
**မွေးနေ့ပွဲလာ ချစ်မိတ်ဆွေများအားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်လိုက်ပါတယ်ရှင်။**
မနေ့က စနေနေ့ညနေ ၅ နာရီမှာ ဂျာမုန်းရဲ့ မွေးနေ့ပွဲလေးကို အိမ်မှာကျင်းပဖြစ်တယ်။ စနေ့နေ့မှာကျင်းပဖြစ်လို့ စနေသမီးတော့ မဟုတ်ပါ။ မွေးနေ့က မေလ ၁၅ ရက်ဆိုတော့ စနေနေ့မှာ လုပ်ဖြစ်သွားတာပါ။ မွေးနေ့မရောက်ခင်မှာတော့ မွေးနေ့ကိုလုပ်ဖို့ စိတ်မကူးခဲ့ဘူး။ စိတ်ထဲမှာ ''ဟာ...ငါအသက်တစ်နှစ်ပိုကြီးသွားပြီပေါ့...'' ဆိုပြီး ကိုယ့်ကိုယ်ကို တွေးနေမိတာကြောင့်ပါ။
မွေးနေ့ပွဲရောက်ဖို့ တစ်ရက်အလိုမှာ ဂျာမုန်းစိတ်တွေ ပြောင်းသွားပြန်ရော။ ဘုရားရဲ့ နုတ်ကပတ်တော်ထဲမှာ.လူ့အသက်ဆိုတာ ဘုရားပေးမှ ရတယ်တဲ့။ လူတွေဟာ ဒီနေ့ ဘာဖြစ်မယ်၊ မနက်ဖြန်ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှမသိကြပါဘူး။ဘုရားသခင်သာ အသိဆုံးပါ။ အသက်ကြီးမှ ကွယ်လွန်တတ်သလို၊ အသက်ငယ်ပေမယ့် သေသွားတဲ့သူပေါင်းလဲ မနည်းဘူးပေါ့။ ဘုရားပေးတဲ့ ဒီအသက်ကို ကျေးဇူးတင်ပြီး ချီးမွမ်းချင်စိတ်ဖြစ်လာတာကြောင့် လုပ်ဖြစ်သွားတာပါ။
တကယ်တော့ အသက်ကြီးတယ်ဆိုတာ ရှက်စရာမလိုပါ။ ပိုလို့တောင် ဘုရားကို ကျေးဇူတင်ရမှာ။ လူတွေဟာ တနေ့ မုချမလွဲသေရမှာပဲလေ။ ကိုယ်အသက်ရှင်တဲ့ ကာလတလျှောက်မှာ စိတ်ထားလှလှလေးနဲ့ ဘ၀ကိုဖြတ်သန်းကြဖို့ပဲ အရေးကြီးတာပါ။ အသက်ကို ကိုယ်ကမပိုင်ဘူးလေ။ ကဲ. အခုဆို ဂျာမုန်း ရေဒီယို နားထောင်ဖို့တောင် အင်အားမရှိဘူး။ ဒီမိသားစုလေး နိုင်ငံခြားမှာ ပျော်ပျော်နေခွင့်ရပေမယ့် အမိမြန်မာပြည်မှာ ရှိနေကြတဲ့ ဆွေမျိုးတွေအတွက် စိတ်ပူလွမ်းလို့ပါ။ သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်လာတဲ့ ဒီအပူချိန်တွေ လွန်ကဲနေတာကြောင့်ပေါ့။ မြန်မာပြည်အလယ်ပိုင်းမှာ သက်ကြီးရွယ်အိုမရွေး သေးဆုံးနေတယ်ဆိုတဲ့ သတင်းကို နားနဲ့ မဆန့်အောင်ပင် ကြားနေရတယ်။
ဒါကြောင့် ဂျာမုန်းမွေးနေ့မှာ သူတို့တွေအတွက် ဆုတောင်းပေးချင်တယ်။ မြန်မာပြည်အတွက် ဆုတောင်းရမယ်... ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီမွေးနေ့ပွဲကို သူငယ်ချင်းတွေ ၁၀ ယောက်နဲ့ ကျင်းပဖြစ်သွားတာပါ။ မွေးနေ့ရဲ့ မနက်ပိုင်းမှာ အားလုံးအတွက် အစာရှောင်ပြီး ကျမ်းစာဖတ်ပြီး ဆုတောင်းခဲ့တယ်။ ညနေ ၅ နာရီမှာတော့ သူငယ်ချင်းတွေနဲ့ မွေးနေ့ပါတီပွဲကို လုပ်ဖြစ်ခဲ့တယ်။ မွေးနေ့မှာ အကင် နဲ့ စပါကတီ ခေါက်ဆွဲကြော် ကျွေးတယ်။ သူငယ်ချင်းတွေအားလုံးလဲ အရမ်းကို ကြိုက်ကြတယ်လေ။
ပြီးတော့ မွေးနေ့ ကိတ်လေးကို ဂျာမုန်းကိုယ်တိုင် အလှဆင် ပြုလုပ်ထားတာပါ။ ဘ၀မှာ ဒီလိုကိတ်မျိုးတခါမှ မလုပ်ခဲ့ဖူးဘူးပေမယ့် ဒီတခါတော့ လက်စွမ်းပြလိုက်ပြီ။ ဂျာမုန်းရဲ့ လက်စွမ်းပြထားတဲ့ ကိတ်ကို မိတ်ဆွေများလည်း ၀လျှင်စွာစားပြီးမှ ပြန်ရမယ်နော။
နောက်ပြီး အကင်ကင်စားဖို့လည်း မမေ့ကြနဲ့အုံး။ ကျွေးချင်လို့ပါကွယ်။



ဒါကတော့ ဂျာမုန်းကိုယ်တိုင် မွေးနေ့ကိတ်လေးကို ပြုလုပ်နေ့တဲ့ ပုံပါ။ အလည်ကပုံက ကိတ်ပေါ်တင်ဖို့ အဆင်တင့် ပြုလုပ်ထားပြီးသားကို ဈေးက၀ယ်လာတာပါ။ ဘေးဆုံးကပုံကတော့ ပြုလုပ်ပြီးပုံပါ။ အပေါ်ကစာလုံးကို ရေးရတာအရမ်းခက်တာပဲ။ မလုပ်ဖူးတော့ လက်ကတုန်နေတာနဲ့ သားသားရဲ့ အဖေပဲ ရေးပေးလိုက်တယ်။ ဒါတောင် မလှသေးဘူး...ဟီး။



မွေးနေ့ကိတ် လှီးဖို့ပြင်ဆင်ထားတာပါ။



ကိတ်ကို အလွှာလေးလွှာနဲ့ ပြုလုပ်ထားတာလေ။ အထဲက အလွှာမှာ အသီးဗူးနဲ့ ခရမင် တစ်မျိုးစိထည့်ထားတယ်။ အပေါ်ဆုံးကတော့ စတော်ပယ်ရီဂျယ်ပါ။ သူငယ်ချင်းတွေ ကြိုက်ကြတော့ ဂျာမုန်းလည်းဝမ်းသာတယ်။
ဒါက ကြက်သားကင်ပါ။
ဒါလည်း ကြက်သားကင်နောက်တစ်မျိုးပါ။ အရသာကို မတူအောင် နယ်ထားတယ်။
ဒါကတော့ ၀က်သားကြိုက်သူတို့ အတွက်နော်။ ပထမဆုံးလင်ဗန်းထဲက ဆီခွက်က အသားကင်နေစဉ် အကင်ပေါ်မှာ နည်းနည်းဆီ လိုက်တို့ဖို့ ဆီမွှေးပါ။ အရသာပိုထူးခြားအောင်ပေါ့။ အလည်ကတော့ အချဉ်ရည်ပါ။
ဒါကတော့ အကင်ကို ပုံစံအမျိုးမျိုးရိုက်ထားပုံပါ။
အကင်တစ်မျိုးစီရဲ့ အသေးစိတ်ကို စားချင်စဖွယ်ဖြစ်အောင် ပြင်ဆင်ထားပေးပါတယ်။ ကြိုက်တာကင်စားသွားနော်။

ဒါကတော့ စပါကတီခေါက်ဆွဲကြော်ပါ။
အသားလုံးတွေနဲ့နော်။ ကြိုက်သလောက်သာ စားကြပေးတော့ မိတ်ဆွေ။
ပုံက ဘယ်လိုထည့်ထည့် ဇောက်ထိုးပဲဖြစ်နေတယ်။ ကြည့်ပြီးမှသာ စားသွားကြပါရှင်။ ဗိုက်ဝဖို့က အရေးကြီးတယ်။
အားလုံးကို အစဉ်ချစ်ခင်လေးစားလျှက်
ဂျာမုန်းဒန်
Type rest of post here