Monday, March 22, 2010

လွမ်းနေအုံးမယ်....ဆွတ်ဇလန် Luzern မြို့လေးရေ...(အပိုင်း၂)


ဆွတ်ဇလန်လူမျိုးတွေရဲ့ ချစ်စရာကောင်းတဲ့စိတ်ထား
ဂျာမုန်း..ဆွတ်ဇလန်ကိုရောက်နေချိန်မှာ......လှိုက်လှိုက်လဲလဲခံစားမိတာတစ်ခုရှိတယ်။ အဲဒါက…ဆွတ်နိုင်ငံသားတွေတွေရဲ့အပြုံးနဲ့၊ မျက်နာထားလေးတွေ အကြောင်းပါ။ လမ်းမှာပဲတွေ့တွေ့၊ ရထားပေါ်မှာပဲတွေ့တွေ့ ကြည့်လိုက်တာနဲ့ အရမ်းကိုစိတ်ချမ်းသာမိတယ်။ နောက်ပြီး စကားပြောတဲ့အမူအရာရယ်၊ ကူညီချင်တဲ့သူတို့ရဲ့စိတ်ထားလေးက တကယ့်ကိုမွန်မြတ်ထိုက်ပါပေတယ်။

နောက်ပြီး ငယ်ရွယ်နုပျိုတဲ့ လူငယ်တွေကို ကြည့်လိုက်ရင် ကြော့ရှင်းပြီး သန့်ပြန့်နေလိုက်ကြတာ။ ဒါကြောင့် ဒို့အဖွဲ့ထဲက မောင်လေးဆရာသမားတောင် ရထားပေါ်နေရာယူတော့မယ်ဆိုရင်၊ ကောင်မလေးတွေရဲ့ဘေးနားမှာ............ကပ်ပြီးနေရာယူတတ်တယ်။ သူ့ရဲ့အဓိက ရည်မှန်ချက်ကတော့..တိတ်တိတ်လေးဓါတ်ပုံခိုးရိုက်ဘို့တဲ့လေ။ ပါလာတဲ့အစ်မနှစ်ယောက်မှာတော့ ဓါတ်ပုံရိုက်ပေးရတာ အမောပေါ့။


Luzern မြို့ကိုသွာလည်းခြင်း
၁၄.၃.၂၀၁၀ နေ့မနက်မှာတော့ Zurich မြို့ရဲ့ အနောက်တောင်ဘက်မှာရှိတဲ့ ကီလိုမိတာ ၅၀ လောက်ဝေးတဲ့ Luzern မြို့လေးတစ်မြို့ကိုသွားလည်ကြဖို့ပါပဲ။ ဒီမြို့ကိုသွားဖြစ်တာကလည်း မင်းသားအောင်သူရ ရဲ့ကျေးဇူးကြောင့်ပါ။ တို့အဖွဲ့ကိုလိုက်ပို့မယ်ဆိုလေ။ ဒီမြို့ကိုသွားတဲ့လမ်းတစ်လျှောက်လုံးဟာ အတိတ်က မတွေ့ဖူး၊ မမြင်ဖူးခဲ့တဲ့ သဘာဝရှုခင်းတွေ ကိုမြင်ခွင့်ရခဲ့တယ်။ တောင်စွယ်တောင်တန်း၊ မြစ်ကမ်းနှဘေးမှာ လှပစွာ တည်ဆောက်ထားကြတဲ့ အိမ်လေးတွေရယ်၊ တောင်ခြေဖောက် ကားလမ်းတွေဟာ ဂျာမုန်းဘ၀မှာ ရုပ်ရှင်၊ ဗီဒီယို တို့မှာပဲမြင်ဖူးခဲ့တာ..အခုတော့ လက်တွေ့ကိုမြင်နေရတာပါလား…..! ဆိုပြီး..တွေးရင်းနဲ့ ကားပေါ်မှာအိပ်ပျော်သွားပြီး အိပ်မက်မက်လိုက်သေးတယ်။ တကယ်တော့ အိမ်မက်မဟုတ်ပါ။ တကယ့်လက်တွေ့ဖြစ်နေတာကို.အိပ်မက်ထဲက လန့်နိုးတော့မှသိလိုက်ရတယ်…ဟီး..ဟီး။
အဲဒီနေ့မှာ မင်းသားလည်း ဒို့အဖွဲ့ကို စိတ်ရှည်ရှည်နဲ့ အတိတ်ရဲ့အရိပ်ရုပ်ရှင်ဇတ်ကား ရိုက်ကူးခဲ့တဲ့ နေရာအနှံ့ကို လိုက်ပို့ပေးခဲ့တယ်။


ဒါကတော့ Luzern မြို့ကိုသွားနေရင်း မင်းသားကားမောင်းနေတာကို အနောက်ကနေ ဖြတ်ရိုက်ထားပုံပါ။ တောင်အောက်ကားလမ်းဖြစ်ပါတယ်။

ဆွတ်ဇလန်မှာ ဒီလိုတောင်အောက်ကိုဖောက်ပြီး ပြုလုပ်ထားတဲ့ ကားလမ်းတွေ အများကြီးပဲ။ အခုဆိုရင် တောင်ခြေကိုဖောက်ပြီး...အဆောက်အဦးတွေ၊ ဆေးရုံတွေ၊ စက်ပစ္စည်းသိမ်းထားဖို့ ဂိုဒေါင်တွေတောင် ဆောက်ပြီးနေပြီတဲ့လေ။ ဆွတ်ဇလန်နိုင်ငံမှာ တောင်တွေများတော့....တောင်ကိုအသုံးပြုကြတာပေါ့လေ။

ကဲ..တွေ့လား...ဒါက.တောင်အောက်ကားလမ်းတွေလေ။ ဒီထဲမောင်းလိုက်တာနဲ့ အမောင်ထုကြီးထဲ ၀င်သွားသလိုခံစားရတယ်။ အနဲဆုံးဒီထဲမှာတောင် မိနစ်၂၀ လောက်မောင်းရတယ်။ အထဲမှာမီးတွေတော့ရှိတာပေါ့။
လမ်းတစ်လျှောက်မှာ တွေ့မြင်ရတဲ့ သဘာဝရှုခင်းပါ။

Luzern မြို့အသွား လမ်းဘေးကဆိုင်ကြီးတစ်ဆိုင်မှာ နေ့လည်စာအဖြစ် ကြက်ကင် ၀င်စားကြသေးတယ်။ မင်းသားဝယ်ကျွေးတာလေ။ ဂျာမနီက ကြက်ကင်နဲ့တော့လုံးဝမတူဘူး။ အရမ်းကိုစားလို့ကောင်းတယ်။ ကြက်ကင်ရဲ့အပေါ်မှာ ဆော့တစ်မျိုးလောင်းထည့် ထားတယ်။ အဓိကတော့ အဲဒီဆော့က ဆွတ်ဇလန်မှာ နာမည်ကြီးမယ် ထင်တယ်။ ဈေးကလည်း မနည်းဘူးရယ်....ဒါတောင် အားလုံး Swiss franc ငွေ ၁၁၀ ကျပ်တောင် ကျတယ်။

ကဲဒါက..Luzern မြို့ရဲ့ ရေကန်တံတားလေးပါ။ ဒီမြို့ရဲ့အဓိက သော့ချက်ကတော့ ဒီတံတားကြောင့် လှပနေတာဖြစ်မယ်။ ဒီတံတာပေါ်မှာ ဆွတ်ဇလန်မိတ် နာရီဆိုင်တွေ ရှိတာနဲ့ ၀င်ကြည့်လိုက်သေးတယ်။ ဈေးကိုကြည့်လိုက်တာနဲ့လန့်ပြီး တိတ်တိတ်ကလေးပြန်ထွက်လာခဲ့တယ်။ ဈေးကြီးလွန်းလို့ပါ။ ဆွတ်ဇလန်နာရီက ကမ္ဘာမှာ နာမည် အကြီးဆုံးပဲလေ။ တစ်နေ့တော့ ဖြစ်အောင် ၀ယ်အုံးမယ်...ဟီး..ဟီး။

ဆွတ်ဇလန်နိုင်ငံကို သွားသူတိုင်းဟာ ဒီလိုလက်သဲညှပ်ကို မဖြစ်မနေ၀ယ်တတ်ကြတယ်။ အဲဒီထဲမှာ ဂျာမုန်းလည်းအပါအ၀င်ပေါ့။ လက်သဲညှပ်ကိရိယာ တစ်ခုမှာ အသုံးပြုနိုင်တဲ့ပစ္စည်တွေ အများကြီးပြုလုပ်ထားတယ်။....ကွာလတီလည်း အရမ်းကောင်းတာကြောင့် သံချေးလည်း မတက်ဘူးဘူးတဲ့။ ဆွတ်ဇလန်နိုင်ငံရဲ့ အမှတ်တရ ပစ္စည်းမှာတော့ နာမည် အကြီးဆုံး လက်ဆောင်ပေါ့။

ဒီပုံကတော့...မင်းသားအောင်သူရရဲ့ ပုံပါ။ ရေကန်နား လမ်းလျောက်နေတုန်း အမှတ်တရ ရိုက်လာခဲ့တာပါ။ ဒီနေရာလေးမျာ အူဝဲလေး ရုပ်ရှင်ရိုက်သွားတဲ့နေရာတွေပေါ့။


ဘ၀မှာ ဒီလိုလှပတဲ့ နေရာလေးတစ်ခုကို ရောက်ခဲ့ဖူးတယ်။
လှပတဲ့ မိသားစုလည်း ဂျာမုန်းမှာ ရှိတယ်။
လောကမှာ ဖြစ်ချင်တာ ဖြစ်ခွင့်ရရင် ကျေနပ်တယ်။
စိတ်ချမ်းသာချင်းဟာ ဘယ်အရာနဲ့မှ လဲလို့မရပါ။
ဘ၀ရဲ့ ပျော်ရွှင်ခြင်းဟာ ငွေမဟုတ်ပါ။ရွှေမဟုတ်ပါ။
ရှိတာလေးနဲ့ ပျော်အောင်နေတတ်ဖို့သာလျှင် အဓိကပါ။
ခရီးသွားတယ်ဆိုတာ စိတ်ဖိဆီးမူကို ခဏမေ့ထားဖို့ ဖြစ်တယ်။
ခရီးသွားများများသွားလေ၊ စိတ်ညစ်စရာတွေ မေ့ပျောက်တယ်။
ဒို့လူသားတွေဟာ ဒီကမ္ဘာကြီးထဲမှာ ခဏတာလာနားခိုကြတဲ့ ဧံ့သည်တွေပါ။
ဒါကြောင့်....ချစ်မိတ်ဆွေတို့ရေ....စိတ်ချမ်းသာဖို့ဆို....ခရီးများများသွားကြစို့ဟေး........။

လွမ်းနေအုံးမယ်.....ဆွတ်ဇလန်တောင်တန်းကြီးရေ........ပြီး၏
လာရောက်အားပေးကြတဲ့..သူငယ်ချင်းများအားလုံးကိုအထူးကျေးဇူးတင်တယ်။
ဆက်လက်ပြီးဘုရားရှင်ထံမှကောင်းကြီးပေးပါစေလို့ ဆုမွန်ကောင်းတောင်းရင်း
ဂျာမုန်းဒန်

Type rest of post here

8 comments:

Christine said...

The actor is good-looking. And the scenes are nice.

minsoesan said...

ama yay..lar read twar par de naw...thx for sharing your experience and nice photos...If I have a chance, I also will visit to Swiss...yay tar a yan kg lo ko tine Swiss ko yout nay ta lo khan sar ya de...sat lat kyoe sar par, ama...God bless you and your family....

Shanghtin said...

sa yu n gun jaw kau dai ai loi, grai pyaw na zawng rai nga ai lani mi hta du hkra naw dam hkawm na re :)

မြစ်ကျိုးအင်း said...

အမဂျာမုန်းရေ မရောက်ဖြစ်တာကြာပြီ

ဓါတ်ပုံလေးတွေကြည့်ရတော့လည်း မရောက်ဖူး ပေမယ့် နေရာလေးတွေ ကြည့်ဖူးသွားတယ်။

ဆောင်းနှင်းရွက် said...

ဓာတ်ပုံတွေနဲ့ စာတွေ ဖတ်ရတာ
အရမ်း ဗဟုသုတ ရတာပဲ ...

သွားချင်တယ် ..
သွားချင်တယ် ..
မရောက်နိုင်ဘူးလို့ ဘယ်သူပြောလဲ ..
တစ်နေ့ ရောက်ရင် ရောက်မှာပေါ့နော် ..
(( ကိုယ့်ဘာသာ ဖြေသိမ့်တာ )) ...:D

သူရဲကောင်းကြယ် said...

ဖတ်လို့ အရမ်းကောင်းတယ် အစ်မရေ...
ပြန်ဖတ်တိုင်း နောက်တစ်ခေါက် ထပ်ရောက်သွားသလို ခံစားရပါတယ်။

Unknown said...

It is very interesting . I like your articles about your little kid !

By the way, how do you know the actor " Aung Thura" ?

Happy Myanmar Thingyan !

jr.lwinoo said...

ခရီးသွားရတာ အရမ်းကြိုက်တာမို့ ဒီနိုင်ငံလေးလဲ သွားလည်မဲ့ စာရင်းထဲပါတယ်ရော။
ခုတော့ ချစ်စရာမြို့လေးနဲ့ ဓါတ်ပုံတွေ ငမ်းသွားပါတယ် ဂျာမုန်းရေ။

"ဘ၀မှာ ဒီလိုလှပတဲ့ နေရာလေးတစ်ခုကို ရောက်ခဲ့ဖူးတယ်။
လှပတဲ့ မိသားစုလည်း ဂျာမုန်းမှာ ရှိတယ်။
လောကမှာ ဖြစ်ချင်တာ ဖြစ်ခွင့်ရရင် ကျေနပ်တယ်။
စိတ်ချမ်းသာချင်းဟာ ဘယ်အရာနဲ့မှ လဲလို့မရပါ။ "

အားကျလိုက်တာ။း))