Wednesday, September 23, 2009

ကြက်ရင်အုပ်သားအချိုကြော်နှင့်အသုပ်များ


ဒါက...ကြက်ရင်အုပ်သားအချိုကြော်ပါရှင်။
ကြော်နည်းလေးပြောပြမယ်နော်။
ကြက်ရင်အုပ်သားကိုပါးပါးလှီးပြီးကော်မှုန့်၊ဆား၊အချိုမှုန့်နဲ့နယ်ထား။.....ပြီးတော့ကြက်သွန်နီကို လေးစိတ်စိတ်ပြီးထက်ခြမ်းပြန်လှီးထား....ဂျင်းကိုပါးပါးလှီးပြီးအချောင်းလေးဖြစ်အောင်ပြန်လှီး ထား။..ကြက်သွန်ဖြူကိုလည်းပါးပါးလှီးထားတယ်။..အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင်..ဒယ်အိုးတွင် ဆီထည့်..ပူလာရင်..ငရုတ်သီးအချောက်တောင့်ကိုအရင်..ထည့်မယ်။..အမဲရောင်လေးတန်းလာပြီ ဆိုရင်ကြက်သားနယ်ထားတာကိုထည့်နော်...ကြက်သားအရောင်နီလာပြီးကျက်ပြီဆိုရင်..လှီးထား တဲ့အဆာပလာတွေထည့်နော်..။ပြီးရင်..ခရုဆီ၊ငံပြာရည်အနောက်၊ကြာညို့အနည်းငယ်ဆီထည့်ပြီး မွေပေးပါ...။ဆား၊အချိုမှုန့်ကိုလိုသလောက်ထည့်ပြီး...ကြက်ပြုရည်အနည်းငယ်ထည့်ပြီးမွေပေးပါ။ နောက်ဆုံးမှာ..ငရုတ်ကောင်းလေးဖြူး၊ကြက်သွန်မိတ်လေးထည့်ပြီး..ပန်းကန်းထဲလှလှလေးထည့် ပြီး..ရှယ်သုံးဆောင်နိုင်ပါပြီရှင်။



ဟော်ဒါလေးက..မုန့်ဟင်းခါးအဖတ်ကို..သုပ်ထားတာပါရှင်။
ကြက်ဥကိုပြုတ်ပြီးလှီးထည့်၊..ကြက်သွန်ဖြူဆီသပ်၊မကျီးမှည့်အချဉ်လေးထည့်၊နမ်းဆီမွေး အနည်းငယ်၊ဆား၊အချိုမှုန့်လေးနဲ့ငရုပ်သီးမှုန့်တွေထည့်ပြီးသုပ်ထားတာပါ။
..သုပ်စားကြည့်နော်။
..သန့်သန့်လေးနဲ့စားကောင်းလို့ပြောပြတာပါရှင်။

ဒါလေးက...ကြက်ဥထမင်းကြော်ပါ။..သခွားသီးလေးပါ...ဖဲ့စားသွားနော်။အဆင်သင့်ပဲစားသွားနော်။

ဒါလေးက...ခေါက်ဆွဲသုပ်ပါရှင်။အမြင်မလှပေမယ့်..အရသာတော့ရှယ်ပဲနော်။
ဂျာမန်မှာရောင်းတဲ့..စပါကတီခေါက်ဆွဲအ၀ါကိုပြုတ်ပြီးသုပ်ထားတာပါ။..ဒီထဲမှာ..ကြက်ဥကို
၎လုံးထည့်သုပ်ထားတော့...ပဲမှုန့်အကျက်ထည့်သလိုပဲ...အရမ်းကိုစားလို့ကောင်းတယ်။
မြန်မာပြည်က..အရသာအတိုင်းပဲ။


ဒါက..ကြက်စွပ်ဟင်းချိုပါ။..သီးစုံလေးတွေထည့်ချက်ထားတယ်...အားရှိအောင်သောက်သွားနော်။

ဒါက...၀က်သားဗူးဆီသပ်ချက်ပါ။.......ကြက်သွန်နီ၊ဖြူ၊ဂျင်းကိုထောင်းပြီး၊ခရမ်းချဉ်သီးနဲ့ဆီသပ်ပြီး ချက်ထားတာပါ။ကောင်းတယ်စားကြည့် နော်။

ဒါကတော့...မ၀သေးသူအတွက်တီးတန့်နော်။....စားချင်စရာလေးလုပ်ထားတာပါ။.
..ထိုင်စားလိုက်ရုံပဲ။....အစားကြီးသူများအတွက်အထူးစပါယ်ရှယ်ပြင်ဆင်ထားတာပါ။

ကဲ...အားလုံးပဲကျေနပ်နိုင်ပါစေရှင်။
.ညီမလေးဆောင်းရေ...ချက်နည်းကိုတော့အနည်းငယ်ဆီရေး ထားပေးတယ်။. .နားမလည်ရင်..ပြန်မေးလို့ရပါတယ်.. .အားမနာပါနဲ့ရှင်။..
အားလုံးကိုအစဉ်ချစ်ခင်လေးစားလျှက်
ဂျာမုန်းဒန်

Type rest of post here

14 comments:

ဇော် said...

ဟာ ...
ပွပေါက်ကို အချီကြီးတိုးတာ .. ဟီးး ..
မစားရတာကြာပြီဖြစ်တဲ့ လက်ရာတွေကို တစ်ထိုင်တည်း အကုန် ပေါင်းစားသွားတယ် .. နောက် ချက်ဖို့ပြုတ်ဖို့ပါ လုပ်နေပြီဗျိုးးး ... ခိခိ ..

Unknown said...

nice!!!!!!!!!!

Anonymous said...

ရှောင်းဂျာလေးးးးးးးးးးးးးးးးးး
စားမယ် မုန့် တီသုပ်နဲ့ စွပ်လေးပို့ ပေးနော်

moemoestar said...

မုန့် တီသုပ်လေးစားလိုက် soupလေးသောက်လိုက်
ရှယ်ဘဲ...

စန္ဒကူး said...

မမဂျာမုန်းရေ.. မနေ့ညကစဉ်းစားနေတာ..
ပဲပြုပ်တာ တူးသွားလို့ ထမင်းလဲမစားချင်တော့ဘူး.
ခေါက်ဆွဲသုပ်လေးစားချင်စိတ်ပေါက်နေတာ...
မလုပ်ဖြစ်ပါဘူး..အိပ်ပျော်သွားလို့..
ဒီမနက် အသုပ်တွေတွေ့တော့ ပျော်သွားတယ်..
အဖော်ရပီ..ကူးစ် လဲ နေ့လည်သုပ်စားရမယ်..

An Asian Tour Operator said...

ကြက်အချိုကြော်နည်းယူသွားပါတယ်။ မုန့် တီကိုအချဉ် မထည့် ဘဲ သုပ်ပေးပါ။

rose of sharon said...

အစားတွေ လာငေးသွားပါတယ်

လုလု said...

ဂျာမုန်းရေ
မရောက်တာကြာလို့ အလည်လာသွားတယ်နော်။
သားသားလေးပုံတွေလည်း အများကြီး ကြည့်သွားတယ်။
ဂျာမုန်းချက်ထားတဲ့ဟင်းတွေလည်း တ၀ကြီး စားသွားတယ်နော်။
ဂျာမုန်းက အရမ်းကို ဟင်းချက်ကောင်းတာပဲ။
ဂျာမုန်းတို့မိသားစုအားလုံး ကျန်းမာပျော်ရွှင်ပါစေနော်။
ချစ်တဲ့
လုလု

နိုင်နိုင် said...

ကြက်စွပ်နဲ့ခေါက်ဆွဲသုပ်
အဟုတ်ကိုတီးတယ်ဗျ
ကြက်ရင်အုံချိုတိုတို
မုန့်တီကိုအချဉ်သုပ်
မန်းကြော်နဲ့အစုံအုပ်လိုက်တာ ထနိုင်တော့ဘူး

တဝတပြဲအားမနာလျှာမကျိုး
ရှေ့နောက်မကြည့်မဆင်မချင်
ရှက်ရမှာဂရုမစိုက် ငတ်လိုက်တဲ့ငါ
ကျေးဂျူးပါမမဂျာရေ........အေ့
လေချဉ်ပါတတ်တယ်ငနိုင်တို့ငတ်ပုံများ

Angel Shaper said...

အားးးးးးးးပါးးးးးးးးးးးပါးးးးးးးးးးးးးးးးး
စားချင်စဖွယ်လေးတွေ အကုန်လာစားတယ်။
ရန်ဖြစ်လုစားရမဲ့သူမရှိတော့ အကုန်စားရတယ်။ ဟိဟိ
ပျော်လိုက်တာ။
မောင်လေးနေကောင်းလားဟင်။
မမနဲ့ တူတူစားမယ်နော်။
ရန်ကုန်သားမလာခင် အကုန်စားကြမယ်ဟေ့။

Unknown said...

မမဂျာမုန်း
အသုတ်စုံဆိုရင် အကုန်ကြိုက်တယ်
ငရုတ်သီးစပ်စပ်လေးနော် နှင်းအတွက် ပို့ပေး
ဟီးးးးးး)
နှင်းဟေမာ

Unknown said...

မမဂျာမုန်း
အသုတ်စုံဆိုရင် အကုန်ကြိုက်တယ်
ငရုတ်သီးစပ်စပ်လေးနော် နှင်းအတွက် ပို့ပေး
ဟီးးးးးး)
နှင်းဟေမာ

Unknown said...

မမဂျာမုန်း
အသုတ်စုံဆိုရင် အကုန်ကြိုက်တယ်
ငရုတ်သီးစပ်စပ်လေးနော် နှင်းအတွက် ပို့ပေး
ဟီးးးးးး)
နှင်းဟေမာ

Kiki (ခိခိ) said...

မမ ဟင်းတွေကစားကောင်းတဲ့အပြင် လှလဲလှတယ်။
ပန်းပွင့်လေးတွေဖော်တာ တော်တော်လက်ဝင်မယ်နော်။
စေတနာတွေအတွက် ကျေးဇူးပါ။ ပျော်ရွှင်ပါစေ။ :)