***ချစ်ဇနီးလေးပြင်ဆင်ပေးသောခင်ပွန်း၏မွေးနေ့ပွဲလေး ***
ချစ်တဲ့သူငယ်ချင်းများရှင်...ယခုပြသထားတဲ့အရာတွေအားလုံးဟာ..ပြီးခဲတဲ့..စနေ၊တနင်္ဂနွေနေ့မှာ.. ကျင်းပပြုလုပ်ခဲ့တဲ့..ဂျာမုန်းချစ်ချစ်ကြီးရဲ့...မွေးနေ့ပွဲလေးပဲဖြစ်ပါတယ်ရှင်။ခင်ပွန်းကို..ချစ်ချစ်ကြီးလို့ တင်စားခေါ်ဝေါ်ခြင်းဟာ...အကြောင်းရှိလို့ပါ။...ဂျာမုန်းမှာချစ်ချစ်လေးဆိုတဲ့..အသက်မကချစ်ရတဲ့ သားလေးလည်းရှိနေလို့ပါရှင်။....ချစ်ချစ်ကြီးနဲ့ချစ်ချစ်လေးဟာမတူဘူးလေ။.....ချစ်ချစ်လေးမှာ.. အသက်မကချစ်ရမဲ့သားလေး...ဆိုပြီးနောက်ဆက်တွဲစာသားပါလာသော်ညားလည်း....ချစ်ချစ်ကြီးကို ချစ်တဲ့.. ချစ်ခြင်းမေတ္တာ..ကလည်း...တိုးတထက်တိုးလာပါပေတယ်။
ဒါကြောင့်...ဂျာမုန်းမမောနိုင်တော့ပါ....အချစ်သည်အရာရာကိုဖုံးလွမ်းနိုင်သလို....အမောကိုလည်း.. ပြေစေပေးနိုင်တဲ့စွမ်းအားရှင်ကြီး..တစ်ခုပါရှင်။..အိမ်ထောင်ရှင်မတစ်ယောက်ရဲ့..တာဝန်ဝတ္တရားတွေ ကို..ထမ်းဆောင်ပြုလုပ်ရခြင်းမှာလည်း...အင်မတန်ကြည်နုးစရာကောင်းတဲ့...အရာတစ်ခုလို့ဂျာမုန်း ထင်မိပါတယ်။.....
ဘ၀မှာ..အရာရာအားလုံးကို..အကောင်းမြင်ဝါဒနဲ့ကြည့်နိုင်သလို.....သာမှန်အရာကိုလည်း... ထူးခြားအောင်မြင်တတ်ဖို့လိုအပ်ပါတယ်။.ဒါကြောင့်..ဂျာမုန်းချစ်တဲ့...ခင်ပွန်းအတွက်ဆိုရင်လည်း. ..ထူးခြားလေးနက်စေလိုတဲ့ဆန္ဒအပြည့်နဲ့.....ဒီမွေးနေ့ပွဲလေးကို..ဖန်တီးပေးနိုင်ခဲ့ပါတယ်။
ကဲ...ဂျာမုန်းချစ်တဲ့...ဘလောမောင်နှမများနဲ့၊သူငယ်ချင်းများအားလုံးကိုလည်း...မွေနေ့အစားအစာ. များကိုသုံးဆောင်ဖို့...လှိုက်လှိုက်လဲလဲကြိုဆိုလိုက်ပါတယ်ရှင်။.ခါတိုင်းထက်ပိုစားရမယ်နော်။

ဒါလေးတွေဟာ...ဟင်းတွေကိုပန်းအလှဆင်နိုင်ဖို့အတွက်.....ညကတည်းက..ဂျာမုန်း. .ပြုလုပ်ထားတာပါ။
ဒါကြောင့်...ဂျာမုန်းမမောနိုင်တော့ပါ....အချစ်သည်အရာရာကိုဖုံးလွမ်းနိုင်သလို....အမောကိုလည်း.. ပြေစေပေးနိုင်တဲ့စွမ်းအားရှင်ကြီး..တစ်ခုပါရှင်။..အိမ်ထောင်ရှင်မတစ်ယောက်ရဲ့..တာဝန်ဝတ္တရားတွေ ကို..ထမ်းဆောင်ပြုလုပ်ရခြင်းမှာလည်း...အင်မတန်ကြည်နုးစရာကောင်းတဲ့...အရာတစ်ခုလို့ဂျာမုန်း ထင်မိပါတယ်။.....
ဘ၀မှာ..အရာရာအားလုံးကို..အကောင်းမြင်ဝါဒနဲ့ကြည့်နိုင်သလို.....သာမှန်အရာကိုလည်း... ထူးခြားအောင်မြင်တတ်ဖို့လိုအပ်ပါတယ်။.ဒါကြောင့်..ဂျာမုန်းချစ်တဲ့...ခင်ပွန်းအတွက်ဆိုရင်လည်း. ..ထူးခြားလေးနက်စေလိုတဲ့ဆန္ဒအပြည့်နဲ့.....ဒီမွေးနေ့ပွဲလေးကို..ဖန်တီးပေးနိုင်ခဲ့ပါတယ်။
ကဲ...ဂျာမုန်းချစ်တဲ့...ဘလောမောင်နှမများနဲ့၊သူငယ်ချင်းများအားလုံးကိုလည်း...မွေနေ့အစားအစာ. များကိုသုံးဆောင်ဖို့...လှိုက်လှိုက်လဲလဲကြိုဆိုလိုက်ပါတယ်ရှင်။.ခါတိုင်းထက်ပိုစားရမယ်နော်။
******************************************
ဒါကစနေနေ့ကအစားအစာတွေနော်။ကြက်သဲ၊ကြက်မြစ်၊ကြက်ပေါင်၊ကြက်တောင်ပံ၊၀က်သား၊၀က်သဲ၊ကြက်ဆီဖူး၊ပဲပြားကင်၊
မှိုကင်၊သံလွင်သီးနဲ့ ၀က်နှားရွက်တွေပါပါတယ်။
...ရှက်နေရင်တော့ငတ်မယ်။
********************************************
ဒါက..တနင်္ဂနွေနေ့အတွက်အစားအစာပါ။
ဒါကတော့...စပါယ်ရှယ်..ဂဏန်းချက်ပါရှင်။....ဒီဟင်းကိုသူငယ်ချင်းတွေ..အကြိုက်ဆုံးပေါ့ရှင်.. .ဂျာမုန်းလည်းအရမ်းကြိုက်တယ်လေ။.....ဈေးကလည်းမနည်းဘူး...ယူရို...၁၀..ပေးဝယ်ခဲ့ရတယ်။. .မမမိုးကောင်းသူနဲ့ညီမလေးမိုးမိုးတို့ဆီက..ချက်နည်းကိုယူပြီးချက်ထားတာပါ။.
.ဟဲ..ဟဲ..အရမ်းကောင်းတယ်လို့ပြောကြတယ်။
ဒါက..တနင်္ဂနွေနေ့အတွက်အစားအစာပါ။
.ဟဲ..ဟဲ..အရမ်းကောင်းတယ်လို့ပြောကြတယ်။
..ထမင်းဝိုင်းကိုမိန်စေတဲ့ဟင်းကောင်းပါရှင်။
***********************************************
အစားအသောက်ကတော့....ဒီလောက်ပါပဲ။နောက်ထပ်ကြွားဖို့က...လက်ဆောင်တွေပါ။

ကျမပေးတဲ့လက်ဆောင်က....တီရှပ်အနီရောင်လေးပါ။ဒါက..မြင်ရတဲ့လက်ဆောင်ပေါ့။
မမြင်နိုင်တဲ့လက်ဆောင်တစ်ခုက..တန်းဖိုးမဖြတ်နိုင်တဲ့...အချစ်ဆိုတဲ့အရာကို... .တစ်ဘ၀လုံးစာအတွက်.. အပြီးပေးခဲ့ပြီးပါပြီ။
မွေးနေ့လက်ဆောင်ထဲမှာ....သားလေးအတွက်က...ချေအိပ်လေး၊ကျမအတွက်က... ကြိတ်စက်နဲ့ဟော့ပေါ့အိုးလေး ပါတော့...၀မ်းသားလိုက်တာရှင်။

DVDနဲ့တွဲကြည့်လို့ရတော့...သိပ်အဆင်ပြေ.. သွားတာပေါ့။..
ကဲ....ချစ်ချစ်ကြီးရဲ့မွေးနေ့ပွဲလေး....ကိုလာရောက်ချီးမြင့်ပေးကြတဲ့...သူငယ်ချင်းများအားလုံးကို. ..အထူးပဲကျေးဇူး တင်ရှိကြောင်း...ကြေညာရင်း... နိဂုံးချုပ်လိုက်ပါတယ်ရှင်။
အားလုံးအပေါ်ဘုရားရှင်ကောင်းကြီးပေးပါစေ
ဂျာမုန်းဒန်
Type rest of post here