Showing posts with label စားသောက်ဖွယ်. Show all posts
Showing posts with label စားသောက်ဖွယ်. Show all posts

Sunday, October 24, 2010

ချစ်မိတ်ဆွေများအတွက် သစ်သီးစုံနှင့် ဟင်းအမယ်စုံနော်



ခုသလော ဂျာမုန်း ဟင်းမချက်ကျွေးတာတောင် ကြာရောပေါ့။ အားလုံးကိုသတိရနေပေမယ့် ဘလော့ဝ်အိမ်တွေ လိုက်မလည်ဖြစ်ဘူး။ Online မှာ ဈေးရောင်း၊ ဈေးဝယ် အလုပ်ရှုပ်နေတာကြောင့်ပါ။ ဈေးရောင်း၊ ဈေးဝယ်အကြာင်းကိုတော့ နောက်မှ သေချာပြောပြမယ်။ ခုတော့ ဂျာမုန်း ပြင်ဆင်ထားတဲ့ အစားအစာတွေကို အရင်စားရမယ်နော်။


ကဲ...ဟောဒါက အားလုံးရဲ့ အကြိုက် ကန်ဇွန်းရွက်နှင့် ၀က်ခေါက်ကြော်နော်။


ဒါကတော့... အရွက်စုံနဲ့ချက်ထားတဲ့ ငါးဟင်းပါ။ ကချင်ချက်ပေါ့။ အနံ့လေးကမွှေးနေတာပဲနော်။

ဒါကတော့ အားလူးနဲ့ ၀က်သားချစ်ကို တရုတ်စတိုင်လ်ကြော်ထားတာပါ။


ဒါကတော့... ကြက်ပေါင်သား မတ်စလာချက်နော်။ ကြက်ပေါင်နှစ်ပေါင်ပဲ ဆိုပေမယ့် အားမနာနဲ့ အရင်ရောက်တဲ့သူအတွက် အထူးနော်။


ဒါကတော့ ကြက်သား ကချင်ချက်ပါ။ ဂျာမုန်း အရင်ကချက်နည်းကို တင်ခဲ့ဘူးတယ်။
ချက်နည်းကို ဒီထဲမှာပြန်ကြည့်နော်။

မိတ်ဆွေများ ချက်စားချင်တဲ့ ဟင်းကိုမှာထားခဲ့နော်။ ချက်နည်းကိုပြန်ရေးပေးပါ့မယ်။
အားလုံးကိုအစဉ်ချစ်ခင်လေးစားလျှက်
ဂျာမုန်းဒန်

Wednesday, September 16, 2009

ထမင်းလက်စုံစားကြမယ်လေ


ဟေ့..ချစ်မိတ်ဆွေတို့ရေ...ထမင်းလက်စုံစားကြမယ်လေ။.ဒီနေ့လည်ရှယ်ပဲဟေ့.မြန်မြန်လာကြနော်။

ဟိုနေ့က....ဂျာမုန်းတို့သူငယ်ချင်းတွေ..ဂျာမုန်းအိမ်မှာအတူတူစုချက်စားကြတာပါ။.
တခါတလေ..စုချက်စားရတာလည်းသိပ်ပျော်ဖို့ကောင်းတယ်။..စကားစမြည်ပြောလိုက်...ထမင်းစား လိုက်နဲ့..ဘယ်နှစ်ပန်းကန်ကုန်သွားမှန်းတောင်မသိလိုက်ဘူး..ခေါင်းမဖော်တမ်းစားနေကြတာလေ။
.နောက်ဆုံးထလိုက်တော့မှ....ဗိုက်ကြီးတင်းနေတာကို..သိလိုက်ရတော့တယ်။.
..မတတ်နိုင်ဘူးလေ..နှောင်တဆိုတာနှောင်မှရတယ်တဲ့။စားလည်းစားပြီရော...အားလုံးက..ဂျာမုန်း ကို...”အစ်မ...သံပုရာသီးလျှက်ဆားရှိလားတဲ့”.။


ကဲ..ဒါကတော့ကြည့်လိုက်ရင်..သိရောပေါ့။ကောင်းမကောင်းဆိုတာလေ။
တို့စရာသခွားသီးနဲ့.ပန်ထွေဖျော်..တောင်လုပ်ထားပေးသေးတယ်။....စားသွားနော်။

ဒါလေးကတော့...ပဲ..ထမင်းပါ။..ဒါကတော့..ဂျာမုန်းလုပ်တာမဟုတ်ပါ။..ကျောင်းသူလေးကုလားမ သူငယ်ချင်းတစ်ယောက်လုပ်ကျွေးတာနော်။..စားကြည့်ပါ။


ဟော်ဒါလေးက..ကန်းဇွန်းရွက်ကြော်ပါ။ ခတ်စိမ်းစိမ်းလေးနော်။အဲလိုပဲနေတတ်လို့ပါရှင်..အော်မဟုတ်ပါဘူး..မှားသွားလို့..ဟီး။

ဒါက...ဘဲဥဆီပြန်ဟင်းပါ။မြန်မာအကြိုက်မကျည်းမဲ့နဲ့ချက်ထားတာပါ။.ဒါလဲ..ဂျာမုန်းအချစ်ဆုံး ညီမလေးလာချက်ကျွေးတာပါ။..စားကြည့်နော်...လျှာလည်သွားမယ်။

ဒါကတော့...ကြက်တစ်ကောင်လုံးကိုခုတ်ပိုင်းပြီးရှယ်ကိုကြော်ထားတာပါ။..ဂျာမုန်းလက် ရာပါရှင်။
ပြောပြအုံးမယ်..ဒါအားလုံးကိုသူငယ်ချင်းလေးယောက်ပဲစားတယ်ဆိုရင်ယုံကြမလား.ဟင်။အပေါ်က ဟင်းတွေပါ..ပါတယ်နော်။...အစားကြီးတာတောင်...ကပ်ကြွားလိုက်သေးတယ်..ဟီး။

ဒါကတော့...အော်ဒါမှာထားသူအတွက်..ဘီယာပါ။ကြက်ကြော်မြင်တော့...ကိုကို..မောင်မောင်တို့ တတိရကြမှာမို့...အလိုက်တိတိပြင်ဆင်ထားပေးတာပါရှင်။..ဟို့နေ့က..”အာခြောက်တယ်ဗျို့”..လို့ အော်သွား တဲ့...AATO ရေ..ကျေနပ်လောက်ပါတယ်နော်။


ဒါကတော့..ပဲပင်ပေါက်နဲ့ပဲပြားကြော်ပါ။..ပဲပြားကိုအပြားလေးလှီးပြီး..ဆာ၊ငံပြာရည်လေးနဲ့လူးပြီး
ဆီနဲ့အရင်ကြော်လိုက်တယ်။ပြီးတော့..ဓါးလေးနဲ့ပါးပါးလေးပြန်လှီးလိုက်တယ်။
ပြီးမှပဲပင်ပေါက်လေးနဲ့..ကြော်လိုက်တယ်။..အရမ်းကောင်းတယ်..စားကြည့်နော်။

ကဲ..ဒီနေ့အဖို့ဒီလောက်ပါပဲရှင်။အားရပါးရစားသွားကြပါရှင်။..စားပြီးရင်ပြောနော်...ကြက်ဥပါတော့ လျှက်ဆားလိုမယ်ထင်တယ်....။လိုအပ်ရင်အော်တာအော်ပြောလိုက်နော်..။ဒါပဲ...ဒါပဲနော်။
လာရောက်အားပေးကြသူအပေါင်းကိုအစဉ်လေးစားလျှက်
ဂျာမုန်းဒန်

Type rest of post here

Monday, September 14, 2009

စားကြမယ်နော်....ဂွတ်ရှယ်....ဟင်းစုံပါရှင်


စားကြမယ်နော်....ဂွတ်ရှယ်....ဟင်းစုံပါရှင်...လို့ဖိတ်ခေါ်လိုက်ပါရစေရှင်။ ဒီတလော..အင်တာနက်မကောင်းနေတာကြောင့်..ဂျာမုန်း.ဟင်းတွေမချက်ကျွေးဖြစ်ဘူးနော်။

အားလုံးကိုတော့....အမြဲသတိရနေတာပါ။..အိပ်ပျော်နေတာကလွဲလို့ပေါ့။.
ဒါကြောင့်...ဒီနေ့တော့အထူးစပါယ်ရှယ်ချက်ထားတယ်။အားရပါးရစားသွားရမယ်နော်။


ဟော်ဒါက...ငါးကြော်ချက်ပါ။.ငါးတွေကိုအရင်ကြော်ပြီးအပေါ်မှာကော်ရည်နဲ့ချက်ထားတဲ့အစာ ပါလာတွေနဲ့ပြန်အုပ်ထားတာပါ။ကြက်သွန်နီ၊ခရမ်းချဉ်သီး၊ငရုတ်သီးစိမ်း၊ဂျင်းပါးပါးလှီးပြီး ကော်ရည်နဲ့ချက်ထားတာပါ။ဒါလေးကို အပေါ်မှာအုပ်လိုက်ပါတယ်။..စာကြည့်နော်..။

ဒါလည်း...ဂျာမုန်းရဲ့....ထီထွင်အစားအစာတစ်ခုပါ။မနက်စာအတွက်ပြင်ဆင်ထားတာလေ။ စားသွားနော်။ဆန်အမှုန့်ကိုရေနဲ့ဖျော်ပြီးဒယ်အိုးမှာအရင်ပြန့်အောင်လောင်းထည့်တယ်။ ကျက်ပြီဆိုရင်ကော်ပြန့်အပေါ်မှာတောက်တောက်စဉ်းပြီးကြော်ထားတဲ့အသားကိုထည့်ပြီး လိတ်လိုက်တယ်။ဒါပါပဲ...စားသွားနော်။


ဒါကတော့...ပဲပြားအစပ်ချက်ပါ။..ဂျာမုန်းအရမ်းကြိုက်တဲ့အစားအစာလေ။
ကော်ရည်လေးနဲ့ပဲပုတ်ထည့်ပြီးအစပ်ချက်ထားတာနော်။မြည်းကြည့်နော်...လျှာလည်သွားမယ်နော်။


ဒါကတော့...၀က်နှံရိုးနဲ့မှိုပေါင်းချက်ပါ။
မှိုချောက်ကိုရေစိမ်ပြီးဝက်နှံရိုးနဲ့ပေါင်းပြီးအချိုလေးချက်ထားတာပါ။စားသွားနော်။

ဒါက..ကြက်သားကြော်ပါ။


ဒါကတော့...၀က်သားလုံးကြော်ထားတာပါ။

ဒါကတော့..ကြက်ဥလိတ်ကြော်ပါ။
ဂျာမုန်းဟိုတခါလည်းလုပ်ကျွေးဘူးပါတယ်။...ထပ်စားသွားပါရှင်။

ဒါကတော့...ထမင်းပါတခါတည်းချက်ထားပေးတာနော်။အဆင်သင့်ခူးစားသွားကြပါရှင်။

ကဲ...ဒီနေ့အတွက်....ဂွတ်ရှယ်ဟင်းစုံတွေကဒီလောက်ပါပဲရှင်။အားရပါးရစားသွားကြပါလို့ပြောလိုက် ပါရစေ။...နောက်နေ့လဲချက်ကျွေးအုံးမယ်။..ဒါအကုန်စားမှနော်။
အားလုံးကိုချစ်ခင်လေးစားလျှက်
ဂျာမုန်းဒန်

Type rest of post here

Thursday, June 25, 2009

စားကြမယ်ဟေ့ကောင်းကောင်း(၃)


ဟင်းတွေအစုံပဲနော်။ နိုက်စားသွားလို့ရပါတယ်။


ခုတလော ကန်းဇွန်းရွက်တွေပဲ စားဖြစ်တယ်။ ဒီတခါတော့မှိုလေးနဲ့ကြော်ထားတာပါ။


ဒါကတော့ သခွားသီးသုပ်ဖို့ပါ။ ဒီလိုလေးသုပ်စားရတာ အရသာတမျိုးလေးပဲ..စားလို့ကောင်းတယ်။ သုပ်စားကြည့်နော်။ သခွားသီးကိုရေဆေးပြီးအ၀ိုင်းလေးလှီးပြီးဒေါင်လိုက်ပြန်လှီးထားတာပါ။ ကြက်သွန်နီကိုပါးပါလှီးရေဆေးပြီးထည့်၊ငရုတ်သီးစိမ်းလှီးထည့်၊အသင့်လုပ်ထားတဲ့ကြက်သွန်ကြော်လေးပါထည့်နောက်သံပုရာသီးညှစ်ထည့်၊ ဆားလေးထည့်ပြီးသုပ်စားနိုင်ပါပြီ။


ဒါလေးကတော့ ပုဇွန်ကိုဆီပြန်လေးချက်ထားတာပါ။


ဒါလေးက ကြက်သားကင်ပါ။ အဆင်သင့်သုံးဆောင်နိုင်ပါပြီရှင်။


ဒါလေးကတော့ ကြက်အူချောင်းကင်ပါ။ု ဒါးလေးနဲ့အနည်းငယ်လှီးပြီး ဒယ်အိုးမှာဆီပါရုံလေးထည့်၊ ဟိုဘက်ဒီဘက်လှန်ပြီး ကင်ကြော်လုပ်ထားတာပါ။ စားကြည့်နော်..အရမ်းကောင်းတယ်ရှင်။


ဒါကတော့ စားလို့မရိုးနိုင်တဲ့ ကချင်ပိန်းဥဟင်းရည်ပါရှင်။ တို့ဆီမှာ တခါတလေမှ အာရှဆိုင်မှာ ရှားရှားပါးပါးရောင်းတဲ့အချိန် ၀ယ်ပြီး ချက်စားရတာပါ။ မျှစ်တိုချောက်လေးပါခတ်ထားပါတယ်။ သောက်သွားနော်။


ဒါကတော့ ဂျာမန်ပန်းသီးပါရှင့်။ ဆေးပြီးသားမို့ အလုံးလိုက်ကိုက်စားသွားပါနော်။

ဒါကတော့ စတော်ပယ်ရီသီးပါ။ မြေမြို့ကိုလွမ်းတိုင်း ၀ယ်စားဖြစ်တယ်။ စားသွားနော်။ ခြင်းလိုက်တယ်သွားချင်က သယ်သွားပါနော်။

ချက်ပေးမဲ့တာဝန်က ဂျာမုန်းဒန်အလုပ်။
စားဖို့တာဝန်က မိတ်ဆွေတို့အလုပ်ပါရှင်။

အားလုံးပျော်ရွှင်စွားသုံးဆောင်သွားကြပါလို့ မေတ္တာရပ်ခံရင်း
ဂျာမုန်းဒန်


Type rest of post here

Sunday, June 21, 2009

စားကြမယ်ဟေ့ကောင်းကောင်း(2)



စားကြမယ်ဟေ့ကောင်းကောင်းနော်။

ဘလော့ချစ်သူငယ်ချင်းများအားလုံးအတွက်စေတနာအပြည့်နဲ့ ရှယ်ချက်ထားပေးတာနော်...အားမနာတမ်းသုံးဆောင်သွားကြပါရှင်။

ဒါကတော့ ၀က်သားသုံးထပ်သားကို ကင်ထားပြီးသားပါ။ အသင့်စားလို့ရပါပြီရှင်။ တို့ဆီက Panny Mark ကနေ အစာပလာအားလုံးထည့်ထားပြီးသားဝယ်လာတာပါ။ ကင်လိုက်ရုံပဲလေ။


ဒါလေးကတော့ တို့ဆီက ခေါက်ဆွဲတစ်မျိုးပါ။ ကြက်သားလေးနဲ့ဒီလိုလေးကြော်ထားပေးတာပါ။ စားသွားနော်။


ဒီဟင်းက ကြက်သားနဲ့ အာလူးကို ကာလသားချက်ပုံစံ ချက်ထားတာပါနော်....။ အရသာရှိတယ်မြည်းကြည့်နော်။


ဒါလေးက ကြက်ဥကို အကြာကြီးနာနာခေါက်ပြီး ကြော်ထားတာမို့ အရမ်းစားလို့ကောင်းတယ်။ ကြက်ဥမွေကြော်ပေါ့။


ဒါလေးက ကန်းဇွန်းရွက်ကြော်ပါ။ ကြက်သွန်ဖြူ၊ ခရုဆီအနည်းငယ်နဲ့ကြော်ထားတာပါ။ နည်းပေမယ့် ဈေးကြီးတော့..ကန်းဇွန်းရွက်ဝယ်စားနိုင်ရင် သူဌေးလို့တောင်ခေါ်လို့ရတယ်။ ဒါအာလုံးက Euro တစ်ကျပ်ဖိုးပါ။ အသားက အရွက်လောက်ဈေးမကြီးဘူးလေ။


ဒါကတော့ ၀က်သားနဲ့ မျှစ် ကို ဒီလိုလေး အစပ်ချက်ထားတာပါ။ ဒါက ဂျာမုန်းဒန်လက်ရာမဟုတ်ပါ။ ဂျာမုန်းဒန်ရဲ့ ချစ်ချစ်ကြီးချက်ကြွေးတာပါ။ ဒါစားလို့ ကျွန်မ၀မ်းလျှောသွားတယ်...ဟီး ...ပြောပြနဲ့နော်။ နောက်မချက်ကြွေးပဲနေမှာဆိုးလို့ပါ။


ဒါလေးက အမဲသားချက်ပါ။ မမမိုးကောင်းသူညွန်ကြားချက်အတိုင်း ချက်ထားတာပါ။ ဒီပုံကို ထည့်တုန်းကတော့အတည့်ပါ...ဒါပေမယ့် ဒီမှာရောက်တော့ ဇောက်ထိုးဖြစ်သွားတယ်။ ခေါင်းစောင်းပြီးစားရတော့မယ်...ဟီး။


ဒါကတော့ ခရမ်းသီးချက်ပါ။ ငါးသား နဲ့ ကြက်သွန်နီ ဆီသပ်ပြီး ငံပြာရည်လေးနဲ့ စပ်စပ်လေးချက်ထားတာပါ။ စားကြည့် နော်။ ဒါလဲ ဇောက်ထိုးဖြစ်သွားတယ်။ ဇွန်းလေးနဲ့အသာလေး ခက်ပြီးစားနော်။ ဇောက်ထိုးမဖြစ်အောင်းဘယ်လိုလုပ်ရမလဲမသိ၊ သိရင် ပြောပြကြအုံးနော်။


ကဲ.....ဂျာမုန်းဒန်က အားလုံးအတွက် ချက်ကြွေးပြီးပြီ။ ကောင်းမကောင်းတော့ ပြောသွားဦးနော်....ဒါမှနောက်အများကြီးပြန်ချက်ကြွေးမယ်။

အားလုံးကိုခင်မင်စွာဖြင့်

ဂျာမုန်းဒန်

Type rest of post here

Tuesday, June 16, 2009

ဟင်းတွေစုံတယ်နော်


ဟင်းတွေစုံတယ်နော်၊ ဒါတွေအားလုံးက ဘလော့ဝ် မိသားစုဝင်အားလုံးအတွက်ရှယ် ချက်ထားပေးတာပါ။ အားမနာတမ်းသုံးဆောင်သွားကြပါရှင်။


ဒါလေးက သပ်သပ်လွတ်ပါရှင်။ ကြက်သွန်ဖြူ၊ ဆီသန့်လေးပဲ ကြော်ထားတာပါ။


ဒါလေးကတော့ အသဲကြိုက်သူများအတွက် ဒီလိုလေးချက်ထားပေးတယ်။ အပေါ်မှာတရုတ်နံနံလေးအုပ်ထားတော့ အရသာတစ်မျိုးလေးပေါ့ကွယ်။



ဒါလေးက ၀က်သားအစိမ်းကြော်လေးပါ။


ဝက်သားအစိမ်းကြော်ဖို့ အတွက် အဆင်သင့် လှီးထားတာပါ။



ဒီအပင်က တရုတ်နံနံပါရှင်။ တို့ဆီမှာ ဒီလိုဝယ်လို့ရတာ ဒါပထမဆုံးပဲ။ ဒီအပင်အားလုံးမှ Euro ၁ ကျပ်ပါ။


ဒါလေးက ကြည့်လိုက်ရင် မဲနေတာပဲနော်။ ဒါပေမယ့် ကျွန်မ အကြိုက်ဆုံးဟင်းပါ။ တို့ဆီက ချဉ်ပေါင်ရွက်၊ မျှစ်ချဉ်နဲ့ ကြော်ထားတာပါ။ ဒီချဉ်ပေါင်ရွက်ကို ကိုယ်တိုင်သွားခူးတာနော။ ချက်စားဖြစ်တာလဲ ဒါပထမဆုံးပဲ၊ အရင်ကချဉ်ပေါင်ရွက်ရှိမှန်း လုံးဝမသိဘူး၊ သူငယ်ချင်းတယောက်ပြောပြလို့သွားခူးကြည့်တာလေ။ ဒို့ဆီက အရွက်နဲ့တော့ မတူဘူး။


ဒီဟင်းက ကြက်သားကချင်ချက်ပါ။ ကြက်သားနဲ့ မျှစ်ချဉ်ခြောက် ကို ကချင်ချက်နည်းချက်ထားတာလေ။



ဒါလေးက အမဲဘူးကို ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးစပ်စပ်နဲ့ ဆီသပ်ချက်ထားတာပါ။


ဒီဟင်းလေးက Tuna ငါးကိုခြေပြီး ခရမ်းချဉ်သီး၊ ကြက်သွန်နီလေးနဲ့ ဆီသပ်ပြီးချက်ထားတာပါ။ အရသာ အရမ်းကောင်းတယ် မှီးကြည့်နော။

ကဲ....ဟင်းတွေက ရှယ်ချက်ထားတာနော်....စားဖို့တာဝန်ကတော့.....မိတ်ဆွေတွေရဲ့တာဝန်ပါ။ ဟဲ...ဟဲ ထမင်းတော့ ယူလာရမယ်နော်....ထမင်းချက်ဖို့မေ့နေလို့ပါ.....စောရီးနော။

အားလုံးကိုခင်မင်လေးစားလျှက်

ဂျာမုန်းဒန်

Type rest of post here

Monday, June 8, 2009

အသားမှာဝက်၊ အသီးမှာသရက်


အသားမှာဝက်၊ အသီးမှာသရက် ဆိုတော့ဒီနေ့ အသီးရဲ့ဘုရင် သရက်သီးလေးခွဲစားကြမယ်နော်။ တိှု့ဆီမှာက ရှားရှားပါးပါး တခါတလေပဲ ရောင်းတယ်လေ၊ ဒါကြောင့် အမိအရ အားလုံးစားဖို့ ၀ယ်လာတာပါ။

တို့မိသားစုပဲ မစားရက်ဘူးလေ။ ဒါကြောင့် သူငယ်ချင်းတွေကိုပါ ခွဲကျွေးတာနော်။ တစ်ယောက်တစ်ဆိတ်စီစားကြမယ်။

အသားမှာဝက်ဆိုတော့ ဒါလေးပါမှီးသွားကြနော်၊ အဆီလုံးဝမပါ ဘူး၊ ကြက်သွန်လေးနဲ့ပဲ ဒီလိုလေးကြော်ထားတယ်။

ဒါလေးက ကြက်သားကချင်ချက်ဆိုပြီး ချက်ထားတယ်၊ ဒါပေမယ့် တို့ဆီမှာက အရွက်တွေ မစုံတော့ ဒီလိုလေးဖြစ်သွားတယ်၊ အရသာတော့ ရှယ်ပဲနော် မယုံရင် မှီးကြည့်နော်။ မမ မိုးကောင်းသူလည်း ဒီနေ့ ကြက်ကချင်ဟင်းချက်ထားတယ်လေ၊ သူ့ဟင်းက ပိုကောင်းတယ်။ ဒီမနက် အစောကြီး ကျွန်မသွားဝါးပြီးပြီ။

ဒါလေးက ဂေါ်ဖီချင်သုတ်နော်။ အအီပြေလေးသုပ်ထားပေးတာနော်။

ဒါလေးက ၀က်နှံရိုးကင်နော်၊ မဲပေမယ့် သိပ်နူးညံ့ပြီး စားလို့ကောင်းတယ်။

ကဲဒါလေးက ကြက်သားကာလသားချက်ပါ။ စပ်စပ်လေး ချက်ထားတာနော်။

ကဲ...ဂျာမုန်းဒန် ရဲ့ အစားအသောက်လေးကို စားရင်း ကောင်းမကောင်းလေးပြောသွားအုံးနော်။ နောက်လဲချက်ကြွေးအုံးမှာမို့ပါ။

လာရောက်စားသုံးကြတဲ့ မိတ်ဆွေအားလုံး ရွင်လန်းချမ်းမြေ့ကြပါစေနော်။

ဂျာမုန်းဒန်