ပဲရစ်မြို့ရဲ့အကြောင်းကို..ဒုတိယပိုင်းအနေနဲ့..ထပ်ပြီးတင်ဆက်လိုက်ပါရစေရှင်။
ရေးမယ်ရေးမယ်နဲ့...မအားဘူးဖြစ်နေလို့လေ။..တနေ့တနေ့..သားလေးနဲ့အချိန်ကုန်နေရတယ်။
သူအိပ်သွားမှပဲ...ဘလော့ဝ်ထဲပြေးရတော့တယ်။..၀ါသနာကလည်းရှိသေးဆိုတော့.မလွယ်ပါဘူးရယ်။
.''မုန့်စားရင်း..လှည်းစီး..ငါးနှစ် ကောင်ဖမ်း...''ဆိုသလို..ဖြစ်နေရပြီပေါ့ကွယ်။..ဘယ်တတ်နိုင် ပါ့မလဲ..ခုချိန်မှာ..သားလေးက..မိသားစုတစ်ခုလုံးရဲ့..အာဏာရှင်ကြီးဖြစ်နေလို့ပဲလေ။
************
ညီမလေးမမိုးမေးထားတဲ့..မေးခွန်းလေးပါ။
””ဂျာမုန်းတို့ တည်းခဲ့တဲ့ ဟော်တယ်နာမည်၊ လိပ်စာနဲ့ ဈေးနှုန်းလေးပြောပေးလို့ရမလားဟင်””
တဲ့။..သိပ်ပြောပြလို့ရတာပေါ့လို့။.ဟော်တယ်နာမည်က..Royal Bastille Hotel ပါ။..တစ်ရက် တည်းခိုးစရိတ်က..ယူရို၃၀ပါရှင်။မနက်စာကိုfree ကျွေးပါတယ်။ဒီနေရာဟာ..ပဲရစ်မြို့ရဲ့အလယ် ဗဟိုမှာရှိတာကြောင့်..အရမ်းကိုအဆင်ပြေတဲ့နေရာပါ။..ရထားမှတ်တိုင်နဲ့လည်းနီးတယ်။မှတ် တိုင်နာမည်လည်း..Bastille မှတ်တိုင်မှာဆင်းလိုက်ရုံပဲနော်။..သွားဖြစ်ရင်တော့..ဒီဟိုတယ်ဟာ အကောင်းဆုံးဖြစ်မှာပါ။ဈေးနှုန်းလည်းသက်တာတယ်လေ။..ဖုန်းနံပါတ်ကိုမေ့သွားလို့.နော်။
Hotel မြေပုံအသေးစိတ်နဲ့အကြောင်းအရာတွေသိလိုပါက...ဒီနေရာလေးကို.၀င်.ကြည့်နော်။
ပဲရစ်မြို့ရဲ့..ရထားမှတ်တိုင်အကြောင်း
ပဲရစ်မြို့မှာ..ခရီးသွားရတာသိပ်အဆင်ပြေတယ်။လမ်းများများလျှောက်စရာမလိုဘူး။မြေပုံတစ်ခုကိုင် ပြီးသွားချင်တဲ့နေရာဆီ..ရထားစီးပြီးသွားလိုက်ရုံပဲ။ရထားကလည်းအချိန်အကြာကြီးစောင့်ဖို့မလိုဘူး။ ၃မိနစ်ဆိုတခါဆိုက်တယ်။.ရထားရဲ့ဝင်ပေါက်ထွက်ပေါက်ထိပ်တိုင်းမှာ..မှတ်တိုင်နာမည်နဲ့..မီးရောင်
ကို..သင်္ကေတအဖြစ်..ပြုလုပ်ထားကြတယ်။နောက်ပြီး..မိုက်နဲ့လည်းကြော်ငြာပေးသေးတယ်။
နာမည်ကြီးတဲ့နေရာတိုင်းမှာ..မှတ်တိုင်ထားပေးတယ်...ရထားစီးပြီးသွားလိုက်ရုံပဲ။.တနေ့လုံးအတွက်
Day ticket ကိုတစ်ယောက်..၆ယူရိုကျတယ်။ရထားဘူတာကလည်း..ဟိုရှေးခေတ်ကအတိုင်းပဲ။
မူလလက်ဟောင်းကို..မပျောက်အောင်ထိန်းသိမ်းထားကြတယ်လေ။..မြေအောက်ဆင်းတာတောင် သုံးဆင့်လောက်ဓါတ်လှေခါးနဲ့အရင်ဆင်းပြီးတော့..ရထားစီးရတယ်။ကိုယ်ရောက်ချင်တဲ့နေရာမှာ ဆင်းပြီး..ညွှန်ပြထားတဲ့မျှားအတိုင်းအပေါ်ဆုံးထိတက်သွားလိုက်ရင်..ရောက်ရောပဲ။
ဂျာမုန်း..အီတလီသွားလည်တုန်းကနဲ့နိုင်းယှဉ်ကြည့်ရင်...အရမ်းကိုကွာနေတာတွေ့ရတယ်။
အီတလီမှာဆိုရင်..ရထားလမ်းကသိပ်အဆင်မပြေဘူး။..တနေရာနဲ့တနေရာရောက်ဖို့..အဝေးကြီးလှမ်း လျှောက်ရတယ်။....အရမ်းကိုမောပြီး..ပင်ပန်းလိုက်တာလို့ခံစားရလို့ပါ။
ရောက်ခဲ့တဲ့နေရာအချို့တွေပါ။

ဂျာမုန်းတောင်.ပုဝါလေးတစ်ခု၊.တာဝါတိုင်နာရီလေးတစ်ခုဝယ်ခဲ့သေးတယ်။ကြွားပြန်ပြီ။

တဲ့ရှုခင်းလေးကလည်း..ဘယ်ပန်းချီမရေှးဖွဲ့လို့မမီနိုင်ဘူး။နောက်တစ်ခုက..ဒီဝင်ပေါက်ကြီး အရှေ့တည့်တည့်မှာရှိတဲ့လမ်းပေါ်ကဆိုင်တွေဟာ..ပဲရစ်မြို့ရဲ့ဈေးအကြီးဆုံးဆိုင်တန်းဆိုပြီးနာမည် ကြီးသေးတာ။.ပစ္စည်းတော့ကောင်းတယ်..ဈေးကလည်း မနည်းဘူးတဲ့လေ။ဂျာမုန်းတော့.ပစ္စည်း တော့မ၀ယ်ဘူး..ဓါတ်ပုံတော့ရိုက်ခဲ့တယ်။
ဒီအောက်မှာတွေ့ရတဲ့ပုံလေးပုံဟာ..ပဲရစ်ရဲ့အစွန်ဆုံးမှာရှိတဲ့မြို့သစ်လေးပါ။
အခုချိန်မှာ..ကောင်းတထက်ကောင်းအောင်အဆောက်အဦးတွေတိုးချဲ့ဆောက်လုပ်နေဆဲလို့သိရ
တယ်။တိုက်တွေကို ကြည့်လိုက်ရင်..အဆုံးကိုတောင်မမြင်နိုင်အောင်မြင့်မားလွန်းတယ်။
..ကြည့်ပါလား..Camera မှာတောင်ဆန့်အောင်မရိုက်ခဲ့ရဘူး။ ဒီနေရာက ..ပဲရစ်မြို့နဲ့တော့. .အနည်းငယ်ဝေးတယ်..ရထားမှတ်တိုင်ကိုကြည့်လိုက်ရင်..အစွန်ဆုံးမှတ်တိုင်အထိစီးရတယ်။..
ဒီအောက်ကပုံတွေကတော့..ပဲရစ်မြိျု့မှာ..Disneyland..ဆိုပြီးထင်ရှားတဲ့နာမည်အကြီးဆုံးကစား
ကွင်းကြီးတစ်ခုပါ။ပဲရစ်ကိုလာလည်ကြတဲ့.တိုးရစ်တွေအများဆုံးလည်ဖြစ်တဲ့နေရာတစ်ခုပါ။ဒီကစား ကိုသွားမယ်ဆိုရင်..၆ယူရိုတန်လက်မှတ်တစ်ခုထပ်ဝယ်ရသေးတယ်။ဒါတောင်..ကြည့်ရုံသက်သက်ပဲ။
အထဲဝင်ပြီးကစားဖို့ဆိုရင်...တစ်ယောက်ကိုဝင်းကြေး..၃၂ယူရိုထပ်ပေးရသေးတယ်။ဒါတောင်ကိုပိုင် ကဒ်ရှိပြီးသားလူမှနော်။ဒီကစားကွင်းကို..တကယ်တန်းတာလည်မယ်ဆိုရင်..တစ်ရက်တော့အချိန် ပေးရတယ်တဲ့။ဂျာမုန်းတို့သွားတုန်းက..မိုးအရမ်းရွာတယ်လေ..ကလေးနဲ့ဆိုတော့..မလွယ်ဘူး။
မက်ဒေါ်နာဆိုင်မှာ..ကော်ဖီဝင်သောက်၊ဗိုက်ဖြည့်ပြီး...ဟိုကြည့်ဒီကြည့်လုပ်ပြီး..ပြန်လာခဲ့ရတယ်။

ဒါကတော့..Disneyland..ဘူတာကြီးရောက်တာနဲ့..အရင်ဦးဆုံးမြင်လိုက်ရတဲ့..၀င်ပေါက်ပါ။
ဒီထဲမှာတော့..၀င်ကြည့်လို့ရတယ်။အထဲမှာ...အမှတ်တရပစ္စည်းအရောင်းဆိုင်တွေအများကြီးပဲ။
ဂျာမုန်းတောင်..သားလေးအတွက်..ဦးထုပ်တစ်ခုဝယ်ပေးသေးတယ်။ဈေးကတော့..အရမ်းကြီးတယ်။
အထဲမှာဆိုတော့လေ။..


လောက်တော့ရှိ မယ်ထင်တယ်။ဒီနေရာမှာ..ဓါတ်ပုံတော့ရှယ်ရိုက်ခဲ့တယ်။




ဒါကြောင့်..ဂျာမုန်းတို့အကြိုက်..မက်ဒေါ်နာဆိုင်မှာခိုက်ပဲ။
Disneyland အကြောင်းကိုဒီမှာပဲအဆုံးတတ်လိုက်တယ်နော်။

ပြင်သစ်နာမည်ဖြစ်မယ်ထင်တယ်။ဒီထဲမှာဝင်လိုက်တာနဲ့..ကိုယ်တိုင်ဘုရင်မကြီးလို့တောင်ထင်မိ
တယ်။ အရှေ့၊အနောက်၊တောင်၊မြောက်ကိုကြည့်လိုက်တာနဲ့..အုပ်မြို့ရိုးလေးခုနဲ့...၀န်းရံ ထားတာဆိုတော့လေ။..တကယ့်ရှေးဟောင်းရဲတိုက်ကြီးပါ။..အထဲမှာ..အင်မတန်လှပတဲ့ဘုရား
ကျောင်းလည်း ရှိသေးတယ်။..


.ဒီနေရာကို.ဂျာမုန်းတို့လမ်းလျှောက်သွားကြတယ်လေ။

လက်စတတ်တော့...အိပ်နေတာမဟုတ်...တောင်းစားတဲ့သူဖြစ်နေတယ်လေ။..

ဒီပြတိုက်ကြီးကို...တနင်္လာနေ့တိုင်းပိတ်တယ်။..ဂျာမုန်းတို့ရောက်သွားတော့..ပိတ်တဲ့နေ့ဖြစ်နေလို့ အထဲမ၀င်ခဲ့ရဘူး။

ဒီအောက်မှာပြထားတဲ့ပုံအားလုံးကို..Pont Alexandre 3 လို့ခေါ်တယ်တဲ့။


ဒီတံတားပေါ်မှာရှိတဲ့နံရံ၊အုပ်တံတိုင်းတွေဟာ..တကယ့်ကိုလက်ရာမြောက်တယ်။ဒီပုံက..တံတားပေါ်
ကနေမြင်ရတဲ့ရှုခင်းပါ။
ဒီပုံကတော့..တံတားအောက်ကနေမြင်ရတဲ့ရှုခင်းပုံပါ။..မြို့ပတ်သင်္ဘောဆီးပြီးလည်ပတ်လို့လည်း ရတယ်။မြို့ပတ်သင်္ဘောစီးနုန်းက..တစ်ယောက်ကိုယူရို၁၅ပေးရတယ်။

ဂျာမုန်းရိုက်လာတဲ့..ပုံတွေကတော့အများကြီးပါ။ဒါပေမယ့်..ဒီလောက်ဆို..ကျေနပ်လောက်ပါပြီနော။
သွားလည်ဖြစ်တဲ့သူရှိရင်လည်း...အကြောင်းကြားစေချင်တယ်ကွယ်။လိုအပ်တာရှိရင်..ဂျာမုန်းကို အချိန်မရွေးမေးလို့ရပါတယ်။လာရောက်အားပေးကြတဲ့..ချစ်တဲ့ညီအစ်ကိုမောင်နှမများအားလုံးကို ကျေးဇူးတင်တယ်။
ဒီဘလော့ဝ်လေးဟာ..ကျမဘ၀၊ ကျမရဲ့ဒိုင်ယာရီလေးတစ်ခုပါ။
ဘလော့ရေးနေချိန်မှာ..ပင်ပန်းသည် မရှိ၊ မောပန်းသည်မရှိ၊ အိပ်ရေးပျက်သည်မရှိပါ။ နောက်ပြီး.မိတ်ဆွေများရေးပေးလိုက်တဲ့..ကောမင့်စာဒါးလေးကလည်း ကျမဘ၀ရဲ့..အပြင်းပြဆုံး မျော်လင့်ချက်တစ်ခုဖြစ်တယ်။ဘာကြောင့်လဲဆိုတော့.ကျမရဲ့ဒိုင်ယာရီလေးကို..အတူဖန်တီးရေးသား
ပေးတဲ့သူအဖြစ်တတ်မှတ်လို့ပဲလေ။ကျေးဇူးလည်းတင်မိတယ်။
အားလုံးကိုဘုရားရှင်ကောင်းကြီးပေးပါစေလို့ဆုမွန်ကောင်းတောင်းရင်း
ဂျာမုန်းဒန်
Type rest of post here