Wednesday, June 24, 2009


ချစ်စကား၊ ကြိုက်စကား (ကချင်စကား)




ဒီနေ့တော့အင်းပြေကချင်စကားသင်ရအောင်နော်။ အလည်က Color အနီစာကြောင်းကတော့ ကချင်စာနဲ့၊ ကချင်စကားဖြစ်တယ်။ ဘေးကစာကြောင်းက ကချင်စကားကိုမြန်မာလိုအသံထွက် ရေးပေးထားပါတယ်။ ဖတ်ကြည့်၊ ပြောကြည့်နော်။ မောင်လေးတစ်ယောက်က ကချင်စကားကို မြန်မာအသံထွက် ရေးပေးပါဆိုလို့လေ။ အခက်ခဲများရှိရင်ပြောကြပါနော်။


1. မင်းနောက်
လိုက်ချင်တယ်………Na hpang hkan mayu ai. (နဖန်ခမ်းမယူအိုင်)

2. စိတ်မဆိုးနဲ့နော်……Hkum pawt yaw. (ခွမ်ပေါ့ပ်ရော)

3. မင်းကိုစကားတစ်ခွန်းပြောချင်တယ်မေ….Nang hpe ga hkaw mi tsun mayu ai. (နန်ဖေ့ဂါခေါ်မီစွံမယူအိုင်)

4. မင်းအရမ်းလှတယ်…..Nang grai tsawm ai. (နန်ဂရိုင်စောမ်အိုင်)

5. မင်းမျက်နှာလေးကိုအမြဲမြင်ချင်တယ်….Na myi-man hpe galoi mung mu mayu ai. (နမြိမာန်ဖေ့ဂလွဲမုန်မူမယူအိုင်)

6. မင်းကိုမြင်တိုင်းငါရင်ခုန်တယ်…Nang hpe mu shagu, ngai myit ashun ai...(နန်ဖဲ့မူရှဂူမြစ်အရွှန်အိုင်)

7. ငါမင်းကိုအရမ်းချစ်တယ်…Ngai nang hpe grai tsawra ai….(ငိုင်နန်ဖဲ့ဂိုင်စောရအိုင်)

8. ငါ့ကိုချစ်ခွင့်ပြုပါနော်…….Ngai hpe tsaw na ahkang jaw rit yaw…(ငိုင်ဖဲ့စော့နာအခါန်းဂျော့ရစ်ရော)

9. ငါ့ဘ၀တခုလုံးအတွက်ချစ်တာပါ….Nye prat tup na matu tsaw ra ai..(ညဲ့ပရပ်တွပ်နားမတူစောရအိုင်)

10.ကျေးဇူးနဲ့ စဉ်းစားပေးပါနော်….Chyeju hte myit ya rit yaw...(ကျေးဂျုးထဲ့မြစ်ရာရစ်ရော)


ဒါပြီးရင်စာမေးပွဲရှိမယ်နော်.....သေချာပြန်မေးမယ်၊ ကျက်ထားကြမယ်နော်.....သူငယ်ချင်းတို့ရေ............ဖတ်လို့မရရင်ပြောကြပါရှင်။

အားလုံးကိုလေးစားလျှက်
ဂျာမုန်းဒန်
Type rest of post here

16 comments:

Anonymous said...

ဘာမှ စဉ်းစားမနေဘူး ကော်ပီပေ့စ် လုပ်ထားလိုက်ပြီ ...
သေသေချာချာဖတ်ကြည့်တော့မှ သူက ရည်းစားစကားပြောနည်း သင်ပေးနေတာကိုးးးး haha

အရင်ဆုံး ကျက်မယ့် စာကြောင်း ကြောင်း အရင်ရွေးချယ်မယ် ။

နန်ဖေ့ဂါခေါ်မီစွံမယူအိုင်
နန်ဂရိုင်စောမ်အိုင်
နန်ဖဲ့မူရှဂူမြစ်အရွှန်အိုင်
ငိုင်ဖဲ့စော့နာအခါန်းဂျော့ရစ်ရော
ညဲ့ပရပ်တွပ်နားမတူစောရအိုင်
ကျေးဂျုးထဲ့မြစ်ရာရစ်ရော

ဟဲဟဲ
ပြီးတော့ ဘာတဲ့ နောင်ဖဲ့ငိုင် စောရအိုင် ဆိုလား ... အဲဒါလည်း သိတယ် .. :D
နောက်ပြီး ကျေးဂျူးကမ္ဘာဆိုင်ယော လည်း သိတယ် .. မဆိုးဘူး ဒီနေ့ :D
နောက်ပြီး တစ်ခုသိချင်သေးတယ် ..
" မုန့်ကျွေး " ကို ကချင်လို ဘယ်လိုပြောလဲ ဟင် ...
မုန်ဖဲ့ငိုင်စောရအိုင် .. အဲ အဲလိုဆို မုန့်ကိုချစ်တယ် ဖြစ်မှာနော် .. အဟီး
သိတော့ဘူး .. ပြောပါတော့ :D
နေဒေးသစ်။

သီဟသစ် said...

နေဒေးတော့ စကားလုံးအသစ်တွေ ဖော်ထုတ်သွားပါလား
:D

စောရအိုင် တစ်လုံးပဲ သိတယ်ဗျ ရေဗက္ကာဝင်း သီချင်းနားထောင်လို့ သိတာ

ခင်မင်စွာဖြင့်
သီဟသစ်

သားကြီး said...

အဲ...အဲ...
စကားတော့သင်လိုက်ပါပြီ
ဘယ်သူ့ကိုပြောရမလဲမသိ :P:P:P

Apprenticeship said...

Ja Mung Dan e... ya Jing hpaw num ni yawng myen ni sa la mat yang w.p shadang ni jan mat yang Ja Mung Dan na lit yaw. :P

မိုးကောင်းသူ said...

ငိုင်နန်ဖဲ့ဂိုင်စောရအိုင် ကတော့သိတယ်။ ကျန်တာသိဘူး။ အယ် ၁ ကနေ ၁၀ ထိ ဆိုတတ်တယ်။
လဟိုင်း=၁
လခေါင်း=၂
ဟီးဟီး ဆက်ရေးတော့ဘူး ၁ နဲ့ ၂ တောင် မှားနေလားမသိဘူး။
စာမေးပွဲရှိတယ်ဆိုတော့ ကြောက်တောင်မှ ကြောက်လာပြီ။

Unknown said...

Na hpang hkan mayu ai Hkum pawt yaw ဟီးးးး ဘာလဲသိလားးးးးး
၂နဲ့၁ကို ပေါင်းပြောလိုပ ရလားးးးးးးးး
Hkum pawt yaw….Nang hpe ga hkaw mi tsun mayu ai…..Nang grai tsawm ai.
၂၊၃ နဲ့ ၄ ကို ပေါင်းပြောထားတာ မှန်လားဟင်.....
ကချင်မလေး တယောက်ကို ပြောကြည့်မလို့ အမှားတွေတော့ အချွန်နဲ့ မပြီး သင်မပေးကြေးနော်..... အားကိုးပါတယ်..... :D :P

WWKM said...

haha မမလည်း ကချင်ပြည်နယ်သူဆိုပေမယ့် တစ်လုးပဲသိတယ်..
ငိုင်နန်ဖဲ့ဂိုင်စောရအိုင်လေ..း)))

minsoesan said...

Di post lay tin pay dar kg par de...Knowledge ya dar pop...comment twe yay pay kya dar le' yee ya de..:):)..carry on....

Anonymous said...

ကောင်းချက် ဒီလောက်နဲ့မရပ်နဲ့နော် အသစ်ထပ်သင်ပေးဦးနော်။ ကချင်ဖြစ်ပြီး ကချင်စကားနည်းနည်းပဲ တတ်တာ အရမ်းကိုမျက်နှာငယ်လို့ပါ။ တို့မကြီးကိုပဲ အားကိုးတော့မယ်နော်။ အဟိ ပျော်ရွှင်ပါစေ။
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး
စာအုပ်ထဲကူးထားလိုက်ပီ

International Youth Fellowship said...

စာလာဖတ်သော သူငယ်ချင်းများ တတ်သွားရင်လည်း ကျွန်တော်မျိုး၏ ချစ်ချစ်အား မပြောပေး ပါရန် လေးစားစွာ ပန်ကြားအပ် ပါသည်။

မိုးခါး said...

ထပ်လာသင်ဦးမယ် :D

ဒီဝိုင်း (D'vine) said...

စောရအိုင်...သူခိုးအိုင်...ဟဲဟဲ..စိတ်ဝင်စားစရာ..ကချင်စကားက အိုင်နဲ့ဆုံးတာများသလိုပဲ..

K.Z.Thant said...

http://www.yanaung.net/2007/03/blog-post_8376.html

ဆောင်းနှင်းရွက် said...

စာမေးပွဲမှာ
(ငိုင်နန်ဖဲ့ဂိုင်စောရအိုင်)
အဲ့ဒါပဲ မေးနော် ...

ကျန်တာ တွေဆို
မမှတ်မိနိုင်ဘူးးးး ....
ဟီးးဟီးးး .. :D

Victory John said...

ဒီလို.. သင် ပေးတဲ့  ကချင်စကားသင်နည်းကို ကြိုက်တယ်... နောက် လဲ ဆက်ရေးပေးပါအုံး...
နောက် ဘယ်လိုလေ့လာရမလဲ ဆိုတဲ့ Website address တွေရှိရင် လဲပြောပေးပါအုံး...

Unknown said...

သင်ချင်လို့