Monday, September 21, 2009

ကြာဇံသုပ်နှင့်အခြားဟင်းလျှာများ


ချစ်မိတ်ဆွေအပေါင်းတို့ရှင်....ဂျာမုန်းအခုသလောဟင်းတွေမတင်ဖြစ်တာ..လေးငါးရက်ရှိရောပေါ့...။
မချက်ကျွေးချင်လို့..မဟုတ်ဘူးနော်..ဂျာမုန်းရဲ့..အင်တာနက်..ကော်နက်ရှင်...လုံးဝမကောင်းလို့ပါ။
တခါတလေအရမ်းကိုစိတ်ပျက်မိတယ်...ဂျာမနီရဲ့အသဲနှလုံးတောင်ထိပ်မှာလာနေရတော့...... ကော်နက်ရှင်...မိတစ်ချက်...မမိတစ်ချက်နဲ့..ဘ၀ပါရှင်။..မိုးအုပ်တဲ့အချိန်ဆို..ပိုဆိုးသေးတယ်....
ရေဒီယိုအသံလှိုင်းတောင်ကောင်းကောင်းမမိချင်ဘူးလေ။...ဒါကြောင်း...ဂျာမုန်းကိုစိတ်မဆိုးပဲ... နားလည်ခွင့်လွတ်ပေးကြပါလို့....မေတ္တာရပ်ခံလိုက်ပါတယ်ရှင်။....

ဒါကတော့...ကြာဇံသုပ်ပါရှင်။..ချဉ်၊ငံ၊စပ်ကိုသုပ်ထားတာပါ။..စားသွားနော်။

ဒါကတော့...မှိုသုန်သုန်လို့ခေါ်ရမလား...အဲဒီမှိုချောက်ကိုရေစိမ်ပြီး..ကြက်သားလေးနဲ့အစိမ်းကြော် ကြော်ထားတာပါ။..မြည်းကြည့်နော်..အရမ်းကောင်းတယ်။

ဒါကတော့...အားလူးကိုပါးပါးလှီးပြီးဝက်သားနဲ့ဒီလိုလေးကြော်ထားတယ်။..စားကြည့်နော်။

ဒါကတော့...၀က်သားသုံးထပ်သားချက်ပါ။ု..မကျည်းမဲ့လေးနဲ့လုံးချက်ထားတာပါ။...စားသွားနော်။


ဒါလေးကတော့....မုန်လာဥနီကို..ခရုဆီ၊ကြက်သွန်ဖြူလေးနဲ့ကြော်ထားတာပါ။..အဟာရရှိပြီး.. အသားအရေအတွက်စားသွားနော်။

ဒါကတော့..ဂျာမုန်းသူငယ်ချင်းကုလားမလေးလုပ်ကျွေးတာပါ။..မုန်းညှင်းဖြူရွှက်ထဲ..ထမင်းအစာ သွပ်ပြီးပေါင်းထားတာတဲ့....စတိုင်သစ်ပေါ့...စားကြည့်နော်။

ဒါကတော့....ငါးအိုးကပ်ချက်ပါ။...ကုလားချက်နော်...ဂျာမုန်းသူငယ်ချင်းချက်ကျွေးတာပါ။...စားသွား ပါရှင်။...

ကဲ....ချစ်မိတ်ဆွေများရှင်....ဒီနေ့လည်းအားရပါးရကိုစားသွားရမယ်နော်။
အားလုံးကျေနပ်နိုင်ပါစေရှင်။
ဂျာမုန်းဒန်
Type rest of post here

7 comments:

  1. အဟဲ ရန်ကုန်တို့ ကတော့ မုတ်ဆိတ်ပျားကလည်း စွဲစွဲနိုင်လွန်းပါတယ် အစ်မဂျာမုန်းရာ .... ကဲ ဒီကနေ့ တော့ အသုပ် များနဲ့ နှစ်ပါးသွားပါမယ် ကြာဇံသုတ်ကို တရှူးရှူး စားမယ် မှိုကြော်လေးကို ထမင်းပူပူနဲ့  စားမယ် အာလူး ခါကြက်ဥကြော် အဟမ်း ထမင်း နောက်တစ်ပန်ကန်လောက် အစ်မ ဝက် ဆီပြန်ကတော့ မကြိုက်တတ်ဘူး တစ်တုံးပြီး တစ်တုံးပဲ ဟဲဟဲ ဟော မုန့် ညှင်းပေါင်းလေး လည်း မြည်းပါတယ်ငါးအိုးကပ်ချက်လည်း စွဲပါ တယ်ဗျာ အစ်မရေ ထုံးစံအတိုင်းလက်ရာက တော့ ဂွတ်ရှယ်တွေပဲ ဗိုက်ကပြည့်နေပြီပါးစပ်က မရပ်ချင်သေးဘူး အကြိုက်ဆုံးက ကြာဇံသုပ် နဲ့  ဝက်သားဟင်း ငါးဟင်းလည်း မချန်ပဲ အားရ ပါးရ စားသောက်သွားတယ်နော် အစ်မရေ အင်တာနက် အဆင်ပြေတော့လည်း အိမ်ဘက်လှည့်ဝင်ခဲ့ ပေါ့ သတိကတော့ အမြဲရပါတယ် ညီလေးကော နေကောင်းတယ်ဟုတ် ....
    ခင်တဲ့ မောင်ငယ်ရန်ကုန်သား
    အဆင်ပြေပါစေ အစ်မဂျာမုန်းရေ

    ReplyDelete
  2. အစ်မရေ ပေါင်မုန့်ကိုက်ရင်း အစ်မဟင်းတွေကို စိတ်ကူနဲ့ မှန်းပြီးစားလိုက်တယ်ဗျာ...
    ပုံစံကြည့်ရုံနဲ့ ဘယ်လောက်ထိ စားလို့ ကောင်းလိမ့်မယ်ဆိုတာခန့် မှန်းလို့ ရနေပါပြီ..
    တဝတပြဲ စားသွားတယ်နော်.. အိမ်လာလည်ရင်လည်း အဲလိုပဲ စားမှာနော်..
    ဟိဟိ

    ReplyDelete
  3. စားချင်စရာကြီးဟီးးး
    သွားရေယိုသွားပါတယ်..နော်

    ReplyDelete
  4. မမမေမေရေ.......... လာစားပါတယ်။ အရသာကတော့ ပုံမှန်စားလို့ကောင်းဆဲ။ ကိုသားကြီးကို လွမ်းနေလို့ အကုန်မစားနိုင်ဘူး။ ဟင့်ဟင့် သူနဲ့ ရန်ဖြစ်စားမှ လုစားရမှ စားလို့ကောင်းသလိုပဲ။

    ReplyDelete
  5. အိမ်ဂျယ်ပြောသလိုပါပဲ....
    စားလို့ကောင်းမယ့်ပုံတွေပဲနော
    ပျော်ပါစေအစ်မရေ

    ReplyDelete
  6. စားးးးးးးးးးးးးးးးးးးးးးမယ်စားးးးးးးးးးးးးးးးးးးးးမယ်
    ရှောင်ဂျားးးးးးးးးးးးးးးးးးးးးးးးးးးးး အိပ်ပြီလား
    အကုန်စားးးးးးးးးးးးးးးးးးးးးးးးးးးးးးမယ်သိလား
    အဟင့်ဗိုက်ဆာနေတာနော်


    ချစ်တဲ့
    ရုံလေး

    ReplyDelete
  7. This comment has been removed by the author.

    ReplyDelete