Tuesday, June 2, 2009

ငယ်စဉ်ကငါးမျှားသွားခဲ့စဉ်

မနေ့ညက ကျွန်မအိပ်မက်မက်တယ်၊ ငါးမျှားသွားတဲ့အကြောင်းပေါ့။ မနက်အိပ်ယာထတော့ ကျွန်မဘ၀ရဲ့ငယ်စဉ်က အတွေးပုံးရိပ်တွေကို ပြေးပြီးသတိရနေမိတယ်။ ဒါနဲ့ ငယ်စဉ်ဘ၀က ငါးမျှားသွားတဲ့အကြောင်းကို ချက်ချင်းပြန်သတိရပြီး ရေးလိုက်ဒါပါ။ ဖတ်ဖြစ်အောင်ဖတ်နော်။

ကျွန်မ ငယ်စဉ်ကလေ စနေနေ့ကျောင်းပိတ်တိုင်း ငါးမျှားသွားဖို့ပဲ ချောင်းနေခဲ့တာအမှန်ဘဲ…….. အမေက စိတ်ဆိုးပေမယ့် သွားဖြစ်အောင်သွားခဲ့တယ်။ ညနေရောက်တော့ ငါးမရမှာကိုသိပ်ပြီးစိုးရိန်ခဲ့တာ၊ အမေကို မကြွားရမှာဆိုးလို့ပေါ့။ အမေက ငါးကောင်ကြီးကြီးကိုမြင်ရင်တော့ စိတ်ဆိုးတာပြေသွားဒါပဲ……ဟီး….ဟီး။
ငါးမျှားတံအတွက် ၀ါးတုတ်ဖြောင့်ဖြောင့်လေး သုံးချောင်းကိုသေချာခုတ်ပြီး ငါးမျှားကြိုးကို ကိုယ်တိုင်ပဲ တပ်ဆင်ခဲ့တယ်။ ပြီးတော့ ငါးထည့်ဖို့ ငါးတောင်းလွယ်အိတ်လေးကို အဖိုးကြီးတွေဆီသွားပြီး အော်ဒါမှာရတယ်လေ………. ငါးဇင်ရိုင်းကောင်တွေပါ မကျန်အောင် ထည့်နိုင်ဖို့ပေါ့။ ပြီးတော့ တီကောင်ကို အိမ်က တူလေးကိုတူးခိုင်းတယ်လေ။ အဲဒီနောက်တော့ နေပူကြီးထဲမှာ ဦးထုတ်လေးဆောင်းပြီး သူငယ်ချင်းတွေနဲ့ အဖွဲ့လိုက်ကိုသွားကြဒါ၊ သီချင်းလေးကို သံပြိုင်သီဆိုရင်းနဲ့ပေါ့။
လယ်တောရောက်တော့ ငါးမျှားချိတ်ကိုပြင်ပြီး အသန်မာဆုံးတီကောင်ကို ပထမဆုံးတပ်လိုက်တယ်လေ၊ အကောင်းကြီးကြီးရချင်လိုပေါ့။ ဒါပေမယ့် မျှော်လင့်တဲ့အတိုင်းဖြစ်မလာခဲ့ဘူး၊ ငါးဇင်းရိုင်းကောင်တွေဘဲ လာလာစားပြစ်တယ်လေ။ ငါးဇင်းရိုင်းဆိုတဲ့ကောင်က သိပ်ဆိုးဒါ သိလား……….စားပြီးနားမလည်ဘဲ၊ တီကောင်တွေကိုတော့ အားလုံးစားပြစ်တယ်……….ဆွဲလိုက်ဒါနဲ့ ပြေးရော…….တခါတလေတော့ ပါလာပါတယ်၊ အသေးဆုံးအကောင်။
ငါးပြင်မကြတော့ သိပ်ကိုမျှားလွယ်တယ်လေ……… ကိုက်လိုက်ဒါနဲ့ သိနေတယ်လေ…..ဟော်ဒါ….ငါးပြင်မသေချာပြီဆိုပြီး ဆွဲလိုက်တာနဲ့ မိရောပဲ။ ဦးဦးဖြားဖြား ငါးပြင်မ ရယင် သိပ်ပျော်ဒါ……“ဟား……ဒီနေ့တော့ ကံကောင်းအုံးမယ်……” ဆိုပြီးလေ။ စလားပရားငါးတွေမျှားရဒါ သိပ်ပျော်ဒါဘဲ…..အကောင်တစ်ဆယ်လောက်ရေကန်ထဲ မြင်နေယင် အလုံးကို မျှားပြစ်လို့ရတယ်……. သူတို့က အုံးနှောက်မရှိကြဘူး နဲ့တူတယ်…..ချလိုက်ဒါနဲ့ လာကိုက်တော့ဒါပဲ……ကိုက်လိုက်ဒါနဲ့ မိရောပဲ။
ငါးရံ့ဆိုရင်တော့ တီကောင်အကြီးကြီးတွေကို သိပ်မက်မောဒါ……..ငါးရံ့ရိုနိုင်တဲ့ နေရာကတော့ ချူံအနည်းငယ် ရှိတဲ့နေရာပေါ့………ငါးရံ့ဟာ အစာစားတော့မယ်ဆိုရင်…သူ့ပါးစပ်ကြီးဟလာတယ်……အမြုတ်အစီစီထွက်လာပြီဆိုရင်…..အဲဒါ….ငါးရံ့ပဲဆိုဒါသေချာနေ ပြီလေ။ မယုံရင် စမ်းကြည့်နော်။
ငါးမျှားသွားပြီး ပြန်လာတဲ့ညမှာတော့ တစ်ညလုံးငါးကို အိပ်မက်မက် တယ်……တစ်ချိန်လုံးကို လန့်နိုးတော့ဒါဘဲ သိလား……ဘာဖြစ်လို့လဲဆိုတော့ ငါးမျှားဖောင်က တစ်ညလုံး မြုတ်လိုက်ပေါ်လိုက်ဆိုတော့ ငါးဆွဲပြီ ထင်ပြီး လန့်နိုးတော့ဒါပဲ။ အမေက…..“ဟေ့သမီးဘာဖြစ်တာလဲ…..ဘာဖြစ်လို့အော်အော်နေဒါလဲ”. လို့မေးတော့…..အိပ်ချင်မူးတူးနဲ့ “အမေ ငါးဆွဲလို့ပါ…..” ဆိုပြီးယောင်ပြီးပြောမိတော့……အမေက “ဘာငါးလဲ……ဘာငါးဆွဲတာလဲ….ရော့ဒီမှာငါး…..” ဆိုပြီးတင်ပါးမှာ လာထုတော့ဒါမှပဲ အိပ်မက်ကနေ လန့်နိုးတော့တယ်……ဟီး…..ဟီး။ ကဲ…….ဒီနေ့တော ဒီလောက်ပဲ ပြောပြတော့မယ်နော်…..လက်တွေလည်းညောင်းလာပြီ၊ ဗိုက်ကလည်းအော်နေပြီ။ စာလုံးပေါင်းမှားရင် ပြင်ပေးကြပါနော်။
အားလုံးကိုခင်မင်လေးစားလျှက်
ဂျာမုန်းဒန်

3 comments:

မိုးကောင်းသူ said...

ဂျာမုန်းဒန် ဘာဖြစ်လို့အော်နေဒါလဲ ဆိုတာ ခုမှသိတယ်။ ငါးဆွဲလို့ပါ…...........ငါးဆွဲလို့ပါ
:D

Anonymous said...

professional ငါးမြှားသမားပါလား ....
အကုန်အစုံကို သိနေတော့တာ ...
ဘယ်ငါးကို ဘယ်လိုမျှားရမလဲဆိုတာလည်း ကောင်းကောင်းသိတယ် ..
ငါးတွေရဲ့ အကျင့်စရိုက်ကိုလည်း ကောင်းကောင်းနားလည်တယ် ...
ငါးမျှားသွားရင် မကြီးဂျာကို လာခေါ်မယ် ... နော့် ...
ငါးမျှားတဲ့ အချိန်တော့ ယောင်ပြီးမအော်တတ်ဘူးမလား .. တော်ကြာ
" ငါးဆွဲလို့ လို့ " ယောင်ပြီးအော်လိုက်သံ ကြားရင် ငါးထွက်ပြေးသွားမှာ စိုးလို့ :D
ရှုး တိုးတိုး ..
ဟိုမှာ ငါးပြေမ တစ်ကောင်လာနေပြီ .. :D
နေဒေးသစ်။

လင်းထက် said...

ဝါသနာတူသဗျ ကျွန်တော်လဲ ငယ်ငယ်က ငါးမျှားတာ အရမ်းဝါသနာပါတာ အဖေအရိုက်ခံရပေါင်းလဲ မနည်းဘူး ဟီး