ချစ်စကား၊ ကြိုက်စကား (ကချင်စကား)
ဒီနေ့တော့အပြင်းပြေကချင်စကားသင်ရအောင်နော်။ အလည်က Color အနီစာကြောင်းကတော့ ကချင်စာနဲ့၊ ကချင်စကားဖြစ်တယ်။ ဘေးကစာကြောင်းက ကချင်စကားကိုမြန်မာလိုအသံထွက် ရေးပေးထားပါတယ်။ ဖတ်ကြည့်၊ ပြောကြည့်နော်။ မောင်လေးတစ်ယောက်က ကချင်စကားကို မြန်မာအသံထွက် ရေးပေးပါဆိုလို့လေ။ အခက်ခဲများရှိရင်ပြောကြပါနော်။
1. မင်းနောက်လိုက်ချင်တယ်………Na hpang hkan mayu ai. (နဖန်ခမ်းမယူအိုင်)
2. စိတ်မဆိုးနဲ့နော်……Hkum pawt yaw. (ခွမ်ပေါ့ပ်ရော)
3. မင်းကိုစကားတစ်ခွန်းပြောချင်တယ်မေ….Nang hpe ga hkaw mi tsun mayu ai. (နန်ဖေ့ဂါခေါ်မီစွံမယူအိုင်)
4. မင်းအရမ်းလှတယ်…..Nang grai tsawm ai. (နန်ဂရိုင်စောမ်အိုင်)
5. မင်းမျက်နှာလေးကိုအမြဲမြင်ချင်တယ်….Na myi-man hpe galoi mung mu mayu ai. (နမြိမာန်ဖေ့ဂလွဲမုန်မူမယူအိုင်)
6. မင်းကိုမြင်တိုင်းငါရင်ခုန်တယ်…Nang hpe mu shagu, ngai myit ashun ai...(နန်ဖဲ့မူရှဂူမြစ်အရွှန်အိုင်)
7. ငါမင်းကိုအရမ်းချစ်တယ်…Ngai nang hpe grai tsawra ai….(ငိုင်နန်ဖဲ့ဂိုင်စောရအိုင်)
8. ငါ့ကိုချစ်ခွင့်ပြုပါနော်…….Ngai hpe tsaw na ahkang jaw rit yaw…(ငိုင်ဖဲ့စော့နာအခါန်းဂျော့ရစ်ရော)
9. ငါ့ဘ၀တခုလုံးအတွက်ချစ်တာပါ….Nye prat tup na matu tsaw ra ai..(ညဲ့ပရပ်တွပ်နားမတူစောရအိုင်)
10.ကျေးဇူးနဲ့ စဉ်းစားပေးပါနော်….Chyeju hte myit ya rit yaw...(ကျေးဂျုးထဲ့မြစ်ရာရစ်ရော)

ဒါပြီးရင်စာမေးပွဲရှိမယ်နော်.....သေချာပြန်မေးမယ်၊ ကျက်ထားကြမယ်နော်.....သူငယ်ချင်းတို့ရေ............ဖတ်လို့မရရင်ပြောကြပါရှင်။
အားလုံးကိုလေးစားလျှက်
ဂျာမုန်းဒန်
Type rest of post here