Showing posts with label အမှတ်တရနေ့. Show all posts
Showing posts with label အမှတ်တရနေ့. Show all posts

Monday, May 9, 2011

အမေ့ကို ချစ်တယ် (mothers_day.gif)


*အော်..........အမေများနေ့ တဖန်ရောက်လို့လာပေါ့။
အမေများနေ့ရောက်လို့လာတိုင်း
ကိုယ့်ကိုယ်ကို နှိုက်နှိုက်ချွတ်ချွတ် ဆန်းစစ်ကြည့်မိတယ်။
ကိုယ်ဘယ်သူလဲ ဆိုတာကိုပေါ့
အင်း....... တကယ်တော့
ကိုယ်ဟာ ဘယ်သူမှ မဟုတ်ပါဘူး။
သူများအနိုင်ကျင့်တိုင်း ခံနေရတဲ့သူတစ်ယောက်ပေါ့
သူများအမြင်မှာတော့ သာမာန်လူထဲက အနိမ့်ဆုံးလူတယောက်ပေါ့
ဒါပေမယ့် အမေ့အတွက်တော့ ကျွန်တော်ဟာ
အားကိုးအားထားပြုလောက်တဲ့
သူရဲကောင်းတန်ခိုးရှင်တစ်ယောက်ပေါ့
ပြီးတော့ စိတ်နေမြင့်သူ တစ်ယောက်ပေါ့
အမေ့ကျေးဇူးတွေ ကျွန်တော့အပေါ် များလှပါတယ်၊
ကျွန်တော့လို ပုထုစဉ်လူသားက ဘယ်လို ကျေးဇူးဆပ်လို့ ကုန်နိုင်မလဲလေ
ကျွန်တော့ကို လူလားမြောက်လာအောင်
လူတလုံး သူတလုံးဖြစ်အောင်
ကျွေးမွေးပြုစုစောင့်ရှောက်
ဆုံးမသွန်သင် လမ်းပြပေးသူ
ကျေးဇူးရှင် မွေးမေမေပေါ့
ကျွန်တော်ဟာ လောကထဲက လောဘသားပေမယ့်
အမေသာ ကျွန်တော့အနားမှာ အမြဲတမ်းရှိနေနိုင်ရင်လေ
ဘာကိုမှ မမက်မောပါဘူုး၊
အမေ့ကို နေ့တိုင်း အနည်းဆုံး
အပြုံးပန်းတစ်ပွင့်၊ အနမ်းပန်းတစ်ပွင့် နဲ့
`အမေ့ကို အရမ်းချစ်တယ်´ ဆိုတဲ့ စကားတစ်ခွန်းပြောနိုင်ရင်တောင်
ဒီကမ္ဘာမှာ အပျော်ဆုံးလူသားဟာ ကျွန်တော်ပဲ ဖြစ်မှာပါ။
ဒါပေမယ့် .............. အရာရာဟာ နောက်ကျသွားခဲ့ပြီ၊
အမေနဲ့ ကျွန်တော်ဟာ ရေမြေခြားဝေးနေခဲ့တာ ကြာလှပေါ့
အပိုင်ဆိုင်ချင်ဆုံးအရာတွေထဲမှာ
အမေ့မေတ္တာဟာ အနှိုင်းမဲ့ပါ
တုနှိုင်းမမှီ အမေ့မေတ္တာဓာတ်အားကြောင့်
ဒုက္ခဝေဒနာတွေ ပေါကြွယ်ဝတဲ့ လောကဓံကို
ရင်ဆိုင်ကျော်လွှားဖို့ ခွန်အားတွေအပြည့်နဲ့ပေါ့
အမေနဲ့သာ အတူနေရမယ်ဆိုရင်
ကျွန်တော်ဘာပဲလုပ်ရလုပ်ရ
ကျွန်တော့အားအင်တွေ ကုန်ခန်းပါလေ့စေ
အမေတောင့်တမျှော်လင့်ထားတဲ့ ဆန္ဒအားလုံးကို
အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးချင်တာပါ
ဒီကမ္ဘာပေါ်မှာ ကျွန်တော် ဘယ်သူ့ကိုမှ မကြောက်ဘူး
ဆင်းရဲမွဲတေမှာကိုလည်း မဖြုံဘူး
ဘယ်အရာကိုမှ ကျွန်တော် မမှုဘူး
အမေစိတ်ဆင်းရဲမှာကိုသာ ကျွန်တော်အကြောက်ဆုံးပါ
ကျွန်တော့ကြောင့် အမေ့မျက်နှာ အပြုံးပန်းဝေဆာနေတာကို
ကျွန်တော် တသက်မမေ့နိုင်ဘူး အမေရယ်.......
အမေ့စံကို လိုက်လို့ မမှီနိုင်ပေမယ့်
အမေဂုဏ်ယူနိုင်လောက်တဲ့အထိတော့ ကျွန်တော်ကြိုးစားသွားမှာပါ။

အမေ့ကို ချစ်တယ်။

ဒီပို့စ်လေးကိုဂျာမုန်းသူငယ်ချင်းပို့လိုက်တဲ့မေးလ်ထဲကရတာပါ။
မိတ်ဆွေများလည်းဝေမျှခံစားနိုင်အောင်လို့ ပြန်လည်းဝေငှလိုက်တာပါ။

Sunday, May 16, 2010

ဂျာမုန်းဒန်ရဲ့ မွေးနေ့ပါတီပွဲလေး



**မွေးနေ့ပွဲလာ ချစ်မိတ်ဆွေများအားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်လိုက်ပါတယ်ရှင်။**

မနေ့က စနေနေ့ညနေ ၅ နာရီမှာ ဂျာမုန်းရဲ့ မွေးနေ့ပွဲလေးကို အိမ်မှာကျင်းပဖြစ်တယ်။ စနေ့နေ့မှာကျင်းပဖြစ်လို့ စနေသမီးတော့ မဟုတ်ပါ။ မွေးနေ့က မေလ ၁၅ ရက်ဆိုတော့ စနေနေ့မှာ လုပ်ဖြစ်သွားတာပါ။ မွေးနေ့မရောက်ခင်မှာတော့ မွေးနေ့ကိုလုပ်ဖို့ စိတ်မကူးခဲ့ဘူး။ စိတ်ထဲမှာ ''ဟာ...ငါအသက်တစ်နှစ်ပိုကြီးသွားပြီပေါ့...'' ဆိုပြီး ကိုယ့်ကိုယ်ကို တွေးနေမိတာကြောင့်ပါ။

မွေးနေ့ပွဲရောက်ဖို့ တစ်ရက်အလိုမှာ ဂျာမုန်းစိတ်တွေ ပြောင်းသွားပြန်ရော။ ဘုရားရဲ့ နုတ်ကပတ်တော်ထဲမှာ.လူ့အသက်ဆိုတာ ဘုရားပေးမှ ရတယ်တဲ့။ လူတွေဟာ ဒီနေ့ ဘာဖြစ်မယ်၊ မနက်ဖြန်ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှမသိကြပါဘူး။ဘုရားသခင်သာ အသိဆုံးပါ။ အသက်ကြီးမှ ကွယ်လွန်တတ်သလို၊ အသက်ငယ်ပေမယ့် သေသွားတဲ့သူပေါင်းလဲ မနည်းဘူးပေါ့။ ဘုရားပေးတဲ့ ဒီအသက်ကို ကျေးဇူးတင်ပြီး ချီးမွမ်းချင်စိတ်ဖြစ်လာတာကြောင့် လုပ်ဖြစ်သွားတာပါ။


တကယ်တော့
အသက်ကြီးတယ်ဆိုတာ ရှက်စရာမလိုပါ။ ပိုလို့တောင် ဘုရားကို ကျေးဇူတင်ရမှာ။ လူတွေဟာ တနေ့ မုချမလွဲသေရမှာပဲလေ။ ကိုယ်အသက်ရှင်တဲ့ ကာလတလျှောက်မှာ စိတ်ထားလှလှလေးနဲ့ ဘ၀ကိုဖြတ်သန်းကြဖို့ပဲ အရေးကြီးတာပါ။ အသက်ကို ကိုယ်ကမပိုင်ဘူးလေ။ ကဲ. အခုဆို ဂျာမုန်း ရေဒီယို နားထောင်ဖို့တောင် အင်အားမရှိဘူး။ ဒီမိသားစုလေး နိုင်ငံခြားမှာ ပျော်ပျော်နေခွင့်ရပေမယ့် အမိမြန်မာပြည်မှာ ရှိနေကြတဲ့ ဆွေမျိုးတွေအတွက် စိတ်ပူလွမ်းလို့ပါ။ သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်လာတဲ့ ဒီအပူချိန်တွေ လွန်ကဲနေတာကြောင့်ပေါ့။ မြန်မာပြည်အလယ်ပိုင်းမှာ သက်ကြီးရွယ်အိုမရွေး သေးဆုံးနေတယ်ဆိုတဲ့ သတင်းကို နားနဲ့ မဆန့်အောင်ပင် ကြားနေရတယ်။

ဒါကြောင့် ဂျာမုန်းမွေးနေ့မှာ သူတို့တွေအတွက် ဆုတောင်းပေးချင်တယ်။ မြန်မာပြည်အတွက် ဆုတောင်းရမယ်... ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီမွေးနေ့ပွဲကို သူငယ်ချင်းတွေ ၁၀ ယောက်နဲ့ ကျင်းပဖြစ်သွားတာပါ။ မွေးနေ့ရဲ့ မနက်ပိုင်းမှာ အားလုံးအတွက် အစာရှောင်ပြီး ကျမ်းစာဖတ်ပြီး ဆုတောင်းခဲ့တယ်။ ညနေ ၅ နာရီမှာတော့ သူငယ်ချင်းတွေနဲ့ မွေးနေ့ပါတီပွဲကို လုပ်ဖြစ်ခဲ့တယ်။ မွေးနေ့မှာ အကင် နဲ့ စပါကတီ ခေါက်ဆွဲကြော် ကျွေးတယ်။ သူငယ်ချင်းတွေအားလုံးလဲ အရမ်းကို ကြိုက်ကြတယ်လေ။

ပြီးတော့ မွေးနေ့ ကိတ်လေးကို ဂျာမုန်းကိုယ်တိုင် အလှဆင် ပြုလုပ်ထားတာပါ။ ဘ၀မှာ ဒီလိုကိတ်မျိုးတခါမှ မလုပ်ခဲ့ဖူးဘူးပေမယ့် ဒီတခါတော့ လက်စွမ်းပြလိုက်ပြီ။ ဂျာမုန်းရဲ့ လက်စွမ်းပြထားတဲ့ ကိတ်ကို မိတ်ဆွေများလည်း ၀လျှင်စွာစားပြီးမှ ပြန်ရမယ်နော။
နောက်ပြီး အကင်ကင်စားဖို့လည်း မမေ့ကြနဲ့အုံး။ ကျွေးချင်လို့ပါကွယ်။



ဒါကတော့ ဂျာမုန်းကိုယ်တိုင် မွေးနေ့ကိတ်လေးကို ပြုလုပ်နေ့တဲ့ ပုံပါ။ အလည်ကပုံက ကိတ်ပေါ်တင်ဖို့ အဆင်တင့် ပြုလုပ်ထားပြီးသားကို ဈေးက၀ယ်လာတာပါ။ ဘေးဆုံးကပုံကတော့ ပြုလုပ်ပြီးပုံပါ။ အပေါ်ကစာလုံးကို ရေးရတာအရမ်းခက်တာပဲ။ မလုပ်ဖူးတော့ လက်ကတုန်နေတာနဲ့ သားသားရဲ့ အဖေပဲ ရေးပေးလိုက်တယ်။ ဒါတောင် မလှသေးဘူး...ဟီး။


မွေးနေ့ကိတ် လှီးဖို့ပြင်ဆင်ထားတာပါ။


ကိတ်ကို အလွှာလေးလွှာနဲ့ ပြုလုပ်ထားတာလေ။ အထဲက အလွှာမှာ အသီးဗူးနဲ့ ခရမင် တစ်မျိုးစိထည့်ထားတယ်။ အပေါ်ဆုံးကတော့ စတော်ပယ်ရီဂျယ်ပါ။ သူငယ်ချင်းတွေ ကြိုက်ကြတော့ ဂျာမုန်းလည်းဝမ်းသာတယ်။

ဒါကတော့ အကင်စုံ ပါရှင်။ မွေးနေ့ မှာရှယ်စားဖို့ ပြင်ဆင်ထားတာပါ။ ဒီတခါ ပန်းအလှဆင်တာက သခွားသီးပါ။ စားလို့လဲရအောင်၊ မျက်စိအစာလည်းကျွေးလို့ရအောင် ဖန်တီးထားတာပါ။ ဒီအကင်အားလုံးကို လူဆယ်ယောက်စားဖို့ပါ။ ထမင်းလွတ်ပေါ့။ ကင်စားပြီးမှ ပြန်ရမယ်နော်။


ဒါက ကြက်သားကင်ပါ။


ဒါလည်း ကြက်သားကင်နောက်တစ်မျိုးပါ။ အရသာကို မတူအောင် နယ်ထားတယ်။


ဒါကတော့ ၀က်သားကြိုက်သူတို့ အတွက်နော်။ ပထမဆုံးလင်ဗန်းထဲက ဆီခွက်က အသားကင်နေစဉ် အကင်ပေါ်မှာ နည်းနည်းဆီ လိုက်တို့ဖို့ ဆီမွှေးပါ။ အရသာပိုထူးခြားအောင်ပေါ့။ အလည်ကတော့ အချဉ်ရည်ပါ။


ဒါကတော့ အကင်ကို ပုံစံအမျိုးမျိုးရိုက်ထားပုံပါ။



အကင်တစ်မျိုးစီရဲ့ အသေးစိတ်ကို စားချင်စဖွယ်ဖြစ်အောင် ပြင်ဆင်ထားပေးပါတယ်။ ကြိုက်တာကင်စားသွားနော်။


ဒါကတော့ စပါကတီခေါက်ဆွဲကြော်ပါ။
အသားလုံးတွေနဲ့နော်။ ကြိုက်သလောက်သာ စားကြပေးတော့ မိတ်ဆွေ။

ပုံက ဘယ်လိုထည့်ထည့် ဇောက်ထိုးပဲဖြစ်နေတယ်။ ကြည့်ပြီးမှသာ စားသွားကြပါရှင်။ ဗိုက်ဝဖို့က အရေးကြီးတယ်။

ဒါတော့ ဂျာမုန်းရဲ့ မွေးနေ့လက်ဆောင်တွေပါ။ လက်ဆောင်တွေအားလုံးက ဂျာမုန်းအကြိုက်တွေပဲ။ လက်ဆောင်လာပေးကြတဲ့ အထဲမှာ အံ့သြေစရာကောင်းတာက ဖဲန်စီတစ်စုံ ရလိုက်လို့ပဲ။ တစ်ယောက်က ဟဲန်းချိန်း၊ တစ်ယောက်က ဆွဲကြိုး၊ နောက်တစ်ယောက်က နားကပ်လေ။ ၀ယ်လာတာမသိကြပေမယ့် မွေးနေ့ရှင်အတွက် ရိုမက်တစ်ဆန်သွားတာပေါ့။ ဂျာမုန်းအရမ်းကို ပျော်ပါတယ်။ အိမ်က သားသားအဖေရဲ့လက်ဆောင်ကတော့ ဂျာမုန်းကြိုက်တဲ့ Electronic Dictionary ပေါ့။ လက်ဆောင်အတွက် ဂျာမုန်းအားလုံးကို ကျေးဇူးတင်တယ်လို့ ထပ်ပြောပါရစေနော်။

အားလုံးကို အစဉ်ချစ်ခင်လေးစားလျှက်
ဂျာမုန်းဒန်

Type rest of post here

Tuesday, February 23, 2010

မင်္ဂလာသက်တမ်းသုံးနှစ်ပြည့်အထိမ်းအမှတ်ပါတီပွဲလေး


ချစ်သောလလော့ဝ်ညီအကိုမောင်နှမများအားလုံးကို လိုက်လဲစွာ ဖိတ်ခေါ်လိုက်ပါတယ်ရှင့်။ ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့် ဂျာမုန်းတို့ရဲ့ဇနီးမောင်နှံ ပျော်ရွှင်တဲ့ခရစ်ယာန်အိမ်ထောင်ကို တည်ထောင်ခဲ့တာ မနေ့က (ဖေဖော်ဝါရီလ၂၂.၂၀၁၀)နေ့မှာပဲ သုံးနှစ်ပြည့်သွားခဲ့ပါပြီ။ ဒါကြောင့် တစ်မြို့ထဲမှာအတူနေထိုင်ကြတဲ့ သူငယ်ချင်းများကို ဖိတ်ပြီး အထိမ်းအမှတ်ညစာစားပွဲလေး ကျင်းပ ဖြစ်ခဲ့တယ်။တခြားမြို့ကနေရောက်လာသူငယ်ချင်း ၂ယောက်လည်းရှိတယ်။ လာရောက်အားပေးကြ တဲ့သူငယ်ချင်းတွေအားလုံးကိုအထူးပဲကျေးဇူးတင်ကြောင်းပြောချင်တယ်ကွယ်။

အိမ်ထောင်နဲ့ပတ်သက်ပြီး ၀န်ခံချက်လေးရှိတယ်။.ဒီမင်္ဂလာသက်တမ်းသုံးနှစ်အတွင်းမှာပေါ့။ .ဂျာမုန်း အိမ်ထောင်ကျ ကံကောင်းတယ်လို့ ပြောရမှာပေါ့လေ။ သူက..ဂျာမုန်းအပေါ် သိပ်ကောင်းပြီး သိပ်လည်းအလိုလဲလိုက်တယ်လေ။ တခါမှ..သူကြောင့်စိတ်မဆင်းရဲခဲ့ရဘူး။ ဒါကြောင့်လည်းသူ့ကို သိပ်ကျေးဇူးတင်ပြီး ဂျာမုန်းရဲ့ အချစ်တွေအားလုံး စုပုံပေးထားတာပါ။

သူ့မှာဂျာမုန်းကြိုက်တဲ့အချက်တွေအများကြီးရှိတယ်။ အဓိကတော့ဘုရားကို ချစ်ကြောက်ရိုသေတယ်၊ မိသားစုကိုအချိန်ပေးတတ်တယ်။
မိသားစုအပေါ်တာဝန်ကျေတဲ့ ဖခင်ကောင်းတစ်ယောက်ပဲ။ ဒါကြောင့် ဂျာမုန်းလည်း သိပ်ချစ်တဲ့ခင်ပွန်းအတွက် သိပ်ချစ်စရာကောင်းတဲ့ သားမြတ် ရတနာလေးကို မွေးပေးခဲ့တာပေါ့။

ကဲကဲ....စာဖွဲ့နေရင် ပီးမှာမဟုတ်တော့ဘူး။ အစားအသောက်နဲ့ ပြန်ဧည့်ခံပါရစေရှင်။
ဒါတွေက..ဂျာမုန်းတို့ဇနီးမောင်နှံရဲ့ မင်္ဂလာသက်တမ်း၃နှစ်ပြည့် အထိမ်းအမှတ် ပါတီပွဲ အစားအသောက်တွေပါ။ အားလုံးဝလျှင်စွာစားပြီးမှ ပြန်ရမယ်နော်။

ဒါကတော့..ဆူရှိပါ။ ဂျာမုန်းကိုယ်တိုင်လုပ်ထားတာနော်။

ဒါကတော့ ကန်စွန်းဥဆနွင်းမကင်းပါ။ သိပ်အရတာရှိတာနော်။

ဒါကတော့ မုန်းလုံးရေပေါ်ပါ။ အထဲမှာ မြေပဲကိုထောင်းပြီးအချိုလေးပါထည့်ထားတယ်။ အလွန်းပြေ စားသွားပါရှင်။

ဒါကတော့ အအီပြေလေးစားဖို့ သံလွင်သီးပါ။ ဂျာမုန်းတော့အရမ်းကြိုက်တယ်။ ထမင်းစားတိုင်းထည့်စားဖြစ်တယ်။

ဒါက ချောကလက်ပါ။ လက်ဆောင်ရတာလေ။ အတူစားကြမယ်နော်။

ဒါက သီးစုံပါရှင်။

ဒါက စပါကတီခေါက်ဆွဲကြော်ပါ။ ကြက်သားနဲ့ပုဇွန်ကို ရောကြော်ထားတာပါ။

ဒါကတော့ အထူစပါယ်ရှယ် ဘဲကင်ပါရှင်။ ဘဲကင်ကိုတော့ သားသားရဲ့ဖေကြီးကတာဝန်ယူတာပါ။
သူ့လက်ရာလည်း တော်တော်တိုးတက်လာပြီ။ မယုံရင် မြည်းကြည့်နော်။

ဒါကတော့ ဘဲကင်ကိုခုတ်ထားပြီးပုံပါရှင်။ ယူစားလို့ရပါပြီ။

ကဲ..စားချင်တာစားနော်။ ဘူဖေးစတိုင်ပေါ့။

ကြိုက်တာစားပေတော့။

ဒါလဲဘဲကင်ပါပဲ။ ဘာကြောင့်မဲသွားသလဲဆိုတော့ အရွက်အစုံထည့်တာကြောင့်ပါ။ ဘဲ ကချင်ကင်ပေါ့။ အရွက်တွေကတော့..ပင်စိမ်း၊နံနံပ်၊ ကုလားနံနံ၊ ငရုတ်သီးစိမ်းတွေကိုရောနယ်ပြီး ဘဲ ၀မ်းဗိုက်မှာ အစာသွပ်ပြီးကင်တာပါ။ အရသာတော့ရှယ်ပဲနော်။ မွှေးနေတာပဲ။

ဒါက..ကြက်သားကချင်ချက်ပါ။ ငရုပ်သီးတော့စပ်တယ်နော်။
ဒီဟင်းကို ဂျာမန်သူငယ်ချင်းတစ်ယောက်က မြည်းကြည့်တာနဲ့တင် မျက်နှာတစ်ခုလုံး နီရဲသွားတယ်။စပ်လွန်းလို့နဲ့တူတယ်။

ဒါက..ကြက်ကုန်းဘောင်းကြော်နော်။

ကဲ နောက်ဆုံးဟင်းပွဲလေးကတော့.. ပဲငပိတိုဖူးအစပ်ချက်ပါရှင်။

ကဲ...အားလုံးအ၀စားပြီမှ ပြန်ရမယ်နော်။ ဘယ်ဟင်းကိုအကြိုက်ဆုံးလဲ ပြောသွားနော်။ နောက်ပြန်ချက်ကျွေးမှာမို့ပါ။နောက်ပြီး..ဂျာမုန်းတို့မိသားစုအတွက် ဆုထောင်းပေးကြပါဟု မေတ္တာ ရပ်ခံရင်း အားလုံးကိုနုတ်ဆက်လိုက်ပါတယ်ရှင်။
အားလုံးအပေါ်ဘုရားရှင်ကောင်းကြီးပေးပါစေလို့ ဆုမွန်ကောင်းတောင်းရင်း
ဂျာမုန်းဒန် မိသားစု

Type rest of post here

Monday, September 28, 2009

***ချစ်ဇနီးလေးပြင်ဆင်ပေးသောခင်ပွန်း၏မွေးနေ့ပွဲလေး ***



ချစ်တဲ့သူငယ်ချင်းများရှင်...ယခုပြသထားတဲ့အရာတွေအားလုံးဟာ..ပြီးခဲတဲ့..စနေ၊တနင်္ဂနွေနေ့မှာ.. ကျင်းပပြုလုပ်ခဲ့တဲ့..ဂျာမုန်းချစ်ချစ်ကြီးရဲ့...မွေးနေ့ပွဲလေးပဲဖြစ်ပါတယ်ရှင်။ခင်ပွန်းကို..ချစ်ချစ်ကြီးလို့ တင်စားခေါ်ဝေါ်ခြင်းဟာ...အကြောင်းရှိလို့ပါ။...ဂျာမုန်းမှာချစ်ချစ်လေးဆိုတဲ့..အသက်မကချစ်ရတဲ့ သားလေးလည်းရှိနေလို့ပါရှင်။....ချစ်ချစ်ကြီးနဲ့ချစ်ချစ်လေးဟာမတူဘူးလေ။.....ချစ်ချစ်လေးမှာ.. အသက်မကချစ်ရမဲ့သားလေး...ဆိုပြီးနောက်ဆက်တွဲစာသားပါလာသော်ညားလည်း....ချစ်ချစ်ကြီးကို ချစ်တဲ့.. ချစ်ခြင်းမေတ္တာ..ကလည်း...တိုးတထက်တိုးလာပါပေတယ်။

ဒါကြောင့်...ဂျာမုန်းမမောနိုင်တော့ပါ....အချစ်သည်အရာရာကိုဖုံးလွမ်းနိုင်သလို....အမောကိုလည်း.. ပြေစေပေးနိုင်တဲ့စွမ်းအားရှင်ကြီး..တစ်ခုပါရှင်။..အိမ်ထောင်ရှင်မတစ်ယောက်ရဲ့..တာဝန်ဝတ္တရားတွေ ကို..ထမ်းဆောင်ပြုလုပ်ရခြင်းမှာလည်း...အင်မတန်ကြည်နုးစရာကောင်းတဲ့...အရာတစ်ခုလို့ဂျာမုန်း ထင်မိပါတယ်။.....
ဘ၀မှာ..အရာရာအားလုံးကို..အကောင်းမြင်ဝါဒနဲ့ကြည့်နိုင်သလို.....သာမှန်အရာကိုလည်း... ထူးခြားအောင်မြင်တတ်ဖို့လိုအပ်ပါတယ်။.ဒါကြောင့်..ဂျာမုန်းချစ်တဲ့...ခင်ပွန်းအတွက်ဆိုရင်လည်း. ..ထူးခြားလေးနက်စေလိုတဲ့ဆန္ဒအပြည့်နဲ့.....ဒီမွေးနေ့ပွဲလေးကို..ဖန်တီးပေးနိုင်ခဲ့ပါတယ်။

ကဲ...ဂျာမုန်းချစ်တဲ့...ဘလောမောင်နှမများနဲ့၊သူငယ်ချင်းများအားလုံးကိုလည်း...မွေနေ့အစားအစာ. များကိုသုံးဆောင်ဖို့...လှိုက်လှိုက်လဲလဲကြိုဆိုလိုက်ပါတယ်ရှင်။.ခါတိုင်းထက်ပိုစားရမယ်နော်။


ဒါလေးတွေဟာ...ဟင်းတွေကိုပန်းအလှဆင်နိုင်ဖို့အတွက်.....ညကတည်းက..ဂျာမုန်း. .ပြုလုပ်ထားတာပါ။
******************************************

ဒါကစနေနေ့ကအစားအစာတွေနော်။
ဒါက.ဂျာမုန်းအမြဲပဲကြော်စားတဲ့..ကြက်ဥလိတ်ပါ။..စားသွားနော်။

ဒါလည်းကြက်ဥလိတ်ကြော်ပါ။..သခွားသီးနဲ့..ပန်းအလှဆင်ထားတယ်။.... ဆင်ထားတဲ့ပန်းလေးတွေကိုကိုက်စား သွားနော်။...ပိုပြီးအရသာရှိလိမ့်မယ်ထင်။

ဒါက..ဂျာမုန်းအမြဲလုပ်ကျွေးတဲ့..အားလူးကိတ်ပါ။..နိုက်စားသွားနော်....အားနာနဲ့သိလား။

ဒါက...ကြက်သားနဲ့ပန်းမုန်လာကြော်ပါ။..ကြက်ရင်အုပ်သားနဲ့နော်။..စားသွား...သိလား။

ဒါက...ညအတွက်..အသားကင်ဖို့နယ်ထားတာပါ။..ဒုတ်နဲ့မထိုးရသေးဘူး။. .မစားနဲ့အုံး....ကြည့်ဖို့ပဲနော်..။

ဒါက...၀က်ဥချောင်းကင်ဖို့ပါ။..ဘေးမှာတစ်ခုပြထားတယ်..ဒါကိုလှီးပြီး...ခရမ်းချဉ်သီး၊ကြက်သွန်နီနဲ့ ရော..ထိုးထား တာပါ။..ဒီထဲမှာ..ငရုတ်သီးအပွအကြီးကိုလှီးပြီးထည့်ရင်လည်းပိုကောင်းတယ်။

အဆင်သင့်..ဒုတ်ထိုးပြီးပြီ....ခဏလေးစောင့်အုံးနော်..ကင်ပေးအုံးမယ်။
ကြက်သဲ၊ကြက်မြစ်၊ကြက်ပေါင်၊ကြက်တောင်ပံ၊၀က်သား၊၀က်သဲ၊ကြက်ဆီဖူး၊ပဲပြားကင်၊
မှိုကင်၊သံလွင်သီးနဲ့ ၀က်နှားရွက်တွေပါပါတယ်။

ကဲ...ကင်နေပါပြီ....တစ်ချို့တွေစားလို့ရပါပြီ....စားလို့ရတာနဲ့..နိုက်စားနော်။
...ရှက်နေရင်တော့ငတ်မယ်။
********************************************

ဒါက..တနင်္ဂနွေနေ့အတွက်အစားအစာပါ။
ဒါကတော့...စပါယ်ရှယ်..ဂဏန်းချက်ပါရှင်။....ဒီဟင်းကိုသူငယ်ချင်းတွေ..အကြိုက်ဆုံးပေါ့ရှင်.. .ဂျာမုန်းလည်းအရမ်းကြိုက်တယ်လေ။.....ဈေးကလည်းမနည်းဘူး...ယူရို...၁၀..ပေးဝယ်ခဲ့ရတယ်။. .မမမိုးကောင်းသူနဲ့ညီမလေးမိုးမိုးတို့ဆီက..ချက်နည်းကိုယူပြီးချက်ထားတာပါ။.
.ဟဲ..ဟဲ..အရမ်းကောင်းတယ်လို့ပြောကြတယ်။


ဒါက...ငပိချက်နဲ့တို့စရာပါ။..သရက်သီး၊ခရမ်းကြွပ်သီး၊နဲ့သခွားသီးပါ။.
..ထမင်းဝိုင်းကိုမိန်စေတဲ့ဟင်းကောင်းပါရှင်။


ဒါက...၀က်သားနဲ့ပဲတောင့်ကြော်ပါ။

ဒါကတော့...ပြောရမှာတော့အားနာတယ်။....ကြက်အရေခွံကို...ဆန်မှုန့်၊ဂျုံနဲ့..ရောကြော်ထားတာပါ။...သူငယ်ချင်း တစ်ယောက်က..ပြောပြလို့ကြော်စားကြည့်တာ..ကောင်းတော့ကောင်းတယ်...စားကြည့်နော်။


ဒါက....အစားကြီးသူအတွက်နော်...ထပ်စားဖို့ပါ။
***********************************************
အစားအသောက်ကတော့....ဒီလောက်ပါပဲ။

နောက်ထပ်ကြွားဖို့က...လက်ဆောင်တွေပါ။
ဒါက..ချစ်ချစ်ကိုလာပေးကြတဲ့မွေးနေ့လက်ဆောင်တွေပါ။

ကျမပေးတဲ့လက်ဆောင်က....တီရှပ်အနီရောင်လေးပါ။ဒါက..မြင်ရတဲ့လက်ဆောင်ပေါ့။
မမြင်နိုင်တဲ့လက်ဆောင်တစ်ခုက..တန်းဖိုးမဖြတ်နိုင်တဲ့...အချစ်ဆိုတဲ့အရာကို... .တစ်ဘ၀လုံးစာအတွက်.. အပြီးပေးခဲ့ပြီးပါပြီ။
မွေးနေ့လက်ဆောင်ထဲမှာ....သားလေးအတွက်က...ချေအိပ်လေး၊ကျမအတွက်က... ကြိတ်စက်နဲ့ဟော့ပေါ့အိုးလေး ပါတော့...၀မ်းသားလိုက်တာရှင်။

ဒါကတော့...Frankfrut..ကအကိုပေးတဲ့မွေးနေ့လက်ဆောင်ပါ။.....
DVDနဲ့တွဲကြည့်လို့ရတော့...သိပ်အဆင်ပြေ.. သွားတာပေါ့။..

ကဲ....ချစ်ချစ်ကြီးရဲ့မွေးနေ့ပွဲလေး....ကိုလာရောက်ချီးမြင့်ပေးကြတဲ့...သူငယ်ချင်းများအားလုံးကို. ..အထူးပဲကျေးဇူး တင်ရှိကြောင်း...ကြေညာရင်း... နိဂုံးချုပ်လိုက်ပါတယ်ရှင်။
အားလုံးအပေါ်ဘုရားရှင်ကောင်းကြီးပေးပါစေ
ဂျာမုန်းဒန်
Type rest of post here