Sunday, January 10, 2010

၂၀၁၀နှစ်သစ်ရဲ့အမှတ်တရပေါက်စီနော်



၂၀၁၀ရဲ့နှစ်သစ်မှာ ဂျာမုန်းတို့မိသားစု အမှတ်တရပေါက်စီလုပ်စားဖြစ်တယ်။ စိတ်ထဲမှာ အလိုလိုနေရင်းပေါက်စီစားချင်စိတ်တွေ ၀င်လာမိတယ်။ မြန်မာပြည်ရဲ့မန်းပေါက်စီကိုလည်း ပြေးပြီးသတိရတာပေါ့ရှင်။ဒီဂျာမနီရောက်တာ ၂နှစ်ပြည့်တော့မယ်၊ ပေါက်စီကို ဒါပထမဆုံး လုပ်စားခြင်းပါပဲ။ ဒါကြောင့် ဒီပို့စ်လေးရဲ့ ခေါင်းစဉ်ကို ၂၀၁၀နှစ်သစ်ရဲ့အမှတ်တရပေါက်စီ လို့ အမည်ပေးရခြင်းပဲ ဖြစ်ပါတယ်။

ပေါက်စီလုပ်ရဒါ သိပ်တော့မခက်လှပါဘူး။ ဂျာမုန်း ပေါက်စီကို မလုပ်ဖူးခင်က အရမ်းခက်မယ်ထင်နေတာ လုပ်လိုက်တော့လည်း အလွယ်လေးပါ။ ပေါက်စီလိပ်နည်းကိုတော့ တရုတ်ဝပ်ဆိုက်ထဲက ကြည့်လုပ်ဒါပါ။
မိတ်ဆွေတို့ လုပ်ကြည့်ချင်တယ်ဆိုရင် ဒီမှာလင့်ထည့်ထားပေးတယ်နော်။


ပါက်စီ ပြုလုပ်ရန် လိုအပ်သောပစ္စည်းများ
ဂျုံ၊
သကြား၊ ပွဆေး၊ ဆီ၊ ကြက်ဥ၊ ဆား၊ ၀က်သား(သို့)ကြက်သား၊ ကြက်သွန်နီ၊ မုန်လာဥနီ၊ တရုတ်ဟင်းမွှေးမတ်စလာ၊ဆီမွှေးအနည်းငယ် တို့လိုအပ်ပါတယ်။

ပေါက်စီပြုလုပ်နည်းအဆင့်ဆင့်
ပေါက်စီအတွက် ဂျုံကို ညကတည်းကနပ်အောင်နယ်ထားမယ်။ နယ်ထားပြီး၎နာရီလောက် ဆိုရင်လည်း ပြုလုပ်လို့ရပါတယ်။ ဂျုံတစ်ကီလိုလောက်ဆိုရင် ပွဆေး၂ထုပ်လောက်ထည့်ရပါတယ်။ ဆီအနည်းငယ်ထည့်၊ သကြားထမင်းစားဇွန်း၎ဇွန်းလောက်ထည့်၊ ဆားအနည်းငယ်ထည့်၊ ကြက်ဥ ၂လုံးဖောက်ထည့်ပြီး လက်နဲ့သမအောင်နယ်ထားရမယ်။ နယ်ထားပြီးတဲ့ဂျုံအပေါ်တွင် ပလပ်စတိတ် အိတ်ဖြင့် လုံအောင်ပိတ်ထားပါ။ နယ်ထားတဲ့ဂျုံမမာသွားအောင် ဖုံးထားပေးခြင်းဖြစ်တယ်။

အစာသွပ်ရန်အတွက်ပြင်ဆင်ကြမယ်နော်။
နုတ်နုတ်စဉ်းထားပြီးဖြစ်တဲ့ ၀က်သား(သို့)ကြက်သားကို ပန်းကန်ထဲထည့်မယ်။ ကြက်သွန်နီကို ပါးပါးလှီးပြီးစိတ်စိတ်လေးတွေဖြစ်အောင်စဉ်းပြီး ထည့်မယ်။ တရုတ်ဟင်းမွှေးမတ်စလာအနည်းငယ် ထည့်၊ မုန်လာဥအနီကိုအမြောင်းလေးတွေဖြစ်အောင်ခြစ်ပြီးထည့်၊ ဆား၊အချိုမှုန့်နဲ့ ဆီမွှေးအနည်းငယ်ထည့်ပြီး နယ်ထားမယ်။ကြက်ဥကိုခေါက်ပြီးကြော်ထည့်။ ပြီးတော့ငရုတ်ကောင်းမှုန့်အနည်းငယ်ထည့်ပြီး သမအောင်နယ်ပေးမယ်။ ပြီးတော့ အပေါ့အငံမြည်းကြည့်ပြီး ပေါက်စီစလုပ်လို့ရပါပြီ။ မန်းပေါက်စီအတွက် ကြက်ဥပြုတ်ထားမယ်နော်။ ပြုတ်ပြီးရင်အခွံနွာပြီး ဓါးနဲ့အစိတ်လေးတွေလုပ်ထားမယ်နော်။


ဒါကတော့ ပေါင်းထားပြီးပုံပါ။ နိုက်စားလို့လည်းရပါပြီရှင်။
ဂျာမုန်းမှာ ပေါင်းအိုးစကာမရှိလို့ ဒီပလတ်စတိတ်စကာလေးနဲ့ပဲပေါင်းရတာပါ။
စကာကတော့အဓိကမဟုတ်ပါ။ ပေါက်စီကသာ အဓိကပါနော်။ ဟုတ်တယ်ဟုတ်။

ဒါကတော့ ဂျာမုန်းသုံးတဲ့ ပွဆေးပါ။ ပွဆေးကတော့အမျိုးမျိုးရောင်းကြတယ်။
ကြိုက်တာဝယ်သုံးလို့ ရမယ်ထင်တယ်။


ဒါကတော့ ပေါက်စီအတွက်အစာသွပ်ဖို့ အသားကိုရောထားပုံပါ။ မှန်းပေါက်စီအတွက်ဆိုရင် ကြက်ဥ ကိုပြုတ်ပြီးဓါးနဲ့အစိတ်လေးတွေခွဲပြီး ဒီအစာသွပ်နဲ့အတူထည့်နော်။

ဒါကတော့ ဂျုံကိုပြားအောင်လုပ်ဖို့ သစ်သားကရိယာပါ။ ဒီဂျုံပြားတွေဟာ ပေါက်စီအတွက် မဟုတ်ဖူး နော်။ ဒမ်းပလိန်းဖက်ထုပ်အတွက်ပါ။ပေါက်စီအတွက်ဆိုရင် ဒီထက်ကြီးကြီးလေးလုပ်ရပါမယ်။


ကဲ ပေါင်းထားပြီးပါပြီိ။သုံးဆောင်သွားကြပါရှင်။ အားမနာနဲ့နော်၊ နိုက်စားကြပါနော်။ အော်မေ့နေတယ် ပေါက်စီနဲ့စားဖို့ ခရမ်းချဉ်သီးဆော့ကို လေ။ မထူးပါဘူး အိမ်ကပဲသယ်ခဲ့နော်။


ဒါကတော့ ၀က်သားပေါင်းပါ။ စိတ်ကူးရှိတိုင်းလျှောက်လုပ်ထားတာပါ။ စားကြည့်နော်၊ တကယ် ကောင်းတယ်။ မယုံမရှိနဲ့သိလား။

ဒါကတော့ ဒမ်းပလိန်း ဖက်ထုပ်ပေါင်းပါ။
ကြော်ပြီးစားလည်းရတယ်။ ကြိုက်ရင်ပြောအုံးနော်။ ကြော်ကျွေးအုံးမှာ။

ကဲ အားလုံးကို ပေါက်စီလုပ်စားဖို့ဖိတ်ခေါ်လိုက်ပါတယ်။
လုပ်စားဖြစ်ရင်လည်း မေ့မထားနဲ့အုံးနော်။ ပေါက်စီစားဖိတ်ဖို့ပါ။
လိုအပ်တာရှိရင်လည်း ထပ်မေးလို့ရပါတယ်။ စီပုံးမှာအော်ထားရင်လည်းရပါတယ်နော်။
အားလုံးကိုအစဉ်ချစ်ခင်လေးစားလျှက်
ဂျာမုန်းဒန်


Type rest of post here

9 comments:

Unknown said...

The taste is really good. I like very much.

လပြည့်ရိပ် said...

ဟား ....ဟား... အစ်မတို့ကတော့ တခုပြီးတခု လုပ်စားနေတော့တာပါပဲ။ ပျော်စရာကြီးနှော်။ ပုံတွေကြည့်ရတာ ကောင်းမယ့်ပုံပဲ။

ခြေလှမ်းသစ် said...

ပေါက်စီဗျို့ ပေါက်စီ .... အော်ဒါလာမှာ သွားတယ်နော် ... မြင်သာမြင်ရ မကျင်ရ ပါလား ...

moemoestar said...

ပေါက်စီ၊အသားပေါင်း၊ဖက်ထုပ် အားလုံး ကြိုက်တယ်ကွယ်...

rose of sharon said...

ပေါက်စီလှလှလေးတွေကို လာငေးသွားတယ်

မြတ်မွန် said...

မဂျာ ပေါက်စီက လက်သီနဲ့တူတယ်..
မွန်လုပ်ပြီးမှ ကြွားအုံးမယ်နော်....။
ဘာနဲ့ တူမလဲ တော့သိဝူး။

မိုးစက်အိမ် said...

ပေါက်စီမစားရတာတော်တော်ကြာနေပြီ :(
စားချင်လိုက်တာဗျာ . . .

ဇောင်း said...

ပေါက်စီက Blogger အစ်မကြီး လုပ်လို့လားသိဘူးနော်
အမြင်ဆန်း၏ အသွင်လည်းဆန်း၏
စားချင်စရာကြီး :)

ZaUnG

~ဏီလင်းညို~ said...

မဂျာမုန်းရေ...
ရှိသေးရင် နည်းနည်းကျွေးဘာ....း))
ခင်မင်တဲ့
ဏီလင်းညို