
ဒါက..ဂျာမုန်း...ခုလောလောဆယ်သုံးနေတဲ့ မိတ်ကပ်တွေပါ။

ဒါကတော့ Fancy လေးတွေပါ။

ဒီ Estee Lauder မိတ်ကပ်ကို ဆက်လိုက်ဝယ်လိုက်တယ်။ ပြီးတော့အသုံးမလိုတဲ့ တစ်ခုစီကို ဓါတ်ပုံပြန်ရိုက်ပြီး အွန်လိုင်းမှာပြန်ရောင်းတာလေ။ သူ့ရဲ့မူလဈေးနှုန်းကတော့ euro 135 ရှိတယ်။ ဒါပေမယ့် ဂျာမုန်း အွန်လိုင်းမှာလေလံဆွဲတုန်းက 36 euro နဲ့ ရတယ်။

ဒါက ဂျာမုန်းခုလက်ရှိသုံးနေတဲ့ Lancome and Chanel မိတ်ကပ်ပါ။ အစကတော့ ရောင်းဖို့အွန်လိုင်းမှာ ဈေးချိုစွာနဲ့ လေလံလိုက်တာပါ။ အိမ်ရောက်လာတော့ ဂျာမုန်းစမ်းသုံးကြည့်လိုက်တယ်။ အရမ်းကိုကြိုက်သွားတော့သုံးဖြစ်သွားတယ်။
ဒီဘက်က မိတ်ကပ်က Skin food မိတ်ကပ်ပါ။ ကိုးရီးယားကမှာယူထားပါ။ ဒါလဲလိုက်တဲ့သူနဲ့အရမ်းကို အသားအရေလှသွားစေပါတယ်။ ဂျာမုန်းက မိတ်ကပ်ထက် Prime Skin cream ကိုပိုကြိုက်တယ်။ မိတ်ကပ်မလိမ်းခင် ဒီ Skin food Prime Skin cream ကိုလိမ်းပြီးကိုယ်ကြိုက်တဲ့မိတ်ကပ်ကို ပြန်လိမ်းတာလေ။
ကဲ..ဒီအောက်ကမိတ်ကပ်တွေကတော့ ဂျာမုန်းအွန်လိုင်းမှာရောင်းတဲ့ရောင်းကုန်တွေပါရှင်။
Lancome eye shadow make up
ဒီမိတ်ကပ်တွေကို ဂျာမုန်းဆက်လိုက်အများကြီးဝယ်ပြီး ကိုယ်ကြိုက်သလို ခွဲပြီးတော့ ဓါတ်ပုံပြန်ရိုက်ပြန်ရောင်းတာပါ။ အခုတော့ ကုန်သွားပြီ။ ဒီမိတ်ကပ်ကနာမည်မကြီးသေးပေမယ့် သုံးလို့တော့ကောင်းတယ်။ ဂျာမနီမှာ လုပ်တာလေ။
Lancome Make up set
ခုလောလောဆယ် ရောင်းထားတဲ့ရောင်းကုန်ကတော့ ဒါပါပဲ။
ဂျာမုန်းအလှအပကိုစိတ်ဝင်စားသလို ချစ်တဲ့သူငယ်ချင်းများလည်း စိတ်ဝင်စားကြမဲ့သူရှိမှာပဲလို့ တွေးမိရင်း ဒီပို့စ်လေးကိုတင်ဖြစ်သွားတာပါ။ မှားတာရှိရင်ခွင့်လွတ်နော်။
အားလုံးကိုချစ်ခင်လေးစားလျှက်
ဂျာမုန်းဒန်
11 comments:
Skin food Prime Skin cream ကိုလိမ်းပြီးကိုယ်ကြိုက်တဲ့မိတ်ကပ်ကို ပြန်လိမ်းလို့၇လား
ဘာ brand လဲဟင် singapore မှာဝယ်လို့၇နိုင်ပါ့မလားမသိဘူးနော်
lancome က nightcream ကော၇ှိလား Nightcream ဆိုဘယ်ဟာကောင်းမလဲဆိုတာလေးပါဖြေပေးပါနော်
လှချင်ပြီးဘာလိမ်း၇မှန်းမသိလို့
မဂျာမုန်း မိတ်ကပ်တွေကိုအ၇မ်းသဘောကျတယ်
Skin food Prime Skin cream ကိုလိမ်းပြီးကိုယ်ကြိုက်တဲ့မိတ်ကပ်ကို ပြန်လိမ်းလို့၇လား
ဘာ brand လဲဟင် singapore မှာဝယ်လို့၇နိုင်ပါ့မလားမသိဘူးနော်
lancome က nightcream ကော၇ှိလား Nightcream ဆိုဘယ်ဟာကောင်းမလဲဆိုတာလေးပါဖြေပေးပါနော်
လှချင်ပြီးဘာလိမ်း၇မှန်းမသိလို့
မဂျာမုန်း မိတ်ကပ်တွေကိုအ၇မ်းသဘောကျတယ်
ကြည့်ရတာ စိတ်ချမ်းသာလိုက်တာ. အွန်လိုင်းမှာဘယ်လိုပြန်ရောင်းသလဲဟင်. နားးမလည်လို့ရှင်းပြပါ။ ဘယ်လိုအပေးအယူလုပ်ကြသလဲ။
အဟမ်း လှနေတဲ့မျက်နာလေးပါကြည့်ရရင်ပိုစိတ်ချမ်းသာမိမှာဘဲ။
Ma ရေ..မရဲ့လင့်ထဲဝင်ကြည့်ဒါ မရဘူးဖြစ်နေတယ်.. ဒါကြောင့် ဂျာမုန်းအိမ်ထဲမှာပဲ ရေးလိုက်တယ်။
ှSkin food prime skin မှာ သူ့ရဲ့ brand .က.""Skin food""ပါပဲ။ ဂိုဂယ်လ်မှာ Skin food လို့ရိုက်ထည့်ပြီးရှာရင်လည်းရတယ်။ Singapore မှာလဲရှိနိုင်မှာပါ။ ဂျာမုန်းကတော့ အွန်းလိုင်းကနေ ကိုးရီးယားကို တိုက်ရိုက်မှာယူတာပါ။
ူLancome မှာ nightcream ရှိတယ်။ အရမ်းတော့ဈေးကြီးတယ်။ Clinique, Shiseido လဲအ၇မ်းကောင်းတယ်။ ဂျာမုန်း Nightcream ကို Clinique သုံးတယ်။ သုံးကြည့်ပါလား... ။
အ၀တ်အစားဘဲဖြစ်ဖြစ်၊ အခြားပစ္စည်းဘဲဖြစ်ဖြစ် ဘယ်လိုမျိုး လေလံဆွဲရလည်းအမ။ ငွေချေတော့ရော ဘယ်လိုချေရလဲ။ ဖြစ်နိုင်ရင် reply လုပ်ပေးပါလား။
chit tae a ma yay a ma nae nyi ma online ka nay kyi pi country a myo myo ka make up a myo myo ko buy khae dar tha di ya dae.
a ma nyi ma se mhar 11 PM kyaw mha har a yan nout kya nay pi so pi hta pyan dar lay. nyi ma do. zay buy yin are lone ko forget thwar dar naw
အရမ်းလှတဲ့မိတ်ကပ်ပစ္စည်းတွေကိုလာရောက်လေ့လာသွားပါတယ်။ ရေမွေးအနံသင်းသ်ငးလေးတွေ သိချင်ပါတယ်။
လမ်းညွှန်အနေနဲ့တင်ပေးပါအု့းနော် :) ခင်မင်လျက်
ပူးပူး
ဂျာမုန်းရဲ့အိမ်လေးကိုလာလည်သွားပါတယ်..
ကဏ္ဍစုံလေးနဲ့ စိတ်ဝင်စားဖို့အရမ်းကောင်းတယ်..
အထူးသဖြင့် အလှအပနဲ့အချက်အပြုတ်လေးတွေကို အစ်မပိုပြီးကြိုက်တယ် ညီမလေးရယ်..
ညီမလေးတင်သမျှကို ချက်ချင်းဖတ်ချင်တာ ဘယ်လိုလုပ်ရမလဲ..
ပြောပြနော်..
အွန်လိုင်းကနေ ဘယ်လိုအရောင်းအဝယ်လုပ်လဲညီမလေး..
ညီမလေးဆီကနေလိုချင်ရင်ရော ဘယ်လိုမှာရမလဲ..
ငွေချေတော့ရော ခရစ်ဒစ်ကတ်နဲ့လား..
အစ်မကိုစာပြန်ပေးပါနော်..
အစ်မရဲ့ mail ပါ..
yamone13@googlemail.com
အေ၇ ..သီရိမေးလ်က thirilay@gmail.com ပါ.. အမ product တွေ စိတ်ဝင်စားလို့ ဆက်သွယ်လို့ရမလား...
Post a Comment