Sunday, October 24, 2010

ချစ်မိတ်ဆွေများအတွက် သစ်သီးစုံနှင့် ဟင်းအမယ်စုံနော်



ခုသလော ဂျာမုန်း ဟင်းမချက်ကျွေးတာတောင် ကြာရောပေါ့။ အားလုံးကိုသတိရနေပေမယ့် ဘလော့ဝ်အိမ်တွေ လိုက်မလည်ဖြစ်ဘူး။ Online မှာ ဈေးရောင်း၊ ဈေးဝယ် အလုပ်ရှုပ်နေတာကြောင့်ပါ။ ဈေးရောင်း၊ ဈေးဝယ်အကြာင်းကိုတော့ နောက်မှ သေချာပြောပြမယ်။ ခုတော့ ဂျာမုန်း ပြင်ဆင်ထားတဲ့ အစားအစာတွေကို အရင်စားရမယ်နော်။


ကဲ...ဟောဒါက အားလုံးရဲ့ အကြိုက် ကန်ဇွန်းရွက်နှင့် ၀က်ခေါက်ကြော်နော်။


ဒါကတော့... အရွက်စုံနဲ့ချက်ထားတဲ့ ငါးဟင်းပါ။ ကချင်ချက်ပေါ့။ အနံ့လေးကမွှေးနေတာပဲနော်။

ဒါကတော့ အားလူးနဲ့ ၀က်သားချစ်ကို တရုတ်စတိုင်လ်ကြော်ထားတာပါ။


ဒါကတော့... ကြက်ပေါင်သား မတ်စလာချက်နော်။ ကြက်ပေါင်နှစ်ပေါင်ပဲ ဆိုပေမယ့် အားမနာနဲ့ အရင်ရောက်တဲ့သူအတွက် အထူးနော်။


ဒါကတော့ ကြက်သား ကချင်ချက်ပါ။ ဂျာမုန်း အရင်ကချက်နည်းကို တင်ခဲ့ဘူးတယ်။
ချက်နည်းကို ဒီထဲမှာပြန်ကြည့်နော်။

မိတ်ဆွေများ ချက်စားချင်တဲ့ ဟင်းကိုမှာထားခဲ့နော်။ ချက်နည်းကိုပြန်ရေးပေးပါ့မယ်။
အားလုံးကိုအစဉ်ချစ်ခင်လေးစားလျှက်
ဂျာမုန်းဒန်

5 comments:

  1. ကြက်သားကချင်ချက်ကို ကြည့်ပြီး တံတွေးတောင် ဂလုခနဲမျိုချမိတယ်..
    အရမ်းကြိုက်တာ
    ဂျာမုန်းပြောတာနဲ့ သတိရသွားပြီ ချက်စားဦးမယ်
    ဟင်းတွေကလဲ တကယ့်ရှယ်တွေချည်းဘဲ။
    စားချင်စရာ

    ReplyDelete
  2. အစ်မရေ.. အနော်လည်း ကြက်သားကချင်ချက်ကို ခဏခဏ ချက်စားဖြစ်တယ်.. ငါးနဲ့တော့ မချက်ဖြစ်ဘူး.. တစ်ခါမှ ချက်စားဦးမယ်..

    ReplyDelete
  3. အိုး.. စားချင်လိုက်တာ.. သရေတောင် ကျတယ်... အမရေ...

    ReplyDelete
  4. ကြက်သားကချင်ချက်လေးစမ်းချက်မယ်နော်
    ကို့အရည်အချင်းကိုတော့သိပါတယ်။
    မကောင်းမှာသေချာတယ်။။

    ReplyDelete
  5. အမရေ ကြက်ပေါင်ကနှစ်ပေါင်ထည်းဆိုတော့ ကုန်ပီထင်ပါရဲ့..အလာနောက်ကျသွားလို့ သရေကျပီးပြန်သွားပါတယ်..... :)

    ReplyDelete