Saturday, January 2, 2010

သားလေးတစ်နှစ်ပြည့်မွေးနေ့ပွဲလေး

ချစ်သားလေးရဲ့တစ်နှစ်ပြည့်မွေးနေ့ပွဲလေးကို ပြီးခဲ့တဲ့ဒီဇင်ဘာလ(၂၈)ရက်နေ့မှာကျင်းပဖြစ်ခဲ့တယ်။
အရမ်းကိုပျော်စရာကောင်းတယ်။..သူငယ်ချင်းတွေလည်းစုံလို့လေ။
သူငယ်ချင်းတွေကပြောတယ်......သားလေးရဲ့အပြုံးက စွဲမက်စရာကောင်းတယ်တဲ့။
ဟုတ်တယ်..အဲဒါဂျာမုန်းလည်းထောက်ခံတယ်..သားလေးပြုံးလိုက်ရင်သိပ်ချစ်စရားကောင်းတယ်။
ဟော်.တွေ့လား..အခုလည်း..ဘလော့ဝ်ထဲကသူငယ်ချင်းတွေအားလုံးကို..အပြုံးနဲ့ကြိုဆိုနေတာလေ။


''သားသားမွေးနေ့ကိုလာရောက်အားပေးကြတဲ့ ဦးဒေါ်ဒေါ်တို့အားလုံးကို.. သားသားဝမ်းမြောက်စွာ ကြိုဆိုလိုက်ပါတယ်ဗျာ။မွေးနေ့ကိတ်ကို အ၀ကြိတ်သွားကြဖို့ မှာလိုက်ပါရစေဗျာ။''
ကဲ..ဦးဦးဒေါ်ဒေါ်တို့ရေ.....ကြွားလိုက်ပါရစေနော်။
ဒီကားလေးက..Frankfurtမှာနေတဲ့ သားသားရဲ့ဒုတိယဦးဦးက၀ယ်ပေးတာပါ။
စီးချင်တဲ့သူလက်ညိုးထောင်နော်....ဟီး။ နောက်ကတွန်းပေးဖို့လေ...ဟီး..ဟီး။

ဒီကိတ်လေးက..သိပ်အရသာရှိတာ။..စားသွားနော်။
ဒီကိတ်လေးကို..Holland ကဘကြီးဝယ်ပေးတာနော်။


ဟား...ဟား..ဟား.....သိပ်စီးလို့ကောင်းတယ်ကွ။ စီးချင်ရင်နောက်ကလိုက်ဟေ့။
သားကဆက်စီးအုံးမယ်...တ့တာ..။

အခုတော့..မောသွားပြီ..အိပ်တော့မယ်။

သားလေးက..စာဖတ်ဝါသနာပါတယ်လေ။ စာအုပ်ကိုတွေ့ရင်...လက်ညိုးထိုပြီးအော်တတ်တယ်။
စာအုပ်ကိုတောင်လှန်တတ်နေပြီလေ။

ဒီလူပျိုလေးက..ရှက်စရာ။
ခုထိ..နို့သီးကောင်းလေးနဲ့ပါ။


ကဲ...ဒါက..သားလေးရဲ့မွေးနေ့အစားအစာတွေပါ။..မွေးမိခင်မေမေက..ချက်ပေးတာပါ။
အားရပါးရ သုံးဆောင်သွားကြပါဗျာ။အားနာနဲ့နော်။

ဟော်ဒါလေးက..မွေးနေ့လက်ဆောင်တွေပါ။အားလုံးက..သားအကြိုက်တွေပါ။

ဒါလေးက..သားသားမာမီ..ကိုယ်တိုင်ထိုးပေးတဲ့မွေးနေ့လက်ဆောင်ပါ။
လှတယ်နော်။

ကဲ...အားလုံးကို..သားသားနုတ်ဆက်လိုက်တယ်နော်။
နောက်မှပြန်တွေ့ကြမယ်နော်။သားကိုမေ့မသွားကြနဲ့အုံးနော်။
ပျော်ရွင်တဲ့နှစ်သစ်ကိုပိုင်ဆိုင်နိုင်ကြပါစေလို့ သားသားဆုတောင်းလိုက်တယ်။
အားလုံးကို ဘုရာရှင်ကောင်းကြီးပေးပါစေဗျာ။
မေမေဂျာမုန်းဒန်နှင့် သားသား
Type rest of post here

8 comments:

moemoestar said...

HAPPY BIRTHDAY ပါသားသားရေ...
ပျော်ရွှင်ဖွယ်မွေးနေ့ ပေါင်း ၁၂၀ တိုင်ပါစေ...

yangonthar said...

ဟုတ်ပါ့ အစ်မ ဂျာမုန်းရာ ညီကလေးက နဖူးက ကျယ်ကျယ် မျက်လုံးအရောင် ကြည်တောက် တောက်နဲ့  ထွန်းကားမယ့် ကလေးလးဗျ sharp ဖြစ်မယ့်ပုံပေါ့ဗျာ ..... ညီကလေးရဲ့ မွေးနေ့  တစ်နှစ်မှသည် ချစ်သော ဖေဖေ၊ မေမေ တို့  နဲ့  အတူ နောင်နှစ်ပေါင်းများစွာ ပျော်ရွှင်ဖွယ်မွေး နေ့ များကို နှစ်စဉ်နှစ်တိုင်း ကျင်းပနိုင်ပါစေ အစ်မဂျာမုန်းရဲ့ ဆန္ဒ ညီကလေးရဲ့ ဗီဇအတိုင်း ပညာ တတ်ကြီး ပညာရှိကြီးဖြစ်ပါစေ မိဘကို ချစ်ခင်လုပ်ကျွေးနဲ့ နိုင်တဲ့ သားကောင်းရတနာ လေးဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက် ရပါတယ်။ အစ်မဂျာမုန်းရဲ့  သားလေးကို ချစ်ပုံချစ်ပန်းတွေ မြင်ရ ဖတ်ရတဲ့အခါ ကျနော့် မေမေကိုလည်း လွှတ်သတိရမိတော့တယ် .... အမေဆိုတာ ဖြူဖြူညိုညို ပျိုပျိုအိုအို သားကို ချစ်ပုံချင်း မြတ်နိုးပုံချင်းမှာ တစ်သွေမတိမ်း မယိမ်းမယိုင် တူလှတာပါပဲဗျာ .... အစ်မတို့ မိသားစု ပျော်ရွှင်ကြပါစေ။ ဆုတွေ အများကြီး ပေးရတော့ မောသွားပြီ စားမယ် သောက်မယ် ... ဟဲဟဲ ကဲ အစ်မဂျာမုန်းလက် ရာ လာလေတော့ လွေး ပြီဗျို့  ....... ကျေးဇူးအစ်မဂျာမုန်းရေ ... :D

ဂျာမုန်းဒန် said...

ဝမ်းသာလိုက်တာ..ရန်ကုန်ရေ။
ရေးထားတဲ့စာဒါးလေးတွေဟာ..ရင်ထဲ၊အသဲထဲကိုအေးစိမ့် သွားသလို့ခံစားမိပါတယ်ရှင်။ကျေးဇူး..ကျေးဇူးပါရှင်။

~ဏီလင်းညို~ said...

မဂျာမုန်း....
သားသားရဲ့ ပုံလေးတွေကိုကြည့်ရတာ... ချစ်စရာ စိတ်ချမ်းသာစရာကောင်း လိုက်တာဗျနော်...။
မွေးနေ့ပွဲလေးတွေ နောင်နှစ်လေးတွေမှာလည်း ပျော်ရွှင်စွာကျင်းပနိုင်ပါစေဗျာ...။ မိဘကို ချစ်ခင်လေးစားတဲ့
ပညာတတ် သားလေးလည်းဖြစ်ပါစေလို့ သားသားအတွက် ဆုတောင်းပေးလိုက်ပါတယ်ဗျာ...။
သားသား အမြဲတမ်းပျော်ရွှင်ပါစေ...
ခင်မင်တဲ့
ဏီလင်းညို

လပြည့်ရိပ် said...

သားလေးတောင်တော်တော်ကြီးနေပြီနော်... ပိုပိုပြီးချစ်ဖို့ကောင်းလာတယ်..... အဖေအမေကိုလည်းချွဲတတ်မယ့်ပုံပဲ။

သူရဲကောင်းကြယ် said...

သားသားလေးနဲ့ အကွ အစ်ကို အစ်မတို့လည်း ကျန်းမာပျော်ရွှင်ပါစေဗျာ...မွေးနေ့မှသည် သက်တော်ရာကျော် ရှည်ပါစေ...ဗျာ

ခြေလှမ်းသစ် said...

သားသားလေးရဲ့ ဒီနေ့ မွေးနေ့မှသည် နှစ်တရာတိုင် ကျန်းမာရွှင်လန်းသော အောင်မြင်သော လူလေး တယောက်ဖြစ်ပါစေလို့ ...

အင်ကြင်းသန့် said...

မဂျာမုန်းရေ...
သားလေးကတကယ်ကိုချစ်စရာလေးနော်
ဟုတ်ပါရဲ့ အပြုံးလေးကလည်းတကယ့်ကိုစွဲမက်စရာပါပဲ

သားသားတစ်ယောက် တစ်နှစ်ပြည့်မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာထိတိုင်အောင် သက်ရှည်ကျန်းမာပြီး
မိဘကိုကောင်းစွာကျေးဇူးဆပ်နိုင်သော၊ ထူးခြားလိမ္မာသော၊ ဥာဏ်ပညာထူးချွန်သော သားကောင်းရတနာလေးဖြစ်ပါစေလို့...

ခင်တတ်တဲ့
အင်ကြင်း