန်း ကို...”အစ်မ...သံပုရာသီးလျှက်ဆားရှိလားတဲ့”.။


ကဲ..ဒါကတော့ကြည့်လိုက်ရင်..သိရောပေါ့။ကောင်းမကောင်းဆိုတာလေ။
တို့စရာသခွားသီးနဲ့.ပန်ထွေဖျော်..တောင်လုပ်ထားပေးသေးတယ်။....စားသွားနော်။

ဒါလေးကတော့...ပဲ..ထမင်းပါ။..ဒါကတော့..ဂျာမုန်းလုပ်တာမဟုတ်ပါ။..ကျောင်းသူလေးကုလားမ သူငယ်ချင်းတစ်ယောက်လုပ်ကျွေးတာနော်။..စားကြည့်ပါ။


ဟော်ဒါလေးက..ကန်းဇွန်းရွက်ကြော်ပါ။ ခတ်စိမ်းစိမ်းလေးနော်။အဲလိုပဲနေတတ်လို့ပါရှင်..အော်မဟုတ်ပါဘူး..မှားသွားလို့..ဟီး။

ဒါက...ဘဲဥဆီပြန်ဟင်းပါ။မြန်မာအကြိုက်မကျည်းမဲ့နဲ့ချက်ထားတာပါ။.ဒါလဲ..ဂျာမုန်းအချစ်ဆုံး ညီမလေးလာချက်ကျွေးတာပါ။..စားကြည့်နော်...လျှာလည်သွားမယ်။

ဒါကတော့...ကြက်တစ်ကောင်လုံးကိုခုတ်ပိုင်းပြီးရှယ်ကိုကြော်ထားတာပါ။..ဂျာမုန်းလက် ရာပါရှင်။
ပြောပြအုံးမယ်..ဒါအားလုံးကိုသူငယ်ချင်းလေးယောက်ပဲစားတယ်ဆိုရင်ယုံကြမလား.ဟင်။အပေါ်က ဟင်းတွေပါ..ပါတယ်နော်။...အစားကြီးတာတောင်...ကပ်ကြွားလိုက်သေးတယ်..ဟီး။

ဒါကတော့...အော်ဒါမှာထားသူအတွက်..ဘီယာပါ။ကြက်ကြော်မြင်တော့...ကိုကို..မောင်မောင်တို့ တတိရကြမှာမို့...အလိုက်တိတိပြင်ဆင်ထားပေးတာပါရှင်။..ဟို့နေ့က..”အာခြောက်တယ်ဗျို့”..လို့ အော်သွား တဲ့...AATO ရေ..ကျေနပ်လောက်ပါတယ်နော်။


ဒါကတော့..ပဲပင်ပေါက်နဲ့ပဲပြားကြော်ပါ။..ပဲပြားကိုအပြားလေးလှီးပြီး..ဆာ၊ငံပြာရည်လေးနဲ့လူးပြီး
ဆီနဲ့အရင်ကြော်လိုက်တယ်။ပြီးတော့..ဓါးလေးနဲ့ပါးပါးလေးပြန်လှီးလိုက်တယ်။
ပြီးမှပဲပင်ပေါက်လေးနဲ့..ကြော်လိုက်တယ်။..အရမ်းကောင်းတယ်..စားကြည့်နော်။

ကဲ..ဒီနေ့အဖို့ဒီလောက်ပါပဲရှင်။အားရပါးရစားသွားကြပါရှင်။..စားပြီးရင်ပြောနော်...ကြက်ဥပါတော့ လျှက်ဆားလိုမယ်ထင်တယ်....။လိုအပ်ရင်အော်တာအော်ပြောလိုက်နော်..။ဒါပဲ...ဒါပဲနော်။
လာရောက်အားပေးကြသူအပေါင်းကိုအစဉ်လေးစားလျှက်
ဂျာမုန်းဒန်

Type rest of post here

15 comments:

  1. ဟဟ အစ်မ ဂျာမုန်း ဒီရန်ကုန်ဆိုတဲ့ ကျနော်လေ ဘယ်လို sense များရနေလည်း သိပါဝူး အစ်မဂျာမုန်း ဟင်းချက်တာနဲ့  အွန် လိုင်းတက်လာတာနဲ့ တိုးတိုးနေတာ ဟီးဟီး ကဲ အစ်မရေ ထမင်းလက်စုံစားပြီ ရော့ ဒါ အစ်ကို ကြီး တို့ အစ်မတို့ ကို ဦးချတာပါ အစ်မ ထည့်စား နော် အားမနာနဲ့ ဟောဟော ဟိုမှာ ညီလေးက လည်းစားချင်လို့ တဲ့  ပဲထမင်းထဲကို အရင်ဆုံး appetizers နေနဲ့ သခွားသီးလေးကို ပန်ထွေဖျော်လေးနဲ့ အရင် အရသာ ခေါ်လိုက် မယ် အား ကောင်းချက် အာကာသပွင့်တော့ ထမင်း ပိုစားကောင်းတာပေါ့ အစ်မရာ ဗမာ ဆေးကျမ်း အလိုအရ ပါစက ဝမ်းမီး တောက် သပေါ့ ... ဟဲဟဲ ကန်စွန်းရိုးလေးကို ငရုတ် သီး လေးရှောင်ပြီး တထုတ်ထုတ် ကိုက်ပါတယ် ဘဲဥဟင်းကတော့ ထမင်းထဲ ထည့်စမ်းပြီး ဟောသလို ကိုက်ပစ်လိုက်တာပေါ့ဗျာ ... ဟဟ ညီလေးက ရယ်တယ်ဗျ ရှက်တော့ပါဘူး ဒီဧည့်သည် အစ်မ ထမင်းကိုယ့်ဖာသာကိုယ်ပဲ ထပ်ထည့်လိုက်တော့ မယ်နော် ဟီးဟီး ကဲ ဒီတစ်ခါ ကြက်ကြော်နဲနဲပေါ့ ပြီးမှ ဘီဘီယာ ယာလေးနဲ့ လေ အဟတ် အဲ ပဲပင်ပေါက်ပဲပြား ကတော့ ချိုလို့ မြိန်လို့ ဗျာ စေတနာတွေ နဲ့ ရောကြော်ထားတာကိုး ကဲ အပေါ်က ဟင်းတွေ တကျော့ပြန်ပါတယ် ဒုတိယ ထမင်း တစ်ပန်းကန်ကုန်ပါပြီ တော်ပါ ပြီအစ်မရယ် နော် ကျေးဇူးပါ နောက် သယ်ချင်း တွေ စားဖို့ ထားလိုက်ပါဦးမယ် တော်ကြာ ရန်ကုန် ဒီနေ့ အမြင်ကတ်ရခြင်း အကြောင်းပို့ စ်တင်ထားတယ် မဖြစ်ဘူး တော်မှ ကဲ .... အစားပိတ်လေးကတော့ ရွှေဘီယာနဲ့ ကြက်ကြော်ပေါ့ အာရတယ်အစ်မ ပဲပင်ပေါက်ပဲပြားကြော်လေး နဲ့ ကန်စွန်းရွက်ကြော်လေး ထပ်ထည့်ပေးတော့လည်း ဟောသလို တူလေး နှစ်ချောင်းနဲ့ ညှပ်ပြီး စားလိုက်မယ် ကောင်းတယ်ဗျာ ချိုချဉ်ငံစပ် ဖန်ခါး အရသာ ခြောက်ပါး အပြင် ဘီယာလေးပါဆိုတော့ အားပါး အလွန်ပြည့်စုံသွားပြီး မျက်လုံးလေး တောင် စင်းချင်ချင်ပဲ မျက်စိကျယ်သွားအောင် ညီလေးကို စလိုက်ဦး မယ် အားပါးစွဲလိုက်ပြီဒီပါးကြီး ကို ဟဟဟ :)))) အစ်မဂျာမုန်း ကျေးဇူး စားကောင်း သောက်ကောင်း
    အစ်မရေ စိတ်၏ချမ်းသာခြင်း ကိုယ်၏ ကျန်း မာခြင်း ရှိပါစေ ဗျာ တစ်မိသားစုလုံး
    တာ့တာ ညီလေး သွားပြီ :)))))) bye!!!!!!

    ReplyDelete
  2. ရန်ကုန်သား လက် ကျန်လေးတွေ လာအုပ်သွားတယ် မမရေ...

    ReplyDelete
  3. စားကောင်းလိုက်မယ့် ဖြစ်ခြင်း ...
    မစားဖြစ်တာ ကြာပီလို့ ပြောဖို့တောင် မရဲဘူး ..
    တစ်ချို့ဟာဆို စားတောင် မစားဖူးဘူး .. အဟီး ...
    ဟင်းကောင်းကို လက်ရာကောင်းနဲ့ တွေ့လိုက်တော့ အကောင်းတကာ့ အကောင်းဆုံးတွေပဲ ပေါ့ ။။

    မှတ်ချက် .. ဘီယာကတော့ သိပ်အဆင်မပြေပါ .. မကောင်းလို့ မဟုတ် .. ဖန်ခွက်က သေးနေသည် .. ဒီ့ထက် နဲနဲ ပိုကြီး ( သို့တည်းမဟုတ် ) ပုလင်းလိုက် ချပေးနိုင်မှ ပိုကောင်းမည် .. :D

    နေဒေးသစ်။

    ReplyDelete
  4. hello a ma,
    Thank you so much for your writting " a chit sone nyi ma lay"
    I am happy.
    Your cooking is always very good.
    A ma ,shall we cook together ( wat thar toke htoe ) this week ?
    :)
    Shwe Sin

    ReplyDelete
  5. ရှောင်းဂျာလေး...
    လာစားတယ်နော် မသောက်တတ်တာကလွဲရင်ပေါ့
    ဒါနဲ့ ကိုနေဒေးကြီး အတွက် တိုင်ကီ ကိုကိုင်းတတ်ပေးလိုက်ပါလားဟင်...
    နည်းသွားတယ်........ထင်တယ်လေ
    ဟီး ဟီး ကိုဒေးကြီးစိတ်စိုးနဲ့သိလား

    ReplyDelete
  6. ဘဲဥဆီပြန်ဟင်းကိုမြင်လိုက်တဲ့ အချိန်မှာ တော့..
    ကြက်ကြော်နဲ့ ဘီယာကိုမြင်လိုက်တဲ့အချိန်မှာတော့..

    အမှန်တကယ်ကို ဗိုက်ဆာသွားပါကြောင်းခင်ဗျားးးး....
    ဘီယာ က ဘာဘီယာ လဲဟင်...အေးမြနေမှာပဲနော်..
    နောက်လည်းချက်ကျွေးပါဦးနော်...
    ပျော်ပါစေ အစ်မရေ

    ReplyDelete
  7. ရှယ်ဘဲ ရှယ်ဘဲ အမကပြင်တတ် ဆင်တတ် ချက်တတ်လိုက်တာဗျာ ... :)

    ReplyDelete
  8. အကုန်ကြိုက်တယ်ကွယ်။ အကုန်စားမယ်။

    အစားကြီးတဲ့ အထဲမှာ ကျောပိုးအိတ်ပါထည့်လိုက်။ မန်ဘာဝင်မယ်နော်။
း)

    ReplyDelete
  9. စားချင်စရာတွေချည်းဘဲ... ဘီယာလေးပါ ပါတော့ ရှယ်ဘဲ

    ReplyDelete
  10. တခေါက်အလည်လာမြင်ခဲ့ပါသည်
    အနော်မကြိုက် လူမိုက်ဖြစ်ရော့
    လွေးခဲ့ပါသည် ဘီ ဘီယာနှင့်
    မြမြစိမ်းစိမ်း ကန်ဇွန်းပလိမ်း
    ကြက်ကြော်တခါ မြည်းခဲ့ပါပေါ့
    ပန်ထွေဖျော် တို့သခွားနဲ့
    ရွှေဘဲဥ ဟင်းမယ်လျာကို
    အားမနာ အနော်စားလိုက်တာ
    ရွှေဗိုက်ရယ်ကား။ ။
    နောက်ကျမှ ရောက်ခဲ့ရပေမဲ့
    ရွှေအိမ်ရှင် မတွန့်တိုတာကြောင့်
    နောက်နောက်ထပ် ဟင်းမယ်လျာတွေကို
    ထပ်ထပ်ကာ စားလိုက်မိပါလို့
    ကရိန်းနဲ့ ထူကာထရတယ်
    နောက်နောင်ခါ ထပ်မကြွေးပါလို့
    ရွှေအိမ်ရှင်ပြောလိုက်နှင့်လေး။ ။

    ReplyDelete
  11. မုန်ညင်းစောလဲစားချင်တယ်
    ခေါပုတ် ခေါပြင်စားချင်ပြန်ရော
    ပေါင်းတင်းတစ်ခါစားချင်ပါသည်
    မမကချင် ကြွေးစေချင်

    ReplyDelete
  12. aee di nay ka sar lo kg chat ka tot pyaw ma nay ne' tot byoo...Beer ka le' kg...sar kg drink kg ne' lan ko ma shout naing tot bu...:):)...ama yay nout 1 round lout mite lite kya ya aung byooo....:)
    God bless your family!

    ReplyDelete
  13. ဟင်းတွေကြည့်ပြီး သရေတောင်ကျချင်လာပြီ...
    အစ်မနော် ပေါင်မုန့် နဲ့ နှစ်ပါးသွားနေရတဲ့ အချိန်တွေမှာ ဒီဟင်းတွေ မြင်လိုက်ရတော့ တကယ့်ကို ဟန်မဆောင်နိုင်အောင်ပါပဲဗျာ

    ReplyDelete
  14. မမမေမေရေ....... ကိုသားကြီး နားပြီတဲ့ဗျ။
    သမီးကြီး အကုန်စားလိုက်ရတာ စိတ်တော့မကောင်းဘူး။
    ခု ရန်ကုန်သားက လာလာလုနေတယ်။ ဟင့်ဟင့်
    ရန်သွားရှာရမယ်။ မောင်လေးကော နေကောင်းလား။ စားကောင်းသောက်ကောင်းတွေ စားပြီး အိပ်နေပြီလားဟင်။

    ReplyDelete