ချစ်သောလလော့ဝ်ညီအကိုမောင်နှမများအားလုံးကို လိုက်လဲစွာ ဖိတ်ခေါ်လိုက်ပါတယ်ရှင့်။ ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့် ဂျာမုန်းတို့ရဲ့ဇနီးမောင်နှံ ပျော်ရွှင်တဲ့ခရစ်ယာန်အိမ်ထောင်ကို တည်ထောင်ခဲ့တာ မနေ့က (ဖေဖော်ဝါရီလ၂၂.၂၀၁၀)နေ့မှာပဲ သုံးနှစ်ပြည့်သွားခဲ့ပါပြီ။ ဒါကြောင့် တစ်မြို့ထဲမှာအတူနေထိုင်ကြတဲ့ သူငယ်ချင်းများကို ဖိတ်ပြီး အထိမ်းအမှတ်ညစာစားပွဲလေး ကျင်းပ ဖြစ်ခဲ့တယ်။တခြားမြို့ကနေရောက်လာသူငယ်ချင်း ၂ယောက်လည်းရှိတယ်။ လာရောက်အားပေးကြ တဲ့သူငယ်ချင်းတွေအားလုံးကိုအထူးပဲကျေးဇူးတင်ကြောင်းပြောချင်တယ်ကွယ်။
အိမ်ထောင်နဲ့ပတ်သက်ပြီး ၀န်ခံချက်လေးရှိတယ်။.ဒီမင်္ဂလာသက်တမ်းသုံးနှစ်အတွင်းမှာပေါ့။ .ဂျာမုန်း အိမ်ထောင်ကျ ကံကောင်းတယ်လို့ ပြောရမှာပေါ့လေ။ သူက..ဂျာမုန်းအပေါ် သိပ်ကောင်းပြီး သိပ်လည်းအလိုလဲလိုက်တယ်လေ။ တခါမှ..သူကြောင့်စိတ်မဆင်းရဲခဲ့ရဘူး။ ဒါကြောင့်လည်းသူ့ကို သိပ်ကျေးဇူးတင်ပြီး ဂျာမုန်းရဲ့ အချစ်တွေအားလုံး စုပုံပေးထားတာပါ။
သူ့မှာဂျာမုန်းကြိုက်တဲ့အချက်တွေအများကြီးရှိတယ်။ အဓိကတော့ဘုရားကို ချစ်ကြောက်ရိုသေတယ်၊ မိသားစုကိုအချိန်ပေးတတ်တယ်။မိသားစုအပေါ်တာဝန်ကျေတဲ့ ဖခင်ကောင်းတစ်ယောက်ပဲ။ ဒါကြောင့် ဂျာမုန်းလည်း သိပ်ချစ်တဲ့ခင်ပွန်းအတွက် သိပ်ချစ်စရာကောင်းတဲ့ သားမြတ် ရတနာလေးကို မွေးပေးခဲ့တာပေါ့။
ကဲကဲ....စာဖွဲ့နေရင် ပီးမှာမဟုတ်တော့ဘူး။ အစားအသောက်နဲ့ ပြန်ဧည့်ခံပါရစေရှင်။
ဒါတွေက..ဂျာမုန်းတို့ဇနီးမောင်နှံရဲ့ မင်္ဂလာသက်တမ်း၃နှစ်ပြည့် အထိမ်းအမှတ် ပါတီပွဲ အစားအသောက်တွေပါ။ အားလုံးဝလျှင်စွာစားပြီးမှ ပြန်ရမယ်နော်။

သူ့လက်ရာလည်း တော်တော်တိုးတက်လာပြီ။ မယုံရင် မြည်းကြည့်နော်။

ဒီဟင်းကို ဂျာမန်သူငယ်ချင်းတစ်ယောက်က မြည်းကြည့်တာနဲ့တင် မျက်နှာတစ်ခုလုံး နီရဲသွားတယ်။စပ်လွန်းလို့နဲ့တူတယ်။

ကဲ...အားလုံးအ၀စားပြီမှ ပြန်ရမယ်နော်။ ဘယ်ဟင်းကိုအကြိုက်ဆုံးလဲ ပြောသွားနော်။ နောက်ပြန်ချက်ကျွေးမှာမို့ပါ။နောက်ပြီး..ဂျာမုန်းတို့မိသားစုအတွက် ဆုထောင်းပေးကြပါဟု မေတ္တာ ရပ်ခံရင်း အားလုံးကိုနုတ်ဆက်လိုက်ပါတယ်ရှင်။
အားလုံးအပေါ်ဘုရားရှင်ကောင်းကြီးပေးပါစေလို့ ဆုမွန်ကောင်းတောင်းရင်း
ဂျာမုန်းဒန် မိသားစု
Type rest of post here