Tuesday, February 23, 2010
မင်္ဂလာသက်တမ်းသုံးနှစ်ပြည့်အထိမ်းအမှတ်ပါတီပွဲလေး
ချစ်သောလလော့ဝ်ညီအကိုမောင်နှမများအားလုံးကို လိုက်လဲစွာ ဖိတ်ခေါ်လိုက်ပါတယ်ရှင့်။ ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့် ဂျာမုန်းတို့ရဲ့ဇနီးမောင်နှံ ပျော်ရွှင်တဲ့ခရစ်ယာန်အိမ်ထောင်ကို တည်ထောင်ခဲ့တာ မနေ့က (ဖေဖော်ဝါရီလ၂၂.၂၀၁၀)နေ့မှာပဲ သုံးနှစ်ပြည့်သွားခဲ့ပါပြီ။ ဒါကြောင့် တစ်မြို့ထဲမှာအတူနေထိုင်ကြတဲ့ သူငယ်ချင်းများကို ဖိတ်ပြီး အထိမ်းအမှတ်ညစာစားပွဲလေး ကျင်းပ ဖြစ်ခဲ့တယ်။တခြားမြို့ကနေရောက်လာသူငယ်ချင်း ၂ယောက်လည်းရှိတယ်။ လာရောက်အားပေးကြ တဲ့သူငယ်ချင်းတွေအားလုံးကိုအထူးပဲကျေးဇူးတင်ကြောင်းပြောချင်တယ်ကွယ်။
အိမ်ထောင်နဲ့ပတ်သက်ပြီး ၀န်ခံချက်လေးရှိတယ်။.ဒီမင်္ဂလာသက်တမ်းသုံးနှစ်အတွင်းမှာပေါ့။ .ဂျာမုန်း အိမ်ထောင်ကျ ကံကောင်းတယ်လို့ ပြောရမှာပေါ့လေ။ သူက..ဂျာမုန်းအပေါ် သိပ်ကောင်းပြီး သိပ်လည်းအလိုလဲလိုက်တယ်လေ။ တခါမှ..သူကြောင့်စိတ်မဆင်းရဲခဲ့ရဘူး။ ဒါကြောင့်လည်းသူ့ကို သိပ်ကျေးဇူးတင်ပြီး ဂျာမုန်းရဲ့ အချစ်တွေအားလုံး စုပုံပေးထားတာပါ။
သူ့မှာဂျာမုန်းကြိုက်တဲ့အချက်တွေအများကြီးရှိတယ်။ အဓိကတော့ဘုရားကို ချစ်ကြောက်ရိုသေတယ်၊ မိသားစုကိုအချိန်ပေးတတ်တယ်။
မိသားစုအပေါ်တာဝန်ကျေတဲ့ ဖခင်ကောင်းတစ်ယောက်ပဲ။ ဒါကြောင့် ဂျာမုန်းလည်း သိပ်ချစ်တဲ့ခင်ပွန်းအတွက် သိပ်ချစ်စရာကောင်းတဲ့ သားမြတ် ရတနာလေးကို မွေးပေးခဲ့တာပေါ့။
ကဲကဲ....စာဖွဲ့နေရင် ပီးမှာမဟုတ်တော့ဘူး။ အစားအသောက်နဲ့ ပြန်ဧည့်ခံပါရစေရှင်။
ဒါတွေက..ဂျာမုန်းတို့ဇနီးမောင်နှံရဲ့ မင်္ဂလာသက်တမ်း၃နှစ်ပြည့် အထိမ်းအမှတ် ပါတီပွဲ အစားအသောက်တွေပါ။ အားလုံးဝလျှင်စွာစားပြီးမှ ပြန်ရမယ်နော်။
ဒါကတော့..ဆူရှိပါ။ ဂျာမုန်းကိုယ်တိုင်လုပ်ထားတာနော်။
ဒါကတော့ ကန်စွန်းဥဆနွင်းမကင်းပါ။ သိပ်အရတာရှိတာနော်။
ဒါကတော့ မုန်းလုံးရေပေါ်ပါ။ အထဲမှာ မြေပဲကိုထောင်းပြီးအချိုလေးပါထည့်ထားတယ်။ အလွန်းပြေ စားသွားပါရှင်။
ဒါကတော့ အအီပြေလေးစားဖို့ သံလွင်သီးပါ။ ဂျာမုန်းတော့အရမ်းကြိုက်တယ်။ ထမင်းစားတိုင်းထည့်စားဖြစ်တယ်။
ဒါက ချောကလက်ပါ။ လက်ဆောင်ရတာလေ။ အတူစားကြမယ်နော်။
ဒါက သီးစုံပါရှင်။
ဒါက စပါကတီခေါက်ဆွဲကြော်ပါ။ ကြက်သားနဲ့ပုဇွန်ကို ရောကြော်ထားတာပါ။
ဒါကတော့ အထူစပါယ်ရှယ် ဘဲကင်ပါရှင်။ ဘဲကင်ကိုတော့ သားသားရဲ့ဖေကြီးကတာဝန်ယူတာပါ။
သူ့လက်ရာလည်း တော်တော်တိုးတက်လာပြီ။ မယုံရင် မြည်းကြည့်နော်။
ဒါကတော့ ဘဲကင်ကိုခုတ်ထားပြီးပုံပါရှင်။ ယူစားလို့ရပါပြီ။
ကဲ..စားချင်တာစားနော်။ ဘူဖေးစတိုင်ပေါ့။
ကြိုက်တာစားပေတော့။
ဒါလဲဘဲကင်ပါပဲ။ ဘာကြောင့်မဲသွားသလဲဆိုတော့ အရွက်အစုံထည့်တာကြောင့်ပါ။ ဘဲ ကချင်ကင်ပေါ့။ အရွက်တွေကတော့..ပင်စိမ်း၊နံနံပ်၊ ကုလားနံနံ၊ ငရုတ်သီးစိမ်းတွေကိုရောနယ်ပြီး ဘဲ ၀မ်းဗိုက်မှာ အစာသွပ်ပြီးကင်တာပါ။ အရသာတော့ရှယ်ပဲနော်။ မွှေးနေတာပဲ။
ဒါက..ကြက်သားကချင်ချက်ပါ။ ငရုပ်သီးတော့စပ်တယ်နော်။
ဒီဟင်းကို ဂျာမန်သူငယ်ချင်းတစ်ယောက်က မြည်းကြည့်တာနဲ့တင် မျက်နှာတစ်ခုလုံး နီရဲသွားတယ်။စပ်လွန်းလို့နဲ့တူတယ်။
ဒါက..ကြက်ကုန်းဘောင်းကြော်နော်။
ကဲ နောက်ဆုံးဟင်းပွဲလေးကတော့.. ပဲငပိတိုဖူးအစပ်ချက်ပါရှင်။
ကဲ...အားလုံးအ၀စားပြီမှ ပြန်ရမယ်နော်။ ဘယ်ဟင်းကိုအကြိုက်ဆုံးလဲ ပြောသွားနော်။ နောက်ပြန်ချက်ကျွေးမှာမို့ပါ။နောက်ပြီး..ဂျာမုန်းတို့မိသားစုအတွက် ဆုထောင်းပေးကြပါဟု မေတ္တာ ရပ်ခံရင်း အားလုံးကိုနုတ်ဆက်လိုက်ပါတယ်ရှင်။
အားလုံးအပေါ်ဘုရားရှင်ကောင်းကြီးပေးပါစေလို့ ဆုမွန်ကောင်းတောင်းရင်း
ဂျာမုန်းဒန် မိသားစု
Type rest of post here
19 comments:
  1. a ma , I wish all the best for your family to be happy , healthy for 100 years.
    ReplyDelete
  2. ဘဲကင်
    ခေါက်ဆွဲကြော်
    ReplyDelete
  3. မင်္ဂလာနစ်ရာတိုင်ပါစေ။
    ReplyDelete
  4. Very Happy Anniversary!!!!
    ယနေ့မှစလို့ ကျန်ရှိနေတဲ့ လှလှပပနေ့ရက်တွေထဲမှာ
    အေးမြသာယာသော ဘ၀ခရီးကို လက်တစ်စုံ အသည်းနှစ်ခု ထပ်တူပြုရင်းက ကြည်နူးစွာ လှမ်းဆက်ရင်း အိပ်မက်လှလှတွေ အကောင်အထည်ပေါ်လာပါစေခင်ဗျာ...
    ပျော်ကြပါစေ....
    *.*.*
    ReplyDelete
  5. အစ်မရေ
    နှစ်စဉ်နှစ်တိုင်း ဒီလိုပဲ အမြဲကျွေးနိုင်ပါစေနော် ..း))
    ပျော်ရွှင်ဖွယ် မင်္ဂလာနှစ်တွေ အမြဲကြုံတွေ့နိုင်ပါစေး)
    ReplyDelete
  6. ဂျာမုန်းရေ့ 
    သုံးနှစ်ပြည့်မင်္ဂလာသက်တမ်လေးမှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် မိသားစုတွေ ချစ်ခင် စည်းလုံးပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်သွားနိုင်ပါစေနော်။
    ဘုရားသခင်ရဲ့ ကောင်းချီးပေးခြင်းနဲ့အတူ ထာဝရ ပျော်ရွှင်အေးချမ်းကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးပါတယ်နော်။
    ဂျာမုန်းကျွေးထားတာတွေလည်း အများကြီး စားသွားတယ်နော်။
    ကချင်လို ဘဲကင်ကင်ထားတာလေးလည်း ကြိုက်တယ်။ စားသွားတယ်နော် အစုံပလုံပေါ့။
    ချစ်ခင်စွာဖြင့်
    လုလု
    ReplyDelete
  7. အနှစ်၁၀၀တိုင်ပါစေ...
    ReplyDelete
  8. ကြင်သူနှစ်ဦး အပေါ်တွင် ဘုရားသခင် ကောင်းချီးပေးပါစေ...။
    ReplyDelete
  9. မမမေမေရေ........
    သမီးကြီးအလာနောက်ကျသွားတယ် ခွင့်လွှတ်နော်။
    စားစရာတွေ ကျန်ဦးမယ်ထင်တယ်။
    အလဲ့...ကြည့်ပါဦး မောင်လေးက လိမ်မာလိုက်တာ သူ့အမအတွက်တဲ့ စားစရာတွေ ချန်ထားပေးထားတယ်တဲ့ လာပေးတယ်။ ချစ်စရာမောင်လေး အာဘွားးးးးးးးးးးးးးးနော်။
    မမမေမေရေ..........
    ဘုရားကောင်းကြီးခံစားရတာတွေ ကြားရမြင်ရတော့ ဝမ်းသာဂုဏ်ယူရင်း အားကျမိပါတယ်။
    မမမေမေတို့မိသားစုလေးကို ဆက်လက်ပြီး ဘုရားသခင်ကောင်းကြီးပေး လမ်းပြပို့ဆောင်လို့ အခုလိုပဲ စံပြခရစ်ယာန်မိသားစုတွေဖြစ်နိုင်ပါစေနော်။
    အိမ်ထောင်ဦးစီးပီသပြီး ခင်ပွန်းကောင်း၊ ဖခင်ကောင်းပီသတဲ့ အကိုကြီးရယ်၊ အိမ်ထောင်ရှင်မကောင်းပီသပြီး ဇနီးကောင်း၊ မိခင်ကောင်းပီသတဲ့ မမမေမေရယ်၊ ဘုရားသခင်ရဲ့ ကောင်းကြီးမင်္ဂလာဖြစ်တဲ့ သားမြတ်ရတနာ ချစ်စရာမောင်လေးရယ်ကို မျက်လုံးထဲပုံဖော်ပြီး တဝကြီး ဆုတောင်းပေးသွားတယ်နော်။
    ယနေ့မှစလို့ ဒီမိသားစုအပေါ် မရေတွက်နိုင်တဲ့ ကောင်းကြီးမိုးများ ဆက်လက်ရွာသွန်းနိုင်ပါစေလို့
    ချစ်သမီးကြီး
    ReplyDelete
  10. Dear Ko KZay and Ah Ma,
    May I humbly to express my deeply gratitude for getting an opportunity to join your anniversary. May God bless you.
    With best regards,
    Sai
    ReplyDelete
  11. အမရေ....
    မင်္ဂလာသက်တမ်း သုံးနှစ်ပြည့်မှသည် ရွှေရတု ငွေရတု ရတုအဆက်ဆက်တိုင် ဒီထက်ပိုမိုပြည့်စုံ ပျော်ရွှင်စရာကောင်းတဲ့ မိသားစု ဘဝလေးကို ပိုင်ဆိုင်နိုင်ပါစေလို့ အားကျစွာနဲ့ ဆုတောင်းပေးပါတယ်။
    ReplyDelete
  12. ကြင်သူနှစ်ဦးအပေါ် သက်ဆုံးတိုင် ဘုရားရှင်ကောင်းကြီးပေးပါစေ
    ReplyDelete
  13. ဂျာမုန်းတို့အတွက် သုံးနှစ်မြောက် မင်္ဂလာလက်ဆောင် ရှာဖွေလိုက်တယ်၊
    http://www.aspencountry.com/assets/product_images/product_lib/36000-36999/36358.jpg
    စပါကတီခေါက်ဆွဲကြော်လေးနဲ့ အသီးတွေ စားသွားပါတယ်။
    ReplyDelete
  14. နှစ်တရာတိုင်ပါစေ ဂျာမုန်းရေ
    ReplyDelete
  15. ခုလိုပဲ နောင်နှစ်ပေါင်းများစွာတိုင် သာယာချမ်းမြေ့ပါစေ။
    မိုး
    ReplyDelete
  16. နှစ်ပေါင်း ရာထောင် တိုင်ပါစေရှင်....
    ဒီလို ကချင်စာတွေ မြင်လိုက်ရင် မြစ်ကြီးနားကို လွမ်းသွားတယ်.... နောက်တစ်ခါ အလည် သွားဦးမယ်... :) ဗန်းမော်မှာ ဒီလို ချက်ကျွေးမယ့် သူငယ်ချင်း မရှိလို့ :D
    ReplyDelete
  17. Very Happy Anniversary နော်ဂျာဂျာ
    ဆုတောင်းပေးတာ အရမ်းနောက်ကျနေလားမသိဘူး။
း)
    ဒါပေမယ့် ရင်ထဲကနေ လှိုက်လှဲစွာ ဆုတောင်းပေးနေမယ်နော်။
    အစားတွေက အများကြီးဘဲနော်။ စားချင်စရာတွေဘဲ။
    စုံတွဲ လာစားသွားတယ်နော်။
း)
    ReplyDelete
  18. တော်တော်လေးတော့ နောက်ကျနေဘီ။
    မေတ္တာတရားမှာတော့ နောက်ကျတယ်ဆိုတာ မရှိပါဘူးနော်။
    ဂျာမုန်းတို့ မိသားစု၊ ဆွေမျိုးအသိုင်းအ၀ိုင်း အားလုံးအပေါ် ဘုရားသခင်ရဲ့ ကောင်းခြင်းမင်္ဂလာတွေ ကျရောက်ပါစေရှင်။
    ခင်မင်လျှက်
    ReplyDelete
  19. ဘုရားသခင်ကောင်းချီးပေးတော်မူပါစေဗျာ ..
    ပျော်ရွှင်ငြိမ်းချမ်းသောဘ၀ကို ရယူပိုင်ဆိုင်နိုင်သူတွေသာ ဖြစ်ကြပါစေ :D
    ReplyDelete