Showing posts with label ဒိုင်ယာရီ. Show all posts
Showing posts with label ဒိုင်ယာရီ. Show all posts

Sunday, June 7, 2009

ရေကူးသွားတဲ့အကြောင်း

မနေ့ညက သူငယ်ချင်းတစ်စုနဲ့ ရေကူးသွားခဲ့တယ်၊ တစ်ပတ်မှာ တစ်ကြိမ်တော့ အမြဲကူးဖြစ်တယ်လေ။ ရေကူးပြီးရင် Sauna ထဲဝင်ပြီး တစ်ကိုယ်လုံးပေါင်းတင်ခံနေရတာကိုစိတ်ဝင်စားတယ်။ ဒီပုံလေးက ကျွန်မတို့နေထိုင်တဲ့ မြို့ရဲ့ ရေကူးကန်လေးပါ။
့အထူးသဖြင့်တခြားမြို့ကသူငယ်ချင်းတွေ လာလည်ကြပြီဆိုရင် ရေကူးကန်ဘဲ ခေါ်ခေါ်သွားတယ်။



ရေကူးတဲ့အတွေ့အကြုံကိုပြောရမယ်ဆိုရင် မထမတော့သိပ်ရယ်စရာကောင်းတယ်...ဟီး..ဟီး။ ကျွန်မတော့ရေကူးတတ်တာဘဲ ဆိုပြီး ငယ်ငယ်တုံးက ဧရာဝတီမြစ်ကမ်းတွေမှာ ကူးခဲ့တဲ့နည်းအတိုင်း သွားကူးပြလိုက်တယ်လေ။ ဒါနဲ့ ရေကူးကန်စောင့်တဲ့ဆရာမကလာပြီး ”…ဟေး…မင်း ဟို...ရေနက်တဲ့ဘက် မသွားနဲ့ မင်းရေမကူးတတ်သေးဘူး..” ဆိုပြီးလာပြောသွားတယ်။ ”ဟာ…ဘာဖြစ်လို့ ကျွန်မကိုရေမကူးတတ်ဘူးလို့..ဘာကြောင့်ပြောတာလဲ….ဒီလောက်ရှည် ကူးပြနေတာကို..” ဆိုပြီး သူငယ်ချင်းတွေကိုမေးတော့ ကျွန်မကူးတတ်တာတော့ဟုတ်တယ်…ဒါပေမယ့် ခွေးကူးနည်းဖြစ်နေလို့တဲ့လေ။ သူတို့လည်း မထမတော့ ဒီလိုပဲ ပြောခံရတယ်တဲ့။ အဲဒီနောက်တော့ ကျွန်မလည်း သူငယ်ချင်းတွေဆီကနေ ရေကူးနည်းကို ကောင်းကောင်းပြန်သင်လိုက်တယ်လေ။ အခုတော့လည်း လှလှလေးကူးတတ်သွားပြီ။ တကယ့်ရေကူးနည်းက ဖားလောင်းလေးတွေကူးသလိုဘာဘဲ…သိပ်မခက်လှပါဘူး။


သူငယ်ချင်းတစ်ယောက်ဆို သူကောင်းကောင်းကူးတတ်၇ဲ့သားနဲ့ ဟိုဆရာမစောင့်ကြည့်နေတာကို တွေ့လိုက်လို့ လန့်ဖြန့်ပြီး ကူးနေရင်းနဲ့ဘဲ ရေထဲ…”ပလုံး” ဆိုပြီး နစ်ကျသွားရောတဲ့ ….”ဟာ…ငါနစ်ပြီ….ငါနစ်ပြီလို့” အော်လိုက်တော့မှ အနားမှာရှိတဲ့ သူငယ်ချင်းတစ်ယောက်က ပြန်သွားဆယ် ရတယ်။ သူရေနစ်နေတာတွေ့ လိုက်တဲ့ဆရာမက ပြန်လာပြီး ” ဟေး…ခဏမင်းရေနစ်နေဒါ ငါတွေ့လိုက်တယ် မင်းဟိုဘက်မသွားရဘူး….” ဆိုပြီး ပြန်လာပြောတော့ သူ့မှာ ရေနစ်ပိုင်းကို တော်တော်နဲ့ကို မသွားနိုင်တော့ဘူး။ အနားမှာ ရေကူးနေကြတဲ့ ကလေးလေးတစ်စုက တဟားဟားနဲ့ ကိုအော်ရည်နေကြတယ်တဲ့။ အဲဒီကလေးလေးတွေအားလုံးက ရေကူးတဲ့နေရာမှာ ဆရာကြီးတွေပဲလေ။




ဒီပုံလေးကတော့ ကိုယ့်ပစ္စည်းလေးကို ထားပြီး သော့ခတ်သွားရတဲ့ အခန်းလေးပါ။

ဒီပုံက အ၀တ်အစားလဲတဲ့ အခန်းပါ။

ဒီပုံလေးကတော့ ရေကူပြီးပြီဆိုရင် ခေါင်းခြောက်အောင်မှုတ်ပြီး အလှပြင် မှန်ကြည့်ဖို့ အခန်းလေးပါ။

ဒီပုံလေးက နောက်ဆုံးအားလုံးပြီးပြီဆိုရင် ဒီကောင်တာလေးမှာ သော့ပြန်အပ်ရတဲ့အခန်းလေးပါ။

ကဲ.....ရေကူးကန်သွားတဲ့အကြောင်းလေးတော့ ဒီမှာ ပြီးသွားပါပြီရှင်။ ရေကူးချင်တယ်ဆိုရင်တော့ ဂျာမုန်းဒန် တို့မြို့ ကိုလာလည်ကြနော်။ ဒီမှာ ရေကူးဆရာကြီးတွေ အများကြီးရှိနေပြီနော်.....။
အားလုံးကိုကျေးဇူးတင်လျှက်

ဂျာမုန်းဒန်



Tuesday, June 2, 2009

ငယ်စဉ်ကငါးမျှားသွားခဲ့စဉ်

မနေ့ညက ကျွန်မအိပ်မက်မက်တယ်၊ ငါးမျှားသွားတဲ့အကြောင်းပေါ့။ မနက်အိပ်ယာထတော့ ကျွန်မဘ၀ရဲ့ငယ်စဉ်က အတွေးပုံးရိပ်တွေကို ပြေးပြီးသတိရနေမိတယ်။ ဒါနဲ့ ငယ်စဉ်ဘ၀က ငါးမျှားသွားတဲ့အကြောင်းကို ချက်ချင်းပြန်သတိရပြီး ရေးလိုက်ဒါပါ။ ဖတ်ဖြစ်အောင်ဖတ်နော်။

ကျွန်မ ငယ်စဉ်ကလေ စနေနေ့ကျောင်းပိတ်တိုင်း ငါးမျှားသွားဖို့ပဲ ချောင်းနေခဲ့တာအမှန်ဘဲ…….. အမေက စိတ်ဆိုးပေမယ့် သွားဖြစ်အောင်သွားခဲ့တယ်။ ညနေရောက်တော့ ငါးမရမှာကိုသိပ်ပြီးစိုးရိန်ခဲ့တာ၊ အမေကို မကြွားရမှာဆိုးလို့ပေါ့။ အမေက ငါးကောင်ကြီးကြီးကိုမြင်ရင်တော့ စိတ်ဆိုးတာပြေသွားဒါပဲ……ဟီး….ဟီး။
ငါးမျှားတံအတွက် ၀ါးတုတ်ဖြောင့်ဖြောင့်လေး သုံးချောင်းကိုသေချာခုတ်ပြီး ငါးမျှားကြိုးကို ကိုယ်တိုင်ပဲ တပ်ဆင်ခဲ့တယ်။ ပြီးတော့ ငါးထည့်ဖို့ ငါးတောင်းလွယ်အိတ်လေးကို အဖိုးကြီးတွေဆီသွားပြီး အော်ဒါမှာရတယ်လေ………. ငါးဇင်ရိုင်းကောင်တွေပါ မကျန်အောင် ထည့်နိုင်ဖို့ပေါ့။ ပြီးတော့ တီကောင်ကို အိမ်က တူလေးကိုတူးခိုင်းတယ်လေ။ အဲဒီနောက်တော့ နေပူကြီးထဲမှာ ဦးထုတ်လေးဆောင်းပြီး သူငယ်ချင်းတွေနဲ့ အဖွဲ့လိုက်ကိုသွားကြဒါ၊ သီချင်းလေးကို သံပြိုင်သီဆိုရင်းနဲ့ပေါ့။
လယ်တောရောက်တော့ ငါးမျှားချိတ်ကိုပြင်ပြီး အသန်မာဆုံးတီကောင်ကို ပထမဆုံးတပ်လိုက်တယ်လေ၊ အကောင်းကြီးကြီးရချင်လိုပေါ့။ ဒါပေမယ့် မျှော်လင့်တဲ့အတိုင်းဖြစ်မလာခဲ့ဘူး၊ ငါးဇင်းရိုင်းကောင်တွေဘဲ လာလာစားပြစ်တယ်လေ။ ငါးဇင်းရိုင်းဆိုတဲ့ကောင်က သိပ်ဆိုးဒါ သိလား……….စားပြီးနားမလည်ဘဲ၊ တီကောင်တွေကိုတော့ အားလုံးစားပြစ်တယ်……….ဆွဲလိုက်ဒါနဲ့ ပြေးရော…….တခါတလေတော့ ပါလာပါတယ်၊ အသေးဆုံးအကောင်။
ငါးပြင်မကြတော့ သိပ်ကိုမျှားလွယ်တယ်လေ……… ကိုက်လိုက်ဒါနဲ့ သိနေတယ်လေ…..ဟော်ဒါ….ငါးပြင်မသေချာပြီဆိုပြီး ဆွဲလိုက်တာနဲ့ မိရောပဲ။ ဦးဦးဖြားဖြား ငါးပြင်မ ရယင် သိပ်ပျော်ဒါ……“ဟား……ဒီနေ့တော့ ကံကောင်းအုံးမယ်……” ဆိုပြီးလေ။ စလားပရားငါးတွေမျှားရဒါ သိပ်ပျော်ဒါဘဲ…..အကောင်တစ်ဆယ်လောက်ရေကန်ထဲ မြင်နေယင် အလုံးကို မျှားပြစ်လို့ရတယ်……. သူတို့က အုံးနှောက်မရှိကြဘူး နဲ့တူတယ်…..ချလိုက်ဒါနဲ့ လာကိုက်တော့ဒါပဲ……ကိုက်လိုက်ဒါနဲ့ မိရောပဲ။
ငါးရံ့ဆိုရင်တော့ တီကောင်အကြီးကြီးတွေကို သိပ်မက်မောဒါ……..ငါးရံ့ရိုနိုင်တဲ့ နေရာကတော့ ချူံအနည်းငယ် ရှိတဲ့နေရာပေါ့………ငါးရံ့ဟာ အစာစားတော့မယ်ဆိုရင်…သူ့ပါးစပ်ကြီးဟလာတယ်……အမြုတ်အစီစီထွက်လာပြီဆိုရင်…..အဲဒါ….ငါးရံ့ပဲဆိုဒါသေချာနေ ပြီလေ။ မယုံရင် စမ်းကြည့်နော်။
ငါးမျှားသွားပြီး ပြန်လာတဲ့ညမှာတော့ တစ်ညလုံးငါးကို အိပ်မက်မက် တယ်……တစ်ချိန်လုံးကို လန့်နိုးတော့ဒါဘဲ သိလား……ဘာဖြစ်လို့လဲဆိုတော့ ငါးမျှားဖောင်က တစ်ညလုံး မြုတ်လိုက်ပေါ်လိုက်ဆိုတော့ ငါးဆွဲပြီ ထင်ပြီး လန့်နိုးတော့ဒါပဲ။ အမေက…..“ဟေ့သမီးဘာဖြစ်တာလဲ…..ဘာဖြစ်လို့အော်အော်နေဒါလဲ”. လို့မေးတော့…..အိပ်ချင်မူးတူးနဲ့ “အမေ ငါးဆွဲလို့ပါ…..” ဆိုပြီးယောင်ပြီးပြောမိတော့……အမေက “ဘာငါးလဲ……ဘာငါးဆွဲတာလဲ….ရော့ဒီမှာငါး…..” ဆိုပြီးတင်ပါးမှာ လာထုတော့ဒါမှပဲ အိပ်မက်ကနေ လန့်နိုးတော့တယ်……ဟီး…..ဟီး။ ကဲ…….ဒီနေ့တော ဒီလောက်ပဲ ပြောပြတော့မယ်နော်…..လက်တွေလည်းညောင်းလာပြီ၊ ဗိုက်ကလည်းအော်နေပြီ။ စာလုံးပေါင်းမှားရင် ပြင်ပေးကြပါနော်။
အားလုံးကိုခင်မင်လေးစားလျှက်
ဂျာမုန်းဒန်

Saturday, May 23, 2009

ရေကူးသွားချင်သူ

ဒီနေ့ လူတစ်ယောက်က သူငယ်ချင်းတွေရေကူးသွားဘို့ဖုန်းလှန်းဆက်တော့ သွားခြင်းတာ တစ်ပိုင်းကိုသေနေတာဘဲသိလား၊ ဒါပေမယ့်သူ့မှာ ရေကူးဘောင်းဘီ ပြောက်သွားလို့မသွားလိုက်ရဘူးပေါ့၊ သူ့သူငယ်ချင်းတွေကို ဘောင်ဘီငှားပေးဘို့ပြောတော့လည်း ဘယ်သူမှ မငှားပေးကြဘူး။ အဲဒီနောက်ပိုင်းမှာ သူ့မိန်းမနဲ့ ရန် အကြီးအကြယ်ဖြစ်တော့တာပဲ။ ဟီး..ဟီး….ပြန်မပြောပြနဲ့နော်။

Tuesday, May 19, 2009

ဒိုင်ယာရီ

ဒီနေ့
ဘလော့ ရေးသားခြင်း၊ ခေါင်းစဉ်းတပ်ဆင်ခြင်း၊ တခြားဘလော့ကိုလေ့လာခြင်းများပြုလုပ်ခဲ့တယ်။ ဒီဘလော့ဖြစ်လာအောင်ကူည်ီပေးတဲ့ မဟာဆန်ကိုကျေးဇူးအထူးတင်ပါကြောင်း ပြောလိုပါတယ်။