Pop Music ဘုရင်မိုက်ကယ်ဂျက်ဆင်ဆုံးရှာပြီ
ပေါ့ ပ်ဂီတ ဘုရင်ကြီး မိုက်ကယ်လ်ဂျက်ဆင်( ၅၀နှစ်) ဟာ ရုတ်တရက် ကွယ်လွန်သွားပြီဖြစ်ကြောင်း ဒီမနက် N24 ရုပ်မြင်သံကြားသတင်းမှာ ကြားသိရပါတယ်။
သူ့ရဲ့လပေါ်လမ်းလျောက်အကဟာ ကမ္ဘာတလွားမှာ ရေပန်းစား ခဲ့တယ်။
ဂျာမုန်းဒန်တို့ အလယ်ကျောင်းအရွယ်တုန်းကပေါ့ .....မိုက်ကယ်ဂျက်ဆင်ရဲ့ လပေါ် လမ်းလျောက် အက ကို အပြိုင်အဆိုင်က ခုန်ခဲ့ကြပါတယ်။ သူပါဝင်သီဆိုခဲ့တဲ့ We Are the World - သီချင်း က လူသားဆန်မှုကို ပြသခဲ့တယ်။ ဒီသီချင်းကိုပဲ ဂျာမုန်းဒန် ၈တန်းကျောင်းသူဘ၀တုန်းက ဘုရာကျောင်းမှာ group လိုက်ပါဝင် သီဆိုပြိုင်ပွဲဝင်ခဲ့ဘူးပါတယ်။
ဒီနေ့ သူချစ်တဲ့ ကမ္ဘာ့ပရိသတ်ကြီး ကို မိုက်ကယ်တယောက် မနှုတ်ဆက်ပဲ ရုတ်တရက်ခွဲခွာသွားခဲ့ပါတယ်။ သူက အင်္ဂလန်မှာ သွားရောက်ဖျော်ဖြေဖို့ စာချုပ်ချုပ်ခဲ့စဉ်က ဒါဟာ သူရဲ့ နောက်ဆုံးပွဲပါလို့ ပြောခဲ့တာကပဲ နိမိတ်တခုလို့ ဖြစ်ခဲ့ရတယ်လို့ သူ့ရဲ့ ပရိသတ် တဦးက ဆိုပါတယ်။ မိုက်ကယ်ဂျာဆင်ကိုချစ်တဲ့ ပရိတတ်များမှာ ဂျာမုန်းဒန်တစ်ယောက်လဲအပါအ၀င် ရှိခဲ့တာမို့ စိတ်မကောင်းစွာနဲ့ ဒီပို့စ်လေးကို ဂျာမုန်းဒန်ရဲ့ ဘလော့လေးမှာ တင်ပေးလိုက်ပါတယ်ရှင်။
အားလုံးကိုလေးစားစွာဖြင့်
ဂျာမုန်းဒန်
Type rest of post here