ခွင့်ပန်ပါရစေရှင်

ချစ်တဲ့..မိတ်ဆွေ..ညီအကိုမောင်နှမများအားလုံးရှင်.ဂျာမုန်းခရီးထွက်မှာမို့ခွင့်ပန်ချင်တာပါ။

ဒီတခါခရီးထွက်မဲ့နိုင်ငံက...ပြင်သစ်နိုင်ငံ..ပဲရစ်မြို့ကိုပါ။..မိသားစုအလိုက်ချီတက်မလို့လေ။
ဂျာမုန်းလေ.ရန်ကုန်မှာနေတဲ့အချိန်.ပဲရစ်..ဆိုတဲ့မြို့ကို..ဘယ်လောက်ထိလှပကြောင်း..အိပ်မက်ထဲ
အထိမက်ခဲ့ဖူးတယ်။..နောက်ပြီး..ငါအဲဒီနိုင်ငံကိုတနေ့..သွားကိုသွားရမယ်..ဆိုပြီးဘုရားသခင်ထံဆု တောင်းခဲ့တာ။အခုတော့.သွားရတော့မယ်ဂျာမုန်းဆုတောင်သံကိုဘုရားသခင်နားထောင်ပေးပြီလေ။
ဂျာမုန်းသိပ်ပျှော်တာပဲ။
...ဘုရားသခင်ကိုလည်း..အရမ်းကိုကျေးဇူးတင်တယ်။
( Oh..!Praise The Lord.. Praise The Lord.)


ဘုရားသခင်ကပြောထားတယ်..(တောင်းကြလော့၊.တောင်းလျှင်ရမည်။ရှာကြလော့.ရှာလျှင်တွေ့မည်။တံခါးကိုခေါက်ကြ
လော့၊ခေါက်လျှင်ဖွင့်မည်။တောင်းတောသူမည်သည်ကားရသည်။ရှာသောသူလည်းတွေ့၏။
ခေါက်သော သူအားလည်းတံခါးကိုဖွင့်မည်။(ရှင်မဿဲခရစ်ဝင် ၇:၇-၈)


ဒါကြောင့်..ဂျာမုန်းပြောချင်တာက..လောကမှာ..မျှော်လင့်ချက်ကင်းမဲ့သူ၊...ဖြစ်ချင်တာတွေကဖြစ်
မလာ...မဖြစ်ချင်တာတွေပဲ..ဖြစ်လာတဲ့အခါ..၊ချစ်ခြင်းမေတ္တာငတ်နေတဲ့သူတွေ..၊အလုပ်ထဲမှာ..စိတ်
ဖိစီးမူဖြစ်လာတဲ့သူတွေ...ကိုယ့်ရဲ့အနာဂါတ်အတွက်..ဖြစ်ချင်တဲ့ဆန္ဒကို..ဘုရားသခင်ထံယုံယုံကြည်
ကြည်ဆုတောင်းပြီး.ခွန်အားယူဖို့ဖိတ်ခေါ်ချင်ပါတယ်။ဘုရားသခင်မတတ်နိုင်တဲ့အရာ.ဘာမှမရှိပါဘူး။
ယုံကြည်စွာဖြင့်..ကျေမွတဲ့နှလုံးသားနဲ့..သင့်ရဲ့ဆုတောင်းသံကို.ဘုရားသခင်..နားထောင်ချင်နေတာ
အမှန်ပါကွယ်။

ဂျာမုန်းမရှိတုန်း...ဒီအိမ်လေးကို..စောင့်ပေးပါကြပါနော်။
ဒီအိမ်လေးမှာ..စားစရာတွေကများတော့..အိမ်စောင့်မရှိရင်..မဖြစ်ဘူးလေ။
ဂျာမုန်းအိမ်လေးကိုနေ့တိုင်းလာစောင့်ပေးတဲ့သူကို...ဂျာမုန်းပြန်လာရင်..လက်ဆောင်ယူခဲ့မယ်။
ခရီးကပြန်လာရင်..မုန့်တွေအများကြီးဝယ်ခဲ့အုံးမယ်။
ဒါပဲနော်...အားလုံးပဲ...တ့တာ..တ့တာ.နော်။
ဂျာမုန်းဒန်
Type rest of post here

Read more...

ဝက်သားကြိုက်သူများအတွက်ရှယ်ဟင်းပွဲနော်


အသားမှာဝက်..ဆိုသလို...ခုသလော..၀က်သားဟင်းတွေပဲချက်ဖြစ်နေတယ်။..၀က်သားကို..ဂျာမုန်း သိပ်မကြိုက်ပေမယ့်...သားလေးရဲ့ဖေဖေက..၀က်သားဟင်းမှဝက်သားဟင်းပဲလေ။...ဘ၀နှစ်ခုပေါင်း စပ်ခြင်းဆိုတာ...တကယ်တော့..မလွယ်ဘူး..သူ့အကြိုက်ကိုယ့်အကြိုက်နဲ့..လိုက်လျှောနေရတာလေ။. ချစ်လို့..ယူထားတော့လဲ..ဒီတိုင်းပဲ..ဖြစ်သင့်ပါတယ်လေ..နော့။
ကဲ...လာပါပြီနော်.၀က်သားဟင်းတွေ။...ကြိုက်တာ..အကုန်စားသွားနော်..။

ဒါက..၀က်သားသုံးထပ်သားပေါင်းချက်ပါ။.ကြော်ပြီး..ပေါင်းချက်ထားတာမို့...အိနေတာပဲ။
စားလို့တော့..အရမ်းကောင်းတယ်။ဂျာမုန်း..ချက်နည်းကို.တခါရေးခဲ့ပြီးပါပြီ.။ထပ်ကြည့်မယ်ဆိုရင်
ဒီနေရာ..မှာချက်နည်းနော်။

ဒါကတော့..၀က်နှားရွက်သုပ်ပါ။
သုပ်နည်း..ထပ်ကြည့်ချင်တယ်ဆိုရင်..ဒီနေရာ..မှာပါ။

ဒါက..ငပိကြော်နဲ့တို့စရာပါ။အအီပြေလေးစားဖို့နော်။

ဒါက..အထူးစပါယ်ရှယ်..၀က်ခြေထောက်နှင့်ဝက်ပေါင်လုံးချက်ပါ။
ချက်နည်းက..အပေါ်ကချက်နည်းအတိုင်းပဲနော်။


ဒါက..အာလူးချောင်းကြော်ပါ။..ဂျာမုန်းညီမလေး..ကြော်ကျွေးတာပါ။စားသွားနော်။


ဒါက..ကိုးရီးယားစတိုင်ဝက်အသဲချက်ပါ။..ဒါလည်း..ဂျာမုန်းရဲ့ညီမလေးချက်ကျွေးတာပါ။
စားလို့တကယ်ကောင်းနော်။..စားသွားနော်။စပ်စပ်လေး။

ဒါကတော့...အားမရှိသူတွေအတွက်..၀က်ပေါင်စွပ်ပါ။..အားရှိအောင်သောက်သွားနော်။

ကဲ..၀က်သားမစားသူများအတွက်..နောက်နေ့မှ.ဂျာမုန်း.ကြက်သားဟင်းရှယ်ချက်ကျွေးမယ်နော်။
ဒါပဲနော်..အ၀ကိုစားသွားရမယ်နော်။...
အားလုံးကိုအစဉ်ချစ်ခင်လေးစားလျှက်
ဂျာမုန်းဒန်

Type rest of post here
Read more...

ကြာဇံကြော်၊ကြက်သဲ၊ကြက်ချဉ်စပ်ချက်

ဒါကတော့..ယနေ့လာ..ချစ်မိတ်ဆွေများအတွက်..အထူးစပါယ်ရှယ်..ကြာဇံကြော်ပါရှင်။
အပေါ်မှာကြက်သဲ၊ကြက်မြှစ်ပါကြော်ပြီး..တင်ထားပေးတယ်နော်။....အိမ်အတွက်ပါဆယ် ဆွဲသွားချင်သူများရှင်..အားမနာနဲ့နော်။
.ကြာဇံကြော်နည်းကအရင်တခါတင်ဘူးပြီးပြီမို့..မရေးတော့ဘူးနော်။



ဒါလည်း..ကြက်သဲကြက်မြှစ်ကြော်ပါရှင်။..သုံးဆောင်သွားကြပါ။


ဟော်ဒါက..ကြက်ဥထမင်းကြော်ပါ။.ဘေးမှာ..ကြက်သဲကြော်နဲ့ငရုတ်သီးစိမ်းလေးနဲ့နော်။
ကြက်ဥဟတ်ဘွယ်တောင်ပါသေး။စားဖြစ်အောင်စားသွားနော်။



ဒါက..ကြက်သားအစပ်ချက်ပါရှင်။

ချက်နည်းနော်။
မိုချောက်ကိုရေစိမ်ပြီး..အိအိလေးဖြစ်လာရင်..ဓါးနဲ့ပါးပါးလေးလှီးလိုက်တယ်။မိုချောက်မထည့်လည်း
ရတယ်။ကြက်သားရင်အုပ်သားကို..အနေတော်လေးလှီးပြီးဆား၊ငံပြာရည်၊ကြာညို့၊အချိုမှုန့်တို့နဲ့နယ်
ထား။ကြက်သွန်နီဥကြီးတစ်ဥကိုလေးဒေါင့်လှီးထား၊ကြက်သွန်ဖြူနှစ်တက်လောက်ကိုပါးပါးလှီးထား။
ဂျင်းကိုပါးပါးလှီးပြီးအမျှင်အချောင်းလေးဖြစ်အောင်လှီးထား။..အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင်..ဒယ် အိုးတွင်ဆီထည့်၊ဆီပူလာရင်လှီးထားတဲ့အဆာပလာတွေအားလုံးထည့်နော်။..ပြီးရင်မွေပေး။
ကြက်သွန်တွေအရမ်းမကျက်ခင်..နယ်ထားတဲ့အသားထည့်ပါ။..ပြီးရင်..ထပ်မွေပေးပါ။..ကြက်သား
ကျက်ပြီးဆိုရင်..ငရုတ်ချဉ်ဗူးထဲက..ငရုတ်ချဉ်ကိုလိုသလောက်ထည့်နော်။ပြီးရင်..အရသာမြည်းကြည့်နော်။
အရသာ..ဂွတ်သွားပြီဆိုရင်..ကြက်သွန်မိတ်၊နံနံမိတ်ထည့်ပြီး..ပန်းကန်ထဲခပ်ထည့်နော်။..ဒါပါပဲရှင်။


ဟော်ဒီမှာ..ငရုတ်ချဉ်ဗူးနော်။..ဂျာမုန်းတို့ဆီမှာက..အာရှဆိုင်တွေမှာဝယ်လို့ရတယ်။
ဒီငရုတ်ချဉ်ကို..အသုပ်သုပ်စားတဲ့နေရာ၊.ခေါက်ဆွဲချက်စားတဲ့နေရာနဲ့ဒီတိုင်အသားကင်တွေနဲ့တို့စား
ရင်လည်းအရမ်းကောင်းတယ်။ဂျာမုန်းက..အစတော့ဗူးသေးပဲဝယ်စားကြည့်တယ်။နောက်တော့.
ကြိုက်လွန်းလို့ဗူးကြီးပဲဝယ်လိုက်တယ်။..ကြည့်လေအခုတောင်..တစ်ဝက်ကျိုးတော့မယ်။


..ဂျာမုန်းဟင်းတွေဘာကြောင့်လှ။...ဒီပန်းဥလေးတွေကြောင့်လှ။
ဒီပန်းဥလေးရဲ့အရသာက.....မုန်လာဥအဖြူအရသာပဲ။..အင်္ဂလိပ်လိုက..raddish..လို့ခေါ်တယ်ထင်
တယ်။မြန်မာပြည်မှာတော့.မတွေ့ဖူးဘူး။..ဒီမှာပဲတွေ့ဘူးတယ်။သူ့အရွက်က..မုန်ညှင်းရွက်အရသာပဲ။
ဒီပန်းဥလေးရဲ့အခွံကို.ဓါးလေးနဲ့ပါးပါးလေး...ပန်းပွင့်ပုံစံလေးနွာလိုက်တယ်။..ဒါပါပဲရှင်။..
ဟိုတခါ..ဂျာမုန်းကိုမေးထားတဲ့..နှင်းဆီပန်းချစ်တဲ့ကောင်မလေး..ရေ...ဂျာမုန်းသေချာပြထားပေး
တယ်နော်။...ကျေနပ်မယ်ထင်ပါတယ်နော်။
...

******အားလုံးကိုအစဉ်ချစ်ခင်လေးစားလျှက်******
****ဂျာမုန်းဒန်******

Type rest of post here
Read more...

သားလေးရဲ့တိုးတက်မူ(၉)လပြည့်


အခုဆို..ဘာလိုလိုနဲ့..သားလေးတောင်..၉လပြည့်ပြီး..၁၀လထဲ..၀င်ပြီလေ။
သားသားက..၉လထဲ..၀င်ပြီဆိုတာနဲ့..အပေါ်သွား၂ချောင်းအရင်ပေါက်လာတယ်။
ပြီးတော့မှ..အောက်သွား၎ချောင်းကပြိုင်တူထွက်လာတယ်လေ။..သားလေးသွားထွက်ခါစဆိုရင်..
အဖျားတက်ပြီး..တညလုံးကိုငိုနေရှာတယ်။ဂျာမုန်းဖြစ်..သားလေးကို..သနားလိုက်တာ....။
သားလေးကိုယ်စားဂျာမုန်းပဲ..နာပေးချင်မိတာအမှန်ပါ။...အခုဆို..သားလေးက..လေးဖက်သွားတတ် ပြီ..မုန့်ချောင်းကိုကိုယ်တိုယ်ကိုင်ပြီးစားတတ်ပြီ။..အသီးဆိုအရမ်းကြိုက်တယ်။.ဂျာမုန်းကော်ဖီသောက်
်ရင်..သူကဘေးနားမှာ..သူပါသောက်ချင်တဲ့ပုံ။..ဂျာမုန်းလည်း..တခါတလေတော့..တိုက်လိုက်တယ်။
.ကော်ဖီလည်းကြိုက်မဲ့ပုံပဲ။


ဘာပဲဖြစ်ဖြစ်လေ..အချိန်တွေတစ်နေ့ပြီးတစ်နေ့..ကုန်ဆုံးသွားပေမယ့်..အနာဂါတ်အတွက်..ဂျာမုန်း
မှာ...သားလေးတစ်ယောက်ရှိနေလို့...တော်သေးတယ်။အခုဆို...သားလေးကတော့.လောကကြီးကို
..တစ်ခုပြီးတစ်ခု..သင်ယူနေပြီလေ။.သူမမြင်ဘူးတဲ့..အသစ်အစမ်းဆိုရင်.မျက်စိကိုပြူးပြီး.ကြည့်လိုက် ကိုင်လိုက်နဲ့လေ။..မိဘတွေ..စားသမျှကို..လိုက်စားချင်တယ်။..သောက်သမျှကိုလည်း..လိုက်စမ်း သောက်ချင်ပြန်ရော။..သူ့ရှေ့မှာ..ဘာမှလုပ်ပြလို့ကိုမရတော့ဘူး။..

သားလေးပုံကိုသာကြည့်လိုက်တော့..။ဂျာမုန်း..စားနေတဲ့ချော့ကလက်မုန့်ကို..လုစားတာလေ။
သူ့ကိုချော့ကလက်ပေးပြီး..မီးဖိုခန်းကိုဝင်ပြီးပြန်ထွက်လာတော့..ဒီပုံစံဖြစ်နေတာလေ။

ဒီပုံက..သူ့ဦးကြီးတွေ..အလည်လာကြမှာမို့..ရှိုးထုတ်ထားပေးတာပါ။..ဆံပင်ကေပါ..ရှိုင်းထားပေး တယ်။..ကေကတော့..ထောင်ကေလေးနဲ့ပေါ့ကွယ်။..အခုတော့..အဲဒီကေမဟုတ်တော့ဘူး..ကတုံးတုံး ပေးလိုက်ပြီ။

ဒီပုံကတော့..ကစားကွင်းကိုသွားလည်တဲ့နေ့က..ရိုက်ထားပေးတာပါ။

ဒီပုံက..သွား၂ချောင်းကိုကြော်ငြာထားတဲ့ပုံပါ။.အခုဆို..ဂျာမုန်းတို့မြို့မှာ..အရမ်းကိုချမ်းနေပြီလေ။
အပူချိန်က..၀ ဒီဂရီတောင်ရှိနေပြီလေ။..မကြာခင်နှင်းတွေတဖွဲဖွဲကြတော့မှာ။..အပြင်တခါထွက်ဖို့ အရေး..ခြုံလိုက်ရတဲ့အနွေးထည်တွေကတော့..မြင်တဲ့အတိုင်းပဲ။

ဒါကတော့..သားသားလေးရဲ့..စားစရာတွေပါ။..အပေါ်ကပုံက...ရေနွေးနဲ့ပြစ်ပြစ်လေးလုပ်ပြီးကျွေး တယ်။..ဗူးတွေကတော့အစုံပဲ..သီးစုံဗူးကအစပေါ့။..အောက်က..ဗူးကတော့..သားလေး..လက်နဲ့ကိုင် ပြီးစားတဲ့မုန့်ချောင်းပါ။...သားလေးက..အစားကြီးတယ်။..ကျွေးသမျှကို..အားရပါးရစားတယ်လေ။

သားလေးရဲ့ကိုးလပြည့်မှာ.လာရောက်အားပေးကြတဲ့..ချစ်သူငယ်ချင်းအားလုံးကိုအထူးပဲကျေးဇူး တင်ပါတယ်။....သားလေးကလည်း..အားလုံးကို..သတိရနေပါတယ်တဲ့။
အားလုံးကိုအစဉ်လေးစားလျှက်
ဂျာမုန်းဒန်

Type rest of post here
Read more...

ကြက်စွပ်၊ကြာဇံကြော်၊ကြက်သားချက်၊ငါးခြောက်

ဒါကတော့...ကြက်သားစွပ်ပါရှင်။..အားရှိအောင်သောက်သွားနော်။
ဝါးမျှစ်လေးနဲ့..ချက်ထားတာမို့..အရသာကတော့..ပြောစရာပင်မလိုပါ။......ဟိုတခါဖေကြီးရဲ့မွေးနေ့
ပွဲတုန်းက...ချစ်ညီမလေး..လက်ဆောင်ပေးထားတဲ့အိုးလေးပေါ့။.
.အိုးလေးကလှတော့ အရသာလည်းလှတယ်...အော်ဟုတ်ပါဘူး..ကောင်းတာပါ..ဟီး..ဟီး။
စွပ်ကိုတော့..အားလုံးချက်တတ်မယ်ထင်တယ်။..ပြောပြတော့ဘူးနော်။


ဒါကတော့.ကြက်သားကြာဇံကြော်ပါရှင်။..အ၀ကိုစားသွားပါရှင်။.အားနာရင်.ငတ်မယ်နော်။

ကြော်နည်းလေး..အနည်းငယ်ဝေမျှလိုက်တယ်။

ဂျာမုန်းက..ကြာဇံကို..မပြုတ်ပဲ..ရေအေးနဲ့အရင်စိမ်ထားတယ်။.ကြော်တော့မယ်ဆိုမှ.ရေနွေးပူပူလေး
နဲ့..ပြန်စိမ်လိုက်တယ်။..ဒါမှအနေတော်ပဲ။..ကြက်သွန်နီကို..လေးဒေါင့်အသေးလေးတွေလှီးထား။
ကြက်သွန်ဖြူနဲ့ဂျင်းကိုလည်းပါးပါးလှီးထားတယ်။..ကြက်သားကိုအရိုးထုပ်ပြီးအတုန်းသေးသေးလေး တွေလှီးထားတယ်။..ကြက်သွန်မိတ်၊နံနံမိတ်ကိုလည်း..အနေတော်လေးလှီထားတယ်။..အသီး၊အရွက် အတွက်..ကြိုက်တာထည့်လို့ရပါတယ်။..ဂျာမုန်းကတော့..မုန်လာဥနီနဲ့ပဲသီးတောင့်ကိုပါးပါးလှီးပြီး
ထည့်ပါတယ်။..အစပ်ကြိုက်သူများအတွက်.ငရုတ်သီးစိမ်းကိုပါးပါးလှီးထားမယ်။..ငရုတ်သီးမှုန့်
လည်းသုံးနိုင်ပါတယ်။...ကဲ..ကြော်တော့မယ်နော်....။....ဒယ်အိုးထဲတွင်..ဆီထည့်မယ်..ဆီပူလာရင်...
လှီးထားတဲ့ကြက်သွန်နီ၊ဖြူ၊ဂျင်းတွေကိုထည့်နော်။အနည်းငယ်မွေပေးနော်..အ၀ါရောင်လေးဖြစ်လာ
ပြီဆိုရင်..ကြက်သားလှီးထားတာထည့်နော်။ဆား၊အချိုမှုန့်၊ငပြာရည်အနောက်၊ကြာညို့တွေကို..လို အပ်သလို့ထည့်နော်။..ပြီးရင်မွေပေးပါ။ကြက်သားတွေကျက်လာရင်...ကြက်ဥအစိမ်း..၂လုံးလောက် ဖောက်ထည့်လိုက်နော်။ပြီးရင်..ပြန်ပြီးမွေပေးပါ။ကြက်ဥကိုအရမ်းကြီးမကျေစေနဲ့နော်။..ပြီးရင်..အသီး အရွက်တွေ..ထည့်ပြီးမွေပေးပါ။..ကြာဇံကို...ရေနွေးစိမ်ပြီးရင်ဆယ်ပြီး...ကြာညို့၊ငံပြာရည်အနည်းငယ် ထည့်ပြီးနယ်ထားနော်။..ပြီးရင်..အကြော်အိုးထဲ..ထည့်လိုက်နော်။..ကြာဇံကကျက်ပြီးသားမို့..အကြာ ကြီးကြော်စရာမလိုဘူးနော်။..အသားနဲ့၊အသီးအရွက်တွေနဲ့သမအောင်မွေပြီးရင်..ငရုတ်ကောင်းလေး ဖြူးပြီး..မီးကိုပိတ်လိုက်လို့ရပါပြီ။..စားတော့မယ်ဆိုရင်..ပန်းကန်ထဲထည့်ပါ။အပေါ်မှာကြက်သွန်မိတ်၊ နံနံမိတ်လေးကိုပါတင်ပေးနော်။..ကဲ...အရသာနဲ့ပြည့်စုံတဲ့..ကြက်ဇံကြော်လေးကိုသုံးဆောင်နိုင်ပါပြီ
ရှင်။....ရှယ်ကို..လိုက်ပါအုံးနော်...။..ကြော်စားဖြစ်ရင်လည်း..ပြောအုံးနော်..လာစားမလို့ပါ။


ဒါကတော့..ကြက်သား..အစပ်ချက်ပါ။
ကြက်သားကို..ငရုတ်ဆီအစပ်နဲ့ချက်ထားတာပါ။...လွယ်ပါတယ်..ခါတိုင်းချက်သလိုပဲ..ကြက်သွန်ဆီ
သပ်ပြီး ချက်လိုက်တယ်။..သူငယ်ချင်းတွေက..ပြောတယ်..အရမ်းကောင်းတယ်တဲ့..ဟီး။

ဒါကတော့..အလွမ်းပြေ..ငါးခြောက်ကြော်ပါ။..ဘီယာသောက်သူများ..မသွားလို့ရတယ်နော်။

ကြော်နည်းကတော့....

ဒယ်အိုးတွင်ဆီထည့်၊..ဆီပူလာလျှင်ငရုတ်သီးအခြောက်တောင့်ကိုထည့်..အမဲရောင်ဖြစ်လာရင်.
.ကြက်သွန်နီးပါးပါးလှီးထားတာထည့်လိုက်တယ်။ကြက်သွန်နီရဲလာရင်..ငါးခြောက်ကိုထည့်လိုက်ပြီး
မွေပေးတယ်။ငါးခြောက်နီရဲလာပြီး..အနေတော်ဖြစ်လာရင်..အချိုမှုန့်နဲ့ငံပြာရည်အကြည်ကိုလောင်း ထည့်လိုက်တယ်..။ငရုတ်သီးအမှုန့်ကိုလည်းအနည်းငယ်ထည့်နော်။ပြီးရင်မွေပေးပြီး..မီးပိတ်လိုက် လို့ရပါပြီ။...ကဲ..ဒါဘာပဲနော်။

ဒါကတော့..ပဲသီးအစိမ်းကြော်ပါ။
ခရုဆီလေးနဲ့ကြော်ထားတာပါ။စားသွားနော်။

ကဲ..အားလုံးကျေနပ်နိုင်ပါစေလို့....ဆုတောင်းလိုက်ပါတယ်။
လိုအပ်တာရှိရင်..အားမနာပါနဲ့..ဂျာမုန်းကို..ပြန်မေးနော်။..စာလုံးပေါင်းအမှားရှိရင်လည်းနားလည်
ခွင့်လွတ်ပေးကြပါရှင်။..အမှားပါပြင်ပေးစေချင်တယ်။
အားလုံးကိုချစ်ခင်လေးစားလျှက်
ဂျာမုန်းဒန်

Type rest of post here
Read more...

ဝက်သားချက်နည်းအမျိုးမျိုးနော်


ဒီနေ့တော့..၀က်သားကြိုက်တဲ့...မောင်နှမများအားလုံးအတွက်...၀က်သားကို...စတိုင်လ်အမျိုးမျိုးနဲ့ ချက်ကျွေးချင်ပါတယ်။.၀က်သားမစားသူ..မောင်နှမများကို..ဂျာမုန်းအထူးပဲတောင်ပန်ထားမယ်နော်။
.၀က်သားကိုတွေ့တာနဲ့..ပြန်လှည့်မသွားပါနဲ့နော်။...နောက်နေ့မှာ..အထူးပြန်ချက်ကျွေးမယ်သိလား။

ဒါက..၀က်အူချောင်းကင်ပါ။..ဒါလေးကိုအရင်မြည်းဖို့နော်။..ပြီးရင်..အောက်မှာ..ဆက်စားနော်။

ဒါကတော့...၀က်သားဆူးရိုကြော်ပါ။
ဒီ...၀က်သားဆူးရိုကြော်ကို...အများအားဖြင့်..တရုတ်မင်္ဂလာဆောင်နဲ့ကချင်မင်္ဂလာဆောင်တွေမှာ.
.၀က်သားအခြောက်ကြော်ပွဲအစုံကို....အချဉ်လေးနဲ့တွဲပြီးထားပေးတတ်ပါတယ်။တရုတ်ဟင်းတစ် မျိုးပေါ့။

ကြော်နည်းကတော့လွယ်ပါတယ်။ပြောပြမယ်နော်။
ဝက်ဆီ(သို့)၀က်သားသုံးထပ်သားကို...အချောင်းလေးတွေ...ဖြစ်အောင်ပါးပါးလှီးပြီး..ပန်းကန်လုံး
တွင်ထည့်ထား။ဂျင်းနှင့်ကြက်သွန်ဖြူကိုထောင်းပြီး..အရည်ညှစ်ထည့်နော်။..ပြီးရင်...အနှစ်ပြစ်ပြစ်
လေးဖြစ်အောင်.ဂျုံမှုန့်၊ကော်မှုန့်နှင့်ကြက်ဥ...တစ်လုံးနှစ်လုံးလောက်ဖောက်ထည့်ပါ။ဆား၊အချိုမှုန့်
တို့ကိုထည့်ပြီး..လက်နှင့်သမအောင်မွေပေးနော်။..ပြီးရင်..ဒယ်အိုးကိုမီးဖိုပေါ်တင်ပြီး..ဆီထည့်ပါ။
ဆီပူလာလျှင်...သမအောင်မွေထားတဲ့..အသားချောင်းတွေထည့်ကြော်လို့ရပါပြီး။..ပြီးကို..အနေတော် အပူပေးပါ။အပူချိန်အရမ်းများလျှင်..အသားမကျက်မှာဆိုးလို့ပါ။..အသားတွေနီလာရင်..အထက် အောက်လှန်ပေးနော်။..ကြက်ရင်ဆီစစ်ထားပြီး..အချဉ်လေးနဲ့တို့စားလို့ရပါပြီရှင်။..နောက်ပြီးကြော် ထားတဲ့..အသားတွေကို..ချိုချဉ်ကြော်အဖြစ်လည်း...ကြော်စား၊ချက်စားနိုင်ပါတယ်။...ဂျာမုန်းက..
အောက်မှာ..ချိုချဉ်ကြော်ကြော်ထားတယ်။..စားသွားကြပါနော်။.ကြော်ထားပြီးတော့
.သာရှည်ခံထား ပြီးလည်း..စားလို့ရပါတယ်။..ဒါပါပဲနော်။ကြော်စားဖြစ်အောင်ကြော်စားနော်။

ဒါကတော့..၀က်သားဆူးရိုချိုချဉ်ကြော်ပါ။..စားသွားနော်။
အပေါ်မှာကြော်ထားတဲ့..၀က်သားဆူးရိုကြော်ကို...ချိုချဉ်ကြော်စတိုင်လ်ပြန်ကြော်ထားတာပါ။

ချိုချဉ်ကြော်အတွက်ပြင်ဆင်ကြမယ်နော်။
ကြက်သွန်နီးကိုလေးထောင့်ပုံစံအသေးလေးတွေလှီးထားမယ်။ကြက်သွန်ဖြူ၂ဥကိုပါးပါးလှီးထား။
ဂျင်းကို..ပါးပါးလှီးပြီးအချောင်းသေးသေးလေးတွေလှီးထားမယ်။..ခရမ်းချဉ်သီးကိုလည်း..လေးဒေါင့် ပုံစံလှီးထားမယ်။အစပ်ကြိုက်သူများအတွက်..ထည့်စားနိုင်ပါတယ်။ကော်မှုန့်ကို..ရေအေးနဲ့ဖျော်ထား
မယ်။..ကြက်သွန်မိတ်ကိုလှီးထားမယ်။.ငရုတ်ဆီအနည်းငယ်၊ဆား၊အချိုမှုန်၊ငံပြာရည်အနှောက်ကို
အတင့်ပြင်ဆင်ထားမယ်နော်။ဒယ်အိုးကိုမီးဖိုပေါ်တင်ပြီး..ဆီထည့်မယ်။ဆီပူလာရင်...လှီးထားတဲ့အ
စာပလာတွေအားလုံးထည့်။ကြက်သွန်တွေ...နီမြန်းလာရင်.ခရမ်းချဉ်သီးထည့်ပြီးမွေပေးနော်။ပြီးရင်
.ကြော်ထားတဲ့ဝက်သားဆူးရိုထည့်ပါ။ဆား၊အချိုမှုန့်၊ငံပြာရည်အနှောက်၊သကြား၊ငရုတ်ဆီအနည်း ငယ်ထည့်ပြီး..မွေပေးပါ။..အားလုံးသမသွားပြီဆိုရင်..ဖျော်ထားတဲ့ကော်ရည်ကိုလောင်းထည့်ပြီးမွေပါ။
ပြီးရင်အပေါ့အငံမြည်းကြည့်...ငရုတ်ကောင်းလေးဖြူးပြီး.ဟင်းပန်းကန်းတွင်ခပ်ထည့်နော်။
နံနံမိတ်နဲ့ကြက်သွန်မိတ်တွေကို.....အပေါ်မှာဖြူးပေးပြီးရင်...အကောင်းဆုံးဟင်းတစ်ခွက်အဖြစ်.
သုံးဆောင်နိုင်ပါပြီရှင်။ဂျာမုန်းတော့..ကြက်သွန်မိတ်တွေကုန်သွားလို့..မဖြူးလိုက်ရဘူး။..


ဒါက...၀က်သာသုံးထပ်သားချက်ပါ။
ဒီချက်နည်းကိုတော့အားလုံးသိကြမှာ..မို့မရေးတော့ဘူးနော်။

ဒါက..ကြက်သား..၀ါးမျှစ်ချောက်ကြော်ပါ။
ဝက်သားမစားသူများအတွက်..သီးသန့်ကြော်ထားပေးတာပါ။..စားသွားနော်။

အားလုံးပဲ..ဟင်းအစုံနဲ့ထမင်းမိန်မိန်စားနိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းရင်း
ဂျာမုန်းဒန်
Type rest of post here
Read more...

ခါလာကြီးကြက်သားသုပ်နှင့်အခြားစားစရာ

ဒီနေ့တော့...ခါလာကြီးကြက်သားသုပ်စားကြမယ်...မိဆွေတို့ရေ။.
ဒီကြက်သားသုပ်ကို.ဂျာမုန်း..အရမ်းကြိုက်လို့..ထမင်းလွတ်ကို..စားပြစ်လိုက်တယ်။.
စားနေရင်း...ဘလော့သူငယ်ချင်းများကို..သတိရလို့...အမြန်ဆုံး..ပြန်သုပ်ကျွေးလိုက်တာပါ။
အားရပါးရစားရမယ်နော်။..ဒီလိုချက်တတ်တာ...မိုးမိုးရဲ့ကျေးဇူးတွေပါရှင်။

ချက်နည်းအဆင့်ဆင့်ကိုလည်းပြောပြအုံးမယ်။.
ကဲ...လာပြီနော..ခါလာကြီးကြက်သားသုပ်ပါ။..စားသွားကြပါရှင်။

ဒါက...ကြက်သားကိုပြုတ်ထားပုံပါ။
ကြက်သား၊ကြက်တောင်ပံ၊အသဲအမြစ်၊အရိုးအစုံကိုဆေးပြီး...အိုးထဲထည့်ပါ။..ဆနွင်းမှုန့်၊ဆား၊ ငံပြာရည်၊အချိုမှုန့်၊ဂျင်းပြားရိုက်ထည့်ပြီး....မီးဖိုပေါ်တည်ထားပါ။ဆနွင်းမှုန့်ကို..၀ါနေအောင်ထည့်ပါ။
ကြက်သားကျက်ပြီဆိုရင်...ကြက်သားကိုပန်းကန်တွင်ဆယ်ပြီးထည့်ထားပါ။


ကြက်သားပြုတ်အရည်ကိုမတွန်ပြစ်ပဲ...ပဲမှုန့်အစိမ်းကို...ရေအေးနှင့်အရည်ဖျော်ပြီး..ကြက်သားပြုတ် ရည်အိုးထဲ..လောင်းထည့်ပါ။..ပြီးရင်..အပေါ့အငံမြည်းကြည့်ပြီးလိုသလိုထပ်ထည့်နော်။...ပြီးရင်..မီးဖို ပေါ်တင်ပြီး..အဆက်မပြတ်မွေပေးပါ။..ပဲမှုန့်နစ်ဟာ...အရမ်းပြစ်သွားအောင်မဟုတ်ပဲ..အရည်ကျဲ လေးဖြစ်နေပါစေ။..ပြစ်သွားရင်...တိုးဖူးနွေးဖြစ်သွားမှာဆိုးလို့ပါ။..ပြစ်ပြစ်လေးစားချင်သူအတွက် တော့ ကိစ္စမရှိဘူးနော်။..ကျက်ပြီဆိုရင်...ငရုတ်ကောင်းမှုန့်အနည်းငယ်ဖြူးပြီး..အိုးကိုချလိုက်ပါ။
ပုံတွင်ပြထားသည့်အတိုင်း...ကြက်သားပြုတ်ကို..အနေတော်လှီးထားမယ်။..ကြက်သွန်နီးကိုပါးပါးလှီး ပြီးရေဆေးထားမယ်။...ဂေါ်ဖီထုပ်ကိုပါးပါးလှီးထားမယ်။ကြက်သွန်မိတ်၊နံနံပင်ကိုလည်းလှီးထားမယ်။
သံပုရာသီးကိုအစိတ်ကလေးလုပ်ထားမယ်။..ငရုတ်သီးမှုန့်ကိုလည်းအဆင်သင့်ယူထားမယ်။

ကဲ..စားတော့မယ်ဆိုရင်..ပန်းကန်းထဲကို..ကြက်သားထည့်၊.ကြိုထားတဲ့..တိုဖူးနွေးထည့်မယ်..ပြီးရင်
.ကြက်သွန်နီနဲ့ဂေါ်ဖီလှီးထားတာထည့် မယ်၊..သံပုရာသီးညှစ်ထည့်မယ်။ငရုတ်သီးမှုန့်ဖြူးပြီးပြီးဆိုရင် နံနံပင်လေးထည့်ပြီး...အတင့်စားလို့ရပါပြီးရှင်။.
.ကဲ..ဒါဘာပဲနော်။လုပ်စားဖြစ်ရင်..ကျွေးအုံးနော်။


ဒါက...ကဇော့ခါးသီးထောင်းပါ။..တချို့ကရန်ကုန်သီးလို့လဲခေါ်ကြတယ်။..
ဘယ်ဟာမှန်လဲတော့မသိဘူး..သိရင်ပြောပြနော်။
ဂျာမုန်း..က..အထောင်းဆိုရင်..ရှယ်ကိုထောင်းစားတတ်တယ်။..ဒီလိုထောင်းစားတော့အရသာက ဂွတ်ကောင်းမို့..ပြောပြအုံးမယ်နော်။
ကဇော့ခါးသီးအကြီးမျိုးကိုချွေပြီးရေဆေးလိုက်တယ်။..ငရုတ်သီးအစိမ်းကိုလည်းရေဆေးထားလိုက် တယ်။ကြက်သွန်ဖြူကိုအခွံနွာထားပြီးအသေးလေးတွေစိတ်ထားလိုက်တယ်။..ပြီးရင်..ဒယ်အိုးကိုမီဖို ပေါ်တင်ပြီး...ဆီအနည်းငယ်လောင်းထည့်...ဆီပူလာရင်..ဒါတွေအားလုံးထည့်ပြီးလော်လိုက်တယ်။
အသီးကြက်ပြီဆိုရင်....ပဲပုပ်ချောက်ကိုအနည်းငယ်ကြော်လိုက်တယ်။..ကြော်ပြီးရင်..အားလုံးကို ငရုတ်ဆုံထဲထည့်ပြီး...ထောင်းလိုက်တယ်။.မထောင်းခင်..ဆားနဲ့အချိုမှုန့်၊ဂျင်းအနည်းငယ်ဆီထည့်ပါ။
.ဂျာမုန်းက..ငရုတ်ဆုံမရှိလို့..ကြိတ်စက်နဲ့ကြိတ်လိုက်တယ်။..ဒါလဲ..ထောင်းထားတဲ့အတိုင်းစားလို့ ကောင်းပါတယ်။..အပေါ်မှာပြထားပုံက...လော်ထားပြီးပုံပါ။


ဂျာမုန်းဟိုတခါပြောထားတယ်နော်..ကော်ဖီလှလှလေး...ဖန်တီးပြီးဖျော်တိုက်မယ်ဆိုတာ လေ။......အခုတော့...စာတွေမဟုတ်ပါ.
လက်တွေ့ပြလိုက်ပါပြီရှင်.။
အခုဖျော်ထားတဲ့ကော်ဖီက...သိပ်တော့မလှသေးဘူး...ဒါပေမဲ့..နို့များများထည့်ထားတာမို့.. သောက်လို့ကောင်းတယ်။....သောက်သွားနော်။



ကော်ဖီသောက်ပြီးရင်...ကောင်းမကောင်းတော့ပြောသွားပါအုံးနော်။
အားလုံးကိုချစ်ခင်လေးစားလျှက်
ဂျာမုန်းဒန်

Type rest of post here
Read more...
 
©2009 ဂျာမုန်းဒန် | by TNB | Distributed by Blogger Blog Templates