Sunday, February 7, 2010

ဂျာမုန်းတို့နေထိုင်တဲ့ မြို့ပတ်ဝန်းကျင်နှင်းတောရှုခင်း


ဂျာမုန်းတို့နေထိုင်ထဲ့မြို့လေးဟာ Germany နိုင်ငံရဲ့ အလယ်ဗဟိုတည့်တည့်မှာ တည်ရှိနေတာကြောင့် ဂျာမနီနိုင်ငံရဲ့အသဲနှလုံးတောင်ဟုခေါ်ဝေါ်ကြတာပေါ့။ ဂျာမုန်းတို့မြို့လေးကိုတော့ Clausthal-Zellelfeld လို့ခေါ်တယ်။ Clausthal နဲ့ Zellelfeld ဆိုတဲ့မြို့လေးနှစ်မြို့ကိုပေါင်းစည်းထားတယ်လေ။
မြို့ကြီးမဟုတ်ပေမယ့် လေကောင်းလေသန့် နဲ့အတူ ပတ်ဝန်းကျင်ရဲ့အလှအပတွေကတော့ တကယ့် ကို မက်မောစရာပင်။ ရာသီဥတုနဲ့အညီ လက်ဖက်အောင်လှပနေတာကတော့..ဂျာမုန်းတို့နေထိုင်တဲ့ မြို့လေးပဲပေါ့။ မယုံရင် ဓါတ်ပုံကိုသာကြည့်လိုက်နော်...ဆွတ်ဇလန်နိုင်ငံရဲ့ရှုခင်းနဲ့ နင်လား..ငါလားပဲ။


ဒီအိမ်က ဂျာမုန်းတို့မိသားစုနေထိုင်တဲ့အိမ်လေးပါ။ နှင်းတွေကတော့ အိမ်ရဲ့ပတ်ဝန်းကျင်အပြည့်ပဲ။
တခါတခါအပြင်ထွက်ဖို့ဆိုတာ..မလွယ်ဘူး..သားလေးရဲ့တွန်းလှည်းနဲ့ဆိုတော့လေ။ ဈေးတောင် တပတ်နှစ်ခါလောက်ပဲသွားဖြစ်တယ်။

ဒီပုံကတော့ အိမ်ရှေ့ပြတင်းပေါက်ကနေ တွေ့မြင်ရတဲ့ရှုခင်းလေးပါ။

ဒါကတော့ အိမ်နောက်ရှုခင်းပါ။

ဒီပုံတွေကတော့ ဒီနေ့ နေသာနေတုန်း ဂျာမုန်းရိုက်လာခဲ့တဲ့ နှင်းတောရှုခင်းလေးပါ။
ဒီနှင်းတောလေးတွေဟာ အိမ်နဲ့သိပ်မဝေးဘူး...အိမ်ကနေဆယ်မိနစ်လောက်လှမ်းလျှောက်ရင် ရောက်ပြီ။ ဒီကွင်းပြင်ကြီးဟာ နွေရာသီဆိုရင်..ပန်းပင်လေးတွေအပြည့်ပဲ။ ပန်းပင်နားမှာရေကန်တွေ လည်းရှိတယ်။ အသဲနှလုံးရေကန်တွေပေါ့။ အဲဒီရေကန်မှာ ငါးတွေသွားမျှားလို့ရတယ်။






ဂျာမုန်းရိုက်လာတဲ့ပုံတွေကတော့ သိပ်မလှသေးဘူးလို့ပြောရမယ်။
မျက်စိနဲ့မြင်တွေ့လိုက်မှ ပိုကျေနပ်ဖွယ်ရှိလိမ့်မယ်ထင်တယ်။
ဒါကြောင့် မျက်စိအစာကျွေးချင်သူများ အလည်လာခဲ့ပါအုံးဟု ဖိတ်ခေါ်ရင်း
အားလုံးကိုခင်မင်လျှက်
ဂျာမုန်းဒန်

Type rest of post here

7 comments:

  1. ပုံလေးတွေ က တော်တော် လှ ပါတယ်
    ကြည့်ရတာနဲ့တောင် ချမ်းစိမ့်စိမ့်ဖြစ်သွားတယ်..း )
    ပျော်ပါစေ ခင်ဗျာ
    *.*.*

    ReplyDelete
  2. မဂျာမုန်းရေ...
    ပုံလေးတွေကြည့်ရတာ...နှင်းတွေနဲ့ အေးအေးချမ်းချမ်းလေးဗျာ...။
    ဟာယာတယ်နော်...း)
    ခင်မင်တဲ့
    ဏီလင်းညို

    ReplyDelete
  3. လှလိုက်တာ အဲလိုဒေသမှာ အမြဲနေချင်တာ...အရမ်းလွမ်းတယ် နှင်းတွေကို..

    ReplyDelete
  4. ရောက်ဖူးချင်လိုက်တာမမဂျာမုန်းရေ..
    အရမ်းအေးလားဟင်... နှင်းတွေရော..ကိုင်လို့ရလား..

    ReplyDelete
  5. မဂျာရေ ပုံလေးတွေကိုတော့ သဘောကျ သွားပီ လေယဉ်လက်မှတ် အသွားအပြန် ပို့ပေးလိုက်ပါလား ... အလည်လာချင်လို့လေ ..... ဟီ....ဟီ....

    ReplyDelete
  6. အစ်မ ဂျာမုန်းဒန်ရေလာလည်သွားတယ်နော်..
    ကျွန်တော်မအားလို့  မရောက်လာဖြစ်တာ ဆောရီးနော်
    ကော်နက်ရှင်ကလဲ သိပ်မကောင်းဘူးလေ..
    အဲဒါကြောင့် မရောက်ဖြစ်တာပါ...
    သတိတော့ အားလုံးကိုရပါတယ်
    ကျန်းမာပျော်ရွှင်ပါစေ...
    ဆုတောင်းပေးလျှက် ...
    အိပ်မက်ကဗျာ

    ReplyDelete
  7. မမမေမေနဲ့မောင်လေးရေ............
    အရမ်းသတိရတာပဲ။
    နေကောင်းကြလားဟင်။
    မမမေမေတို့ဆီမှာ ပျော်စရာကြီးပဲနော်။
    ပျော်စရာလှလှပပ ရှုခင်းလေးတွေနဲ့ ဓာတ်ပုံလေးတွေကို တဝကြီး ကြည့်သွားတယ်နော်။
    ဘုရားသခင်ကောင်းကြီးပေး လမ်းပြပို့ဆောင်ပါစေ။

    ReplyDelete