ဒါ..ဂျာမုန်းလုပ်စားတဲ့..ကိုးရီးယားမုန့်လုံးပေါင်းပါ။စားသွားနော်။စားဖြစ်အောင်စားသွားနော်။
အခုသလောဂျာမုန်း..မုန့်အမျိုးစုံလုပ်စားရတာ...၀ါသနာပါနေတယ်။. ...အခုလဲ...ကိုးရီးယားတွေလုပ်စားတဲ့မုန့်လေး လုပ်ထားတယ်။.
လုပ်နည်းပြောပြမယ်နော်။
ဆန်အမှုန့်ထုပ်ကိုအာရှဆိုင်မှာဝယ်လို့ရတယ်။အဲဒီဆန်အမှုန့်ကို..မိမိကြိုက်သလောက်ပန်းကန်လုံး ထဲလောင်းထည့်နော်။နောက်ဆားအနည်းငယ်နဲ့ရေအနည်းငယ်ထည့်ပြီးညက်အောင်ရောပေးပါ။ မပျော့စေနဲ့နော်။ကိုင်သွယ်လို့ရအောင်မာမာလေးဖြစ်ပြီဆိုရင်မချောက်သွားအောင်ပလတ်စတိတ်နဲ့ အုပ်ထားမယ်။ပြီးရင်...ကိုယ်ကြိုက်နှစ်သက်တဲ့ပဲကိုရွေးပါ။အစာသွတ်ဖို့အတွက်ပါ။..ဂျာမုန်းကတော့ ပဲအနီတောင့်ပြုတ်ထားပြီးသားဗူးကိုဝယ်လိုက်တယ်။အဲဒီပဲအနီတောင့်တွေကိုညက်အောင်ချေပေးပါ။ ပြီးရင်..ဆား၊သကြားကိုထည့်ပြီးမွေပေးပါ။...သကြားကိုချိုချိုလေးဖြစ်အောင်ထည့်ပေးနော်။ ...အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင်..အုပ်ထားတဲ့မုန့်နှစ်ကိုယူပြီးအလုံးလေးပြုလုပ်ပါ။ပြီးတော့ပြားပြား လေးထပ်လုပ်မယ်။..ပြီးရင်အလယ်မှာအသင့်ရောထားတဲ့ပဲတွေကိုအနည်းငယ်ထည့်မယ်။ ပြီးရင်ပြန်အုပ်လိုက်မယ်။အုပ်ပြီးတော့..ပုံစံအချွန်လေးဖြစ်အောင်မိမိကြိုက်နှစ်သက်သလိုပြုလုပ်ပါ။... ပုံစံလေးတွေလုံးပြီးပြီဆိုရင်..အိုးကိုရေဆူအောင်လုပ်ပြီး...စကာလေးပေါ်မုန့်လုံးများတင်ပြီး ပေါင်းလို့ရပါပြီ။ကဲ..ဒါဘာပဲ..လုပ်စားကြည့်နော်။
ဒါကတော့...ငှက်ပျောသီးဆနွင်းမကင်းပါ။..အရမ်းကောင်းတယ်။စားသွားနော်။အထဲမှာစတော်ပယ်ရီ ယိုအနည်းငယ်ထည့်ထားတယ်။ဟိုတခါတော့အားလူးဆနွင်းမကင်းလုပ်ပြီးပြီ။
ပြုလုပ်နည်းကအတူတူပဲနော်..ညီမလေးဆောင်းရေ။ဒီနည်းအတိုင်းပဲ။
ငှက်ပျောသီးအလုံးကြီးနှစ်လုံးလောက်ကိုအခွံနွာပြီးကြိတ်စက်နဲ့ကြိတ်လိုက်တယ်။ကြက်ဥငါးလုံး လောက်ကိုပန်းကန်ထဲထည့်ပြီးနာနာခေါက်တယ်။ထောပတ်ကိုဇွန်းကြီးငါးဇွန်းလောက်ထည့်မယ်။ ထောပတ်များရင်ပိုမွေးပြီးစားလို့တော့ကောင်းတယ်။ပြီးရင်သကြားကိုချိုချိုလေးဖြစ်အောင်ထည့်မယ်။ ဆားအနည်းငယ်နဲ့မုန့်ဖုတ်ဆော်ဒါအနည်းငယ်ထည့်မယ်။ဂျုံမှုန့်အနည်းငယ်ပါထည့်မယ်နော်။ ပြီးရင်မုန့်ဖုတ်တဲ့အခါထည့်တဲ့ဆီမွေးတစ်ဇွန်းလောက်ထည့်မယ်။မရှိရင်လဲရှိတာနဲ့အဆင်ပြေသလို ပြုလုပ်လို့ရပါတယ်။အားလုံးရောမွှေ ပြီးပြီဆိုရင်..ငှက်ပျောသီးကြိတ်ထားတဲ့အထဲလောင်းထည့်ပြီး သမအောင်မွေပေးပါ။ဂျာမုန်းကအသီးယိုပါထည့်မွေထားတယ်။ကြိုက်ရင်ထည့်နော်။
အရသာလေးမြည်းကြည့်ပြီးကောင်းပြီဆိုရင်မုန့်ဖုတ်တဲ့အပြားထဲလောင်းထည့်လို့ရပါပြီ။ လောင်းထည့်ပြီးအပေါ်မှာနမ်းကိုတလွှာ၊အုန်းသီးချစ်ကိုနောက်တလွှာဖြူးပေးပါ။
ပြီးရင်..Ovenအထဲကသံပြားပေါ်တင်ပြီး...မီးအပူချိန်၂၀၀လောက်ထားပြီးအထက်အောက်ချိန်ပေးပါ။ မိနစ်၂၅သို့၃၀လောက်ကြာပြီဆိုရင်အနှံ့လေးကမွေးလာပါလိမ့်မယ်။ပြီးရင်Ovenထဲကထုတ်ပြီး ရေခဲသေတ္တာတွင်ထည့်၊လှီးပြီးစားသုံးနိုင်ပါပြီးရှင်။...ကဲဒါပါပဲ။
ဥပမာအားလူးဆနွင်းမကင်းဆိုရင်လည်းဒီတိုင်းပါပဲနော်။အားလူးကိုပြုတ်ပြီးအခွံနွာပြီးနုးနေအောင် ကြိတ်ပေးရမယ်။ကျန်တာကအားလုံးအတူတူပဲ။....ကဲ..လုပ်စားနော်။ပြီးရင်အကြောင်းကြားပါအုံး။
ဒါကတော့...အသီးကိတ်ပါ။..ဆိုင်မှာဝယ်စားတာပါ။.စားသွားအုံးနော်။
ဒါကတော့...Espresso ကော်ဖီပါ။ဂျာမုန်းကကော်ဖီဆိုအရမ်းကြိုက်လေ။
ကော်ဖီသောက်တိုင်းမိတ်ဆွေကိုသတိရနေမယ်နော်။
ဂျာမုန်းတော့အဲလိုဖြစ်အောင်မလုပ်တတ်သေးဘူး။အခုတော့ဆိုင်က၀ယ်သောက်တာပါ။
နောက်လုပ်ကြည့်အုံးမယ်။ပြီးရင်တိုက်မယ်နော်။
အားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေလို့ဆုမွန်ကောင်းတောင်းရင်း
ဂျာမုန်းဒန်
ကော်ဖီသောက်တိုင်းမိတ်ဆွေကိုသတိရနေမယ်နော်။
ဂျာမုန်းတော့အဲလိုဖြစ်အောင်မလုပ်တတ်သေးဘူး။အခုတော့ဆိုင်က၀ယ်သောက်တာပါ။
နောက်လုပ်ကြည့်အုံးမယ်။ပြီးရင်တိုက်မယ်နော်။
အားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေလို့ဆုမွန်ကောင်းတောင်းရင်း
ဂျာမုန်းဒန်
Type rest of post here
10 comments:
coffe ka lion photo lay phaw htar te naw....:)
ဂွတ် တစ်ယောက်ပဲ စားရသေးတယ် ဟားဟား
ကိုးရီးယား စတိုင်လေး လည်း ကောင်းတယ် ဆနွင်းမကင်းကတော့ ကော်ဖီသောက်ပြီးမှ စားပါတယ် ကော်ဖီကတော့ အကြိုက်ဆုံးမို့  အကုန်သောက်ပါတယ် အစ်မဂျာမုန်းကိုတော့ ကျေးဇူးတွေ တင်မဆုံးပါ။ စေတနာ ပရပွနဲ့  မို့  လိုတိုင်းတ ရနိုင်ပါစေ အစ်မဂျာမုန်းရေ
အေးမြသာယာပါစေ
ရန်ကုန် :D
ရှောင်းဂျားရေ...
လာစားတယ်ဟေ့
လုတ်နည်းမှတ်သွားတယ်သိလား
နေကောင်းတယ်ဟုတ်
ချစ်တဲ့
မြူးလေး
မရေးးးးးးးးးးးဆနွင်းမကင်းကစားချင်စရာလေးးးးး
ဟွန်းးးးကြည့်ရင်း ဗိုက်တောင်စာလာပြီဗျို့ 
ချစ်ခင်တဲ့
ယွန်းလေး
ဟဟဟားးးးးး သားကြီးထက် အရင်ရောက်ပါ၏။
သမီးကြီး အရင်ရောက်ပါ၏။
အကုန်တွယ်ပါမည်။
အယ်... ရကောက် တယ်သွက်သကိုးးးးးးးး
ခုတော့ ကိုသားကြီးရန်ထက် ဒီရန်ကုန်သားရန်က ပိုကြောက်ဖို့ ကောင်းနေပြီလားမသိ ဘူး။ စစ်ကူခေါ်ရမယ်။
ကိုသားကြီးရေ.. သမီးကြီးတို့  ဂွင်ကို ဒီရန်ကုန်သား လာလာလုတယ်ဟ။။။ မြန်မြန်လာ ၀ိုင်းသမစို့ ။ ဟဟားးး
မမမေမေရေ...သမီး မုန့်တွေ အကုန်မစားဘူးနော်။ ထမင်းစားပြီးလို့ အကုန်မစားနိုင်ဘူး။ တ၀က်ကို ကိုသားကြီးဖို့ ချန်ပေးလိုက်တယ်။ ( မကုန်လို့ ။ ဟိဟိ ) ကိုးရီးယား မုန့်လုံးကိုတော့ ကိုးရီးယားဝက်လေး အတွက် ချန်ပေးပါတယ်။ ဟဟားးး
မဂျာရေ ကိတ်တွေကတော့ နိုင်ငံခြားကဆိုတော့ သိပ်မငမ်းတော့ဘူး မြန်မာဖြစ် ဆနွင်းမကင်းလေးနဲ့ ကိုရီးယား မုန်ပေါင်းလေးတွေကို အငမ်းမရ လာစားသွားပါတယ်ဗျာ
မုန့်လုံးရော..ဌက်ပျောသီးဆနွင်းမကင်းရော..
ကော်ဖီကအရုပ်လေးကချစ်စရာလေး.. ခရင်မ် နဲ့ ပုံဆွဲထားတာနော်.. လှလိုက်တာ..
မသောက်ဘဲထိုင်ကြည့်နေတော့မယ်..း)
ဟုတ်ပြီသမီးကြီးရေးး
ကိုရန်ကုန်သားကို ဘောက်ဆင်ပညာပြရတော့မယ်
ဟဲဟဲ....
လာလေရော့ :P
ကိုးရီးယားကားကိုတခါမှမကြည့်ပေမယ့်
ကိုးရီးယားမုန့်လုံးပေါင်းကိုတော့ကြည့်သွား....အဲ...စားသွားတယ်
ဆနွင်းမကင်းကကျနော့အကြိုက်ဆိုတော့
အကုန်တွယ်ပြန်ပါတယ် (ပြောသာ ပြောရတာ
သမီးကြီးစောရောက်နေတော့ ပြောအားမရှိလှဘူး :P)
ဆိုင်မှာဝယ်စားတဲ့အသီးကိတ်ကိုတော့ အစ်မကိုအားနာလို့လျှော့စားလိုက်တယ်
ကော်ဖီက ခြင်္သေ့ခေါင်းပုံစံမျိုးလုပ်ထားတယ်နော်
ဒါဆိုရင်တော့ ကော်ဖီသောက်ပြီးလွမ်းရတော့မယ်
ခြင်္သေ့ကိုတော့မဟုတ်ဘူး
လွမ်းစရာကောင်းတဲ့တစ်ယောက်ယောက်ကိုပေါ့ ဟဲဟဲ
သားသားလေးရော ဒီရက်တွေဘယ်ပျောက်နေလဲ
ဦးဦးသတိရတယ်ပြောပေးဦးဗျ နော်
ပျော်ရွှင်ပါစေ ။
ဟဲဟဲ ဘယ်ရမလဲ ရန်ကုန်တို့ က ဒါမျိုးဆိုသွက်သလာမမေးနဲ့  :D
အချိုပွဲတော့ သိပ်မလုပ်တတ်ဘူး။ နည်းမှတ်သွားတယ်နော့်။
Post a Comment