Wednesday, September 2, 2009

သားလေးရဲ့တိုးတက်မှု(၈)လပြည့်



မေမေ့ချစ်သားလေး...အခုဆို(၈)လပြည့်ပြီလေ။ ....သားလေးရေ...မေမေချစ်လိုက်တာ...ပါးစပ်မှာငုံထားမတတ်ပါသားလေးရေ။ သားလေးဟာ...မေမေ့ရဲ့အသက်၊မေမေ့အသဲ၊မေမေ့ဘ၀ပါသားလေးရေ။...
**မေမေရဲ့စိုးရိမ်မှု**
ဗိုက်ဆာနေလားသားလေးရေ....မေမေနို့တိုက်ပါ့မယ်။
အိပ်ချင်နေလားသားလေးရေ....မေမေချော့သိပ်ပါ့မယ်။
ကစားချင်နေလားသားလေးရေ....မေမေသားနဲ့ကစားပေးပါ့မယ်။
ဖျားနေလားသားလေးရေ....မေမေဆေးတိုက်ပါ့မယ်။
ဂျီကျချင်နေလားသားလေးရေ....မေမေသားလေးရဲ့ဆန္ဒကိုလိုက်လျောပါ့မယ်။

ပုံပြင်နားထောင်ချင်လားသားလေးရေ....မေမေပုံပြောပြပါ့မယ်။
သားလေးအတွက်မေမေဟာ....အနိုင်းမဲ့ဖြစ်စေရမယ်..သားလေးရေ။
ဒါဟာ..လောကမှာရှိတဲ့..မိခင်တိုင်းရဲ့မေတ္တာပါ..သားလေးရေ။


**သားလေးကြီးလာရင်မေမေ့ရဲ့မျော်မှန်းချက်**
သားလေးကြီးလာရင်...လိမ္မာရေးခြားရှိတဲ့သားဖြစ်စေချင်၊
သားလေးကြီးလာရင်...ပညာတတ်ကြီးဖြစ်စေချင်၊
သားလေးကြီးလာရင်....ဆရာဝန်ကြီးဖြစ်စေချင်၊
သားလေးကြီးလာရင်...မိဘ၊ဆရာသမားကိုရိုသေလေးစားမူရှိစေချင်။
သားလေးကြီးလာရင်....ဘုရားသခင်ကိုချစ်မြတ်နိုးတဲ့သားဖြစ်စေချင်။
သားလေးကြီးလာရင်...အမျိုးဂုဏ်ကိုစောင့်ထိမ်းတတ်တဲ့သားဖြစ်စေချင်။
သားလေးကြီးလာရင်...မိဘမဲ့သားသမီးများနှင့်ဆင်းရဲ့ချို့တဲ့တဲ့သူများကို..ကူညီစေချင်။
သားလေးကြီးလာရင်...နိုင်ငံကျော်၊ကမ္တာကျော်မဲ့သားလေးဖြစ်စေချင်။
သားရေ...မေမေ့ဆန္ဒတွေဟာများလိုက်တာနော်.....။.. သားလေးမေမေ့ကိုချစ်ရင်...မေမေ့ဆန္ဒတွေပြည့်အောင်ကြိုးစားနော်..သားလေး။

**သားလေးရဲ့လိမ်မာမူ**
သားလေးကအရမ်းကိုလိမ္မာတယ်။..သူအိမ်ချင်လာရင်.သူ့လက်နဲ့မျက်စိကိုပွတ်တိုက်တတ်တယ်။
သူအိပ်ချင်ပြီဆိုရင်ခဏလေချီလိုက်တာနဲ့အိပ်သွားပြီလေ။အိပ်ပြီဆိုတာနဲ့..သိပ်လိုက်တယ်။
မနက်(၇)နာရီဆိုရင်ပုံမှန်အိပ်ယာထတယ်။အိပ်ယာထရင်မငိုပဲ..သူ့ဟာသူ..လူးလိမ့်ဆော့ ကစားနေတတ်တယ်။...ဘာကြောင့်လဲဆိုတော့..ဖေဖေနဲ့မေမေ..မနိုးသေးဘူးတဲ့လေ။.. .ဒါပေမယ့်နည်းနည်းကြာလို့မထရင်တော့ငိုတော့တာပဲ။..ငိုတာကလည်းဖေဖေမေမေကိုကြည့်ပြီးငိုနေရှာတယ်။..ဘယ်တော့များထပြီးလာချီမှာလဲပေါ့။
သားလေးငိုတော့မှပဲ....ဂျာမုန်းလည်းထရပြီပေါ့။.ဂျာမုန်းထပြီးသူ့ကိုပွေ့ချီလိုက်ရင်. ရယ်ပြနေပြန်တယ်။
မနက်အိပ်ယာထတိုင်းသူနဲ့ဆော့ပေးရတယ်။စကားတွေပြောပေးရတယ်။ . .နောက်တော့မှ..အစာ ကျွေးဖြစ်တယ်။ဒီလိုနဲ့တအိမ်လုံးကို..အိပ်ယာနိုးတော့တာပဲပေါ့။

သားလေးက..အခုဆိုအရမ်းကိုဆော့တတ်နေပြီ။အထူးအဆန်းဆိုရင်မျက်တောင်မခတ်ပဲ ကြည့်တတ်သေးတယ်။...ကစားစရာတွေလည်းအထူးအဆန်းဖြစ်မှကြိုက်တယ်။



သားလေးကအစားတော့ပုတ်မယ်ထင်တယ်။ဒါက..အစာစားပြီးပုံပါ။ဗိုက်ကိုသာကြည့်ပေ တော့လေ။သူ့ဦးဦးသားကြီးနဲ့တော့တူမယ်ထင်တယ်။သူတို့ဦးကြီးနှစ်ယောက်အစားပုတ်တော့ .. သူ့မမဖြူစင်ကြယ်ကတော့ငတ်တော့မှာပဲ။

မိဘတိုင်းဟာ...သားသမီးအပေါ်.မေတ္တာ၊စေတနာ၊ဂရုနာအပြည့်နဲ့ချစ်ကြမှာပဲလေ။
ဂျာမုန်းလည်းသားလေးကိုမွေးတော့မှမိဘမေတ္တာကိုပိုပိုပြီးနားလည်လာခဲ့တယ်။ဒါကြောင့်...ဂျာမုန်း အမေ့ကိုဖုန်းဆက်တိုင်း..အမေ့ကိုကျေးဇူးတင်ကြောင်း၊မေမေ့မေတ္တာဟာအနိုင်းမဲ့ဖြစ်ကြောင်း အမြဲပြောလေ့ရှိတယ်။...ဒါကြောင့်....ချစ်တဲ့ညီအကိုမောင်နှမများအားလုံးလည်း... မိဘကိုပျော်ရွှင်မှုအပြည့်ပေးနိုင်တဲ့သားသမီးကောင်း များဖြစ်ကြပါစေရှင်။
အားလုံးကိုအစဉ်ချစ်ခင်လေးစားလျှက်
ဂျာမုန်းဒန်
သားသား
Type rest of post here

20 comments:

Unknown said...

tu lay yay,
a thet yar kyaw shay par say.
sayar win gyi phit par say.
aung myin mhu dwe a myar gyi ya bar say.
Chit tae
Ti Ti

rose of sharon said...

ဂျာမုန်းသားလေးကရှစ်လတောင်ပြည့်သွားပြီဘဲ... ချစ်ဖို့ကောင်းလိုက်တာ... မျက်နှာလေးကချိုချိုလေးနဲ့....
သားကလေးဘဝတလျှောက်လုံးကျန်းမာချမ်းသာပြီး... ဘုရားရှေ့လူရှေ့မှာ မျက်နှာရတဲ့သားလေးဖြစ်ပါစေလို့ သခင်ယေရှုခရစ်တော်ရဲ့ နာမတော်မြတ်ကို အမှီပြုပြီး ဆုတောင်းပေးလိုက်ပါတယ်...

yangonthar said...

အစ်မဂျာမုန်းရေ
ညီလေးက ချစ်ဖို့ ကောင်းတယ်ဗျာ
ဥပတိရုပ်ကလည်း ထက်မြက်မယ့်ပုံကလေး
အမေဖြစ်တဲ့ အစ်မမပြောနဲ့ ကျွန်တော်တို့ 
တောင် ကြည့်နေရင်း ချီချင်လာပြီ
အစ်မရေ မိခင်မေတ္တာတွေကတော့
နှိုင်းလို့ လည်း မမှီတုလို့ လည်းမရ
ချစ်သော မိခင်တွေနဲ့ သားငယ်တွေ
ကြားက သံယောဇဉ်ကြိုးဟာ အမေ့ မေတ္တာနဲ့ 
တုတ်နှောင်ထားလို့ ဘယ်တော့မှ ပြယ်မှာလည်း
မဟုတ်သလို ဘယ်တော့မှလည်း မေ့နိုင်ကြမှာ
မဟုတ်ပါဘူး အစ်မရေ
မိခင်တွေထဲက အစ်မဂျာမုန်းသားလေးကို
ဒီထက်မက ဆလို့ ထိုးလို့ ချစ်နိုင်ပါစေဗျာ
ခင်တဲ့ 
မောင်ငယ်ရန်ကုန် :D

ပွင့်မြုးဇင် said...

သားလေးက ပိုချောလာတယ်... သွားရောပေါက်ပြီလား.. အိမ်ကသားသားလဲ ၈လရှိပြီ.. ခုထိသွားမပေါက်သေးလို့ စိတ်ပူနေတာ..

Unknown said...

ဘဲလေးက ချစ်စရာလေး..ချစ်ဖို့ကောင်းလိုက်တာ...ယောက္ခမရေ ဘဲကို စိတ်မချတော့ဘူး..ဒိထက်ကြီးလာရင်တော့ ကောင်မလေးတွေ ၀ိုင်းနေတော့မှာပဲ.. :) ယောက္ခမဖြစ်စေချင်တာတွေ ဖြည့်ဆည်းပေးမယ့် သားလေးဖြစ်ပါစေ.. လို့ မွေးနေ့ ဆုတောင်းပေးလိုက်ပါတယ် :)

အနော် said...

မမရေ သားသားလေးက ချစ်စရာလေးပဲ
ရှစ်လသားလေး ဥာဏ်ရည်ထက်မြက်ပီး မိဘကို သိတတ်လိမ္မာတဲ့ သားကောင်းရတနာလေးဖြစ်ပါစေနော်
မျက်နှာက ချိုနေတာပဲနော်
သားလေးက ကြည့်ကတည်းကိုက လိမ္မာမယ့် ကလေးလေးမှန်း သိသာတယ် ချစ်ဖို့လဲကောင်းတယ် :)

သားကြီး said...

သားသားလေးရေ
ဦးဦးတို့ယောင်္ကျားဆိုတာ အရာရာကိုရှေ့ကဦးဆောင်ရတယ်
ဒါကြောင့် စွမ်းအင်များများလိုတယ်
ဒါကြောင့် များများစားပေးရမယ်
သားသားလေးရဲ့ဒေါ်ဒေါ် သမီးကြီးကိုတော့
အငတ်သာထားပလိုက် ဟိဟိ
သားသားလေးရဲ့မျက်နှာက အမြဲတမ်း ကြည်စင်ဝင်းပနေတာပဲ ဓါတ်ပုံထဲမှာပဲမြင်ရတာတောင် ဒီလောက်ချစ်ဖို့ကောင်းနေတာ အပြင်မှာသာဆိုရင် ပြေးပြီးပွေ့ချီမိမှာပဲ
သားသားလေးရေ ဒီလိုမေမေမျိုးသားလေးရလာတာ ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့်ပဲဖြစ်မှာသားလေးမေမေက သားသားကိုချစ်တတ်လိုက်တာ လွန်ပါရောလား
တုနှိုင်းမရတဲ့ မိခင်ရဲ့မေတ္တာကိုအလေးထား နားလည်ပြီး မေမေ့ရဲ့သူရဲကောင်းလေးတစ်ယောက် သားသားဖြစ်ပါစေ အမေမျှော်မှန်းထားသလို ရွှန်းတောက်တဲ့ ကြယ်လေးတစ်ပွင့်အဖြင့် မေမေ့ရဲ့ကောင်းကင် (လောကလူသားတို့ရဲ့ကောင်းကင်)မှာ သားသား ထာဝရထွန်းတောက်ပါစေ ။

သားကြီး said...

ဒီကမ္ဘာကြီးထဲ သားလေးရောက်ရှိနေထိုင်ခြင်းရှစ်လပြည့်တဲ့
အထိမ်းအမှတ်ကို ကောင်းကင်ရော မြေကြီးပါ
လှိုက်လှိုက်လှဲလှဲဂုဏ်ပြုပါတယ်
သားလေး ရှေ့ဆက် ထာဝရ ထွန်းတောက်အောင်မြင်ပါစေ ။

Angel Shaper said...

အောင်မလေးဟဲ့ မောင်သားကြီးရဲ့ ငါ့ကိုများ ဒေါ်ဒေါ်တဲ့။ နာတော့မယ်ဟွန်းးးးးးး ဖဲ့လိုက်တာများ အငတ်ထားပလိုက်တဲ့။ င့ါမောင်လေး နင့်ကြောင့် အစားပုပ်လို့  ငါ့လို ၀က်ပုပ်ကလေးဖြစ်လိမ့်မယ်ဟဲ့။
နေဦး ငါ့မောင်လေးအတွက် ဆုတောင်းပေးပြီးမှ နင့်အိမ်လာပြီး သောင်းကျန်းဦးမယ်။ သမီးကြီးလာ သောင်းကျန်းမည်။ ခနစောင့်။

Angel Shaper said...

မောင်လေးရေ...
ဘုရားသခင် ရဲ့ ဆုလဒ်တစ်ပါးဖြစ်တဲ့ မောင်လေးဟာ ဘုရားသခင်ရှေ့ လူရှေ့မှာ မျက်နှာရပြီး၊ ဖန်ဆင်းတဲ့ ဘုရားအတွက် သာမက မေမေ၊ ဖေဖေ တို့ အတွက်၊ နိုင်ငံနဲ့ လူမျိုးအတွက် အကျိုးပြုတဲ့ သားကောင်းရတနာလေး ဖြစ်ဖို့ ဆုတောင်းပေးလိုက်တယ်နော်။
သားလေး ကျန်းမာပါစေ။ အမြဲတမ်း ရွှင်လန်းပြုံးပျော်နိုင်ပါစေနော်။ အစားလဲ များများစားနိုင်ပါစေ။ ဦးကြီး ကိုသားကြီးလို အစားတော့ပုပ်ပါ အကျင့်တော့မပုပ်ပါနဲ့နော်။ ဟိဟိ
ကိုယ့်အမကိုတော့ အငတ်မထားဘူးဆိုတာ မမ ယုံကြည်ရလောက် ငါ့မောင်လေးက အလိမ်မာလေး။ မမ သိတယ်လေနော့်။ ဟဟားးးးးးးးးးးး
မောင်လေး တစ်နှစ်ပြည့်နဲ့ မမရဲ့ ၂၄ နှစ်ပြည့် မွေးနေ့လေး ပျော်ပျော်ကြီး ကျင်းပကြမယ်နော်။ မေမေ့ကို အပူကပ်ထားဟ။ များများစားရအောင်။
ကိုသားကြီးကိုတော့ စားပွဲထိုး လုပ်ခိုင်းရမယ်။ မဟုတ်ရင် ရှိသမျှ သူစားလို့ ဧည့်သည် ကျွေးစရာမရှိပဲ မေမေ မျက်နှာပျက်နေရမယ်နော့်။ မေမေရော မောင်လေးရော ဘုရားရှင်ရဲ့ ကောင်းမြတ်ခြင်းကြောင့် ခုလို သိကျွမ်းခင်မင်ခွင့်၊ ရင်းနှီးခွင့်ရလို့  ကျေးဇူးတော်ကို သမီးကြီး ချီးမွမ်းပါတယ်နော်။ မေမေတို့ မိသားစုအပေါ် ဘုရားရှင်ထံမှ လာတဲ့ ပျော်ရွှင်ခြင်း၊ ၀မ်းမြောက်ခြင်း၊ ချစ်ခြင်း၊ ငြိမ်သက်ခြင်းများ ကျရောက်ပါစေ။ ဘုရားရှေ့လူရှေ့မှာ ပုံသက်သေကောင်းပြနိုင်တဲ့ ခရစ်ယာန်မိသားစုကောင်း ဖြစ်နိုင်ပါစေလို့  ခရစ်တော်နာမနဲ့  ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးပါတယ်နော်။ ဘုရားရှင်ကောင်းကြီး ပေးပါစေ။

Angel Shaper said...

ပြောဖို့ တစ်ခုမေ့သွားတယ်။
မောင်လေးက ချစ်စရာ ပိုပိုကောင်းလာတယ်။
သူ့ အမကို တူရင်တော့ ဒီ့ထက် ပိုပြီး ချစ်စရာ ကောင်းလာလိမ့်ဦးမယ်။ အစားတော့ နဲနဲလေးပဲပုပ်မယ်။ သူ့ အကိုကို တူရင်တော့ အစားပုပ်ပြီး အကျင့်ပုပ်မယ်။ ဟဟားးးးးးး

တောင်ပေါ်သား said...

ဒီကောင်လေး လူဆိုးပဲ ကောင်မလေးတွေကို ပြုံးပြနေတယ် အမတော့ဒုက္ခး) အဟီးး သားလေးက ချစ်စရာလေးအမရေ ပြုံးနေတာလေးက ချစ်စရာ ကျနော့်မှာလဲ အဲ့လို တူလေးတွေ ရှိတယ်း) သားလေး ၈ လပြည့်မှသည် နောင်နှစ်ပေါင်းများစွာ ချစ်သောမိသားစုနဲ့ အတူနေနိုင်ပါစေ တိုင်းပြည်အတွက် တထောင့်တနေရာကနေ ပံ့ပိုးပေးနိုင်တဲ့ သားကောင်းရတနာလေး ဖြစ်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးပါတယ် သားလေးရေ


လေးစားလျက်
တောင်ပေါ်သား

Unknown said...

မမဂျာမုန်းရေ...
သားသားက ချစ်ဖို့ကောင်းလိုက်တာနော်...။
နှင်းက ကလေးအရမ်းချစ်တက်တာ သိလား....။
မမဂျာမုန်း အားရင် လာလည်ပါဦး...။
ပဲ ပြားကင် ဘယ်လိုလုပ်ရတာလဲ ဖြေပေးသေးဘူးလား မမ...။
ချစ်ခင်မှုများဖြင့်
နှင်းဟေမာ

မြစ်ကျိုးအင်း said...

အမဂျာမုန်းရဲ့ အနာဂတ် မျှော်လင့်ချက်ကလေးက လိမ္မာတာပေါ့...။မိဘကို ငယ်ငယ်ထဲက ဒုက္ခမပေးဘူး
သူအိပ်ချင်ရင် ခဏလေးနဲ့ ချော့သိပ်လို့ရတာ တကယ်ကောင်းတယ်။ကျနော်တို့နားက ကလေးဆို လက်အရမ်းကြိုက်တာ အကြာကြီးချီထားရတယ် အိပ်ပြီထင်လို့ အောက်ချလိုက်ရင် ချက်ချင်းငိုတာပဲ
သူ့အမေရော အဖေရောဆို ကြာတော့ ငြီးပါလေရော
မခံနိင်ဘူး။
တူကလေး ကျန်းမာပါစေလို့ ဆုတောင်းပေးခဲ့ပါတယ်။

ရောင်ပြန် said...

မမရေ.. သားသားက ဒေါင်းမျိုးထင်တယ်နော်.. ကြီးလေလှလေ :)

မိုးခါး said...

ချစ်ဖို့ကောင်းလိုက်တာ .... ဒီကနေပဲ လှမ်းပြီး အာဝါးလိုက်မယ် :P

Kiki (ခိခိ) said...

သားသားလေးကအရမ်းချစ်ဖို့ ကောင်းတယ်...
အစ်မကဒီလောက်ဟင်းချက်ကောင်းနေတာ သားသားတော့ ဒီထက်လဲပိုပြီး ၀၀ကစ်ကစ်လေးဖြစ်လာဦးမှာနော်။ :P ပိုပြီးတော့ချစ်စရာကောင်း လာတာပေါ့။ :)

ကျောပိုးအိတ် said...

သားလေးရေ

တစ်နေ့ တစ်နေ့  ချစ်စရာအရမ်းကောင်းလာတယ်။ မမဂျာမျှော်မှန်းထားသလို သားကောင်းလေးဖြစ်ပါစေရှင်။

နိုင်နိုင် said...

အမဂျာမုန်းရေ
လူ့လောကဘုံ
သောကမပုံ
ချမ်းမြေ့စုံအောင်
ဘုရားသခင် ကြည့်ရှုနိုင်ပါစေ။ ။


ခင်မင်လေးစားလျှက်
နိုင်နိုင်

နိုင်နိုင် said...

မိုးသောက်အလင်း
ရောင်နီအဆင်းလို
သားလေးမျက်နှာဝင်းပတယ်.....
လရိပ်တခါ
မြင်ခဲ့ပါလျှင်
အေးချမ်းမြသွင်မေ့သားပင်.......
ဆည်းလည်းသံလွင်
ချိုချိုရွှင်လဲ
သားလှရယ်သံမှီအံ့မထင်........
အမေ့မေတ္တာစေတနာနဲ့
အမေတို့ရဲ့ချစ်ချင်းတရားတွေဟာဘယ်တော့မှ
လျှော့နည်းကွယ်ပြောက်မသွားဘူးဆိုတာပိုပြီး
သိလာရပြီ
ကျေးဇူးပါအမဂျာမုန်းရေ(နိုင်နိုင်)